1. 200-300ကယ်လိုရီ
2. 400-500 ကယိလိုရီ
3. 600-700 ကယ်လိုရီ
4. 700 ကယ်လိုရီ အထက်
အဖြေ-
Unicode Version
မနက်စာ ကို ကျန်းမာရေး အတွက် ကယ်လိုရီ ဘယ်လောက် စားသင့်ပါသလဲ????
1. 200-300ကယ်လိုရီ
2. 400-500 ကယိလိုရီ
3. 600-700 ကယ်လိုရီ
4. 700 ကယ်လိုရီ အထက်
အဖြေ-
ကျွန်တော်တို့ မြန်မာလူမျိုး တွေ ပြောပြောနေကြ စကားတစ်ခု ရှိပါတယ်။ မနက်စာကို ရှင်ဘုရင်လို စား ဆိုပြီးတော့ပါ။
ဒါပေမယ့် စားတဲ့ နေရာ မှာ ကန့်သက်ချက်ကလေး တစ်ခုတော့ ထား သင့်ပါတယ်။ 400-500 ကယ်လိုရီ ကတော့ လူတစ်ယောက် အတွက် ဦးနှောက် လန်းလန်းဆန်းဆန်းနဲ့ အလုပ် လုပ်နိုင်ဖို့ အကောင်းဆုံး လို့ဆိုနိုင်ပါတယ်။ ကယ်လိုရီ အရမ်း အများ ကြီးစားမိရင် လည်း လူက လေးလံလာသလို အရမ်း နည်းနေပြန်ရင်လည်း စိတ် ထိုင်းမှိုင်းပြီး အလုပ်လုပ်ချင် စိတ် မရှိတာတွေ ဖြစ်တတ်ပါတယ်။
မနက်စာ ကတော့ အရေးကြီးတာ လူတိုင်းနီးပါး သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ အဲ့လို အရေးကြီး တဲ့ မနက်စာ ကို ကြုံသလို အဆင်ပြေသလို စားမယ့် အစား သေချာရွေးချယ် စားပေးဖို့လိုပါတယ်။
ဥပမာ- မနက်စာ မုန့်ပာင်းခါး စားတယ်ရင် ပာင်းရည် ကနေ အသားဓါတ် နှင့် အဆီဓါတ် ရပါတယ်။ မုန့်ဖတ်ကနေ carbohydrate ရပါတယ်။ ဒါဆို အာပာာရ ပြည့်စုံတယ်လို့ ဆိုလို့ရပါတယ်။ တစ်ပွဲကိုလည်း ကယ်လိုရီ ၃၀၀ လောက် ပတ်ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် တစ်ခု ပြန်သတိထားရမှာက တချို့ဆိုင်ရောင်း မုန့်ပာင်းခါးတွေ ဆို အချိုမှုန့်တော် အရမ်းများနေပြန်ပါတယ်။ ဒါမျိုးလေး တွေ တော့ သတိထား ရှောင်ပါ။
ဒါကြောင့် မနက်စာ စားပြီဆိုရင် ကိုယ်စားမယ့် အထဲ မှာ Carbohydrate ပါလား၊ Protein (အသားဓါတ်) ပါလား၊ Fat (အဆီဓါတ်) ပါလား အကြမ်းဖျင်း စဉ်းစားပြီး စားပေးဖို့လိုပါတယ်။ အခု ကျွန်တော် ပြောတဲ့ နည်းလမ်း ကလည်း ခက်ခက်ခဲခဲ မပာုတ်ဘဲ စားစရာ ဝယ်ခါနီး ၅ စက္ကန့် လောက် စဉ်းစားလိုက်ရတာဖြစ်တဲ့ အတွက် အစဉ်ပြေကြမယ်ထင်ပါတယ်။
Author : Dr. ညီညီကျော် @ Dr. Nutrition