“”ငါးလက်မ” မပြည့်သော အမျိုးသားများတွင် ကလေးအဖေဖြစ်ရန်အခွင့်အလမ်းနည်းပါး
အမျိုးသားတစ်ယောက်ရဲ့ ကလေးအဖေဖြစ်လာနိုင်ဖို့ အခွင့်အရေးဟာ လိင်အင်္ဂ ါအရွယ်အစားနဲ့လည်း သက်ဆိုင်ကြောင်း မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုကနေတွေ့ရှိခဲ့ပါတယ်။အဆိုပါလေ့လာမှုကနေ လိင်အင်္ဂ ါတိုပြီး သေးငယ်တဲ့ယောကျာ်းတွေမှာ ကလေးရနိုင်ဖို့ အခွင့်အလမ်းပိုမိုနည်းပါးတယ်လို့ ပြောပါတယ်။
အဆိုပါလေ့လာမှုကို အမေရိကန်နိုင်ငံ ဆော့လိတ်စီးတီးမှာရှိတဲ့ ယူထာ့ရှ်တက္ကသိုလ် က ဒေါက်တာအော်စတင်ဆလိတ်က ဦးဆောင်ခဲ့ပါတယ်။သုံးနှစ်ကြာကြာ အချိန်ယူပြီး အမျိုးသား ၈၁၅ ယောက်ကို သုတေသနပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ဒီလိုလုပ်ကြည့်တဲ့အခါ တောင်မတ်နေတဲ့အခြေအနေမှာဆိုရင် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်အမျိုးသားတွေထက် သုံးပုံတစ်ပုံခန့် ပိုပြီးတော့ တိုနေတာကို တွေ့ရပါသတဲ့။တိုင်းတာချက်တွေအရ ကလေးအဖေမဖြစ်နိုင်တဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ တောင်မတ်နေချိန်မှာတောင် ငါးလက်မအောက်မှာသာ(4.92in) ရှိပြီး ပုံမှန်အမျိုးသားတွေရဲ့ လိင်တံကတော့ ငါးလက်မအထက်မှာ(5.27in) ရှိပါတယ်။
ဒေါက်တာဆလိတ်ကတော့
” တိုနေတဲ့ ဆရာကြီးတွေအနေနဲ့ ခုတွေ့ရှိချက်ကြောင့် စိတ်အရမ်းမပူကြဖို့နဲ့
တိကျသေချာတဲ့လေ့လာမှုတွေ ထပ်လုပ်သွားဖို့ လိုအပ်ဦးမှာဖြစ်ကြောင်း”
ဖြည့်စွက်ပြောကြားပေးထားပါတယ်။အခုတွေ့ရှိချက်တွေကိုတော့ အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် ဒင်ဗားမှာ လုပ်ခဲ့တဲ့ World Fertility Conference မှာ တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။
နောက်ထပ် ပါမောက္ခတစ်ဦးဖြစ်တဲ့ ကွင်းန်တက္ကသိုလ်က ပရော်ဖက်ဆာ ရှီနာလူးဝစ်ကတော့
” ခင်ဗျားဟာလေး တိုနေသေးနေရင် ခင်ဗျားကလေးအဖေဖြစ်ဖို့ မလွယ်လောက်ဘူးဆိုတာ
ပြောလို့ကောင်းတဲ့စကားတော့ မဟုတ်ဘူးပေါ့ဗျာ။ဒါပေမဲ့ အရွယ်အစားကတော့ တကယ်
စကားပြောလာပါပြီ ”
လို့ ပြောသွားခဲ့ပါတယ်။
Dr.Kaung
Ref: “Size really does matter” by Sophie Law (Mail Online)
Unicode Version