fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဖိစီးမှုကိုဖြေလျှော့ကြရအောင်

146
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသောစိတ်
1 min read
A A

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်ဖိစီးမှုတွေကိုအနည်းနဲ့အများ တော့ကြုံတွေ့ရပါတယ်။ဒီလိုစိတ်ဖိစီးမှုတွေဟာလည်းကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်အောင်တွန်းပို့ပေးတဲ့တွန်းအားတစ်ခုဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်လည်းစိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့တဲ့အခါ ဒီတွန်းအားတွေကိုပါးနပ်စွာကိုင်တွယ်နိုင်မယ် ဆိုရင်တော့ကျွန်တော်တို့တစ်တွေဟာ နောက်ပိုင်းရင်ဆိုင်လာရမယ့်အခက်အခဲတွေကိုလည်း အောင်မြင်စွာဖြတ်ကျော်နိုင်လာပါမယ်။အသက်အရွယ်ကြီးလာတာနဲ့အမျှကျွန်တော်တို့ရင်ဆိုင်ကြုံ တွေ့ရမယ့်စိတ်ဖိစီးမှုတွေဟာ ပိုမိုများပြားလာတတ်ပြီး ဒီဖိစီးမှုတွေ ကိုမတွန်းလှန်နိုင်ရင်တော့ ဆုံးရှုံးမှုတွေဟာပိုမိုများပြားလာနိုင်ပြီး စိတ်ကျရောဂါတွေကိုခံစားရလာနိုင်တာကြောင့်စိတ်ဖိစီးမှုတွေကိုစနစ်တကျရင်ဆိုင်ကိုင်တွယ်နိုင်ဖို့လေ့လာကြည့်ရအောင်။

စိတ်ဖိစီးမှုရဲ့ပင်မအရင်းအမြစ်ကိုရှာဖွေခြင်း
အဖြေကိုရှိဖို့အတွက် မေးခွန်းလိုအပ်သလိုပါပဲ စိတ်ညစ် တာ၊ စိတ်ပင်ပန်းစေတာတွေရဲ့အဓိကအကြောင်းအရင်းကိုအရင်သိရအောင်ကြိုးစားဖို့လိုအပ်ပါတယ်။သင့်ရဲ့စိတ်ညစ်စေတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ဆိုတာလွယ်မယောင်နဲ့ခက်ပါတယ်။ဥပမာသင်လုပ်ရမယ့်အလုပ်ဟာ သတ်မှတ်ထားတဲ့အလုပ်ချိန် အတိုင်းအတွင်းမပြီးလို့ အလုပ်ရဲ့ဖိအားတွေကြောင့် စိတ်ဖိစီးမှုရ လာခဲ့ရင် ဒါဟာသင်လုပ်ရတဲ့အလုပ်ပမာဏကြောင့်မဟုတ်ဘဲသင်ဟာအချိန်ဆွဲတတ်တာကြောင့်အလုပ်တွေမပြီးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်ဟာ စာတမ်းတင်ရမယ့်ကျောင်း သားဖြစ်ပြီး စာတမ်းပြုစုဖို့အတွက် စိတ်ဖိစီးမှုဖြစ်နေရင် ဒါဟာ လည်း စာတမ်းအခက်အခဲအတွက် စိတ်ဖိစီးမှုဖြစ်တာထက် သင့် ရဲ့အချိန်မပေးနိုင်တာ၊ အချိန်ဆွဲတာ စတာတွေကြောင့်လည်းဖြစ် တတ်ပါတယ်။ ဒါကြောင့် သင် စိတ်ဖိစီးမှုရဲ့အဓိကအကြောင်းရင်း ကိုသိရှိဖို့ကိုလည်း ကြိုးစားရပါမယ်။
စိတ်ဖိစီးမှုကိုဖြေဖျောက်ဖို့၊ လျှော့ချဖို့ကြိုးစားတဲ့အခါမှာလည်း နည်းလမ်းကောင်းတွေကို ရွေးချယ်ဖို့လိုအပ်လှပါတယ်။ လူအများစုဟာ စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့အတွက် မိမိကိုယ်ကိုထိခိုက်စေတဲ့နည်းလမ်းတွေနဲ့အလွယ်တကူဖြေရှင်းတတ်ကြပါတယ်။စိတ်ဖိစီးမှုဖြေလျှော့ဖို့အတွက် လူအများစုဟာ ဆေးလိပ်သောက် တာ၊ အရက်အလွန်အကျွံသောက်သုံးတာ၊ အိပ်ဆေးသောက်တာ၊ လိုတာထက်ပိုပြီးစားတာ၊ အစားမစားတာစတာတွေကိုပြုလုပ်တတ် ပါတယ်။ ဒါတွေဟာ နောက်ပိုင်းမှာ စိတ်ဖိစီးမှုကိုမလျော့ကျစေဘဲကျန်းမာရေးကိုသာဆိုးဝါးသွားစေပါတယ်။ပြီးတော့တချို့ဟာပုံမှန်ထက်ပိုအိပ်စက်ပြီးစိတ်ညစ်မှုတွေကိုလျော့စေပါတယ်။ဒါဟာလည်းသင်စိတ်ညစ်မှုကိုမလျော့သွားစေဘဲစိတ်တွေကိုပိုပြီးလေးလံထိုင်းမှိုင်းစေတတ်ပါတယ်။တချို့ကျတော့လည်းစိတ်ဖိစီးမှုကြောင့်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်ပြီးတစ်ယောက်တည်းနေဖြစ် တတ်ကြပါတယ်။ ဒီလိုလူအများနဲ့ပေါင်းသင်းဆက်ဆံမှုကိုလျှော့ လိုက်တာဟာ အထီးကျန်မှုကိုပိုတိုးပွားလာစေပြီးတော့ စိတ်ဖိစီးမှု ကိုသာ ပိုပြီးတိုးလာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုလျှော့ ချတဲ့အခါ နည်းလမ်းကောင်းတွေကိုသာအသုံးပြုသင့်ပါတယ်။ ဒါကြောင့်လည်း ပညာရှင်တွေက စိတ်ဖီးစီးမှုကိုလျှော့ချမယ်ဆိုရင် 4 Asကိုအသုံးပြုဖို့တိုက်တွန်းထားပါတယ်။ 4 As တွေကတော့-
– Avoid (ရှောင်ရှားခြင်း)
– Alter (ပြောင်းလဲခြင်း)
– Adapt (လိုက်လျောညီထွေစွာနေခြင်း)
– Accept (လက်ခံခြင်း) တို့ပဲဖြစ်ပါတယ်။

Avoid (မလိုလားအပ်တဲ့စိတ်ဖိစီးမှုများကိုလျှော့ချခြင်း)
ပြဿနာတိုင်းကိုတော့ရှောင်ရှားလို့မရပေမဲ့ ပြဿနာ တိုင်းကြောင့်တော့ စိတ်ဖိစီးမှုမခံပါနဲ့။ ကျွန်တော်တို့ရှင်သန်နေတဲ့ လောကကြီးမှာစိန်ခေါ်မှုတွေပြည့်နှက်နေတဲ့အတွက်ကိစ္စတိုင်းကိုစိတ်ထဲထည့်ပြီးစိတ်ဖိစီးမှုကိုခံယူဖို့မသင့်တော်ပါဘူး။ဒါကြောင့်တချို့ပြဿနာငယ်တွေကို မေ့ထားသင့်ပါတယ်။

ငြင်းဆန်ခြင်း
လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ကိုယ်ရေးကိုယ်တာကိစ္စမှာဖြစ် ဖြစ် မိမိတတ်နိုင်သမျှလုပ်ပေးနိုင်တာတွေအတွက်ပဲ လက်ခံပါ၊ တာဝန်ယူပါ။ တချို့မိမိမတတ်နိုင်တဲ့ကိစ္စတွေကို အားနာတယ်ဆိုတဲ့အကြောင်းပြချက်တွေဟာ ရေရှည်မှာသင့်ကိုစိတ်ဖီစီးမှုဖြစ်စေ နိုင်ပြီး၊မိမိတာဝန်မယူနိုင်တဲ့အခါမှာတော့ အခြေအနေတွေဟာ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ ဒါကြောင့် တချို့ကိစ္စတွေကိုငြင်း ဆန်သင့်ရင် ငြင်းဆန်ပါ။

စိတ်ဖိစီးမှုပေးသူများနှင့်ဝေးဝေးနေခြင်း
ဒါကတော့ ဘဝတစ်သက်တာတစ်လျှောက်အတွက် စဉ်းစားပေးရတာပါ။ မိမိကိုစိတ်အနှောင့်အယှက် ခဏခဏပေးသူ၊မိမိကိုစိတ်အားငယ်အောင်၊စိတ်ဓာတ်ကျအောင်လုပ်သူတွေနဲ့တတ်နိုင်သမျှဝေးဝေးနေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလူ ရဲ့လွှမ်းမိုးမှုခံနေရသရွေ့ စိတ်ဖိစီးမှုတွေဟာ သင့်အပေါ်မှာပါ သက်ရောက်စေနိုင်ပါတယ်။

Alter (အခြေအနေကို ပြောင်းလဲခြင်း)
ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့
တကယ်လို့သင်ဟာ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် အခြေအနေတစ်စုံတစ်ရာကြောင့် စိတ်အနှောင့်ယှက်ဖြစ်နေရင် ကြာကြာမျိုသိပ်မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ၊ ဆွေးနွေး ပါ။ အဲဒီလိုဆွေးနွေးပြီးရင်လည်း မိမိဘက်ကပြောင်းလဲသင့်တာ တွေကိုပြောင်းလဲပါ။ အခြေအနေကိုပြောင်းလဲပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။
တချို့ပြဿနာတွေကိုရှောင်မပြေးပါနဲ့။ ထိပ်တိုက်ရင် ဆိုင်ပါ။ ကိစ္စတိုင်းဟာ သင်စိတ်ကူးပုံဖော်ထားသလိုမခက်ခဲပါဘူး။ ပြဿနာကိုရှောင်တိမ်းနေတာကသာ ပြဿနာတွေကိုပိုမိုကြီးထွား စေပြီးသင့်ရဲ့စိတ်ဖိစီးမှုတွေကိုတစ်နေ့ထက်တစ်နေ့ပိုတိုးလို့လာမှာ ဖြစ်တဲ့အတွက်ရင်ဆိုင်ရမယ့်ပြဿနာတွေကို အချိန်မဆွဲဘဲနဲ့ ရင်ဆိုင်ပါ။

