ပီေက မ်ိဳခ်မိရင္ ဘာေတြျဖစ္မလဲ
တစ္ေန႔ေသာ ညေနခင္းတြင္ ဇီဝက တစ္ေယာက္ ေဆးခန္းတြင္ ေအးေအးလူလူနဲ႔ ဂ်ာနယ္ေလး ဖတ္လိုက္ ေရေႏြးေလး ေလြးလိုက္လုပ္ေနခိုက္
ဝတ္ဆန္။ ။ဆရာေရ ၊လုပ္ပါဦး။ ကြၽန္မတူကေလး အေစာကပဲ ပီေက ဝါးေနရင္ မ်ိဳခ်မိလို႔ ။
ဇီဝက ။ ။ ေဟ ၊ဟုတ္လား။ ဘယ္ႏွခုေတာင္လဲ။ တျခား ဘာျဖစ္ေသးလဲ ဟ ။
ဝတ္ဆန္။ ။ တစ္ခုပါပဲ ဆရာရယ္။ အခုထိေတာ့ ဘာမွ မျဖစ္ေသးဘူး။ အဲ့တာ စိုးရိမ္လို႔ ဆရာ့ဆီ အေျပးလာတာ။
ဇီဝက ။ ။ ျပစမ္း ၊ၾကည့္ရေအာင္ ။
စမ္းသပ္ၿပီးေနာက္
ဝတ္ဆန္။ ။ ပီေက မေတာ္တဆ မ်ိဳခ်မိရင္ ဘာျဖစ္ႏိုင္သလဲ ၊ဆရာ ။
ဇီဝက ။ ။ အရမ္းလည္း မစိုးရိမ္ပါနဲ႔ေလ ။မ်ားေသာအားျဖင့္ေတာ့ မ်ိဳခ်လိုက္တဲ့ ပီေကေတြကို အစာေခ်ဖ်က္တဲ့စနစ္က မေခ်ဖ်က္ႏိုင္ဘူးဟ ။
ဝတ္ဆန္။ ။အဲ့ေတာ့ ဗိုက္ထဲမွာ က်န္ေနမွာလား ၊ဆရာ ။
ဇီဝက ။ ။အဲ့လိုေတာ့လည္း မဟုတ္ဘူး ဟ ။အခ်ိန္တန္ရင္ ကေလး အီးအီးနဲ႔ပါသြားေရာ ။၂၄နာရီကေန ၇၂နာရီေလာက္ေတာ့ ေစာင့္ရတာေပါ့ေလ ။
ဝတ္ဆန္။ ။ဒါဆို ေတာ္ေသးတာေပါ့ေနာ္ ဆရာ ။ဘာမွ မျဖစ္ဖူးဘူးေပါ့ေနာ္ ။
ဇီဝက ။ ။ေအး ေတာ္ေသးတယ္ ဆိုေပမယ့္ သတိလက္လြတ္လို႔ မရျပန္ဘူး ။သတိထားရမယ့္ အခ်က္ေတြ ရွိေသးသဟ ။
ဝတ္ဆန္။ ။ဘယ္လို အခ်က္ေတြလဲ ဆရာ ။
ဇီဝက ။ ။ဘာေတြ သတိထားရမလဲ ဆိုရင္
-ကေလးက မစားမေသာက္ႏိုင္
-ဗိုက္ေအာင့္မယ္
-အန္မယ္
-ဝမ္းခ်ဳပ္မယ္
-ဗိုက္ႀကီးတင္းကယ္ ေဖာင္းလာမယ္
-ဖ်ားမယ္
ဆိုရင္ နီးစပ္ရာေဆးခန္း ခ်က္ခ်င္း ျပန္ျပဖို႔ လိုတယ္ ဟ။
ဝတ္ဆန္။ ။ဘာလို႔လဲ ဆရာ ။
ဇီဝက ။ ။မ်ိဳခ်လိုက္တဲ့ ပီေကက အူလမ္းေၾကာင္းမွာ ကပ္ၿပီး ပိတ္ကုန္လို႔ ျဖစ္တာေပါ့ ။အဲ့လိုျဖစ္ရင္ေတာ့ ခြဲစိတ္ကုေတြနဲ႔ ျပဖို႔လိုတယ္ ။အခု ေလာေလာဆယ္ေတာ့ ေစာင့္ၾကည့္လိုက္ပါဦး ။
ဝတ္ဆန္။ ။ေက်းဇူးပါဆရာ ၊အခုလို ေျပာျပတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္ ။
ဇီဝက ။ ။ရပါတယ္ ၊ေျပာေနရမယ့္သူေတြမွ မဟုတ္တာ ။
Author : ေခတ္သစ္ ဇီဝက
