fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိဘတွေရဲ့ ကျန်းမာရေး ဘယ်လိုကာကွယ်ပေးရမလဲ

29
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/12/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကြၽန္မရဲ႕ မိဘႏွစ္ပါးဟာ အသက္ ၇၀ ေက်ာ္ေနၿပီး ႏွစ္ဦးစလုံး ေတာ္ေတာ္က်န္းမာပါတယ္။ ဒီလိုပဲ ေရွ႕ဆက္သြားေစခ်င္ပါတယ္။ တစ္ေန႔မွာ ေမေမက ဘယ္လိုစိတ္ကူးရသလဲ မသိဘူး။ ကြၽန္မကို ေမးပါတယ္။ သူတို႔ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ဘာေတြလုပ္ရမလဲဆိုတာ ဆရာဝန္က အႀကံမျပဳဘူးလားလို႔ ေမးပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္မ မသိပါ။ အဲဒီအတြက္ ျပင္ဆင္ထားတာမရွိလို႔ ေလ့လာရေတာ့မယ္။

တားဆီးကာကြယ္ေရး ေဆးကုသမႈဆိုင္ရာ ဝန္ေဆာင္မႈေတြနဲ႔ ပတ္သတ္ၿပီး စဥ္းစားတဲ့အခါမွာ ကြၽန္မထင္မိတာက ကေလးေတြ ပိုလီယိုေရာဂါမျဖစ္ေအာင္ ပိုလီယိုကာကြယ္ေဆးတိုက္ျခင္း၊ ဒါမွ မဟုတ္ထိုးျခင္းျပဳလုပ္ၾကတယ္။ အသက္ႀကီးတဲ့သူေတြကိုေတာ့ ေသြးေပါင္ခ်ိန္နဲ႔ ေကာ္လက္စထေရာအဆင့္ ေတြ မတက္ေအာင္ကာကြယ္ရမယ္လို႔ ထင္ပါတယ္။

အသက္ႀကီးတဲ့သူေတြဟာ တုပ္ေကြးေရာဂါ ကာကြယ္ေဆးေတြ ထိုးထားသင့္ၿပီ။ အသက္နဲ႔ က်န္းမာေရး သမိုင္းေပၚအေျခခံတဲ့ ေဆးစစ္ေဆးမႈေတြကို လုပ္သင့္တယ္။ ဒါေပမဲ့ ကြၽန္မမိဘေတြအတြက္ အာ႐ုံစိုက္မိတာက ေန႔စဥ္လႈပ္ရွားမႈျပဳလုပ္ဖို႔ ဟန႔္တားၿပီး၊ ၎တို႔ရဲ႕ ဘဝအရည္အခ်င္းကို ဆုတ္ယုတ္ေလ်ာ့ပါး    ေစတဲ့ မသန္မစြမ္းျဖစ္ျခင္းကို ကာကြယ္ရန္ျဖစ္သည္။

မသန္မစြမ္းျဖစ္မႈကို ကာကြယ္ျခင္း

ဒါကို ဘယ္လိုလုပ္ရမယ္ဆိုတာဟာ လူနာရဲ႕ သီးသန႔္က်န္းမာေရး အေနအထားအေပၚ အမ်ားအားျဖင့္ မႈတည္ပါတယ္။ ကြၽန္မမိဘမ်ားအေနနဲ႔ ေကာင္းေနတဲ့ က်န္းမာေရးဆက္လက္ေကာင္းေစရန္ ကူညီႏိုင္တဲ့ အႀကံျပဳခ်က္ကို ေလ့လာရမယ္။

၁။ နာတာရွည္ေရာဂါေတြနဲ႔ ပတ္သတ္လို႔ သင္ကိုယ္တိုင္ နားလည္ေအာင္ ေလ့လာပါ။ မိဘေတြကိုလည္း နားလည္ေအာင္ လုပ္ေပးပါ။

