ဗိုက်တာမင် ဒီ
ဗိုက်တာမင် ဒီသည် အဆီတွင် ပျော်ဝင်နိုင်သော ဗိုက်တာမင်အုပ်စုတွင် ပါဝင်ပါတယ်။ နေရောင်က အသားကို ထိတဲ့အခါ ဗိုက်တာမင် ဒီ ဖြစ်လာမယ့် ပစ္စည်းများ ထုတ်ပေးကာ အသည်းနဲ့ ကျောက်ကပ်က အဆုံးသတ် အလုပ်လုပ်မယ့် ဗိုက်တာမင် ဒီ ကိုထုတ်ပေးပါတယ်။
ဗိုက်တာမင် ဒီသည် အရိုးနဲ့ သွားကျန်းမာရေးအတွက် လိုအပ်တဲ့ကယ်လ်စီယမ်နဲ့ မီးစုန်းဓာတ်ဖြစ်တဲ့ ဖော့စဖရပ်များကို အစာအိမ်နဲ့ အူလမ်းကြောင်းကတဆင့် စုပ်ယူရာမှာ ကူညီပေးပါတယ်။
ဗိုက်တာမင်ဒီ တစ်နေ့တာအတွက် ဘယ်လောက် လိုအပ်သလဲ
-ဗိုက်တာမင်ဒီကို အသားမဲသူ ၊နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နေရသူတွေ အဖို့သီးသန့် အားဆေးအဖြစ် အထူးစားစရာ မလိုပါ။
-ဒါကြောင့် ဗိုက်တာမင် ဒီကို တစ်နေ့လျှင် ၅-၁၀ မိုက်ခရို ဂရမ်ထက် ပိုမစားသင့်။
ဗိုက်တာမင်ဒီ ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်သလဲ
-အရိုးတွေ အားနည်းလာမယ် ၊ကြွက်သားတွေ အားနည်းလာမယ်
-ကလေးရော လူကြီးပါ အရိုးပျော့ ရောဂါတွေ ခံစားရမယ်
-အရိုးတွေ အားနည်းရင် အရိုးကျိုးလွယ်မယ်
ဗိုက်တာမင်ဒီ ရရှိနိုင်သော အစားအစာတွေက ဘာတွေလဲ
-နေရောင်ခြည်
-နို့နဲ့ နို့ထွက်ပစ္စည်း
-ထောပတ်
-ငါးသေတ္တာ ၊ပင်လယ်ငါး ၊တူနာငါး
-ပုစွန်
-နေကြာစေ့
-ကြက်ဥ အနှစ်
-ငါးကြီးဆီ
အူလမ်းကြောင်းမှ ဗိုက်တာမင်ဒီ စုပ်ယူမှုကို တားဆီးပေးသော အရာများ
-အရက်
-ပဋီဇီဝဆေးများ
-ဝမ်းပျော့ဆေးများ
-အတက်ကျဆေးများ
သတိပြုရန် အချက်များ
-နေရောင်ကာ လိမ်းဆေးများ SPF 6 ထက် ပိုပါရင် ဗိုက်တာမင်ဒီ ထုတ်လုပ်မှုနည်းနိုင်တယ်။
-ဆေးလိပ်မီးခိုးများ ၊လေထုညစ်ညမ်းမှုများ ၊အဝတ်အစား ထူထူများသည် နေရောင်ကာပေးနိုင်တဲ့ အတွက် ဗိုက်တာမင် ဒီ ထုတ်လုပ်မှု လျော့နည်းစေတယ်။
-အသည်းနဲ့ ကျောက်ကပ် မကောင်းကလည်း ဗိုက်တာမင် ဒီ လျော့နည်းနိုင်တယ်။
-ဗိုက်တာမင် ဒီကို လိုတာထက် ပိုမို စားသုံး ၊သောက်သုံးခဲ့ရင် အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။မျက်လုံးနာခြင်း ၊အရေပြားယားယံခြင်း ၊အန်ခြင်း ၊ကျောက်ကပ်နဲ့နှလုံးပျက်စီးခြင်း များကို ဖြစ်စေနိုင်ပါတယ်။
-ဒါကြောင့် ဗိုက်တာမင် ဒီကို တစ်နေ့ ၅၀ မိုက်ခရိုဂရမ်ထက် ပိုမို မစားသင့်ပါ။
