အခု facebook မှာ ရေပန်းစားနေတဲ့ အကြောင်းအရာလေးတစ်ခုနဲ့ ပတ်သက်ပြီး ရေးချင်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်က ကြိုးနဲ့ချည်ထားရတဲ့ ၁၀ နှစ်သားအရွယ် ကလေးငယ်လေးရဲ့ အကြောင်းပါ။ သတင်းတွေအရတော့ ငယ်စဉ်က ငှက်ဖျားပိုးဝင်ပြီး ဦးနှောက်မကောင်းတော့ဘူးလို့ သိရပါတယ်။ ဆေးရုံမှာ တက်ရောက်ကုသခဲ့ပေမယ့် ငွေကြေးအခက်အခဲကြောင့် ဆေးဆက်မကုနိုင်ဘဲ ရွာကို ပြန်ခေါ်သွားပြီး ဆေးမီးတိုနဲ့ ကုသခဲ့တယ်လို့ သိရပါတယ်။ တဆင့်သတင်း တဆင့်ဆိုတော့ ဒီအကြောင်းအရာတွေက မှန်မမှန်တော့ မသိနိုင်ပါဘူး။ တချို့ကလည်း ဂျပန်ဦးနှောက် အမြှေးရောင်ဖြစ်နိုင်တယ်လို့ ဆိုကြပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကလေးငယ်အရေးမှာ ဆေးကုသမှု လုံလောက်အောင် ရခဲ့ရင် ဒီကလေးလေးဟာ တခြား အရွယ်တူ ကလေးတွေလို ပညာတွေသင်ပြီး နေကောင်းနေနိုင်ပါလိမ့်မယ်။ အခုတော့ အိမ်အောက်မှာ ခြေထောက်ကို ကြိုးနဲ့ချည်ခံထားရတာဟာ တွေးလိုက်ရုံနဲ့တင် သနားစရာ ကောင်းလှပါတယ်။ ဒါက social media မှာ သတင်းတက်လာလို့ သိရတာပါ။ အပြင်လောကမှာ ဒီလိုကလေးတွေ ဆေးမကုသနိုင်လို့ အသက်ဆုံးရှုံးသွားတဲ့ ဘဝတွေ ဒုနဲ့ ဒေး ရှိနေပါတယ်။
နယ်လိုနေရာမှာ မပြောနဲ့။ ခေတ်မီလှပါပြီဆိုတဲ့ ရန်ကုန်လိုနေရာမျိုးမှာတောင် ဒီလိုဘဝတွေ အများကြီး တွေ့နိုင်ပါတယ်။ ဘာဖြစ်လို့ပါလဲ။ အဓိက က ဆင်းရဲမွဲတေမှုပါပဲ။ နောက်ထပ် ကြီးကြီးကျယ်ကျယ် စကားလုံးနဲ့ ပြောရရင်တော့ တစ်ကမ္ဘာလုံး လွှမ်းခြုံပေးနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု UHC ဆိုတာ မရသေးလို့ပါပဲ။ UHC ဆိုတာ universal health coverage ပဲဖြစ်ပါတယ်။ ငွေကြေး ပြဿနာတာ အတားအဆီး တစ်ခုမဟုတ်ဘဲ တစ်ကမ္ဘာလုံး လွှမ်းခြုံပေးနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ နိုင်ငံတော်တော်များများ ပါဝင်ဆောင်ရွက်လျှက် ရှိပါတယ်။ ဒီလို နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံလို ဖွံဖြိုးဆဲ နိုင်ငံတစ်ခု ကျန်းမာရေးအပေါ် နိုင်ငံ ဘဏ္ဍငွေ အနည်းငယ်သာ သုံးနိုင်သော နိုင်ငံတစ်ခု အနေနဲ့တော့ UHC ရဖို့ဆိုတာ မိုင်ပေါင်းများစွာသော ခရီးကြမ်းကြီးကို လျှောက်လှမ်းရဦးမှာပါ။ လူဦးရေနှင့် ဆရာဝန် ဦးရေ ၊ ကျန်းမာရေးလုပ်သားဦးရေ အလွန်အချိုးကွာလှသော နိုင်ငံတစ်ခုမှာ လူနာတွေ စိတ်တိုင်းကျနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ဆိုတာလည်း အလှမ်းဝေးလို့ နေပါသေးတယ်။
ဝင်ငွေနည်းပါးသော ၊ ကုန်ဈေးနှုန်းတွေ မြှင့်တက်နေသော ဒီလို အချိန်မှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် မတွင်ကျယ်နိုင်သရွေ့ မသေသင့်ဘဲ သေနေရတဲ့ အသက်တွေ၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ ဘဝတွေ တွေ့ကြုံနေရဦးမှာပါပဲ။ မြန်မာနိုင်ငံဟာ ဖွံဖြိုးဆဲ နိုင်ငံဖြစ်တဲ့အလျှောက် ကူးစက်ရောဂါတွေလည်း အဖြစ်များလျှက်ရှိပါတယ်။
ကူးစက်ရောဂါတွေအတွက် ကျန်းမာရေး ဌာနအနေနဲ့ ကဏ္ဍများစွာကနေ စီမံကိန်းများစွာနဲ့ အင်တိုက်အားတိုက် လုပ်နေတာတောင် ကူးစက်ရောဂါတွေကြောင့် သေဆုံးမှုနှုန်းထားဟာ မြှင့်မားလျှက် ရှိနေပါသေးတယ်။ ဝင်ငွေနည်းပါးမှုတွေ ၊ ကျမ်းမာရေး ဗဟုသုတနည်းပါးခြင်းတွေ ၊ လက်လှမ်းမှီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာတွေကြောင့် အခက်အခဲများစွာနဲ့ တွေ့ကြုံနေရတုန်းပါ။
ဒါကြောင့် UHC ရဖို့ အားလုံးက တစ်တပ်တစ်အားနဲ့ ကျရာရှု့ထောင့်ကနေ ကူညီပါဝင်ဖို့ လိုပါတယ်။ ဆရာဝန်တိုင်း ၊ ကျန်းမာရေး ဝန်ထမ်းတွေတိုင်းသာမကဘဲ လူတိုင်းလူတိုင်း မိမိတတ်နိုင်ရာကနေ ပါဝင်ကူညီဖို့ လိုပါတယ်။ ကျွန်တော်တို့ OnDoctor App ဟာဆိုရင်လည်း UHC ရဖို့အတွက် ပါဝင်ကူညီလျှက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲမှု မြှင့်မားလာတာနဲ့အမျှ အင်တာနက် သုံးစွဲမှုတွေလည်း များပြားပါတယ်။
OnDoctor App ဟာ Facebook page မှာဆိုရင်လည်း ကျန်းမာရေး ဆောင်းပါးလေးတွေ အမြဲတင်ပေးနေရုံမကဘဲ OnDoctor Application နဲ့ facebook messenger မှာလည်း ဆရာဝန်တွေနဲ့ အခမဲ့ မေးမြန်းဆွေးနွေးမှုတွေ ပြုလုပ်ပေးလျှက် ရှိပါတယ်။
ငွေကြေးအခက်အခဲတွေကို ကြည့်နေစရာမလိုဘဲ တစ်ကမ္ဘာလုံး လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အမြန်ဆုံး ရရှိနိုင်စေရန် ဆုမွန်ကောင်းတောင်းရင်း…….
Author : Dr. မေ