(Zawgyi)
ပူအိုက္လာေသာ ရာသီဥတု အေျခအေနတြင္ ေရခဲေရတစ္ခြက္ ေသာက္လိုက္ျခင္းကဲ့သို႔ေအးခ်မ္းမႈ
ေပးႏိုင္ေသာ အျခားအရာမရွိေတာ့ပါ။ ေရခဲေရေသာက္လွ်င္ က်န္းမာေရးဆိုးက်ိဳး ဘာရွိမလဲလို႔ မေသာက္ခင္ စဥ္းစားေစခ်င္ပါတယ္။
(1) အဆီပိုတိုးပါမယ္
ပိန္ခ်င္သူမ်ားအတြက္ ေရခဲေရ အမ်ားႀကီးေသာက္လွ်င္ ကိုယ္ခႏၶာအလုပ္ပိုေစၿပီး ကယ္လိုရီမ်ား မေလာင္ကြၽမ္းေစပါ။ ေအးေသာအပူခ်ိန္ေၾကာင့္ အဆီမ်ားသည္ ပိုမိုမာခဲကာ ေခ်ဖ်က္ႏိုင္စြမ္း ခက္ခဲေစပါတယ္။
(2) ဝမ္းခ်ဳပ္ျခင္း
ပုံမွန္ေရေသာက္ျခင္းသည္ အစာေျခဖ်က္မႈ အားေကာင္းေစေသာ္လည္း ေရခဲေရေသာက္ျခင္းသည္ဝမ္းခ်ဳပ္ေစပါတယ္။ အစာအစားမ်ား မာေက်ာကာ ဝမ္းသြားရန္ခက္ခဲၿပီး အူမ်ားက်ဳံေသာေၾကာင့္လည္းအလြယ္တကူ မသြားႏိုင္ပါ။
(3)ေရဓာတ္ျဖည့္တင္းမႈ ေႏွာင့္ေႏွးျခင္း
ေရေသာက္ျခင္းသည္ ေရဓာတ္လုံေလာက္စြာ ျဖည့္တင္းေပးႏိုင္ေသာ္လည္း ေရခဲေရေသာက္ျခင္းသည္ေရဓာတ္အျမန္ျပည့္ရန္ ျဖစ္စဥ္တြင္ ေႏွာင့္ေႏွးႏိုင္ပါတယ္။
(4)အားအင္ေလ်ာ့နည္းျခင္း
ေရခဲေရေသာက္ျခင္းျဖင့္ ခဏတာလန္းဆန္းႏိုင္ေသာ္လည္း ေရခဲေရေၾကာင့္ ျဖစ္ေသာေအးခဲမႈ ပုံမွန္ရန္ သုံးရေသာ အပိုအားအင္သုံးစြဲမႈေၾကာင့္ လူကိုအားအင္ေလ်ာ့နည္းေစပါတယ္။
(5)အစာမေၾကျခင္း
ေရခဲေရေသာက္ျခင္း အစာမေၾကျခင္း၊ရင္ျပည့္ရင္ကယ္ျခင္း၊ပ်ိဳ႕အန္ျခင္းျဖစ္ေစပါတယ္။ ေအးခဲမႈေၾကာင့္ ေသြး ေၾကာက်ဳံေစပါတယ္။ အစာအိမ္က်ဳံေစၿပီး အစာ ေျခဖ်က္မႈကို ေႏွာင့္ေႏွးေစပါတယ္။
(6)ႏွလုံးခုန္ေႏွးျခင္း
ေရခဲေရေသာက္ျခင္းသည္ ႏွလုံးခုန္ေႏွးေစပါတယ္။
(7)လည္ေခ်ာင္းနာျခင္း
ေရခဲေရသည္ႏွာေစး၊ေခ်ာင္းဆိုး၊လည္ေခ်ာင္းနာျခင္းကို ပိုမိုဆိုး႐ြားေစပါတယ္။ ကိုယ္ခႏၶာတုံျပန္မႈအေနျဖင့္ ခြၽဲထြက္ျခင္းသည္ ေရခဲေရကို သဘာဝနည္းျဖင့္ ေႏြးေစပါတယ္။
(8)ေခါင္းကိုက္ျခင္း
ေရခဲေခ်ာင္းစားရာတြင္ ေခါင္းခဏတာ က်ိန္းစက္မႈ ခံစားဖူးၾကမွာပါ။ ေရခဲေရသည္လည္း အာ႐ုံေၾကာမႀကီး အတြင္းရွိ အာ႐ုံေၾကာမ်ားကို တုန္ေစၿပီး ဦးေႏွာက္သို႔ သတင္းပို႔မႈ ေႏွာင္ေႏွးကာ ေခါင္းကိုက္ေစပါတယ္။
ထို႔ေၾကာင့္ ေရခဲေရ ေသာက္မည္ဆိုလွ်င္ ဆိုးက်ိဳးမ်ားကို ႏွစ္ခါျပန္စဥ္းစားၿပီးမွ ေသာက္သင့္ပါတယ္။
Author : Dr.ျပည့္ရွင္း
(Unicode)
