ေဆးလိပ္ေဆး႐ြက္ႀကီး သုံးစြဲမႈေၾကာင့္ လတ္တေလာရရွိမည့္ ဆိုးက်ိဳးမ်ား
(၁) ေစာစီးစြာ ေဆးလိပ္ေသာက္ျခင္းသည္ ေစာစီးစြာ ႏွလုံးေရာဂါျဖစ္ေစပါသည္။
ဆယ္ေက်ာ္သက္အ႐ြယ္ႏွင့္ လူငယ္မ်ားတြင္ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ဝမ္းဗိုက္အတြင္း ေသြးလႊတ္ေၾကာမႀကီး (Abdominal Aorta) ကိုေစာစီးစြာ ပ်က္စီးေစေၾကာင္း သိရွိရသည္။ ႏွစ္အနည္းငယ္ ေဆးလိပ္ေသာက္မိလွ်င္ပင္ ၎ေသြးေၾကာမႀကီး က်ဥ္းသြားေသာ လကၡဏာမ်ား ေတြ႕ရႏိုင္သည္။ ေဆး႐ြက္ႀကီးအေငြ႕ကို ရွဴရႈိက္ျခင္းျဖင့္ ေဆး႐ြက္ႀကီးတြင္ ပါဝင္ေသာ အဆိပ္အေတာက္မ်ားသည္ ခႏၶာကိုယ္အႏွံ႔ရွိ ေသြးေၾကာမ်ားကို ပ်က္စီးေစပါသည္။
(၂)ေစာစီးစြာ ေဆးလိပ္ေသာက္ျခင္းသည္ ေစာစီးစြာ အဆုတ္ကို ပ်က္စီးေစပါသည္။
ေဆးလိပ္ေသာက္သူလူငယ္မ်ား၏ အဆုတ္သည္ ေဆးလိပ္မေသာက္သူ လူငယ္မ်ား၏ အဆုတ္ကဲ့သို႔ အင္ျပည့္အားျပည့္ စြမ္းေဆာင္ႏိုင္ျခင္း မရွိေတာ့ပါ။ ေမာပန္းလြယ္ျခင္း၊ အသက္ရွဴမဝျခင္းတို႔ ျဖစ္ႏိုင္ပါသည္။ အားကစားျပဳလုပ္ရာတြင္ (သို႔မဟုတ္) အားသြန္ခြန္စိုက္လုပ္ေဆာင္မႈတို႔တြင္ ပို၍သိသာထင္ရွားစြာ ေတြ႕ႀကဳံခံစားရပါသည္။ ေဆးလိပ္ေသာက္ ရပ္လိုက္ျခင္းေၾကာင့္ ၎၏က်န္းမာေရး အေျခအေန သိသာစြာေကာင္းမြန္လာေသာ္လည္း ေစာစီးစြာပ်က္စီးသြားေသာ အဆုတ္ေနရာတြင္ အစားထိုးျပန္လည္ ရရွိႏိုင္မည္မဟုတ္ေပ။
(၃) ေဆးလိပ္ေသာက္ျခင္းသည္ ကင္ဆာေရာဂါျဖစ္ပြားမႈကို ဦးတည္ေစပါသည္။
ေဆးလိပ္ေငြ႕တြင္ ကင္ဆာေရာဂါကို ျဖစ္ပြားေစေသာ ဓာတုပစၥည္း ၇၀ ရာခိုင္ႏႈန္းခန႔္ ပါဝင္သည္။ အဆိုပါ ေဆးလိပ္ေငြ႕သည္ ခႏၶာကိုယ္ အတြင္းရွိ ဆဲလ္မ်ား၏ DNA ကို ပ်က္စီးေစေသာေၾကာင့္ ဆဲလ္မ်ားသည္ ပုံစံမမွန္ေသာနည္းမ်ားျဖင့္ ႀကီးထြားမ်ားျပားလာၾကၿပီး ကင္ဆာေရာဂါမ်ား ျဖစ္ပြားရပါသည္။ ေဆးလိပ္မေသာက္သူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေဆးလိပ္ေသာက္သူမ်ားမွာ အဆုတ္ကင္ဆာေရာဂါျဖင့္ ေသဆုံးႏိုင္မႈအႏၲရာယ္ ၂၅ ဆပို၍မ်ားသည္။ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖင့္ ေသဆုံးမႈ ၃ ခုတြင္ ၁ခုမွာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ျဖစ္သည္။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အဆုတ္ကင္ဆာအျပင္ လည္ေခ်ာင္း၊ ခံတြင္း၊ ဆီးအိမ္၊ သားအိမ္ေခါင္း၊ ေက်ာက္ကပ္၊ အစာအိမ္၊ ေသြး၊ အသည္း၊ အူမႀကီး၊ စအိုအထက္၊ အစာႁပြန္ကင္ဆာ စသည့္ကင္ဆာေရာဂါမ်ားအျပင္ ဆီးခ်ိဳေရာဂါ (Type 2, Diabetes) ျဖစ္ႏိုင္သည့္ အလားအလာ ၃၀ ရာခိုင္ႏႈန္းမွ ၄၀ ရာခိုင္ႏႈန္းအထိ ပို၍မ်ားပါသည္။
(၄) ေဆးလိပ္ေဆး႐ြက္ႀကီးတြင္ ပါဝင္ေသာ နီကိုတင္းသည္ လူငယ္မ်ားကို အလြယ္တကူ စြဲလမ္းမႈျဖစ္ေစပါသည္။
မ်ားစြာေသာ ေဆးလိပ္ေသာက္သူမ်ားသည္ က်န္းမာေရးအႏၲရာယ္ကို သိရွိေသာ္လည္း မိမိသေဘာျဖင့္ မိမိေ႐ြးခ်ယ္၍ ေဆးလိပ္ေသာက္သုံးျခင္းျဖစ္သည္ဟုဆိုၾကသည္။ အမွန္တကယ္မွာမူ ေဆးလိပ္ေသာက္ျခင္းသည္ အမ်ားအားျဖင့္ ေ႐ြးခ်ယ္မႈေၾကာင့္ မဟုတ္ပါ။ ေဆးလိပ္ေသာက္သူအမ်ားစုမွာ ကိုကင္းစြဲသကဲ့သို႔ ေဆးလိပ္၊ ေဆး႐ြက္ႀကီးတြင္ ပါဝင္ေသာ နီကိုတင္းကို စြဲလမ္းသြားျခင္းေၾကာင့္ျဖစ္သည္။ ေဆးလိပ္ကို ဖြာရႈိက္ၿပီး ၁၀ စကၠန႔္အတြင္း နီကိုတင္းဓာတ္သည္ ဦးေႏွာက္သို႔ေရာက္ရွိသြားၿပီး ဦးေႏွာက္၏ ဆဲလ္မ်ားကို ဒိုပါမင္း (Dopamine) ဓာတ္ထြက္ေစသည္။ ဒိုပါမင္း၏ စြမ္းရည္တစ္ခုမွာ သာယာမႈႏွင့္ ေက်နပ္မႈခံစားခ်က္မ်ားကို ျဖစ္ေစေသာေၾကာင့္ ေဆးလိပ္ေသာက္ရန္ ျပင္းထန္ေသာ တမ္းတမႈ မ်ိဳးျဖစ္ေလ့ရွိသည္။
ယေန႔ထုတ္လုပ္ေသာ စီးကရက္မ်ားထက္ စြဲလမ္းမႈကို ပို၍ျဖစ္ေစေအာင္ ထုတ္လုပ္သူမ်ားက ျပဳျပင္လုပ္ေဆာင္လာၾကသည္။ တနည္းအားျဖင့္ နီကိုတင္းကို ရွဴရႈိက္ၿပီးေနာက္ ဦးေႏွာက္အတြင္းသို႔ ပို၍ ျမန္ျမန္ဆန္ဆန္ေရာက္ရွိေစသည္ ဓာတုပစၥည္းမ်ား ထည့္သြင္းျခင္းျဖစ္သည္။ ထို႔အျပင္ စီးကရက္တြင္ မင္ေသာ (menthol) ထည့္ျခင္းျဖင့္ အနံ႔အရသာျဖင့္ ဆြဲေဆာင္ၿပီးး ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားကို ပို၍လြယ္ကူစြာ ေသာက္သုံးေစပါသည္။ ဤသို႔ျဖင့္ ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားသည္ ေဆးလိပ္ကိုစ၍ ေသာက္သည္ႏွင့္ပင္ လူႀကီးမ်ားထက္ပို၍ ျမန္ျမန္ဆန္ဆန္စြဲလမ္း သြားတတ္ပါသည္။ ၎အျပင္ ေဆးလိပ္၊ ေဆး႐ြက္ႀကီး ေသာက္သုံးျခင္းသည္ အျခားမူးယစ္ေဆးဝါးမ်ား သုံးစြဲျခင္းႏွင့္ ႏွီးႏြယ္ေနသည္။ ေဆးလိပ္ေသာက္ေသာ ဆယ္ေက်ာ္သက္ လူငယ္မ်ားသည္ ေဆးလိပ္မေသာက္ေသာ လူငယ္မ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ အရက္ေသာက္ရန္ ၃ ဆ၊ ေဆးေျခာက္သုံးစြဲရန္ ၈ ဆ၊ ကိုကင္းသုံးစြဲရန္ ၂၂ ဆပို၍ အလားအလာရွိေၾကာင္း သိရသည္။
(၅) ေဆးလိပ္၊ ေဆး႐ြက္ႀကီး သုံးစြဲျခင္းႏွင့္ အ႐ြယ္ရင့္ေရာ္မႈ
မ်ားစြာေသာ ဆယ္ေက်ာ္သက္လူငယ္မ်ားသည္ ေဆးလိပ္ေသာက္ျခင္းက ၎တို႔၏ ခႏၶာကိုယ္အေလးခ်ိန္မတက္ေအာင္၊ မဝေအာင္ ထိန္းေပးသည္ဟု ယူဆၾကသည္။ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမ်ားတြင္ ေဆးလိပ္ျဖတ္လိုက္ေသာအခါ ခႏၶာကိုယ္ အေလးခ်ိန္တိုးလာသည္ကို ေတြ႕ရေလ့ရွိသည္။ သို႔ေသာ္ေဆးလိပ္ေသာက္သုံးျခင္းျဖင့္ ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ့နည္းသြားသည္ကို ေတြ႕ရေလ့မရွိပါ။ အမ်ိဳးသမီးမ်ားတြင္ လက္ရွိ ေဆးလိပ္ေသာက္သုံးေနသူမ်ားသည္ ေဆးလိပ္မေသာက္သူမ်ားထက္ ပ်မ္းမွ်ကိုယ္အေလးခ်ိန္ အနည္းငယ္သာ နည္းေၾကာင္း ေတြ႕ရသည္။ သို႔ေသာ္ ေဆးလိပ္ေသာက္ျခင္းသည္ အ႐ြယ္ရင့္ျခင္း၊ မ်က္ႏွာအေရျပားတြန႔္ျခင္းတို႔ႏွင့္ ဆက္စပ္လ်က္ရွိသည္။
Author: ေဒါက္တာသိန္းထြန္း(ျပည္သူ႔က်န္းမာေရးေဖာင္ေဒးရွင္း), Healthcare Journal, Vol 8, no 49 (22.12.17)
Unicode
လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၁)
ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် လတ်တလောရရှိမည့် ဆိုးကျိုးများ
(၁) စောစီးစွာ ဆေးလိပ်သောက်ခြင်းသည် စောစီးစွာ နှလုံးရောဂါဖြစ်စေပါသည်။
ဆယ်ကျော်သက်အရွယ်နှင့် လူငယ်များတွင် ဆေးလိပ်သောက်ခြင်းကြောင့် ဝမ်းဗိုက်အတွင်း သွေးလွှတ်ကြောမကြီး (Abdominal Aorta) ကိုစောစီးစွာ ပျက်စီးစေကြောင်း သိရှိရသည်။ နှစ်အနည်းငယ် ဆေးလိပ်သောက်မိလျှင်ပင် ၎င်းသွေးကြောမကြီး ကျဉ်းသွားသော လက္ခဏာများ တွေ့ရနိုင်သည်။ ဆေးရွက်ကြီးအငွေ့ကို ရှူရှိုက်ခြင်းဖြင့် ဆေးရွက်ကြီးတွင် ပါဝင်သော အဆိပ်အတောက်များသည် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများကို ပျက်စီးစေပါသည်။
(၂)စောစီးစွာ ဆေးလိပ်သောက်ခြင်းသည် စောစီးစွာ အဆုတ်ကို ပျက်စီးစေပါသည်။
