ကိုလက္စထေရာ နည္းေစတဲ့ အစားအစာေတြ က ကယ္လိုရီ နည္းပါသလား???
ေမးခြန္း (၂) – ကိုလက္စထေရာ နည္းေစတဲ့ အစားအစာေတြ က ကယ္လိုရီ နည္းပါသလား????
1. နည္းပါသည္။
2. မနည္းပါ။
အေျဖ
အမွန္ေတာ့ ကိုလက္စထေရာ နဲ႔ ကယ္လိုရီ ကို ကြၽန္ေတာ္တို႔ အမ်ားစု ေရာေနၾကပါတယ္။
ကိုလက္စထေရာ (Cholesterol) က ခႏၶာကိုယ္ မွာ မေကာင္းတဲ့ ကိုလက္စထေရာ (Triglyceride, LDL, VLDL) ေတြဆိုၿပီးရွိသလို မေကာင္းတဲ့ ကိုလက္စထေရာ (HDL) ဆိုၿပီး ရွိပါတယ္။ မေကာင္းတဲ့ ကိုလက္စထေရာ က ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အသည္းအဆီဖုံးေရာဂါ၊ ေသြးတိုး၊ ဆီးခ်ိဳ စတဲ့ ေရာဂါေတြ ကို ျဖစ္ေစပါတယ္။ ေကာင္းတဲ့ ကိုလက္စထေရာ ကေတာ့ ထိုေရာဂါေတြ ကို ျပန္ကာကြယ္ေပးျပန္ပါတယ္။ မ်ားေသာအားျဖင့္ ဒီေကာင္းတဲ့ ကိုလက္စထေရာေတြက အစားအေသာက္ ကေန မရပါ။ ေလ့က်င့္ခန္း လုပ္ေပးမွ တက္လာမွာပါ။ အစားအေသာက္ က ေနရတဲ့ ကိုလက္စထေရာ က ေနာက္ဆုံး အေနနဲ႔ မေကာင္းတဲ့ ကိုလက္စထေရာ ျဖစ္သြားပါတယ္။
လူအမ်ားစု ေရာေနတာကေတာ့ ကိုလက္စထေရာ က်ရင္ ဝိတ္က်တယ္ဆိုၿပီး ထင္ေနၾကတာပါ။ ဒါေၾကာင့္ ကိုလက္စထေရာ က်တယ္ လို႔ လူသိမ်ားတဲ့ ေျမပဲ၊ ေနၾကာေစ့ စတာေတြကို အစားမ်ားလာၾကပါတယ္။ ကိုလက္စထေရာ က်ရင္ ဝိတ္ပါ က်မယ္ထင္ၿပီး စားၾကတယ္ လို႔ ေျပာပါတယ္။ တကယ္လည္း ေျမပဲ တို႔ ေနၾကာေစ့ တို႔ သီဟိုေစ့တို႔က ကိုလက္စထေရာ က်ပါတယ္။ ဒါေပမယ့္ ေျမပဲ၊ ေနၾကာေစ့၊ သီဟိုေစ့၊ ဖ႐ုံေစ့ စတာေတြ က ကယ္လိုရီေတာ့မ်ားပါတယ္။ 100 gram (၆ က်ပ္သားခန႔္) မွာ ကယ္လိုရီ ၅၀၀-၇၀၀ ၾကားရွိ တတ္ပါတယ္။
ဒါေၾကာင့္ ကိုလက္စထေရာ မ်ားလို႔ ကိုလက္စထေရာ က်သြား ေအာင္ဆိုၿပီး စားေနတဲ့ သူေတြ အတြက္ ကယ္လိုရီ မ်ား ၿပီး ဝလာ ႏိုင္တာ ကို သတိျပဳ မိေစခ်င္ပါတယ္။
အားလုံးပဲ က်န္းမာၾကပါေစ။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္ @ Dr.Nutrition
ကိုလက်စထရော နည်းစေတဲ့ အစားအစာတွေ က ကယ်လိုရီ နည်းပါသလား???
မေးခွန်း (၂) – ကိုလက်စထရော နည်းစေတဲ့ အစားအစာတွေ က ကယ်လိုရီ နည်းပါသလား????
1. နည်းပါသည်။
2. မနည်းပါ။
အဖြေ
အမှန်တော့ ကိုလက်စထရော နဲ့ ကယ်လိုရီ ကို ကျွန်တော်တို့ အများစု ရောနေကြပါတယ်။
ကိုလက်စထရော (Cholesterol) က ခန္ဓာကိုယ် မှာ မကောင်းတဲ့ ကိုလက်စထရော (Triglyceride, LDL, VLDL) တွေဆိုပြီးရှိသလို မကောင်းတဲ့ ကိုလက်စထရော (HDL) ဆိုပြီး ရှိပါတယ်။ မကောင်းတဲ့ ကိုလက်စထရော က နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေ ကို ဖြစ်စေပါတယ်။ ကောင်းတဲ့ ကိုလက်စထရော ကတော့ ထိုရောဂါတွေ ကို ပြန်ကာကွယ်ပေးပြန်ပါတယ်။ များသောအားဖြင့် ဒီကောင်းတဲ့ ကိုလက်စထရောတွေက အစားအသောက် ကနေ မရပါ။ လေ့ကျင့်ခန်း လုပ်ပေးမှ တက်လာမှာပါ။ အစားအသောက် က နေရတဲ့ ကိုလက်စထရော က နောက်ဆုံး အနေနဲ့ မကောင်းတဲ့ ကိုလက်စထရော ဖြစ်သွားပါတယ်။
လူအများစု ရောနေတာကတော့ ကိုလက်စထရော ကျရင် ဝိတ်ကျတယ်ဆိုပြီး ထင်နေကြတာပါ။ ဒါကြောင့် ကိုလက်စထရော ကျတယ် လို့ လူသိများတဲ့ မြေပဲ၊ နေကြာစေ့ စတာတွေကို အစားများလာကြပါတယ်။ ကိုလက်စထရော ကျရင် ဝိတ်ပါ ကျမယ်ထင်ပြီး စားကြတယ် လို့ ပြောပါတယ်။ တကယ်လည်း မြေပဲ တို့ နေကြာစေ့ တို့ သီဟိုစေ့တို့က ကိုလက်စထရော ကျပါတယ်။ ဒါပေမယ့် မြေပဲ၊ နေကြာစေ့၊ သီဟိုစေ့၊ ဖရုံစေ့ စတာတွေ က ကယ်လိုရီတော့များပါတယ်။ 100 gram (၆ ကျပ်သားခန့်) မှာ ကယ်လိုရီ ၅၀၀-၇၀၀ ကြားရှိ တတ်ပါတယ်။
ဒါကြောင့် ကိုလက်စထရော များလို့ ကိုလက်စထရော ကျသွား အောင်ဆိုပြီး စားနေတဲ့ သူတွေ အတွက် ကယ်လိုရီ များ ပြီး ဝလာ နိုင်တာ ကို သတိပြု မိစေချင်ပါတယ်။
အားလုံးပဲ ကျန်းမာကြပါစေ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr.Nutrition