ကော်ဖီ တစ်နေ့ ဘယ်လောက်ထိ သောက်လို့ရလဲ ????
ကော်ဖီ က သုံးတတ်ရင် ဆေး မသုံး တတ်ရင် ဘေး ဖြစ်စေတဲ့ အစားအသောက် တစ်မျိုးပါ။ သုံးတတ်ရင် တော်တော် လေး အကျိုးပြု တဲ့ အရာပါ။
1. လူတိုင်းသိပြီးသား ကတော့ စိတ်ကို လန်းဆန်းစေပါတယ်။ တကယ်လည်း သူ့မှာ ပါတဲ့ caffeine ဓါတ်က လူကို တက်ကြွ လန်းဆန်းစေပါတယ်။ ဒါပေမယ့် ဘယ်လောက် ပမာဏ က လန်းဆန်းစေလဲ ဘယ်လောက်ပမာဏ က ဘေးဖြစ်စေလည်းတော့ သိဖို့လိုပါတယ်။ သုတေသန လုပ်ထားချက်များအရ တစ်နေ့ ကို 38-350 mg အထိ သောက်လို့ရပါတယ်။ ဒီပမာဏ ကတော့ လူကို လန်းဆန်း တက်ကြွ စေပြီး ကြီးကြီးမားမား အန္တရာယ် မပေး နိုင် တဲ့ ပမာဏပါ။ ဥပမာ 3 in 1 coffee mix တစ်ထုပ် မှာ 65 mg ကနေ 100 mg အထိပါပါတယ်။
2. ဝိတ်ချတဲ့နေရာ မှာလည်း အသုံးဝင်ပါတယ်။ Caffeine 100 mg က ကယ်လိုရီ 79 ကနေ 150 အထိ လောင်ကျွမ်းစေပါတယ်။ တစ်ခု ရှိတာ က ကော်ဖီ ကို သကြားများများ creamer များများ သောက်တာ၊ Cappuccino လိုမျိုးသောက် တာ တွေ ကတော့ ကယ်လိုရီ မလောင်ကျွမ်းတဲ့ အပြင် ပိုတောင် ကယ်လိုရီ တတ်စေတာ ကို သတိထားရပါမယ်။
3. ကိုယ်ဝန်ဆောင်တွေ ကော သောက်လို့ရလား????
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အတွက်တော့ သောက်မယ် ဆို တစ်နေ့ ကို တစ်ခွက် က အသင့်တော်ဆုံးပါပဲ။
4. နို့တိုက်မိခင် တွေ ကတော့ သောက်မယ်ဆို ရင် တစ်နေ့ ကို ၂ ခွက်ထက် ပို မသောက်သင့်ပါဘူး။
5. အခုနောက်ပိုင်း လေ့လာ တွေ့ ရှိချက်များ အရ ကော်ဖီ က ဆီးချို ရောဂါ ဖြစ်ပွားနှုန်းကို ပါ လျှော့ချပေးပါတယ်။
မှတ်ချက် – သတ်မှတ် ထား တဲ့ ပမာဏ ထက်ကျော်လွန် ပါက ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန် နှုန်းမြန်ခြင်း၊ အိပ်မပျော်ခြင်း တို့ဖြစ်နိုင်ပါသည်။
လေးစားစွာ ဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition