fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရပ်ရှည်လိုသော်

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသားများသည် အရပ်ပုခြင်းထက် အရပ်ရှည်ခြင်းကို နှစ်သက်သဘောကြသည်။ အမျိုးသမီးတချို့ မှာလည်း အရပ်ရှည်လိုကြသည်။ စာရေးသူသည်အရပ်ပုသူတစ်ဦးဖြစ်သည်။ ၅ ပေ ၃ လက်မနီးပါးသာ ရှိသည်။ အရပ်ရှည်သော သူငယ်ချင်းများကို အားကျမိသည်။ ထို့ကြောင့် မိမိကိုယ်တိုင် မရှည်နိုင်တော့သော်လည်း မျိုးဆက်သစ်များ အရပ်ရှည်အောင် ကြိုးပမ်းခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း၂၀ ကျော်က စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇီဝကဗဗေဒ သဘောအရ လူတစ်ယောက်၏ အရပ်အမြင့်မှာ (၁) မျိုးရိုးဗေဒ (၂) အာဟာရ (၃) လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်း (၄) ဟော်မုန်းများ (၅) ရောဂါဘယကင်းရှင်းမှု (၆) စိတ်ကျန်းမာရေး အခြေ အနေနှင့် (၇) အခြားသောအချက်သောအချက်အလက်များပေါ်တွင် တည်မှီနေသည်။ စာရေးသူမှာ မျိူးရိုးဗီဇ သဘောအရ အရပ်ပုုခြင်းဖြစ်နိုင်သည်။ ဖခင်၏ အရပ်မှာလည်း စာရေးသူနည်းတူဖြစ်သည်။ ညီလတ် မှာလည်း စာရေးသူနှင့် မတိမ်းမယိမ်းသာဖြစ်သည်။ မျိုးရိုးဗီဇအရ အရပ်ပုနိိုင်မည့် သားငယ်သမီးငယ်များကို အရပ်ပိုရှည် လာအောင်စာရေးသူ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အရပ်အမြင့်မှာ မျိုးရိုးနှင့်ဆိုင်သည်။ မိဘအရပ်ရှည်လျင် သားသမီးအရပ်ရှည်မည်။မိဘအရပ်ပုလျင် သားသမီးအရပ်ပုနိုင်သည်။ သို့သော် ချို့ယွင်းချက်များ ရှိနိုင်သည်။ ရှုပ်ထွေးလှသော ဗီဇဂျင်းများအကြောင်း သေချာစွာရှင်းပြမှသာဖြစ်နိုင်ပါမည်။ အာဟာရမှာ ကြီးထွားဖွံံ့ဖြိုးမှုနှင့် အရပ်ရှည်ခြင်းကို လွှမ်းမိုးနိုင်ပါသည်။ အာဟာရချို့တဲ့ပါက ပိန်လှီ သေးကွေး ပုညှပ်နေမည်ဖြစ်သည်။ ဗီဇသဘောအရ အရပ်ပုနိုင်သူများအဖို့ အစားအစာကို ဂရုစိုက်စားသုံး သင့်သည်။ ဟော်မုန်းများမှာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကသော့ချက်ဖြစ်သည်ဟု ဆိုနိုင်သည်။ ကြီးထွား ဟော်မုန်း Growth Hormons ၊ သိုင်းရွိုဒ်ဟော်မုန်း Thyroid Hormone၊ အင်ဆူလင် Insulin-like growth factor အင်ဒရိုဂျင် Androgen ၊အီစထရိုဂျင် Oestrogen ၊ ကော်တီကိုစတီးရိုဒ် Corticostroid စသည့် ဟော်မုန်းများမှာ အရပ်ရှည်ကြီးထွားမှုနှင့် ဆက်နွယ်နေသည်။

