fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

လူမှုဆက်ဆံရေးကွန်ယက်များနှင့်စိတ်ကျန်းမာရေးဆိုင်ရာဆက်စပ်မှု

52
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/06/2016
in ကျန်းမာသောစိတ်
1 min read
A A

(Zawgyi)

တိုးတက္ေခတ္မီေျပာင္းလဲလာသည့္နည္းပညာမ်ားