Zawgyi
အမွ်င္ဓာတ္
အမွ်င္ဓာတ္ပါေသာအစာအစားမ်ားကဘာလဲ?က်န္းမာေရးအတြက္ေကာင္းက်ိဳးမ်ားကိုသိခ်င္ပါတယ္လို႔Ondrမွာေမးၾကပါတယ္။ ေကာင္းက်ိဳးကအမ်ားႀကီးရွိပါတယ္။ အခ်ိဳ႕လူမ်ားအတြက္ အမွ်င္ဓာတ္ပါေသာ အစာအစားမ်ားကိုပဲ ေ႐ြးခ်ယ္စားသုံးရန္ လိုအပ္ေသာ အေျခအေန ရွိတတ္ပါတယ္။
အမွ်င္ဓာတ္ရဲ႕ ေကာင္းက်ိဳးအခ်ိဳ႕မွာ
(1)ကိုလက္စထေရာ ေလ်ာ့ခ်ျခင္း
အမွ်င္ဓာတ္သည္ မလိုလားအပ္ေသာ အဆီဓာတ္မ်ားကို ေသြးေၾကာထဲသို႔ဝင္ေရာက္ျခင္းကို တားေပးၿပီး ေသြးတြင္းအဆီဓာတ္ကို ထိန္းေပးပါတယ္။ ေသြးတြင္းကိုလက္စထေရာမ်ားျခင္းသည္ ႏွလုံးေရာဂါအတြက္ အႏၲရာယ္ျဖစ္ေစပါတယ္။ ေပ်ာ္ဝင္လြယ္ေသာ အမွ်င္ဓာတ္ပါေသာ အစာအစား ဥပမာ ေကြကာအုပ္၊စေတာ္ဘယ္ရီ၊ဘယ္လူးဘယ္ရီ၊ပန္းသီးစသည္တို႔သည္ ပိုမိုအက်ိဳးေက်းဇူးမ်ားပါတယ္။
(2)ကိုယ္အေလးခ်ိန္ထိန္းျခင္း
ေန႔စဥ္မွန္ကန္ေသာ အမွ်င္ဓာတ္ပမာဏစားျခင္းသည္ က်န္းမာေသာ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းေပးပါတယ္။ လုံေလာက္ေသာ အမွ်င္ဓာတ္မရခဲ့လွ်င္ အဆီပိုမ်ား ပိုမိုစုမိေစပါတယ္။ အဝလြန္၊အဆီပိုစုျခင္းေၾကာင့္ မလိုလားအပ္ေသာ ေရာဂါေပါင္းစုံ ဝင္ေရာက္လာႏိုင္ပါတယ္။ အမွ်င္ဓာတ္ပါေသာ အစာအစားမ်ားစားျခင္းသည္ သဘာဝနည္းျဖင့္ ကိုယ္အေလးခ်ိန္ထိန္းျခင္းျဖစ္ပါတယ္။ ဥပမာအသီးအႏွံံ၊ဟင္းသီးဟင္း႐ြက္၊ပဲႏွင့္အေစ့အဆန္မ်ား
(3)ေသြးတြင္းအခ်ိဳဓာတ္ထိန္းျခင္း
ေသြးတြင္းအခ်ိဳဓာတ္မ်ားျခင္းသည္ ကိုယ္ခႏၶာ ေမာပန္းႏြမ္းလ်ေစပါတယ္။ အမွ်င္ဓာတ္ပါေသာ အစာအစားမ်ားမ်ားစားျခင္းသည္ အဆိုပါ ခံစားမႈကို သက္သာေစပါတယ္။ ေသြးတြင္းအခ်ိဳဓာတ္ထိန္းျခင္းျဖင့္ ဆီးခ်ိဳေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဥပမာ ပဲသည္ ေသြးတြင္းအခ်ိဳဓာတ္ကို ထိန္းေပးပါတယ္။ အမွ်င္ဓာတ္မ်ားစြာပါဝင္ၿပီး ကိုယ္ခႏၶာအတြက္ လိုအပ္ေသာ သတၱဳဓာတ္မ်ားလည္း မ်ားစြာပါဝင္ပါတယ္။
(4)အူလမ္းေၾကာင္း
အူမႀကီးေကာင္းမြန္မႈသည္ က်န္းမာေရးအတြက္ အဓိကက်လွပါတယ္။ လုံေလာက္ေသာ အမွ်င္ဓာတ္မရလွ်င္အူမ ႀကီးေကာင္းစြာအလုပ္မလုပ္ႏိုင္ပါက က်န္းမာေရးထိခိုက္လာပါလိမ့္မယ္။ လုံေလာက္ေသာအာဟာရဓာတ္မစုပ္ယူႏိုင္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ လိပ္ေခါင္းျဖစ္ျခင္းစသည္တို႔ ျဖစ္လာႏိုင္ပါလိမ့္မယ္။အမွ်င္ဓာတ္သည္အစာ ေခ်ဖ်က္မႈစနစ္အတြက္ လြန္စြာအေရး ႀကီးပါတယ္။
(5)ႏွလုံးေရာဂါျဖစ္ပြားမႈ ေလ်ာ့ခ်ျခင္း
အမွ်င္ဓာတ္သည္ ႏွလုံးက်န္းမာေရးအတြက္အဓိက အစာအစား ျဖစ္ပါတယ္။ ဥပမာ အေစ့အဆန္မ်ားသည္ ေသြးတြင္းအဆီဓာတ္ ေလ်ာ့ခ်ၿပီး ႏွလုံးေရာဂါကို ကာကြယ္ေပးပါတယ္။
(6)လိပ္ေခါင္းေရာဂါကာကြယ္ျခင္း
အမွ်င္ဓာတ္မစားျခင္း ေၾကာင့္ ဝမ္းသြားရန္ ခက္ခဲၿပီး လိပ္ေခါင္းေရာဂါ ျဖစ္ႏိုင္ပါတယ္။လိပ္ေခါင္းေရာဂါ မျဖစ္ေအာင္ ဝမ္းမွန္ရန္ အမွ်င္ဓာတ္မ်ား ေန႔စဥ္စားသုံးေပးသင့္ပါတယ္။ ဥပမာအစိမ္းေရာင္ရွိေသာ အသီးအ႐ြက္မ်ား ေန႔စဥ္စားသုံးေပးပါ။
(7)ကင္ဆာေရာဂါကာကြယ္ျခင္း
ေန႔စဥ္အမွ်င္ဓာတ္ လုံေလာက္စြာ စားေပးျခင္းသည္ ကင္ဆာေရာဂါမ်ားျဖစ္ပြားျခင္းကို တားဆီးကာကြယ္ေပးပါတယ္။ ကိုယ္ခႏၶာအေလးခ်ိန္ထိန္းျခင္း၊ မလိုလားအပ္ေသာ အဆိပ္အေတာက္မ်ားကို ဖယ္ရွားျခင္းမ်ားကို ျပဳလုပ္ေပးပါတယ္။ ရင္သားကင္ဆာ၊ဆီးက်ိတ္ကင္ဆာႏွင့္အူမ ႀကီးကင္ဆာမ်ားကို ကာကြယ္ေပးပါတယ္။ ဥပမာ အသီးအ႐ြက္ႏွင့္
ဟင္းသီးဟင္း႐ြက္မ်ားတြင္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားလည္း ပါဝင္ေသာေၾကာင့္ ကင္ဆာကိုကာကြယ္ေပးပါတယ္။
(8)အသားအေရထိန္းသိမ္းျခင္း
အမွ်င္ဓာတ္သည္ အသားအေရ စိုေျပက်န္းမာေစရန္ အေထာက္အကူျပဳပါတယ္။ လတ္ဆတ္ေသာအသီးအႏွံစားျခင္းသည္ အသားအေရ လွပမႈအတြက္ အေထာက္အကူမ်ားစြာ ရရွိပါလိမ့္မယ္။
(9)ေပါ့ပါးေသာေနထိုင္မႈရရွိျခင္း
အမွ်င္ဓာတ္ပါေသာအစာအစားမ်ားစားျခင္းသည္ ဆီးမွန္၊ဝမ္းမွန္ၿပီး ကိုယ္လက္လႈပ္ရွားမႈ ေပါ့ပါးသြက္လက္ေစပါတယ္။ မလိုလားအပ္ေသာ အဆိပ္အေတာက္မ်ားကို သန႔္စင္ဖယ္ရွားေပးပါတယ္။
(10)ေလျဖတ္ျခင္းကို ကာကြယ္ျခင္း
အမွ်င္ဓာတ္သည္ ေသြးတိုးႏွင့္အဆီဓာတ္ကိုထိန္းေပးျခင္းေၾကာင့္ ေလျဖတ္ျခင္းကို ကာကြယ္ေပးပါတယ္။
Author : Dr.ျပည့္ရွင္း
Unicode
အမျှင်ဓာတ်