ဥပမာ ေဆးလိပ္ေသာက္ျခင္းဟာ သင့္ႏွလုံးနဲ႔ အဆုတ္အတြက္ မေကာင္းဘူးဆိုတာသိတယ္။ အ႐ိုးပြျခင္းေရာဂါကို ၎က အရွိန္ျမႇင့္ေစမယ္ဆိုတာ သိပါသလား၊ အက္စတ႐ိုဂ်င္ (မေဟာ္မုန္း) နဲ႔ အျခားေဆးေတြက အ႐ိုးပြျခင္းကို သက္သာေစတယ္ဆိုတာ သင္သိမွာပါ။ ဒါေပမယ့္ ကမာၻ႔ဆြဲအားကို ဆန႔္က်င္ၿပီး ျပဳလုပ္တဲ့ ေလ့က်င့္ခန္းေတြက အလားတူ အက်ိဳးဆက္ရွိတာ သင္သိပါသလား။ ဒီေရာဂါေတြဟာ မ်ိဳး႐ိုးဗီဇနဲ႔ဆိုင္လို႔ သင္ကိုယ္တိုင္သိေအာင္ ေလ့လာပါ။

၂။ ေရာဂါလကၡဏာေတြဟာ မိခင္ေတြရဲ႕ အသက္ေၾကာင့္ ေရွာင္လြဲလို႔ မရတဲ့ အက်ိဳးတရားေတြလို႔ မယူဆပါနဲ႔။ ေရာဂါလကၡဏာနဲ႔ လုပ္ႏိုင္စြမ္းမွာ ေျပာင္းလဲမႈ အေသးအဖြဲ႕ဟာ ပိုဆိုးဝါးတဲ့ အေျခအေနေတြ ျဖစ္လာႏိုင္တယ္။ မသန္စြမ္းမႈ ျပန္မေကာင္းႏိုင္မီ ဒီအေျခအေနကို အျမန္ေျဖရွင္းပါ။ ဥပမာအားျဖင့္  ႏွလုံးေရာဂါသည္တစ္ဦး ေလွခါးတစ္ခုကို တက္တဲ့အခါမွာ ယခင္ေန႔ေတြကထက္ ႀကိဳးပမ္းအားထုတ္မႈ ပိုေလ်ာ့လာတယ္။ ဒီလကၡဏာဟာ အသက္ႀကီးတာနဲ႔ဆိုင္ၿပီး ဒီျပႆနာဟာ ႏွလုံးတိုက္ခိုက္မႈ ပိုျဖစ္လာႏိုင္တယ္။

၃။ မိဘေတြကို ၎တို႔ရဲ႕ ဆရာဝန္နဲ႔ အၿမဲထိေတြ႕ေနဖို႔ အားေပးပါ။
က်န္းမာေရးေစာင့္ေရွာက္မႈ အၿမဲခ်ိတ္ဆက္မႈရွိတဲ့ လူနာေတြမွာ မရွိတဲ့သူမ်ားထက္ပိုေကာင္းတဲ့ အက်ိဳးရရွိတယ္။ သင့္မိဘနဲ႔ သင့္ကိုယ္တိုင္ ၎တို႔ရဲ႕ အေျခအေနအတြက္ ျဖည့္စြက္ေဆးအသစ္ေတြနဲ႔ ေဆးကုသမႈနဲ႔ ပတ္သတ္ၿပီး ၎တို႔ရဲ႕ ဆရာဝန္ကို ေမးထားရမယ္။ ၎တို႔ရဲ႕ ေရာဂါလကၡဏာေတြကိုလည္း ေန႔စဥ္မွတ္တမ္းမွာ ေရးမွတ္ထားရန္ေျပာပါ။ ဒါေတြကို ကိုယ့္ဆရာဝန္အား ေျပာျပပါ။

