(Unicode)
Vitamin B12 ကို ဆေးပညာအရ ကိုဘလမင်း (Cobalamin)လို့ ခေါ်ပါတယ်။ ဗီတာမင်ဘီ အုပ်စုဝင်ဗီတာမင်တစ်မျိုးဖြစ်ပြီး ရေမှာပျော်ဝင်တဲ့ ဗီတာမင်အမျိုးအစား ဖြစ်ပါတယ်။ ဗီတာမင်ဘီတွဲ ကို ခန္ဓာကိုယ်ကနေ မထုတ်နိုင်ပါဘူး။ အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။ အများအားဖြင့် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမှာ ဗီတာမင်ဘီတွဲ မပါဝင်ပါဘူး။
ဗီတာမင် ဘီတွဲဟာ သွေးနီဥ(RBC) တွေ တည်ဆောက်ဖို့နဲ့ ကြီးထွားရှင်သန်ဖို့အတွက် အရေးပါတဲ့ဗီတာမင်ပါ။ ဒါ့ပြင် အာရုံကြောကို ဖုံးထားတဲ့အလွှာ (Myelin Sheath) တည်ဆောက်ရာမှာလည်း ဗီတာမင်ဘီတွဲဟာ အရေးပါပါတယ်။
ဗီတာမင်ဘီတွဲဟာ ဖောလစ်အက်စစ်နဲ့ အတူ ဆဲလ်များရဲ့ဇီဝကမ္မဖြစ်စဉ်တွေ ဥပမာ မျိုးရိုးဗီဇ (DNA) တည်ဆောက်ရာ နဲ့ ဆဲလ်တွေကွဲပွားရာ ဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။ ဗီတာမင်ဘီတွဲ တစ်နေ့တာ လိုအပ်ချက်တွေကတော့ အသက်အရွယ် အခြေအနေနဲ့လိုက်ပြီး အောက်ပါအတိုင်း ကွာခြားနိုင်ပါတယ်။
အသက် ၆လသား ထိ ဝ.၄ မိုက်ခရိုဂရမ်(mcg)
၇လ – ၁၂လ သားထိ ဝ.၅ မိုက်ခရိုဂရမ်(mcg)
၁နှစ် – ၃နှစ် ထိ ဝ.၉ မိုက်ခရိုဂရမ်(mcg)
၄နှစ် – ၈နှစ် ထိ ၁.၂ မိုက်ခရိုဂရမ်(mcg)
၉ နှစ် – ၁၃နှစ်ထိ ၁.၈ မိုက်ခရိုဂရမ်(mcg)
၁၄နှစ် နှင့် အထက် ၂.၄ မိုက်ခရိုဂရမ်(mcg)
ကိုုယ်ဝန်ဆောင်ချိန် ၂.၆ မိုက်ခရိုဂရမ်(mcg)
နိုု့တိုုက်ချိန် ၂.၈ မိုက်ခရိုဂရမ်(mcg)
အကြမ်းအားဖြင့်ပြောရရင် အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့တစ်နေ့တာ အနည်းဆုံး ဘီတွဲလိုအပ်ချက်က ၃ မိုက်ခရိုဂရမ်ပါ (mcg)။
ဗီတာမင်ဘီ တွဲချို့တဲ့ပါက သွေးအားနည်းရောဂါဖြစ်တာ (Anaemia due to B12 deficiency) ဖြစ်ပြီး နွမ်းနယ်တာ၊ အားနည်းတာ တွေဖြစ်နိုင်ပါတယ်။ အာရုံကြောတွေထုံတာ၊ ကျဉ်တာ၊ စိတ်ဓါတ်ကျတာ တွေလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ ဘီတွဲချို့တဲ့တာဖြစ်နိုင်လဲဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါပြသာနာတွေရှိတဲ့သူတွေ၊ အသားမစားဘဲ သတ်သတ်လွတ် ရေရှည်စားတဲ့သူတွေ၊ အရက်စွဲနေတဲ့သူတွေ၊အသက်၅၀နဲ့ အထက်လူကြီးတွေ မှာဖြစ်နိုင်ပါတယ်။
ဒါကြောင့် သတ်သတ်လွတ်စားသူတွေ၊ အသက်ကြီးတဲ့သူတွေ နဲ့အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြသာနာရှိသူတွေဆိုရင် ဘီတွဲချို့တဲ့မှုကို ကာကွယ်ဖို့အတွက် ဖြည့်စွက်ဆေးဝါးတွေ စားပေးသင့်ပါတယ်။ အခုခေတ်မှာဘီတွဲ သောက်ဆေး၊ ထိုးဆေးများ ရှိနေပါပြီ။