အမျှင်ဓာတ်ပါသောအစာအစားများကဘာလဲ?ကျန်းမာရေးအတွက်ကောင်းကျိုးများကိုသိချင်ပါတယ်လို့Ondrမှာမေးကြပါတယ်။ ကောင်းကျိုးကအများကြီးရှိပါတယ်။ အချို့လူများအတွက် အမျှင်ဓာတ်ပါသော အစာအစားများကိုပဲ ရွေးချယ်စားသုံးရန် လိုအပ်သော အခြေအနေ ရှိတတ်ပါတယ်။
အမျှင်ဓာတ်ရဲ့ ကောင်းကျိုးအချို့မှာ
(1)ကိုလက်စထရော လျော့ချခြင်း
အမျှင်ဓာတ်သည် မလိုလားအပ်သော အဆီဓာတ်များကို သွေးကြောထဲသို့ဝင်ရောက်ခြင်းကို တားပေးပြီး သွေးတွင်းအဆီဓာတ်ကို ထိန်းပေးပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းသည် နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေပါတယ်။ ပျော်ဝင်လွယ်သော အမျှင်ဓာတ်ပါသော အစာအစား ဥပမာ ကွေကာအုပ်၊စတော်ဘယ်ရီ၊ဘယ်လူးဘယ်ရီ၊ပန်းသီးစသည်တို့သည် ပိုမိုအကျိုးကျေးဇူးများပါတယ်။
(2)ကိုယ်အလေးချိန်ထိန်းခြင်း
နေ့စဉ်မှန်ကန်သော အမျှင်ဓာတ်ပမာဏစားခြင်းသည် ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။ လုံလောက်သော အမျှင်ဓာတ်မရခဲ့လျှင် အဆီပိုများ ပိုမိုစုမိစေပါတယ်။ အဝလွန်၊အဆီပိုစုခြင်းကြောင့် မလိုလားအပ်သော ရောဂါပေါင်းစုံ ဝင်ရောက်လာနိုင်ပါတယ်။ အမျှင်ဓာတ်ပါသော အစာအစားများစားခြင်းသည် သဘာဝနည်းဖြင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြစ်ပါတယ်။ ဥပမာအသီးအနှံံ၊ဟင်းသီးဟင်းရွက်၊ပဲနှင့်အစေ့အဆန်များ
(3)သွေးတွင်းအချိုဓာတ်ထိန်းခြင်း
သွေးတွင်းအချိုဓာတ်များခြင်းသည် ကိုယ်ခန္ဓာ မောပန်းနွမ်းလျစေပါတယ်။ အမျှင်ဓာတ်ပါသော အစာအစားများများစားခြင်းသည် အဆိုပါ ခံစားမှုကို သက်သာစေပါတယ်။ သွေးတွင်းအချိုဓာတ်ထိန်းခြင်းဖြင့် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဥပမာ ပဲသည် သွေးတွင်းအချိုဓာတ်ကို ထိန်းပေးပါတယ်။ အမျှင်ဓာတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်သော သတ္တုဓာတ်များလည်း များစွာပါဝင်ပါတယ်။
(4)အူလမ်းကြောင်း