၄။ ၎တို႔ရဲ႕ ပတ္ဝန္းက်င္ဟာ ၎တို႔ရဲ႕ က်န္းမာေရးအေျခအေနေတြနဲ႔ ဘယ္လိုအျပန္အလွန္ အက်ိဳးသက္ေရာက္တယ္ဆိုတာကို စဥ္းစားပါ။
ဥပမာအေနနဲ႔ ျပရရင္ ပါကင္ဆန္ေရာဂါစျဖစ္တဲ့ လူနာတစ္ဦးဟာ ဆရာဝန္ဆီလာျပရင္း သူအၿငိမ္းစားယူရင္ေနဖို႔ သုံးထပ္တိုက္က အခန္းတစ္ခန္းကို ဝယ္ဖို႔စဥ္းစားေနတယ္လို႔ ေျပာျပတယ္။ ဆရာဝန္က အခုအေျခအေနမွာ ျပႆနာမရွိေၾကာင္းနဲ႔ ေနာင္အခါေလွခါး မတက္ႏိုင္ေလာက္ေအာင္ ၎ရဲ႕      ေ႐ြ႕လ်ားႏိုင္မႈက ပိုဆိုး႐ြားလာရင္ အခက္အခဲ ရွိႏိုင္ေၾကာင္း ရွင္းျပတယ္။
ေနာက္တစ္ေန႔ ဆရာဝန္ထံ လာျပျပတဲ့အခါမွာ ၎က ေျမညီထပ္ကအခန္းကိုပဲ ထပ္ဝယ္ေတာ့မယ္လို႔ ေျပာပါတယ္။ ၎ရဲ႕ အလားအလာရွိတဲ့ မသန္စြမ္းမႈကို ေက်ာ္လႊားရန္ သူရဲ႕ ပတ္ဝန္းက်င္ကို ျပဳျပင္လိုက္တယ္။

၅။ က်န္းမာေရး စစ္ေဆးမႈအတြက္ သာမန္အသိျဖင့္ လမ္းၫႊန္မႈ
အသက္ႀကီးသူမ်ားအတြက္ က်န္းမာေရးစစ္ေဆးမႈနဲ႔ သင့္ေလ်ာ္တဲ့ ကာကြယ္ေဆးထိုးျခင္းဟာ သူတို႔ရဲ႕က်န္းမာေရးအတြက္ အတိမ္းအေစာင္းမခံေပ။ ကာကြယ္တာဆီးေရး လမ္းၫႊန္မႈ အမ်ားစုဟာ သာမန္အသက္ႀကီးသူေတြ အတြက္ျဖစ္ေသာ္လည္း ကိုယ့္ေသြးရင္းသားရင္ထဲမွ အသက္ပိုႀကီးသူမ်ား အတြက္မဟုတ္ပါ။

အယ္လ္ဇိုင္းေရာဂါ ရင့့္္ေနၿပီျဖစ္တဲ့ လူနာတစ္ေယာက္ကို ဆရာဝန္ထံလာျပတယ္။ သူခ်စ္တဲ့ မိသားစုက သူ႔သက္သက္သာသာျဖစ္ေအာင္သာ လုပ္ေပးဖို႔နဲ႔ ထိုးေဖာက္ျပန႔္ပြားေႏွာက္ယွက္တဲ့ ဟန႔္တားေျပာင္းလဲမႈေတြကို ေရွာင္ရွားဖို႔ ေတာင္းခံၾကတယ္။ အဲဒီအစီအစဉိကို ဆရာဝန္က လက္ခံပါတယ္။ ဒါေတြကို လူနာကလည္း ႀကိဳက္မွာ မဟုတ္တဲ့ အျပင္ ခံႏိုင္ရည္လည္း ရွိမွာမဟုတ္ပါ။
ထို႔ေၾကာင့္ အသက္ႀကီးတဲ့ လူနာေတြရဲ႕ ေရာဂါ၊ က်န္းမာေရး အေျခအေနကို ကာကြယ္ဖို႔ အထူးကုဆရာဝန္ေတြက လူနာလက္ခံႏိုင္တဲ့ လက္ေတြ႕က်ၿပီး   ေဘးကင္းတဲ့ ဟန႔္တားေျပာင္းလဲမႈကို စဥ္းစားရမယ္။

ေနာက္ဆုံးေတြ႕ရွိခဲ့ေသာ သုေတသနတစ္ခုအရ လတ္ဆတ္ေသာ အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ပိုမိုစားသုံးလာပါက စိတ္ပိုင္းဆိုင္ရာ ေပ်ာ္႐ႊင္မႈအဆင့္ကို ျမင့္တက္ေစႏိုင္ေၾကာင္း ေတြ႕ရွိရသည္။