Author : Dr. 528
(zawgyi)
Vitamin B12 ကို ေဆးပညာအရ ကိုဘလမင္း (Cobalamin)လို႔ ေခၚပါတယ္။ ဗီတာမင္ဘီ အုပ္စုဝင္ဗီတာမင္တစ္မ်ိဳးျဖစ္ၿပီး ေရမွာေပ်ာ္ဝင္တဲ့ ဗီတာမင္အမ်ိဳးအစား ျဖစ္ပါတယ္။ ဗီတာမင္ဘီတြဲ ကို ခႏၶာကိုယ္ကေန မထုတ္ႏိုင္ပါဘူး။ အသား၊ ငါးနဲ႔ ႏို႔ထြက္ပစၥည္းေတြ စားသုံးျခင္းျဖင့္သာ ရရွိႏိုင္ပါတယ္။ အမ်ားအားျဖင့္ ဟင္းသီးဟင္း႐ြက္ေတြ၊ သစ္သီးဝလံေတြမွာ ဗီတာမင္ဘီတြဲ မပါဝင္ပါဘူး။
ဗီတာမင္ ဘီတြဲဟာ ေသြးနီဥ(RBC) ေတြ တည္ေဆာက္ဖို႔နဲ႔ ႀကီးထြားရွင္သန္ဖို႔အတြက္ အေရးပါတဲ့ဗီတာမင္ပါ။ ဒါ့ျပင္ အာ႐ုံေၾကာကို ဖုံးထားတဲ့အလႊာ (Myelin Sheath) တည္ေဆာက္ရာမွာလည္း ဗီတာမင္ဘီတြဲဟာ အေရးပါပါတယ္။
ဗီတာမင္ဘီတြဲဟာ ေဖာလစ္အက္စစ္နဲ႔ အတူ ဆဲလ္မ်ားရဲ႕ဇီဝကမၼျဖစ္စဥ္ေတြ ဥပမာ မ်ိဳး႐ိုးဗီဇ (DNA) တည္ေဆာက္ရာ နဲ႔ ဆဲလ္ေတြကြဲပြားရာ ျဖစ္စဥ္ေတြမွာ ပါဝင္ေဆာင္႐ြက္ပါတယ္။ ဗီတာမင္ဘီတြဲ တစ္ေန႔တာ လိုအပ္ခ်က္ေတြကေတာ့ အသက္အ႐ြယ္ အေျခအေနနဲ႔လိုက္ၿပီး ေအာက္ပါအတိုင္း ကြာျခားႏိုင္ပါတယ္။
အသက္ ၆လသား ထိ ဝ.၄ မိုက္ခ႐ိုဂရမ္(mcg)
၇လ – ၁၂လ သားထိ ဝ.၅ မိုက္ခ႐ိုဂရမ္(mcg)
၁ႏွစ္ – ၃ႏွစ္ ထိ ဝ.၉ မိုက္ခ႐ိုဂရမ္(mcg)
၄ႏွစ္ – ၈ႏွစ္ ထိ ၁.၂ မိုက္ခ႐ိုဂရမ္(mcg)
၉ ႏွစ္ – ၁၃ႏွစ္ထိ ၁.၈ မိုက္ခ႐ိုဂရမ္(mcg)
၁၄ႏွစ္ ႏွင့္ အထက္ ၂.၄ မိုက္ခ႐ိုဂရမ္(mcg)
ကိုုယ္ဝန္ေဆာင္ခ်ိန္ ၂.၆ မိုက္ခ႐ိုဂရမ္(mcg)
ႏိုု႔တိုုက္ခ်ိန္ ၂.၈ မိုက္ခ႐ိုဂရမ္(mcg)
အၾကမ္းအားျဖင့္ေျပာရရင္ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္ရဲ႕တစ္ေန႔တာ အနည္းဆုံး ဘီတြဲလိုအပ္ခ်က္က ၃ မိုက္ခ႐ိုဂရမ္ပါ (mcg)။
ဗီတာမင္ဘီ တြဲခ်ိဳ႕တဲ့ပါက ေသြးအားနည္းေရာဂါျဖစ္တာ (Anaemia due to B12 deficiency) ျဖစ္ၿပီး ႏြမ္းနယ္တာ၊ အားနည္းတာ ေတြျဖစ္ႏိုင္ပါတယ္။ အာ႐ုံေၾကာေတြထုံတာ၊ က်ဥ္တာ၊ စိတ္ဓါတ္က်တာ ေတြလည္း ျဖစ္ႏိုင္ပါတယ္။
ဘယ္လိုလူေတြမွာ ဘီတြဲခ်ိဳ႕တဲ့တာျဖစ္ႏိုင္လဲဆိုရင္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါျပသာနာေတြရွိတဲ့သူေတြ၊ အသားမစားဘဲ သတ္သတ္လြတ္ ေရရွည္စားတဲ့သူေတြ၊ အရက္စြဲေနတဲ့သူေတြ၊အသက္၅၀နဲ႔ အထက္လူႀကီးေတြ မွာျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ သတ္သတ္လြတ္စားသူေတြ၊ အသက္ႀကီးတဲ့သူေတြ နဲ႔အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ျပသာနာရွိသူေတြဆိုရင္ ဘီတြဲခ်ိဳ႕တဲ့မႈကို ကာကြယ္ဖို႔အတြက္ ျဖည့္စြက္ေဆးဝါးေတြ စားေပးသင့္ပါတယ္။ အခုေခတ္မွာဘီတြဲ ေသာက္ေဆး၊ ထိုးေဆးမ်ား ရွိေနပါၿပီ။
Author : Dr. 528