fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ အင်တာဗျူးများ

ရေများများသောက်စေချင်တယ်လို့ အကြံပြုတဲ့ ဂုဏ်ရည်အေးကျော်

57
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/06/2017
in အင်တာဗျူးများ
1 min read
A A

လက်ရှိ အနုပညာလှုပ်ရှားမှု

ဒီလထဲမှာတော့ Miss Myanmar International 2017 ရဲ့ တောင်ကြီးနဲ့ မန္တလေးမှာလုပ်မယ့်ပြိုင်ပွဲအတွက် အလှမယ်လေးတွေကို ဖိတ်ခေါ်ပေးရမယ်။ Presenter လုပ်ဖို့အတွက် ပွဲတွေ လက်ခံထားတာရှိတယ်။

ကျန်းမာရေးကောင်းမှ အလုပ်လုပ်နိုင်မှာဆိုတော့ ကိုယ့်ရဲ့ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲ။

ဂုဏ်ရည် ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါ။ နှာစေးချောင်းဆိုးတာတောင် တော်ရုံတန်ရုံ မဖြစ်ဘူး။ ကိုယ် တိုင်ကလည်း အးကစားတအားလုပ်တော့ အဲဒါတွေကြောင့် ကိုယ်ခံအားကောင်းနေတာဖြစ်မယ်။

အားကစားလှုပ်ရှားမှုတွေအနေနဲ့ ဘာတွေလုပ်ဖြစ်သေးသလဲ။

လက်ဝှေ့ထိုးတယ်၊ Gym ကစားတယ်၊ မြင်းလည်းစီးတယ်၊ နောက်ပြီးတော့ ရေလည်းကူးတယ်။ ယောဂ ကစားတယ်။ အခုခေတ်စားလာတဲ့ Zumba လည်းကတယ်။ ဂုဏ်ရည်က ချွေးသံတရွှဲရွှဲနဲ့ အားကစား အမြဲတမ်းလုပ်နေဖြစ်တယ်။

အားကစားအပြင် တခြားဘာတွေ လုပ်ဖြစ်သေးလဲ။

ဂုဏ်ရည်က စာရေးတာ ဝါသနာပါတော့ ကိုယ့် Website မှာတောင် Author ဆိုပြီး ထည့်ထားသေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Review လေးတွေ ရေးဖြစ်တယ်။ ဂုဏ်ရည် စားဖြစ်တဲ့အစားအစာတွေကို ပြန် ရေး ဖြစ်တယ်။ ပြီးတော့ လက်ဝှေ့ထိုးတာ၊ မြင်းစီးတာတွေရဲ့ အကျိုးကျေးဇူးတွေကို Review လေးတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ Review လေးတွေ ရေးဖြစ်တယ်။ ကျန်းမာရေးနဲ့အားကစားက ပတ်ဆက်နွယ် နေတော့ ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်ရေးဖြစ်နေပါတယ်။

ကိုယ်ခန္ဓာကျန်းမာဖို့ အစားအသောက်ပိုင်းကလည်း အရေးကြီးတော့ ဘာတွေ ရွေးချယ်စားသောက်ဖြစ်ပါ သလဲ။

ဂုဏ်ရည် ခန္ဓာကိုယ်အလေးချိန်က တသတ်မတ်တည်း ဖြစ်တာများတယ်လို့ ပြောလို့ရတယ်။ ကိုယ် စား သောက်တဲ့အပေါ်မှာမူတည်တယ်လို့ ထင်တယ်။ အစားအသောက်ကလည်း အချိုတွေကို မစားဘူး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကဖိန်းဓာတ်ပါတာတွေကို မသောက်ဖြစ်ဘူး။ ငယ်ငယ်ကတည်းက မသောက်တော့ ရှောင်စရာလည်း မလိုတော့ဘူး။ နွားနို့တော့ ပုံမှန်သောက်ဖြစ်တယ်။ ဂုဏ်ရည် Non-Alcoholic လို့ ပြောလို့ ရပါတယ်။ အသီးအရွက်တွေ အများကြီးစားဖြစ်တယ်။ ကျန်တာက သကြား လုံးဝမစားပါဘူး။

