fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

စိတ်ပညာနှင့်အိပ်မွေ့ချပညာ

2.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/12/2016
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

သုတေသီများအဆိုအရ အိပ်မွေ့ချခြင်းနဲ့ဆိုင်တဲ့ ပညာရပ်များဟာ နှစ်ပေါင်းများစွာထဲကရှိနေတယ် ဆိုတယ်။ အိန္ဒိယ၊ တရုတ်၊ အီဂျစ်၊ ဂရိနှင့် ရောမနိုင်ငံများမှာ အမည်အမျိုးမျိုးနဲ့ ရှိခဲ့ကြပါတယ်။ ခေတ်မီအိပ်မွေ့ချနည်း ပညာဟာ ဂျာမနီနိုင်ငံမှစတင်ခဲ့တယ်။

အိပ်မွေ့ချပညာရဲ့ အဓိကအခြေခံ စွမ်းအားဟာ စိတ်ကိုမပျံ့လွင့်အောင် ထိန်းသိမ်းအသုံးပြုနိုင်ခြင်းဖြစ်တယ်။ အိပ်မွေ့ချဆရာက စိတ်ကိုတစ်ပါးမရောက်အောင် စုစည်းထိန်းချုပ်ပြီး အိပ် မွေ့ချခံရသူအပေါ်မှာ လုံလောက်အောင် အမိန့်ပေးနိုင်ကာ တပည့်ဖြစ်သူကလည်း အပြည့်အဝလိုက်နာနေတာ တွေ့မြင်ရမှာပဲဖြစ်တယ်။ စိတ်ပညာကို အောင်မြင်ပြီးပါက အိပ်မွေ့ချပညာကို အဓိပ္ပါယ်ရှိရှိ ပြည့်ပြည့်၀၀အသုံးချ သွားနိုင်ပါတယ်။

စိတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်ရင် အဝေးမှာရှိတဲ့ ဝေဒနာရှင်များကို စိတ်တန်ခိုးနဲ့ ညှို့ဓာတ်ကူးဝင်စေပြီး အချို့ဝေဒနာများကုသပေးနိုင်ပါတယ်။ စိတ်ဟာအရာအားလုံးကို ဦးဆောင်နေတယ်။ လူသတ္တဝါခပ်သိမ်းတို့ဟာ စိတ်တန်ခိုးနောက် မနားတမ်းတကောက်ကောက် လိုက်နေကြတယ်။

စိတ်ပညာနဲ့ အိပ်မွေ့ချပညာဟာ “တစ်ခရီး တည်းအတူသွား ခရီးဖော်အမွှာပူး” ဖြစ်နေတယ်။ “ဗုဒ္ဓမြတ်စွာဘုရားက စိတ်တစ်ခုယုတ်ကိုးဆယ် (၈၉) ပါးရှိ ကြောင်း အတိအကျတွက်ပြထားပါတယ်။

ညှို့ဓာတ်ကြီးသူများဟာ စိတ်ဓာတ်ကိုပိုမို ထိန်းသိမ်းနိုင်ပြီး အိပ်မွေ့ချပညာကို အချိန်တိုတိုနဲ့ တတ်မြောက် အောင်မြင်နိုင်တဲ့ ပါရမီအထုံကောင်းကြတယ်။ အိပ်မွေ့ချပညာရှင်များဟာ သူတစ်ပါးကို အိပ်မွေ့ချရာမှာ ဝေဒနာ အခြေခံရှိသူများကို ပိုမိုလွယ်ကူစေနိုင်တယ်။ ညှို့ဓာတ်အားကောင်းသူများရဲ့ လက်ဝါးပြင်ဟာ နွေးထွေးနေပြီး နှစ်သက်စိတ်ကို ဖြစ်ပေါ်စေတယ်။ ညှို့ဓာတ်အားကို အပြည့်အဝအသုံးပြုနိုင်သူများဟာ သံလိုက်ဓာတ်သဘော ဆွဲဆောင်မှုအားအလွန်ကောင်းကြပြီး အရာရာတိုင်းအောင်မြင်မှု ရရှိတတ်တယ်။ စိတ်ဓာတ်တည်ကြည်ခိုင်မာပြီး ပြဿနာအခက်အခဲများကို မဆုတ်မနစ်တဲ့ဇွဲလုံ့လနဲ့ မမှိတ်မသုန်ဆောင်ရွက်တတ်ခြင်း၊ ရည်မှန်းချက်ပန်းတိုင် ကိုမလျော့တဲ့ဇွဲသတ္တိနဲ့ မဖြစ်မနေအောင်အောင်မြင်မြင်လုပ်ဆောင်တတ်ခြင်း၊ တစ်ပါးသူမလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းအစီအမံများကို ပေါ့ပေါ့ပါးပါးနဲ့ဆောင်ရွက်နိုင်ခြင်း၊ အဆင်ပြေသူများ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင် ခြင်း၊ အမျက်ဒေါသကို မြိုသိပ်ထိန်းသိမ်းနိုင်ခြင်း စသည့် စိတ်စွမ်းအားစုစည်းအသုံးပြုနိုင်တယ်။