အဆိုပါ သုေတသနကို ဝါးဝစ္ဒ္တကၠသိုလ္ႏွင့္ ကြင္းစ္လန္တကၠသိုလ္တို႔မွ ပူးေပါင္းေလ့လာခဲ့ျခင္းျဖစ္ၿပီး အေမရိကန္ျပည္သူ႔က်န္းမာေရးဂ်ာနယ္၌ ေဖာ္ျပထားသည္။ ထိုေလ့လာမႈမွာ အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား စားေပးျခင္းသည္ ကင္ဆာႏွင့္ ႏွလုံး႐ုတ္တရက္ အတိုက္အခိုက္ခံရျခင္းကို       ေလွ်ာ့ခ်ႏိုင္ေၾကာင္း ေတြ႕ရွိခ်က္ကို ေက်ာ္လြန္ကာ စိတ္ပိုင္းဆိုင္ရာ ေပ်ာ္႐ႊင္မႈအဆင့္အထိ ေလ့လာႏိုင္ခဲ့ျခင္းျဖစ္သည္။ထိုေလ့လာမႈတြင္ လူ ၁၂၀၀၀ ေက်ာ္ ပါဝင္အစမ္းသပ္ခဲ့ၾကၿပီး စားေသာက္မႈပုံစံႏွင့္ စိတ္ပိုင္းဆိုင္ရာ အေျခအေနကို ေလ့လာခဲ့ၾကရာ အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္ကို ပိုမိုစားသုံးၾကသူမ်ားသည္   ႏွစ္ႏွစ္အတြင္း စိတ္ပိုင္းဆိုင္ရာ ေပ်ာ္႐ႊင္မႈအဆင့္မွာ သိသိသာသာ တိုးတက္ခဲ့ေၾကာင္း သိရသည္။

ေလ့လာမႈအရ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားရွိလူမ်ားသည္ လူမႈဘဝတိုးတက္လာသည္ႏွင့္အမွ် အခ်ိန္မေပးႏိုင္ေသာေၾကာင့္ အသင့္စား အစားအေသာက္မ်ားႏွင့္ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အစားအေသာက္မ်ားကို ပိုမိုစားသုံးလာၾကေၾကာင္း သိရွိခဲ့ရသည္။ ထို႔ေၾကာင့္ ကြင္းစ္လန္းတကၠသိုလ္ပါေမာကၡ ေဒါက္တာ ရက္ဒ္ဇိုက က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အသီးအႏွံဟင္းသီးဟင္း႐ြက္မ်ားကို ေျပာင္းလဲစားသုံးသင့္ေၾကာင္း တိုက္တြန္းထားသည္။

သုေတသန ပညာရွင္မ်ားက ယခု သုေတသနအရ အေကာင္းျမင္စိတ္ရွိျခင္းႏွင့္ အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားတြင္ပါဝင္ေသာ carotenoid သည္  ဆက္ႏြယ္မႈရွိႏိုင္ေၾကာင္း ဆက္လက္၍ ေလ့လာရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

(Unicode)

ကျွန်မရဲ့ မိဘနှစ်ပါးဟာ အသက် ၇၀ ကျော်နေပြီး နှစ်ဦးစလုံး တော်တော်ကျန်းမာပါတယ်။ ဒီလိုပဲ ရှေ့ဆက်သွားစေချင်ပါတယ်။ တစ်နေ့မှာ မေမေက ဘယ်လိုစိတ်ကူးရသလဲ မသိဘူး။ ကျွန်မကို မေးပါတယ်။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ဆရာဝန်က အကြံမပြုဘူးလားလို့ မေးပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မ မသိပါ။ အဲဒီအတွက် ပြင်ဆင်ထားတာမရှိလို့ လေ့လာရတော့မယ်။