စိတ်ကျန်းမာရေးမှာလည်း ကြီးထွားဖွံဖြိုးမှုကို လွှမ်းမိုးနိုင်သည်။ ဖိစီးမှုများသည် ကြီးထွားဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်သည်။ ရောဂါဝေဒနာများ မကြာ ခဏ ဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့သည် ကြီးထွားဖွံ့ဖြိုးမှုကို နှေးကွေးသွားစေသည်။ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်သည်လည်း ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ အရပ်ရှည်ခြင်းနှင့် ကြီးထွားဖွံ့ဖြိုးမှုတို့သည် လူ့ဘဝသက်တမ်း၌ လျင်မြန်သော နှုန်းဖြင့် နှစ်ကြိမ်တိုင် ကြုံတွေ့ကြရသည်။ သန္ဓေသား ဘဝမှစ၍အသက်တစ်နှစ်အထိ အလွန်လျင်မြန်သော နှုန်းဖြင့် ကြီးထွားဖွံ့ဖြိုး ခဲ့သည်။ ဒုတိယအကြိမ် ထူးခြားလျင်မြန်စွာ အရပ်ရှည်လာခြင်းမှာ ကြီးကောင်ဝင်ခြင်း Adolesene အချိန်ဖြစ် သည်။ ဆေးပညာတွင် Adolesent Growth Spurt or Pubertal growth spurt ဟုခေါ်သည်။ အရွယ်ရောက်ချိန်တွင် လျင်မြန်စွာအရပ်မြင့်လာခြင်းမှာ အက်ဒွီနယ်ဂလင်းမှ ထွက်သောအင်ဒရိုဂျင် Adrenal Androgen နှင့် ကြီးထွားဟော်မုန်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ စာရေးသူသည် မျိုးရိုးဗီဇအားဖြင့် အရပ်ပုလာဖွယ်ရှိသော သားငယ်သမီးငယ်များကို ကြီးကောင်ဝင်ချိန် ထူးခြားလျင်မြန်စွာ ရုတ်တရက် အရပ်မြင့် လာမှုကို တွန်းအားပေးခြင်းဖြင့် အရပ်ရှည်အောင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။ ဗီဇကို ပြုပြင်ရန် မဖြစ်နိုင်သောအခါ Adolescent Growth Spurt ကိုဟော်မုန်းဖြင့် တွန်းကူပေးပါက သားငယ်သမီးငယ်များ အရွယ်ရောက်ချိန်တွင် အရပ်ပိုရှည်လာနိုင်ကြောင်း တွေ့ရသည်။ မိန်းကလေးငယ်များသည် အသက် ၁၆ နှစ်နောက်ပိုင်း၊ ယောကျာၤးလေးများသည် ၁၈ နှစ်နောက်ပိုင်း အရပ်ရှည်နိုင်စွမ်းမရှိသလောက်နည်းပါးသွားပြီဖြစ်သည်။ ခြွင်းချက်အနေဖြင့် အသက် ၂၀ ထိအရပ်ရှည်သူများ တွေ့ရနိုင်ပါသည်။ သို့သော် အရိုးကြီးထွားစွန်းများ ပိတ်သွားပြီးက အရပ်ရှည်နိုင်တော့မည်မဟုတ်ပါ။ မကြာမှီက အရပ်ရှည်ဖြည့်စွက်အာဟာရ ကြော်ငြာတစ်ခုတွင် အသက် ၃၀ ထိအရပ်ရှည်ဦးမည်ဟု ဆိုထားသည်။ ဆေးတစ်မျိုး ကလည်း အသက် ၂၅ နှစ်ကျော်သော်လည်း အရပ်ရှည်နိုင်သေးသည်ဟု ကြော်ငြာထားပြန်သည်။ စာရေးသူအနေဖြင့် ဆေးပညာသဘောအရ အသက် ၂၀ ကျော်ပြီး အရိုးကြီးထွားစွန်းများ ပိတ်နေသူကို အရပ်ရှည်စေမည်ဆိုခြင်းမှာ စဉ်းစားမရနိုင်ဖြစ်နေခဲ့ပါသည်။ မည်သို့မည်ပုံ အရပ်ရှည်ပါဦးမည်နည်…………။ (အဆိုပါ အရပ်ရှည်ဖြည့်စွက်အာဟာရနှင့် ဆေးဝါးများသည် အရွယ်ရောက်ချိန်မှ အသက်၂၀ အတွင်း အရပ်ရှည်စေနိုင် ကောင်းရှည်စေနိုင်ပါလိမ့်မည်)

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ပင်ကိုယ်စွမ်းရည်ရှိတဲ့ကလေးကို ဘယ်လို အသိအမှတ်ပြုမလဲ

Next Post

ကိုးလလွယ် ဆယ်လဖွား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုးလလွယ် ဆယ်လဖွား

သင့်ဘဝပျော်ရွှင်ကျေနပ်မှု

အအေးမိခြင်းကို နိုင်အောင်လုပ်နည်းအထွေထွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.