ညှို့ဓာတ်အားနည်းသူများမှာ (၁) ကိုယ်မငြိမ်စိတ်မငြိမ် ပါးစပ်မငြိမ် မျက်လုံးမငြိမ်ဘဲ ထင်ရာမြင်ရာပြောနေတတ် တယ်။ (၂) စကားကြီး စကားကျယ်နဲ့ ကြွားဝါပြောဆိုနေတတ်တယ်။ (၃) ကာယိဣနြေ္ဒနည်းပါးတတ်ပြီး အ မြှောက်အပင့်ကြိုက် တတ်တယ်။ (၄) သူတစ်ပါးရဲ့ အတင်းအဖျင်းများနဲ့ သတင်းများကို ကဲ့ရဲ့ပြောဆိုနေ တတ်တယ်။ (၅) စိတ်ဓာတ်ကျလွယ်ပြီး အဆိုးမြင်ဝါဒနဲ့ အပျက်စကားပြောတတ်တယ်။ (၆) ခြေလှုပ်လက်လှုပ် အိုက်တင်အမျိုးမျိုး လူအထင်ကြီးအောင် ဝတ်စားပြတတ်တယ်။ (၇) မလိုအပ်ဘဲ မိမိအကြောင်းကို အိတ်သွန် ဖာမှောက်ပြောနေတတ်တဲ့အပြင် အကျိုးမရှိစကား အကျိုးမပြုအလုပ်များ ပြောဆိုလုပ်ကိုင်နေတတ်တယ်။ (၈) စကားပြောရင် လောကြီးပြီး လုပြောတတ်တယ်။ (၉) ကတိမတည်ဘဲ မကြာခဏအပြောင်းအလဲမြန်တတ် တယ်။ (၁၀) အပြစ်အနာအဆာများကို တစ်ပါးသူအပေါ်မှာ လွှဲချတတ်ပြီး မိမိကိုယ်မိမိ အမွှမ်းတင်ပြောဆိုတတ် တယ်။ (၁၁) ကျေးဇူးမသိတတ်ဘဲ ကိုယ်ကျိုးသာတဲ့ဘက်မှာ ရပ်တည်တတ်တယ်။ (၁၂) ဒုက္ခအခက်အခဲ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အဆင့်ဆင့်သာရရှိတတ်ပြီး စိတ်စွမ်းအားအလွန်နည်းပါးသူများ ဖြစ်ရင်ရည်ရွယ်ချက် မရှိကြဘဲ ပေါ့ပေါ့နေပေါ့ပေါ့စား မူးယစ်ဆေးဝါး၊ အရက် စသည့်ဒုစရိုက်အမှောင်ရဲ့ သားကောင်လုံးလုံးဖြစ်သွား တတ်တယ်။