ပီကေ မျိုချမိရင် ဘာတွေဖြစ်မလဲ
တစ်နေ့သော ညနေခင်းတွင် ဇီဝက တစ်ယောက် ဆေးခန်းတွင် အေးအေးလူလူနဲ့ ဂျာနယ်လေး ဖတ်လိုက် ရေနွေးလေး လွေးလိုက်လုပ်နေခိုက်
ဝတ်ဆန်။ ။ဆရာရေ ၊လုပ်ပါဦး။ ကျွန်မတူကလေး အစောကပဲ ပီကေ ဝါးနေရင် မျိုချမိလို့ ။
ဇီဝက ။ ။ ဟေ ၊ဟုတ်လား။ ဘယ်နှခုတောင်လဲ။ တခြား ဘာဖြစ်သေးလဲ ဟ ။
ဝတ်ဆန်။ ။ တစ်ခုပါပဲ ဆရာရယ်။ အခုထိတော့ ဘာမှ မဖြစ်သေးဘူး။ အဲ့တာ စိုးရိမ်လို့ ဆရာ့ဆီ အပြေးလာတာ။
ဇီဝက ။ ။ ပြစမ်း ၊ကြည့်ရအောင် ။
စမ်းသပ်ပြီးနောက်
ဝတ်ဆန်။ ။ ပီကေ မတော်တဆ မျိုချမိရင် ဘာဖြစ်နိုင်သလဲ ၊ဆရာ ။
ဇီဝက ။ ။ အရမ်းလည်း မစိုးရိမ်ပါနဲ့လေ ။များသောအားဖြင့်တော့ မျိုချလိုက်တဲ့ ပီကေတွေကို အစာချေဖျက်တဲ့စနစ်က မချေဖျက်နိုင်ဘူးဟ ။
ဝတ်ဆန်။ ။အဲ့တော့ ဗိုက်ထဲမှာ ကျန်နေမှာလား ၊ဆရာ ။
ဇီဝက ။ ။အဲ့လိုတော့လည်း မဟုတ်ဘူး ဟ ။အချိန်တန်ရင် ကလေး အီးအီးနဲ့ပါသွားရော ။၂၄နာရီကနေ ၇၂နာရီလောက်တော့ စောင့်ရတာပေါ့လေ ။
ဝတ်ဆန်။ ။ဒါဆို တော်သေးတာပေါ့နော် ဆရာ ။ဘာမှ မဖြစ်ဖူးဘူးပေါ့နော် ။
ဇီဝက ။ ။အေး တော်သေးတယ် ဆိုပေမယ့် သတိလက်လွတ်လို့ မရပြန်ဘူး ။သတိထားရမယ့် အချက်တွေ ရှိသေးသဟ ။
ဝတ်ဆန်။ ။ဘယ်လို အချက်တွေလဲ ဆရာ ။
ဇီဝက ။ ။ဘာတွေ သတိထားရမလဲ ဆိုရင်
-ကလေးက မစားမသောက်နိုင်
-ဗိုက်အောင့်မယ်
-အန်မယ်
-ဝမ်းချုပ်မယ်
-ဗိုက်ကြီးတင်းကယ် ဖောင်းလာမယ်
-ဖျားမယ်
ဆိုရင် နီးစပ်ရာဆေးခန်း ချက်ချင်း ပြန်ပြဖို့ လိုတယ် ဟ။
ဝတ်ဆန်။ ။ဘာလို့လဲ ဆရာ ။
ဇီဝက ။ ။မျိုချလိုက်တဲ့ ပီကေက အူလမ်းကြောင်းမှာ ကပ်ပြီး ပိတ်ကုန်လို့ ဖြစ်တာပေါ့ ။အဲ့လိုဖြစ်ရင်တော့ ခွဲစိတ်ကုတွေနဲ့ ပြဖို့လိုတယ် ။အခု လောလောဆယ်တော့ စောင့်ကြည့်လိုက်ပါဦး ။
ဝတ်ဆန်။ ။ကျေးဇူးပါဆရာ ၊အခုလို ပြောပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော် ။
ဇီဝက ။ ။ရပါတယ် ၊ပြောနေရမယ့်သူတွေမှ မဟုတ်တာ ။
Author : ခေတ်သစ် ဇီဝက