တားဆီးကာကွယ်ရေး ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး စဉ်းစားတဲ့အခါမှာ ကျွန်မထင်မိတာက ကလေးတွေ ပိုလီယိုရောဂါမဖြစ်အောင် ပိုလီယိုကာကွယ်ဆေးတိုက်ခြင်း၊ ဒါမှ မဟုတ်ထိုးခြင်းပြုလုပ်ကြတယ်။ အသက်ကြီးတဲ့သူတွေကိုတော့ သွေးပေါင်ချိန်နဲ့ ကော်လက်စထရောအဆင့် တွေ မတက်အောင်ကာကွယ်ရမယ်လို့ ထင်ပါတယ်။

အသက်ကြီးတဲ့သူတွေဟာ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေ ထိုးထားသင့်ပြီ။ အသက်နဲ့ ကျန်းမာရေး သမိုင်းပေါ်အခြေခံတဲ့ ဆေးစစ်ဆေးမှုတွေကို လုပ်သင့်တယ်။ ဒါပေမဲ့ ကျွန်မမိဘတွေအတွက် အာရုံစိုက်မိတာက နေ့စဉ်လှုပ်ရှားမှုပြုလုပ်ဖို့ ဟန့်တားပြီး၊ ၎င်းတို့ရဲ့ ဘဝအရည်အချင်းကို ဆုတ်ယုတ်လျော့ပါး    စေတဲ့ မသန်မစွမ်းဖြစ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။

မသန်မစွမ်းဖြစ်မှုကို ကာကွယ်ခြင်း

ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာဟာ လူနာရဲ့ သီးသန့်ကျန်းမာရေး အနေအထားအပေါ် အများအားဖြင့် မှုတည်ပါတယ်။ ကျွန်မမိဘများအနေနဲ့ ကောင်းနေတဲ့ ကျန်းမာရေးဆက်လက်ကောင်းစေရန် ကူညီနိုင်တဲ့ အကြံပြုချက်ကို လေ့လာရမယ်။

၁။ နာတာရှည်ရောဂါတွေနဲ့ ပတ်သတ်လို့ သင်ကိုယ်တိုင် နားလည်အောင် လေ့လာပါ။ မိဘတွေကိုလည်း နားလည်အောင် လုပ်ပေးပါ။

ဥပမာ ဆေးလိပ်သောက်ခြင်းဟာ သင့်နှလုံးနဲ့ အဆုတ်အတွက် မကောင်းဘူးဆိုတာသိတယ်။ အရိုးပွခြင်းရောဂါကို ၎င်းက အရှိန်မြှင့်စေမယ်ဆိုတာ သိပါသလား၊ အက်စတရိုဂျင် (မဟော်မုန်း) နဲ့ အခြားဆေးတွေက အရိုးပွခြင်းကို သက်သာစေတယ်ဆိုတာ သင်သိမှာပါ။ ဒါပေမယ့် ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေက အလားတူ အကျိုးဆက်ရှိတာ သင်သိပါသလား။ ဒီရောဂါတွေဟာ မျိုးရိုးဗီဇနဲ့ဆိုင်လို့ သင်ကိုယ်တိုင်သိအောင် လေ့လာပါ။

၂။ ရောဂါလက္ခဏာတွေဟာ မိခင်တွေရဲ့ အသက်ကြောင့် ရှောင်လွဲလို့ မရတဲ့ အကျိုးတရားတွေလို့ မယူဆပါနဲ့။ ရောဂါလက္ခဏာနဲ့ လုပ်နိုင်စွမ်းမှာ ပြောင်းလဲမှု အသေးအဖွဲ့ဟာ ပိုဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။ မသန်စွမ်းမှု ပြန်မကောင်းနိုင်မီ ဒီအခြေအနေကို အမြန်ဖြေရှင်းပါ။ ဥပမာအားဖြင့်  နှလုံးရောဂါသည်တစ်ဦး လှေခါးတစ်ခုကို တက်တဲ့အခါမှာ ယခင်နေ့တွေကထက် ကြိုးပမ်းအားထုတ်မှု ပိုလျော့လာတယ်။ ဒီလက္ခဏာဟာ အသက်ကြီးတာနဲ့ဆိုင်ပြီး ဒီပြဿနာဟာ နှလုံးတိုက်ခိုက်မှု ပိုဖြစ်လာနိုင်တယ်။

