fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
ဘယ်လိုအိပ်မလဲ
481
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/12/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
Author : Dr. ပြည့်ရှင်း
`ဆရာမ အိပ်ယာနိုးလာမှ ခါးနာတယ်၊ ဗိုက်နာတယ်၊ နေရတာမကောင်းဘူး´လို့ Ondr မှာမေးကြပါတယ်။ အိပ်စက်ခြင်းသည် ကျန်းမာရေးကောင်းမွန်မှုအတွက် အဓိက ကျလှပါတယ်။ အိပ်ခြင်းသည် ကိုယ်ခန္ဓာအတွက် စိတ်ရောကိုယ်ပါ ပိုမိုကျန်းမာစေပါတယ်။
အိပ်နေစဉ်ကာလအတွင်း အရေးကြီးသောအချက်များ ပြည့်စုံမှုသည်လည်း အရေး ကြီးပါတယ်။ အိပ်နေစဉ် အနေအထား မှန်ကန်စွာ အိပ်ခြင်းသည် လွန်စွာအရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ပက်လက်အိပ်သင့်သလား? ဘယ် ညာ ဘယ်ဘက်စောင်းသင့်သလဲ? ဆိုသော အနေအထားမှန် အိပ်နည်းကို လူတိုင်းသိချင်ကြပါတယ်။
လူတိုင်းကတော့ မိမိအဆင်ပြေရာသက်တောင့်သက်သာအနေအထားဖြင့်အိပ်တတ်ကြပါတယ်။ အချို့က ဘယ်ဘက်၊ အချို့ညာဘက်၊ အချို့က ပက်လက်နှင့်အချို့ကမှောက်ရက် အိပ်တတ်ကြပါတယ်။ ဘယ်အနေအထားက မည်သည့်အကျိုးတွေရမလဲ?
-ပက်လက်အိပ်သူများတွင် အသက်ရှူရခက်တဲ့ပြဿနာဖြစ်နိုင်ပါတယ်၊။ထို့ကြောင့်အသက်ရှူလမ်းကြောင်း ရောဂါရှိသူများ မအိပ်သင့်ပါ။
-ဘယ်စောင်းအိပ်လျှင် အစာချေ ဖျက်မှု ကောင်းစေပြီး ညာစောင်းလျှင် အစာချေဖျက်မှု ပြဿနာများ ဖြစ်တတ်ပါတယ်။
-အနေအထားမှန်အိပ်ဖို့ကလည်း မိမိကိုယ်ခန္ဓာအနေအထားပေါ်လည်း များစွာမူတည်ပါတယ်။ လေ့လာချက်များအရ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းသည် မှန်ကန်သောအိပ်နည်းဟု ဆိုကြပါတယ်။
ဘယ်ဘက်စောင်းအိပ်ခြင်းရဲ့ ကောင်းကျိုးများ
-ဆေးပညာအရ ကိုယ်ခန္ဓာဘယ်ဘက်အခြမ်းတွင် ပြန်ရည်ကြော အင်္ဂါများ တည်ရှိပါတယ်။ သင်ဘယ်ဘက်စောင်းအိပ်ခဲ့လျှင် ပြန်ရည်ကြော အကြိတ်အတွင်း အဆိပ်အတောက်များ၊ အရည်များနှင့် စွန့်ပစ်ပစ္စည်းများကို စစ်ထုတ်ရန်အချိန်အတန်ကြာ ရရှိနိုင်သော အကျိုးရှိပါတယ်။ ညာဘက် စောင်းအိပ်ခဲ့လျှင်တော့ ပြန်ရည်ကြောစနစ် နှောင့်နှေးနိုင်ပါလိမ့်မယ်။
-ဘယ်ဘက်စောင်းအိပ်ခဲ့လျှင် ခါးနာသက်သာစေပါတယ်။ ရေရှည်ခါးနာဝေဒနာရှိသူများ သိသိသာသာ ဝေဒနာ သက်သာလာပါလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော် ကျောရိုးမကြီးပေါ်သို့ ဖိအားလျော့ကျသောကြောင့် ဖြစ်ပါတယ်။
-နှလုံးအတွက်လည်း အကျိုးရှိပါတယ်။ ဘယ်ဘယ်စောင်းခြင်းကြောင့် သွေးလည်ပတ်မှု အားကောင်းစေပါတယ်။
-ဘယ်ဘက်စောင်းအိပ်ခြင်းသည် ကိုယ်ဝန်ဆောင်သည်များအဖို့ သားအိမ်၊ကလေးနှင့် ကျောက်ကပ်ကို သွေးလည်ပတ်မှု ပိုမိုရရှိစေပါတယ်။
-ရင်ပူသက်သာစေပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပြီး အက်ဆစ်ဓာတ်ပြန်တက်ခြင်းကို လျော့ကျစေပါတယ်။
အထက်ပါအချက်များကြောင့် ဘယ်ဘက်စောင်းအိပ်ခြင်း ကျင့်သားမရသော သူများသည်လည်း ယခုပင် ပြောင်းလဲအိပ်ကြည့်ပါ။
-သင်ဘက်ဘက်ကိုစောင်းအိပ်လျှင် နောက်ကျောတွင် ဖက်ခေါင်းအုံးထားခြင်းဖြင့် ညာဘက်ပြန်စောင်းရန် အဟန့်အတားဖြစ်စေပါတယ်။
-ညာဘက်တွင် ညအိပ်မီးထွန်းထားပါ။
သင်ရဲ့အိပ်သည့် အနေအထား အမူအကျင့်သည် သေးငယ်သော အမှုကိစ္စဟု ဆိုနိုင်သော်လည်း ကျန်းမာရေး ဆိုးကျိုးများစွာ ထိခိုက်နိုင်ပါတယ်။
Author : Dr. ပြည့်ရှင်း
Previous Post
ဆီးချိုဆေး မက်ဖော်မင် အကြောင်း တစေ့တစောင်း
Next Post
အသက်ရူရခက်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
124
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.2k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.4k
အလွှာခြားတာကောင်းလား?
2 years ago
1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
600
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
အသက်ရူရခက်
အမျှင်ဓာတ်
စိုးရိမ်ရလား
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.