တစ္ခုခုကို မ်ိဳခ်မိေသာ္
ဇီဝကတို႔တေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်ိဳမခ်သင့္တဲ့ အရာေတြကို မေတာ္တဆဆိုသလို မ်ိဳခ်မိတတ္ပါတယ္။ အထူးသျဖင့္ စူးစမ္းလိုစိတ္ အျပည့္ရွိတဲ့ ေတာက္ေတာက္နဲ႔ ေလွ်ာက္သြားတတ္တဲ့ ကေလးအ႐ြယ္ေလးေတြေပါ့။
မ်ိဳခ်မိတဲ့သူ အမ်ားစုမွာ အစာအိမ္ အူလမ္းေၾကာင္း ေခ်ဖ်က္ေပးကာ ဝမ္းသြားတဲ့အခါ ပါသြားပါတယ္။
အခန႔္မသင့္ရင္ေတာ့ မေခ်ဖ်က္ႏိုင္ဘဲ အစာအိမ္ အူလမ္းေၾကာင္းကို စားကာ အနာျဖစ္တတ္ ၊အူလမ္းေၾကာင္း ပိတ္တတ္ပါတယ္။
ဘယ္သူေတြက မ်ိဳခ်မိတတ္သလဲ
-အထူးသျဖင့္ အသက္ ၁ႏွစ္ေအာက္ကေလးမ်ားနဲ႔ ေတာက္ေတာက္ သြားတတ္ေသာ ၃ႏွစ္ေအာက္ အ႐ြယ္ ကေလးမ်ား
ဘယ္လို အရာဝတၳဳေတြ မ်ိဳခ်မိတတ္သလဲ
-မိဘမ်က္ကြယ္ မွာ ေအာက္ပါပစၥည္းမ်ားကို မ်ိဳခ်မိတတ္ပါတယ္။
-အေႂကြေစ့မ်ား
-ဘတၳရီ အဝိုင္းျပားေလးမ်ား ၊အခဲေလးမ်ား
-ၾကယ္သီးေစ့မ်ား
-ေက်ာက္ခဲကေလးမ်ား
-မာဘယ္ေက်ာက္ကေလးမ်ား
-သံလိုက္ခဲေလးမ်ား
-ပင္အပ္ ၊တြယ္ခ်ိတ္ကေလးမ်ား အစရွိတာတို႔ပဲ ျဖစ္ပါတယ္။
ထိုအ႐ြယ္ကေလးေတြမွာ လက္ထဲ ဘာရွိရွိ ပါးစပ္ထဲ ၊ႏွာေခါင္းထဲ ၊နားထဲ ေကာက္ထည့္တတ္တာ အုပ္ထိန္းသူမ်ားအေနနဲ႔ သတိခ်ပ္သင့္ပါတယ္။
တစ္ခုခု မ်ိဳခ်မိေသာ္ အသက္ရွဴလမ္းေၾကာင္းထဲ ေရာက္သြားရင္
-ေခ်ာင္းဆိုးမယ္
-အသက္ရွဴၾကပ္မယ္
-တ႐ႊီ႐ႊီနဲ႔ အသံျမည္လာမယ္
-ျပာႏွမ္းလာမယ္
တစ္ခုခု မ်ိဳခ်မိေသာ္ အစာအိမ္လမ္းေၾကာင္းထဲ ေရာက္သြားရင္
-ကေလးက မစားမေသာက္ႏိုင္
-ဗိုက္ေအာင့္မယ္
-အန္မယ္
-ဝမ္းခ်ဳပ္မယ္
-ဗိုက္ႀကီးတင္းကယ္ ေဖာင္းလာမယ္
ဘယ္လို အခ်ိန္မွာ ဆရာဝန္နဲ႔ ျပမလဲ
-ကေလးေတြမွာျဖစ္ရင္
-အသက္ရွဴလမ္းေၾကာင္းထဲ ေရာက္သြားရင္
-ဝမ္းခ်ဳပ္ ၊ဗိုက္ေအာင့္ ၊ဗိုက္ေဖာင္း ၊အန္ ၊ဖ်ားရင္
-သံလိုက္ ၊ဘတၳရီခဲ ၊အခြၽန္အထက္ပစၥည္းမ်ား မ်ိဳခ်မိရင္
-အဆိပ္အေတာက္ျဖစ္ႏိုင္ေသာ ပစၥည္းမ်ား ၊ေဆးခဲမ်ား မ်ိဳခ်မိရင္ နီးစပ္ရာ ေဆး႐ုံ ေဆးခန္းမ်ားမွာ ျပသသင့္ပါတယ္။
Author : ေခတ္သစ္ ဇီဝက
တစ်ခုခုကို မျိုချမိသော်
ဇီဝကတို့တတွေ အကြောင်းအမျိုးမျိုးကြောင့် မျိုမချသင့်တဲ့ အရာတွေကို မတော်တဆဆိုသလို မျိုချမိတတ်ပါတယ်။ အထူးသဖြင့် စူးစမ်းလိုစိတ် အပြည့်ရှိတဲ့ တောက်တောက်နဲ့ လျှောက်သွားတတ်တဲ့ ကလေးအရွယ်လေးတွေပေါ့။
မျိုချမိတဲ့သူ အများစုမှာ အစာအိမ် အူလမ်းကြောင်း ချေဖျက်ပေးကာ ဝမ်းသွားတဲ့အခါ ပါသွားပါတယ်။
အခန့်မသင့်ရင်တော့ မချေဖျက်နိုင်ဘဲ အစာအိမ် အူလမ်းကြောင်းကို စားကာ အနာဖြစ်တတ် ၊အူလမ်းကြောင်း ပိတ်တတ်ပါတယ်။
ဘယ်သူတွေက မျိုချမိတတ်သလဲ
-အထူးသဖြင့် အသက် ၁နှစ်အောက်ကလေးများနဲ့ တောက်တောက် သွားတတ်သော ၃နှစ်အောက် အရွယ် ကလေးများ
ဘယ်လို အရာဝတ္ထုတွေ မျိုချမိတတ်သလဲ
-မိဘမျက်ကွယ် မှာ အောက်ပါပစ္စည်းများကို မျိုချမိတတ်ပါတယ်။
-အကြွေစေ့များ
-ဘတ္ထရီ အဝိုင်းပြားလေးများ ၊အခဲလေးများ
-ကြယ်သီးစေ့များ
-ကျောက်ခဲကလေးများ
-မာဘယ်ကျောက်ကလေးများ
-သံလိုက်ခဲလေးများ
-ပင်အပ် ၊တွယ်ချိတ်ကလေးများ အစရှိတာတို့ပဲ ဖြစ်ပါတယ်။
ထိုအရွယ်ကလေးတွေမှာ လက်ထဲ ဘာရှိရှိ ပါးစပ်ထဲ ၊နှာခေါင်းထဲ ၊နားထဲ ကောက်ထည့်တတ်တာ အုပ်ထိန်းသူများအနေနဲ့ သတိချပ်သင့်ပါတယ်။
တစ်ခုခု မျိုချမိသော် အသက်ရှူလမ်းကြောင်းထဲ ရောက်သွားရင်
-ချောင်းဆိုးမယ်
-အသက်ရှူကြပ်မယ်
-တရွှီရွှီနဲ့ အသံမြည်လာမယ်
-ပြာနှမ်းလာမယ်
တစ်ခုခု မျိုချမိသော် အစာအိမ်လမ်းကြောင်းထဲ ရောက်သွားရင်
-ကလေးက မစားမသောက်နိုင်
-ဗိုက်အောင့်မယ်
-အန်မယ်
-ဝမ်းချုပ်မယ်
-ဗိုက်ကြီးတင်းကယ် ဖောင်းလာမယ်
ဘယ်လို အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ
-ကလေးတွေမှာဖြစ်ရင်
-အသက်ရှူလမ်းကြောင်းထဲ ရောက်သွားရင်
-ဝမ်းချုပ် ၊ဗိုက်အောင့် ၊ဗိုက်ဖောင်း ၊အန် ၊ဖျားရင်
-သံလိုက် ၊ဘတ္ထရီခဲ ၊အချွန်အထက်ပစ္စည်းများ မျိုချမိရင်
-အဆိပ်အတောက်ဖြစ်နိုင်သော ပစ္စည်းများ ၊ဆေးခဲများ မျိုချမိရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းများမှာ ပြသသင့်ပါတယ်။
Author : ခေတ်သစ် ဇီဝက