ဆေးလိပ်သောက်သူလူငယ်များ၏ အဆုတ်သည် ဆေးလိပ်မသောက်သူ လူငယ်များ၏ အဆုတ်ကဲ့သို့ အင်ပြည့်အားပြည့် စွမ်းဆောင်နိုင်ခြင်း မရှိတော့ပါ။ မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါသည်။ အားကစားပြုလုပ်ရာတွင် (သို့မဟုတ်) အားသွန်ခွန်စိုက်လုပ်ဆောင်မှုတို့တွင် ပို၍သိသာထင်ရှားစွာ တွေ့ကြုံခံစားရပါသည်။ ဆေးလိပ်သောက် ရပ်လိုက်ခြင်းကြောင့် ၎င်း၏ကျန်းမာရေး အခြေအနေ သိသာစွာကောင်းမွန်လာသော်လည်း စောစီးစွာပျက်စီးသွားသော အဆုတ်နေရာတွင် အစားထိုးပြန်လည် ရရှိနိုင်မည်မဟုတ်ပေ။
(၃) ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားမှုကို ဦးတည်စေပါသည်။
ဆေးလိပ်ငွေ့တွင် ကင်ဆာရောဂါကို ဖြစ်ပွားစေသော ဓာတုပစ္စည်း ၇၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ အဆိုပါ ဆေးလိပ်ငွေ့သည် ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ၏ DNA ကို ပျက်စီးစေသောကြောင့် ဆဲလ်များသည် ပုံစံမမှန်သောနည်းများဖြင့် ကြီးထွားများပြားလာကြပြီး ကင်ဆာရောဂါများ ဖြစ်ပွားရပါသည်။ ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ဆေးလိပ်သောက်သူများမှာ အဆုတ်ကင်ဆာရောဂါဖြင့် သေဆုံးနိုင်မှုအန္တရာယ် ၂၅ ဆပို၍များသည်။ ကင်ဆာရောဂါအမျိုးမျိုးဖြင့် သေဆုံးမှု ၃ ခုတွင် ၁ခုမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပြင် လည်ချောင်း၊ ခံတွင်း၊ ဆီးအိမ်၊ သားအိမ်ခေါင်း၊ ကျောက်ကပ်၊ အစာအိမ်၊ သွေး၊ အသည်း၊ အူမကြီး၊ စအိုအထက်၊ အစာပြွန်ကင်ဆာ စသည့်ကင်ဆာရောဂါများအပြင် ဆီးချိုရောဂါ (Type 2, Diabetes) ဖြစ်နိုင်သည့် အလားအလာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပို၍များပါသည်။
(၄) ဆေးလိပ်ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်းသည် လူငယ်များကို အလွယ်တကူ စွဲလမ်းမှုဖြစ်စေပါသည်။
များစွာသော ဆေးလိပ်သောက်သူများသည် ကျန်းမာရေးအန္တရာယ်ကို သိရှိသော်လည်း မိမိသဘောဖြင့် မိမိရွေးချယ်၍ ဆေးလိပ်သောက်သုံးခြင်းဖြစ်သည်ဟုဆိုကြသည်။ အမှန်တကယ်မှာမူ ဆေးလိပ်သောက်ခြင်းသည် အများအားဖြင့် ရွေးချယ်မှုကြောင့် မဟုတ်ပါ။ ဆေးလိပ်သောက်သူအများစုမှာ ကိုကင်းစွဲသကဲ့သို့ ဆေးလိပ်၊ ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်းကို စွဲလမ်းသွားခြင်းကြောင့်ဖြစ်သည်။ ဆေးလိပ်ကို ဖွာရှိုက်ပြီး ၁၀ စက္ကန့်အတွင်း နီကိုတင်းဓာတ်သည် ဦးနှောက်သို့ရောက်ရှိသွားပြီး ဦးနှောက်၏ ဆဲလ်များကို ဒိုပါမင်း (Dopamine) ဓာတ်ထွက်စေသည်။ ဒိုပါမင်း၏ စွမ်းရည်တစ်ခုမှာ သာယာမှုနှင့် ကျေနပ်မှုခံစားချက်များကို ဖြစ်စေသောကြောင့် ဆေးလိပ်သောက်ရန် ပြင်းထန်သော တမ်းတမှု မျိုးဖြစ်လေ့ရှိသည်။