၃။ မိဘတွေကို ၎င်းတို့ရဲ့ ဆရာဝန်နဲ့ အမြဲထိတွေ့နေဖို့ အားပေးပါ။
ကျန်းမာရေးစောင့်ရှောက်မှု အမြဲချိတ်ဆက်မှုရှိတဲ့ လူနာတွေမှာ မရှိတဲ့သူများထက်ပိုကောင်းတဲ့ အကျိုးရရှိတယ်။ သင့်မိဘနဲ့ သင့်ကိုယ်တိုင် ၎င်းတို့ရဲ့ အခြေအနေအတွက် ဖြည့်စွက်ဆေးအသစ်တွေနဲ့ ဆေးကုသမှုနဲ့ ပတ်သတ်ပြီး ၎င်းတို့ရဲ့ ဆရာဝန်ကို မေးထားရမယ်။ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေကိုလည်း နေ့စဉ်မှတ်တမ်းမှာ ရေးမှတ်ထားရန်ပြောပါ။ ဒါတွေကို ကိုယ့်ဆရာဝန်အား ပြောပြပါ။

၄။ ၎င်းတို့ရဲ့ ပတ်ဝန်းကျင်ဟာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဘယ်လိုအပြန်အလှန် အကျိုးသက်ရောက်တယ်ဆိုတာကို စဉ်းစားပါ။
ဥပမာအနေနဲ့ ပြရရင် ပါကင်ဆန်ရောဂါစဖြစ်တဲ့ လူနာတစ်ဦးဟာ ဆရာဝန်ဆီလာပြရင်း သူအငြိမ်းစားယူရင်နေဖို့ သုံးထပ်တိုက်က အခန်းတစ်ခန်းကို ဝယ်ဖို့စဉ်းစားနေတယ်လို့ ပြောပြတယ်။ ဆရာဝန်က အခုအခြေအနေမှာ ပြဿနာမရှိကြောင်းနဲ့ နောင်အခါလှေခါး မတက်နိုင်လောက်အောင် ၎င်းရဲ့      ရွေ့လျားနိုင်မှုက ပိုဆိုးရွားလာရင် အခက်အခဲ ရှိနိုင်ကြောင်း ရှင်းပြတယ်။
နောက်တစ်နေ့ ဆရာဝန်ထံ လာပြပြတဲ့အခါမှာ ၎င်းက မြေညီထပ်ကအခန်းကိုပဲ ထပ်ဝယ်တော့မယ်လို့ ပြောပါတယ်။ ၎င်းရဲ့ အလားအလာရှိတဲ့ မသန်စွမ်းမှုကို ကျော်လွှားရန် သူရဲ့ ပတ်ဝန်းကျင်ကို ပြုပြင်လိုက်တယ်။

၅။ ကျန်းမာရေး စစ်ဆေးမှုအတွက် သာမန်အသိဖြင့် လမ်းညွှန်မှု
အသက်ကြီးသူများအတွက် ကျန်းမာရေးစစ်ဆေးမှုနဲ့ သင့်လျော်တဲ့ ကာကွယ်ဆေးထိုးခြင်းဟာ သူတို့ရဲ့ကျန်းမာရေးအတွက် အတိမ်းအစောင်းမခံပေ။ ကာကွယ်တာဆီးရေး လမ်းညွှန်မှု အများစုဟာ သာမန်အသက်ကြီးသူတွေ အတွက်ဖြစ်သော်လည်း ကိုယ့်သွေးရင်းသားရင်ထဲမှ အသက်ပိုကြီးသူများ အတွက်မဟုတ်ပါ။