အိပ်မွေ့ချဆရာဟာ အိပ်မွေ့ချခြင်းဆောင်ရွက်တဲ့အခါ (၁) အိပ်မွေ့ချတဲ့အခါ အခြားကို စိတ်မလွှင့်စေဘဲ မိမိပြု လုပ်နေတဲ့ ကိစ္စကိုသာ အာရုံစူးစိုက်နေရမယ်။ (၂) လူတိုင်းကို ငါနိုင်တယ်၊ ဘယ်သူ့ကိုမဆို အိပ်မွေ့ချကုသနိုင် တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို စွဲစွဲမြဲမြဲယုံကြည်ခံယူထားတယ်။ (၃) ကြောက်စိတ်သံသယစိတ် လုံးဝကင်းရှင်းရ မယ်။ (၄) ငါလုပ်ရင် အိပ်မွေ့ချတဲ့ကိစ္စအမှားယွင်းမရှိ လုံးဝအောင်မြင်ရမယ်ဆိုတဲ့ စိတ်ဇောထက်သန်နေရမယ်။ (၅) ယတိပြတ်အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်ထားပြီး ဘယ်အခါမှ စိတ်ပျက်စိတ်အားငယ်ခြင်း မဖြစ်ရစေ ရပါ။ (၆) ဆရာဟာ ကိုယ်လက်သန့်ရှင်းစင်ကြယ်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းနေရမယ်။ (၇) ဆရာ ဟာ မာန်မာနထောင်လွှားခြင်းကင်းပြီး ဖြူစင်တဲ့မေတ္တာ စေတနာအပြည့်အဝထားရှိ ဆောင်ရွက်ရမယ်။ (၈) ကောင်းစေလိုတဲ့ စေတနာ၊ မေတ္တာ၊ ကတိသစ္စာပြုပြီး ဆောင်ရွက်ရမယ်။ (၉) မိမိထိန်းချုပ်ထားတဲ့ စိတ်စွမ်းအား ဟာညှို့ဓာတ်များကို နေရာတကျထုတ်လွှတ် အသုံးပြုတတ်ရမယ်။ (၁၀) အိပ်မွေ့ချခံထားရသူအပေါ်မှာ ပျက်စီး ဒုက္ခရောက်စေလိုတဲ့ မစ္ဆိရစိတ်မထားဘဲ မေတ္တာညှို့ဓာတ်ကူးဝင်စေရမယ်။ အိပ်မွေ့ချဆရာဟာ ယင်းစည်းကမ်း များနဲ့အညီ ဆောင်ရွက်ခြင်းဖြင့် အိပ်မွေ့ချတဲ့အခါ အရာရာတိုင်း အခက်အခဲ၊ အပိတ်အဆို့၊ အတိုက်အခိုက် ကင်းရှင်းစွာနဲ့ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။ စိတ်စွမ်းအားကို စုစည်းထိန်းသိမ်းပြီး မေတ္တာနဲ့ဆောင်ရွက်ရတဲ့ ပညာမျိုးဖြစ်လို့ ဆရာလုပ်သူဟာ သီလသမာဓိပြည့်စုံကာ သိစ္စာတရားနဲ့ပြည့်စုံရပါမယ်။

အိပ်မွေ့ချခံရသူ လိုက်နာရမယ့် စည်းကမ်းမှာ (၁) အိပ်မွေ့ချခံနေရချိန်မှာ ကိုယ်စိတ်နှစ်ပါးလျော့ထားရမယ်။ (၂) ဆရာနဲ့ ဆန့်ကျင်တဲ့အပြုအမူများ ရှောင်ရှားရမယ်။ စိတ်ကိုတင်းမထားရပါ။ (၃) အခြားတစ်ပါးကို စိတ်မလွှင့်မ ကူးစေဘဲ ဆရာပြောသမျှအာရုံစိုက် နားထောင်လိုက်နာရမယ်။ (၄) မကြာမီ မိမိအိပ်ပျော်သွားရမယ်လို့ ဆရာ့ရဲ့ အကြံပေးချက်ကို ယုံကြည်နေရမယ်။ (၅) မိမိကို အိပ်မွေ့ချကုသပေးတဲ့ ဆရာရဲ့ မေတ္တာစေတနာကို ယုံကြည် လက်ခံမှုရှိရမယ်။ (၆) ဆရာအကြံပေးသမျှကို ဆန့်ကျင်လိုတဲ့ အတွေးမျိုးနဲ့ မကြံစည် မစဉ်းစားသင့်ပါ။ (၇) ဆရာရဲ့ မေတ္တာညှို့ဓာတ်စွမ်းအားကို အသာတကြည်ကူးစက်ခံယူနိုင်ရမယ်။ (၈) အဆိုးမြင်စိတ်ထားမျိုး မထား ဘဲ အကောင်းမြင်ဝါဒနဲ့ ခံယူကျင့်သုံးရမယ်။ (၉) စိတ်ကိုကြည်ကြည်လင်လင် ထားပြီး လူမှုဒုက္ခပြဿနာ အခက်အခဲများ ယာယီမေ့ထားရမယ်။ (၁၀) မိမိကိုးကွယ်တဲ့ ဘာသာတရားကို အာရုံပြုပါ။ အိပ်မွေ့ချပညာမှာ ဆရာနဲ့ တပည့်စည်းကမ်းလိုက်နာပြီး အပြန်အလှန်ယုံကြည်မှုရှိရင် အောင်မြင်မယ်။ အိပ်မွေ့ချနိုင်မယ်။ စိတ်ညှို့ အိပ်မွေ့ချပညာ ထက်မြက်လာရင် ဆေးကုသမှုစွမ်းလာမယ်။