ယနေ့ထုတ်လုပ်သော စီးကရက်များထက် စွဲလမ်းမှုကို ပို၍ဖြစ်စေအောင် ထုတ်လုပ်သူများက ပြုပြင်လုပ်ဆောင်လာကြသည်။ တနည်းအားဖြင့် နီကိုတင်းကို ရှူရှိုက်ပြီးနောက် ဦးနှောက်အတွင်းသို့ ပို၍ မြန်မြန်ဆန်ဆန်ရောက်ရှိစေသည် ဓာတုပစ္စည်းများ ထည့်သွင်းခြင်းဖြစ်သည်။ ထို့အပြင် စီးကရက်တွင် မင်သော (menthol) ထည့်ခြင်းဖြင့် အနံ့အရသာဖြင့် ဆွဲဆောင်ပြီးး ကလေးများနှင့် ဆယ်ကျော်သက်များကို ပို၍လွယ်ကူစွာ သောက်သုံးစေပါသည်။ ဤသို့ဖြင့် ကလေးများနှင့် ဆယ်ကျော်သက်များသည် ဆေးလိပ်ကိုစ၍ သောက်သည်နှင့်ပင် လူကြီးများထက်ပို၍ မြန်မြန်ဆန်ဆန်စွဲလမ်း သွားတတ်ပါသည်။ ၎င်းအပြင် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းသည် အခြားမူးယစ်ဆေးဝါးများ သုံးစွဲခြင်းနှင့် နှီးနွယ်နေသည်။ ဆေးလိပ်သောက်သော ဆယ်ကျော်သက် လူငယ်များသည် ဆေးလိပ်မသောက်သော လူငယ်များနှင့်နှိုင်းယှဉ်လျှင် အရက်သောက်ရန် ၃ ဆ၊ ဆေးခြောက်သုံးစွဲရန် ၈ ဆ၊ ကိုကင်းသုံးစွဲရန် ၂၂ ဆပို၍ အလားအလာရှိကြောင်း သိရသည်။
(၅) ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် အရွယ်ရင့်ရော်မှု
များစွာသော ဆယ်ကျော်သက်လူငယ်များသည် ဆေးလိပ်သောက်ခြင်းက ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်မတက်အောင်၊ မဝအောင် ထိန်းပေးသည်ဟု ယူဆကြသည်။ အမျိုးသားနှင့် အမျိုးသမီးများတွင် ဆေးလိပ်ဖြတ်လိုက်သောအခါ ခန္ဓာကိုယ် အလေးချိန်တိုးလာသည်ကို တွေ့ရလေ့ရှိသည်။ သို့သော်ဆေးလိပ်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်လျော့နည်းသွားသည်ကို တွေ့ရလေ့မရှိပါ။ အမျိုးသမီးများတွင် လက်ရှိ ဆေးလိပ်သောက်သုံးနေသူများသည် ဆေးလိပ်မသောက်သူများထက် ပျမ်းမျှကိုယ်အလေးချိန် အနည်းငယ်သာ နည်းကြောင်း တွေ့ရသည်။ သို့သော် ဆေးလိပ်သောက်ခြင်းသည် အရွယ်ရင့်ခြင်း၊ မျက်နှာအရေပြားတွန့်ခြင်းတို့နှင့် ဆက်စပ်လျက်ရှိသည်။
Author: ဒေါက်တာသိန်းထွန်း(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း), Healthcare Journal, Vol 8, no 49 (22.12.17)