ပူအိုက်လာသော ရာသီဥတု အခြေအနေတွင် ရေခဲရေတစ်ခွက် သောက်လိုက်ခြင်းကဲ့သို့အေးချမ်းမှု
ပေးနိုင်သော အခြားအရာမရှိတော့ပါ။ ရေခဲရေသောက်လျှင် ကျန်းမာရေးဆိုးကျိုး ဘာရှိမလဲလို့ မသေက်ခင် စဉ်းစားစေချင်ပါတယ်။
(1) အဆီပိုတိုးပါမယ်
ပိန်ချင်သူများအတွက် ရေခဲရေ အများကြီးသောက်လျှင် ကိုယ်ခန္ဓာအလုပ်ပိုစေပြီး ကယ်လိုရီများ မလောင်ကျွမ်းစေပါ။ အေးသောအပူချိန်ကြောင့် အဆီများသည် ပိုမိုမာခဲကာ ချေဖျက်နိုင်စွမ်း ခက်ခဲစေပါတယ်။
(2) ဝမ်းချုပ်ခြင်း
ပုံမှန်ရေသောက်ခြင်းသည် အစာခြေဖျက်မှု အားကောင်းစေသော်လည်း ရေခဲရေသောက်ခြင်းသည်ဝမ်းချုပ်စေပါတယ်။ အစာအစားများ မာကျောကာ ဝမ်းသွားရန်ခက်ခဲပြီး အူများကျုံသောကြောင့်လည်းအလွယ်တကူ မသွားနိုင်ပါ။
(3)ရေဓာတ်ဖြည့်တင်းမှု နှောင့်နှေးခြင်း
ရေသောက်ခြင်းသည် ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပေးနိုင်သော်လည်း ရေခဲရေသောက်ခြင်းသည်ရေဓာတ်အမြန်ပြည့်ရန် ဖြစ်စဉ်တွင် နှောင့်နှေးနိုင်ပါတယ်။
(4)အားအင်လျော့နည်းခြင်း
ရေခဲရေသောက်ခြင်းဖြင့် ခဏတာလန်းဆန်းနိုင်သော်လည်း ရေခဲရေကြောင့် ဖြစ်သောအေးခဲမှု ပုံမှန်ရန် သုံးရသော အပိုအားအင်သုံးစွဲမှုကြောင့် လူကိုအားအင်လျော့နည်းစေပါတယ်။
(5)အစာမကြေခြင်း
ရေခဲရေသောက်ခြင်း အစာမကြေခြင်း၊ရင်ပြည့်ရင်ကယ်ခြင်း၊ပျို့အန်ခြင်းဖြစ်စေပါတယ်။ အေးခဲမှုကြောင့် သွေး ကြောကျုံစေပါတယ်။ အစာအိမ်ကျုံစေပြီး အစာ ခြေဖျက်မှုကို နှောင့်နှေးစေပါတယ်။
(6)နှလုံးခုန်နှေးခြင်း
ရေခဲရေသောက်ခြင်းသည် နှလုံးခုန်နှေးစေပါတယ်။
(7)လည်ချောင်းနာခြင်း
ရေခဲရေသည်နှာစေး၊ချောင်းဆိုး၊လည်ချောင်းနာခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ ကိုယ်ခန္ဓာတုံပြန်မှုအနေဖြင့် ချွဲထွက်ခြင်းသည် ရေခဲရေကို သဘာဝနည်းဖြင့် နွေးစေပါတယ်။
(8)ခေါင်းကိုက်ခြင်း
ရေခဲချောင်းစားရာတွင် ခေါင်းခဏတာ ကျိန်းစက်မှု ခံစားဖူးကြမှာပါ။ ရေခဲရေသည်လည်း အာရုံကြောမကြီး အတွင်းရှိ အာရုံကြောများကို တုန်စေပြီး ဦးနှောက်သို့ သတင်းပို့မှု နှောင်နှေးကာ ခေါင်းကိုက်စေပါတယ်။
ထို့ကြောင့် ရေခဲရေ သောက်မည်ဆိုလျှင် ဆိုးကျိုးများကို နှစ်ခါပြန်စဉ်းစားပြီးမှ သောက်သင့်ပါတယ်။
Author : Dr.ပြည့်ရှင်း