fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

အရောင်များနှင့် ကျန်းမာရေး

အရောင်တိုင်းတွင် စွမ်းအင်အသီးသီးရှိကြသည်။

မိမိလိုချင်သော စွမ်းအင်ကို ရယူနိုင်ရန် အရောင် ရွေးချယ်မှုကို မှန်ကန်ကြစေဖို့ လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် အရောင်များသည် စိတ်အခြေအနေကို လွှမ်းမိုးနိုင်စွမ်းရှိကြသည်။ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။ ကလေးအငယ်များ၏ပတ်ဝန်းကျင်ကိုလည်း ရောင်စုံခြယ်သပြီးအလှဆင်ပေးနိုင်မည်ဖြစ်သည်။ နေအိမ်အားဆေးသုတ်ခြင်း၊အခန်းဆီးများကန့်လန့်ကာများတပ်ဆင်ခြင်း၊အိမ်အသုံးအဆောင်ပစ္စည်းများဝယ်ယူခြင်း၊ ကလေးငယ်များအတွက် ကစားစရာပစ္စည်းများဝယ်ပေးခြင်း၊ အဝတ်အစားများ၊ ခြင်ထောင်၊ အိပ်ယာခင်း၊ခေါင်းအုံးဖုံး၊ စောင်စသည်တို့ဝယ်ယူခြင်းနှင့် အရောင်အသွေး ရွေးချယ်ရန် လိုအပ် သည့်အခါတိုင်း၊ အရောင်များ၏ စွမ်းအင်ကို စဉ်းစားသုံးသပ်ကာ လုပ်ဆောင်သင့်ကြသည်။ အရောင်များ၏အာနိသင်စွမ်းအားများကို ဗဟုသုတဖြစ်ဖွယ်ရာဖေါ်ပြပေးထားပါသည်။

အနီရောင်
အနီရောင်သည်ခွန်းအားဖြစ်စေသည်။
အားအင်ပြည့်စေသည်။
လှုံ့ဆော်နိုင်စွမ်းရှိသည်။
တက်ကြွမှုကိုလိုအပ်ပါကအနီရောင်ကိုရွေးချယ်သင့်သည်။

လိမ္မော်ရောင်
လိမ္မော်ရောင်၏အစွမ်းမှာစိတ်ကိုလှုံဆော်ပေးနိုင်သည်ဟုဆိုသည်။
စိတ်ကျနေခြင်းကို လျော့နည်းသက်သာ စေနိုင်သည်။
အဝါရောင် နွမ်းနယ်မှုကိုပြေပျောက်စေရန်၊အဝါရောင်ကို သုံးစွဲနိုင်သည်။
အဝါရောင်သည် ဦးနှောက်နှင့်အာရုံကြောအဖွဲ့ကို လှုံဆော်ပေးနိုင်စွမ်းရှိသည်။

အစိမ်းရောင်
အေးချမ်းမှုကိုလိုလားပါက အစိမ်းရောင်ကို အသုံးပြုသင့်သည်။
စိတ်ဖိစီးမှုများကို ဖြေလျော့စေနိုင်သည်။
စိတ်ကြည်လင်လန်းဆန်းမှုကိုဖြစ်ပေါ်စေနိုင်သည်။

အပြာရောင်
စိတ်ကိုတည်ငြိမ်စေသည်။
ဝေဒနာများကို လျင်မြန်စွာသက်သာစေနိုင်သည်။
ဆေးရုံဆေးခန်းများတွင် အပြာရောင်ကိုပိုမိုသုံးစွဲသင့်သည်။
အိပ်ရာခင်းများ၊ ခေါင်းအုံးဖုံးများ၊ ကန့်လန့်ကာများနှင့်တချို့သော ဆေးရုံ အသုံးအဆောင်ပစ္စည်းများသည်အပြာရောင်ဖြစ်နေသည်ကိုသတိပြုကြည့်နိုင်ပါသည်။

မဲနယ်ရောင်
အေးချမ်းမှုကို ဖြစ်စေနိုင်သည့် အရောင်ဖြစ်သည်။
ငြိမ်းချမ်းစေသည်။
အိပ်စက်မှုကို အားပေးသည်။
အိပ်ရာ အသုံးအဆောင်ပစ္စည်းများ ရွေးချယ်ရာတွင်ဦးစားပေးသင့်သည်။

ခရမ်းရောင်
အိပ်ပျော်အောင်စွမ်းဆောင်နိုင်သည်။
ခရမ်းရောင်ကို အိပ်ရာအသုံးအဆောင် ရွေးချယ်ရာတွင် အဓိကဦးစား ပေးသင့်သည်။

ပန်းရောင်
ဒေါသကို ပြေပျောက်စေသည်။
ရန်လိုစိတ်ကိုကင်းစေသည်။
ပူပင်သောကကို ပြေပျောက်စေသည်။
ဝမ်းနည်း ကြေကွဲမှုတို့ကို လျော့နည်းကင်းစင် ပပျောက်စေနိုင်သည်။

Author – ဒေါက်တာဇာနည်


ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့
အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး
လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