Author : ခေတ်သစ် ဇီဝက
ဗိုက္တာမင္ ဒီ
ဗိုက္တာမင္ ဒီသည္ အဆီတြင္ ေပ်ာ္ဝင္ႏိုင္ေသာ ဗိုက္တာမင္အုပ္စုတြင္ ပါဝင္ပါတယ္။ ေနေရာင္က အသားကို ထိတဲ့အခါ ဗိုက္တာမင္ ဒီ ျဖစ္လာမယ့္ ပစၥည္းမ်ား ထုတ္ေပးကာ အသည္းနဲ႔ ေက်ာက္ကပ္က အဆုံးသတ္ အလုပ္လုပ္မယ့္ ဗိုက္တာမင္ ဒီ ကိုထုတ္ေပးပါတယ္။
ဗိုက္တာမင္ ဒီသည္ အ႐ိုးနဲ႔ သြားက်န္းမာေရးအတြက္ လိုအပ္တဲ့ကယ္လ္စီယမ္နဲ႔ မီးစုန္းဓာတ္ျဖစ္တဲ့ ေဖာ့စဖရပ္မ်ားကို အစာအိမ္နဲ႔ အူလမ္းေၾကာင္းကတဆင့္ စုပ္ယူရာမွာ ကူညီေပးပါတယ္။
ဗိုက္တာမင္ဒီ တစ္ေန႔တာအတြက္ ဘယ္ေလာက္ လိုအပ္သလဲ
-ဗိုက္တာမင္ဒီကို အသားမဲသူ ၊ေနေရာင္နဲ႔ တိုက္႐ိုက္ထိေတြ႕ေနရသူေတြ အဖို႔သီးသန႔္ အားေဆးအျဖစ္ အထူးစားစရာ မလိုပါ။
-ဒါေၾကာင့္ ဗိုက္တာမင္ ဒီကို တစ္ေန႔လွ်င္ ၅-၁၀ မိုက္ခ႐ို ဂရမ္ထက္ ပိုမစားသင့္။
ဗိုက္တာမင္ဒီ ခ်ိဳ႕တဲ့ရင္ ဘာေတြ ျဖစ္ႏိုင္သလဲ
-အ႐ိုးေတြ အားနည္းလာမယ္ ၊ႂကြက္သားေတြ အားနည္းလာမယ္
-ကေလးေရာ လူႀကီးပါ အ႐ိုးေပ်ာ့ ေရာဂါေတြ ခံစားရမယ္
-အ႐ိုးေတြ အားနည္းရင္ အ႐ိုးက်ိဳးလြယ္မယ္
ဗိုက္တာမင္ဒီ ရရွိႏိုင္ေသာ အစားအစာေတြက ဘာေတြလဲ
-ေနေရာင္ျခည္
-ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း
-ေထာပတ္
-ငါးေသတၱာ ၊ပင္လယ္ငါး ၊တူနာငါး
-ပုစြန္
-ေနၾကာေစ့
-ၾကက္ဥ အႏွစ္
-ငါးႀကီးဆီ
အူလမ္းေၾကာင္းမွ ဗိုက္တာမင္ဒီ စုပ္ယူမႈကို တားဆီးေပးေသာ အရာမ်ား
-အရက္
-ပဋီဇီဝေဆးမ်ား
-ဝမ္းေပ်ာ့ေဆးမ်ား
-အတက္က်ေဆးမ်ား
သတိျပဳရန္ အခ်က္မ်ား
-ေနေရာင္ကာ လိမ္းေဆးမ်ား SPF 6 ထက္ ပိုပါရင္ ဗိုက္တာမင္ဒီ ထုတ္လုပ္မႈနည္းႏိုင္တယ္။
-ေဆးလိပ္မီးခိုးမ်ား ၊ေလထုညစ္ညမ္းမႈမ်ား ၊အဝတ္အစား ထူထူမ်ားသည္ ေနေရာင္ကာေပးႏိုင္တဲ့ အတြက္ ဗိုက္တာမင္ ဒီ ထုတ္လုပ္မႈ ေလ်ာ့နည္းေစတယ္။
-အသည္းနဲ႔ ေက်ာက္ကပ္ မေကာင္းကလည္း ဗိုက္တာမင္ ဒီ ေလ်ာ့နည္းႏိုင္တယ္။
-ဗိုက္တာမင္ ဒီကို လိုတာထက္ ပိုမို စားသုံး ၊ေသာက္သုံးခဲ့ရင္ အဆိပ္အေတာက္ျဖစ္ႏိုင္ပါတယ္။မ်က္လုံးနာျခင္း ၊အေရျပားယားယံျခင္း ၊အန္ျခင္း ၊ေက်ာက္ကပ္နဲ႔ႏွလုံးပ်က္စီးျခင္း မ်ားကို ျဖစ္ေစႏိုင္ပါတယ္။
-ဒါေၾကာင့္ ဗိုက္တာမင္ ဒီကို တစ္ေန႔ ၅၀ မိုက္ခ႐ိုဂရမ္ထက္ ပိုမို မစားသင့္ပါ။
Author : ေခတ္သစ္ ဇီဝက