အူမကြီးကောင်းမွန်မှုသည် ကျန်းမာရေးအတွက် အဓိကကျလှပါတယ်။ လုံလောက်သော အမျှင်ဓာတ်မရလျှင်အူမ ကြီးကောင်းစွာအလုပ်မလုပ်နိုင်ပါက ကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။ လုံလောက်သောအာဟာရဓာတ်မစုပ်ယူနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းစသည်တို့ ဖြစ်လာနိုင်ပါလိမ့်မယ်။အမျှင်ဓာတ်သည်အစာ ချေဖျက်မှုစနစ်အတွက် လွန်စွာအရေး ကြီးပါတယ်။
(5)နှလုံးရောဂါဖြစ်ပွားမှု လျော့ချခြင်း
အမျှင်ဓာတ်သည် နှလုံးကျန်းမာရေးအတွက်အဓိက အစာအစား ဖြစ်ပါတယ်။ ဥပမာ အစေ့အဆန်များသည် သွေးတွင်းအဆီဓာတ် လျော့ချပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
(6)လိပ်ခေါင်းရောဂါကာကွယ်ခြင်း
အမျှင်ဓာတ်မစားခြင်း ကြောင့် ဝမ်းသွားရန် ခက်ခဲပြီး လိပ်ခေါင်းရောဂါ ဖြစ်နိုင်ပါတယ်။လိပ်ခေါင်းရောဂါ မဖြစ်အောင် ဝမ်းမှန်ရန် အမျှင်ဓာတ်များ နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ဥပမာအစိမ်းရောင်ရှိသော အသီးအရွက်များ နေ့စဉ်စားသုံးပေးပါ။
(7)ကင်ဆာရောဂါကာကွယ်ခြင်း
နေ့စဉ်အမျှင်ဓာတ် လုံလောက်စွာ စားပေးခြင်းသည် ကင်ဆာရောဂါများဖြစ်ပွားခြင်းကို တားဆီးကာကွယ်ပေးပါတယ်။ ကိုယ်ခန္ဓာအလေးချိန်ထိန်းခြင်း၊ မလိုလားအပ်သော အဆိပ်အတောက်များကို ဖယ်ရှားခြင်းများကို ပြုလုပ်ပေးပါတယ်။ ရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာနှင့်အူမ ကြီးကင်ဆာများကို ကာကွယ်ပေးပါတယ်။ ဥပမာ အသီးအရွက်နှင့်
ဟင်းသီးဟင်းရွက်များတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးပါတယ်။
(8)အသားအရေထိန်းသိမ်းခြင်း
အမျှင်ဓာတ်သည် အသားအရေ စိုပြေကျန်းမာစေရန် အထောက်အကူပြုပါတယ်။ လတ်ဆတ်သောအသီးအနှံစားခြင်းသည် အသားအရေ လှပမှုအတွက် အထောက်အကူများစွာ ရရှိပါလိမ့်မယ်။
(9)ပေါ့ပါးသောနေထိုင်မှုရရှိခြင်း
အမျှင်ဓာတ်ပါသောအစာအစားများစားခြင်းသည် ဆီးမှန်၊ဝမ်းမှန်ပြီး ကိုယ်လက်လှုပ်ရှားမှု ပေါ့ပါးသွက်လက်စေပါတယ်။ မလိုလားအပ်သော အဆိပ်အတောက်များကို သန့်စင်ဖယ်ရှားပေးပါတယ်။
(10)လေဖြတ်ခြင်းကို ကာကွယ်ခြင်း
အမျှင်ဓာတ်သည် သွေးတိုးနှင့်အဆီဓာတ်ကိုထိန်းပေးခြင်းကြောင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။
Author : Dr.ပြည့်ရှင်း