အိပ်မွေ့ချပညာနဲ့ စိတ်စွမ်းအားမြဲမြံစေခြင်းမှာ စိတ်ညှို့အိပ်မွေ့ချပညာကို အသုံးပြုတဲ့အခါ မိမိစိတ်ကိုမပျံ့လွင့်စေ ဖို့အာရုံပြုကာ တစ်နေရာတည်းသာ စူးစိုက်အာရုံပြုစေဖို့ လိုပါတယ်။ စိတ်ကိုထိန်းချုပ်နိုင်ရင် အရာရာပြီးမြောက် နိုင်တယ်။ မိမိစိတ်ကို ထိန်းချုပ်အုပ်ချုပ်နိုင်ဖို့ လေ့ကျင့်ယူတဲ့အခါ အချိန်ယူကာ စိတ်ရှည်ရှည်နဲ့ တဖြည်းဖြည်း သေးငယ်လွယ်ကူတဲ့အရာမှစပြီး၊ စိတ်ကိုလေ့ကျင့်သွားရမယ်။ မျက်စိစူးရှထက်မြင်စေရမယ်။ မျက်စိစွမ်းအား တန်ခိုးဟာ တစ်ဦးနဲ့တစ်ဦးမတူညီသလို တိရစ္ဆာန်အပေါင်းတို့မှာလည်း ခြားနားမှုရှိတယ်။ မျက်စိစွမ်းအားကြီးသူ က မျက်စိတန်ခိုးအားနည်းသူကို အောင်နိုင်မြဲဖြစ်တယ်။ မျက်စိစွမ်းအားတန်ခိုးကြီးမားလေ သြဇာအရှိန်ဝါကြီး လေဖြစ်ပါတယ်။

အမိန့်အာဏာတည်မြဲခြင်းအပိုင်းမှာ နေ့စဉ်နဲ့အမျှ တွေ့ဆုံကြုံကြိုက်သူများ အချင်းချင်း တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဖြစ်စေ၊ ပရိယာယ်သုံးမာယာလှည့်စားလို့ဖြစ်စေ၊ သွယ်ဝိုက်နည်းနဲ့ဖြစ်စေ အမိန့်အာဏာသုံးခြင်း၊ မေး ခြင်းကို သုံးမှန်းမသိဘဲ အသုံးပြုလေ့ရှိကြပါတယ်။ အမိန့်အာဏာတည်စေဖို့ စိတ်ကူးစိတ်သန်းဟာ အလွန်အ ရေးကြီးတယ်။ အမိန့်ပေးခံရသူ ထင်မြင်ယုံကြည်လိုက်နာစေဖို့ စိတ်ကူးစိတ်သန်းရဲ့ အရှိန်သြဇာဟာ အရေးကြီး လှတယ်။ စိတ်ကူးစိတ်သန်းကောင်းလေ သြဇာကြီးလေဖြစ်တယ်။

အိပ်မွေ့ချပညာရဲ့ အကျိုးရလာဒ်က ရောဂါဝေဒနာပျောက်ကင်းခြင်း ဖြစ်တယ်။ ဓာတ်ပေါင်းအမျိုးမျိုးနဲ့ ဖွဲ့စည်း ထားတဲ့ သဘာဝဓာတ်လောကကြီးထဲမှာ အလွန်စွမ်းအားကြီးမားလှတဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုးကို ဓာတ် ပြောင်းလဲမှုနှင့် ဖြစ်ပေါ်စေနိုင်တယ်။ ကျင့်ကြံအားထုတ်ယူခြင်းနဲ့ ရုပ်ဓာတ်နဲ့စိတ်ဓာတ်ကို အဆိုးအကောင်း ပြောင်းလဲသွားစေနိုင်တယ်။ အိပ်မွေ့ချပညာနဲ့ အကောင်းကိုအကျိုးဖြစ်စေဖို့၊ အဆိုးကိုအပြစ်ဖြစ်စေဖို့ အမျိုးမျိုး အဖုံဖုံထည်လဲ အသုံးပြုနိုင်တဲ့ ပညာဖြစ်တယ်။ လူဆိုတာ ညှို့ဓာတ်ကိုမသိပေမယ့် နေ့စဉ်အနည်းနဲ့အများသုံး ကြတယ်။ ဈေးရောင်းသူက မိမိပစ္စည်းမဝယ်ချင် ဝယ်ချင်စိတ်ဖြစ်အောင် စိတ်နဲ့ညှို့တတ်သူ၊ စကားနဲ့ပြောဆို ရောင်းချသလိုမျိုး ဆေးကုသပေးတယ်။

ဒေါက်တာလွင်သန့်

Previous Post

အမျိုးသမီးများ၏ လျှို့ဝှက်ချက်များ

Next Post

ဝမ်းပျက်ဝမ်းလျှောရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းပျက်ဝမ်းလျှောရောဂါ

အရေးကြီးဆုံးဆိုသည်မှာ

အသက်ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျခြင်းသည်မိခင်နှင့် ဆက်နွယ်နေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.