အသားအရေ အလှအပပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းဖြစ်ပါသလဲ။

အခုမှ ပြန်ပြီး ဂရုစိုက်ဖြစ်တာပါ။ အရင်တုန်းကဆို တော်တော် ဂရုမစိုက်တာ၊ မိတ်ကပ်လိမ်းထားရင်တောင် မဖျက်ဘဲနဲ့ အိပ်ဖြစ်တာ အများကြီး ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံတာပေါ့၊ ငါ ကျန်းမာရေးလည်း လုပ်ဖြစ် တယ်၊ ချွေးထွက်အောင်လည်း နေဖြစ်တယ်။ ကိုယ့်အသားအရေ မပျက်စီးဘူးလို့ ထင်ခဲ့တာ၊ ကိုယ့်ကိုယ် ကိုယ် အထင်ကြီးတာ များသွားတယ်။ မိတ်ကပ်မဖျက်ဘဲနေတာ နည်းနည်းကြာသွားပုံရတယ်။ မျက်နှာမှာ အဖုတွေက ဆက်တိုက်ကို ဖြစ်လာပြီး တော်တော်ပျက်စီးသွားတဲ့အထဲ ပါသွားတယ်။ အခုတော့ Skin Care Centre တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ကိုယ့်မျက်နှာဂရုတစိုက်ပြန်လုပ်တော့ မျက်နှာက ကောင်းသွား ပါပြီ။ အခုတော့ သေချာကို ဂရုစိုက်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဘာတွေ ဖြစ်သေးလဲ။

ငယ်ငယ်တုန်းက တော်တော်ချူချာတဲ့အထဲ ပါတယ်။ ကလေးတွေ ဖြစ်တဲ့ရောဂါ မဖြစ်ဖူးတာ မရှိဘူး။ ကန်ထရိုက် ဆွဲထားသလားတောင် မှတ်ရတယ်။ ဆယ်တန်းအောင်ပြီးမှ အိမ်က Gym တွေပို့၊ လေ့ကျင့်ခန်းတွေ သေချာလုပ်ဆိုတော့ ကျန်းမာရေးတော်တော်ပြန်ကောင်းလာတယ်။ အခုဆို နှာစီးချောင်း ဆိုးတောင် မဖြစ်တော့ပါဘူး။

နွေရာသီမှာ ကျန်းမာရေးအတွက် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်တယ်လို့ အကြံပြုချင်ပါသလဲ။

ချွေးထွက်လွန်တာတွေအတွက် ဂုဏ်ရည်သတိပေးချင်တာကတော့ ရေများများသောက်စေချင်ပါတယ်။ နွေရာသီမှာ ရေဓာတ်ဆုံးရှုံးတော့ ဓာတ်ဆားလည်း သောက်စေချင်တယ်။ ကျန်တာက အသားအရေကို ဂရုစိုက်စေချင်ပါတယ်။ တော်တော်များများက နေရောင်ခြည်ကို အထင်သေးကြတယ်။ နေပူထဲသွားလို့ ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ အိုမင်းရင့်ရော်ခြင်းတွေ၊ နေရောင်ခြည်ကပေးတဲ့ အကျိုး ဆက်တွေက များပါတယ်။ အင်္ကျီလက်ရှည်ပါးပါးလေးဝတ်ဖို့၊ ထီးဆောင်းဖို့၊ အကာအကွယ်အောက်ကနေ သွားဖို့ အခြေခံအချက်လေးတွေကို သိဖို့ အကြံပြုချင်ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာက တော်တော်များများက မနက်စာ မစားကြဘူး။ အလုပ်နောက်ကျမှာ စိုးလို့ ရော နေ့ခင်းကျမှ ပေါင်းစားကြတာတွေ ရှိတယ်။ မနက်စာစားဖို့ ဂုဏ်ရည်တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် ဖျားတော့မယ်လို့ သံသယရှိရင် ဆေးလေးတွေ ကြိုသောက်ထားကြပါ။ နည်းနည်းလေး နွမ်းလျလာ တယ်၊ မောပန်းလာပြီဆိုရင် အစာအဟာရ ပြည့်အောင် စားပါ။ တစ်ခုခုဆိုရင် မဖြစ်ခင်ကတည်းက ကြိုတင် ကာကွယ်ရင်း နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေ ကြိုသောက်ထားဖို့ အကြံပေးချင်ပါတယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Previous Post

နွေရာသီမှာ ဆံကေသာအတွက် ခေါင်းမစားဖို့

Next Post

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခရီးအမြဲထွက်တဲ့သူတွေက ကျန်းမာတာ များတယ်ဆိုတဲ့ မမေဇွန်ဝင်း (ET Tour)

8 years ago
40

ယောဂနည်းပြဆရာမ မိလဝန်းပြောပြတဲ့ သူ့ကျန်းမာရေးအကြောင်း

8 years ago
60

အလုပ်မှာရော နေ့စဉ်ဘဝမှာပါ ပျော်ရွှင်ကျန်းမာအောင်နေတဲ့ ဖက်ရှင် ဒီဇိုင်နာ သက်နှင်းအေး

8 years ago
44

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတွေအတွက် မသိမဖြစ်ပြဿနာများ

သင့်ကလေးငိုတာ ဘာကြောင့်ဖြစ်နိုင်လဲ

နားကြပ်တပ်ပြီး သီချင်းနားထောင်တာ နားအတွက်ကောင်းရဲ့လား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.