Adapt (စိတ်ဖိစီးစေတဲ့အရာများနှင့် လိုက်လျောညီထွေစွာနေခြင်း)
စိတ်ဖိစီးမှုပေးတဲ့အရာတွေကိုမပြောင်းလဲနိုင်ရင် မိမိ ကိုယ်ကိုပြောင်းလဲပါ။ မိမိကြိုးစားပြုပြင်လို့မရနိုင်တဲ့ကိစ္စတချို့အတွက်ကိုယ့်ကိုယ်ကိုယ်စိတ်အပင်ပန်းမခံဘဲအကောင်းဘက်က မြင်နိုင်အောင်ကြိုးစားပါ။ရင်ဆိုင်နေရတဲ့ပြဿနာရဲ့အတိမ်အနက်၊ကြာမြင့်ချိန်ကိုစဉ်းစားပါ။ကျွန်တော်တို့တစ်တွေဟာ ဘာမဟုတ် တဲ့ကိစ္စတစ်ခုအတွက် အချိန်ကြာမြင့်စွာစိတ်အပင်ပန်းခံပြီး ကိုယ့် ကိုယ်ကိုယ်နှိပ်စက်တတ်ကြပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ ပြဿနာရဲ့အတိမ်အနက်ကို သေသေချာချာစဉ်းစားပြီးဒီပြဿနာဟာ အချိန်ဘယ်လောက်ကြာကြာထင်ဟပ်နိုင်မလဲကိုပါ စဉ်းစားပါ။
အရာရာကိုအကောင်းဆုံးဖြစ်ချင်တာ၊လိုချင်တာဟာလည်း စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့် ဘဝအတွက်စံနှုန်းတွေသတ်မှတ်တဲ့အခါ လိုက်မမီတဲ့ စံနှုန်းတွေသတ်မှတ်ပြီး တစ်ယောက်တည်းစိတ်ဓာတ်ကျနေတာ မဖြစ်ဖို့လည်း လိုအပ်လှပါတယ်။

Accept (စိတ်ဖိစီးစေတဲ့အရာများကိုလက်ခံခြင်း)
တစ်ခါတလေ ကျွန်တော်တို့ဟာ အမှန်တရားအချို့ကို လက်မခံဘဲ ခေါင်းမာတတ်ကြပါတယ်။ ဒါဟာ မိမိကိုယ်ကိုသာ စိတ်ပင်ပန်းမှုဖြစ်စေပါတယ်။ တချို့ကိစ္စတွေကိုလက်ခံပြီး အကောင်းဘက်ကမြင်ပါ၊။ တချို့အခြေအနေတွေ၊ ပြဿနာတွေ ဟာ ကျွန်တော်တို့ဘယ်လိုမှ ကြိုးစားပြောင်းလဲလို့မရနိုင်ပါဘူး။ ဒါကြောင့်မိမိကြိုးစားပြောင်းလဲလို့မရတဲ့အရာတွေအတွက်မိမိကိုယ်ကိုအပြစ်မမြင်ဘဲအကောင်းဘက်ကမြင်ပါ၊ ရင်ဆိုင်နေရတဲ့ ပြသနာထဲကနေ အခွင့်အလမ်းကိုရှာပါ။ မိမိကိုယ်ကိုဖိအားမပေး ဘဲ အတတ်နိုင်ဆုံးကြိုးစားပါ။ အကောင်းမြင်ပါ။ ရင်ဆိုင်ရတဲ့ ပြဿနာကိုလက်ခံပြီး မိမိအတွက်အကောင်းဆုံးနည်းလမ်းကို စိတ် အေးအေးထားပြီးဖြေရှင်းပါ။
ဒီလေးနည်းနဲ့ သင့်ရဲ့ပြဿနာတွေကို အကောင်းဆုံး ရလဒ်ရအောင်ဖြေရှင်းပါ။ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးတွန်းအားနဲ့ပြန်လည်တုံ့ပြန်နိုင်ပြီးမိမိလိုချင်တဲ့ဘဝပန်းတိုင်ကိုအောင် မြင်စွာဖြတ်ကျော်နိုင်ပါစေလို့ဆန္ဒပြုရင်း…

 

Author – ဒေါက်တာထက်ဝေ

Previous Post

နေလောင်စက်များ

Next Post

ကဖင်းနှင့်မှတ်ဉာဏ်အား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
354

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကဖင်းနှင့်မှတ်ဉာဏ်အား

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

အသင့်စားအစားအစာများနှင့်ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.