အယ်လ်ဇိုင်းရောဂါ ရင့်နေပြီဖြစ်တဲ့ လူနာတစ်ယောက်ကို ဆရာဝန်ထံလာပြတယ်။ သူချစ်တဲ့ မိသားစုက သူ့သက်သက်သာသာဖြစ်အောင်သာ လုပ်ပေးဖို့နဲ့ ထိုးဖောက်ပြန့်ပွားနှောက်ယှက်တဲ့ ဟန့်တားပြောင်းလဲမှုတွေကို ရှောင်ရှားဖို့ တောင်းခံကြတယ်။ အဲဒီအစီအစဉိကို ဆရာဝန်က လက်ခံပါတယ်။ ဒါတွေကို လူနာကလည်း ကြိုက်မှာ မဟုတ်တဲ့ အပြင် ခံနိုင်ရည်လည်း ရှိမှာမဟုတ်ပါ။
ထို့ကြောင့် အသက်ကြီးတဲ့ လူနာတွေရဲ့ ရောဂါ၊ ကျန်းမာရေး အခြေအနေကို ကာကွယ်ဖို့ အထူးကုဆရာဝန်တွေက လူနာလက်ခံနိုင်တဲ့ လက်တွေ့ကျပြီး   ဘေးကင်းတဲ့ ဟန့်တားပြောင်းလဲမှုကို စဉ်းစားရမယ်။

နောက်ဆုံးတွေ့ရှိခဲ့သော သုတေသနတစ်ခုအရ လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးလာပါက စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်ကို မြင့်တက်စေနိုင်ကြောင်း တွေ့ရှိရသည်။

အဆိုပါ သုတေသနကို ဝါးဝစ်ဒ်တက္ကသိုလ်နှင့် ကွင်းစ်လန်တက္ကသိုလ်တို့မှ ပူးပေါင်းလေ့လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ပြည်သူ့ကျန်းမာရေးဂျာနယ်၌ ဖော်ပြထားသည်။ ထိုလေ့လာမှုမှာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားပေးခြင်းသည် ကင်ဆာနှင့် နှလုံးရုတ်တရက် အတိုက်အခိုက်ခံရခြင်းကို       လျှော့ချနိုင်ကြောင်း တွေ့ရှိချက်ကို ကျော်လွန်ကာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်အထိ လေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ထိုလေ့လာမှုတွင် လူ ၁၂၀၀၀ ကျော် ပါဝင်အစမ်းသပ်ခဲ့ကြပြီး စားသောက်မှုပုံစံနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို လေ့လာခဲ့ကြရာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးကြသူများသည်   နှစ်နှစ်အတွင်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုအဆင့်မှာ သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။

လေ့လာမှုအရ ဖွံ့ဖြိုးပြီး နိုင်ငံများရှိလူများသည် လူမှုဘဝတိုးတက်လာသည်နှင့်အမျှ အချိန်မပေးနိုင်သောကြောင့် အသင့်စား အစားအသောက်များနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို ပိုမိုစားသုံးလာကြကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ကွင်းစ်လန်းတက္ကသိုလ်ပါမောက္ခ ဒေါက်တာ ရက်ဒ်ဇိုက ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံဟင်းသီးဟင်းရွက်များကို ပြောင်းလဲစားသုံးသင့်ကြောင်း တိုက်တွန်းထားသည်။

သုတေသန ပညာရှင်များက ယခု သုတေသနအရ အကောင်းမြင်စိတ်ရှိခြင်းနှင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များတွင်ပါဝင်သော carotenoid သည်  ဆက်နွယ်မှုရှိနိုင်ကြောင်း ဆက်လက်၍ လေ့လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Previous Post

အမျိုးသမီးသုံးကွန်ဒုံး

Next Post

မိမိ၏ ခန္ဓာကိုယ်အား ခုခံအားမြင့်တင်ပေးနိုင်မည့် နည်းလမ်း ၁၀ ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိမိ၏ ခန္ဓာကိုယ်အား ခုခံအားမြင့်တင်ပေးနိုင်မည့် နည်းလမ်း ၁၀ ခု

ဖုန်းမှ ဓါတ်ရောင်ခြည်သင့်မှု နည်းစေရန်

နှုတ်ချိုသျှိုတစ်ပါး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.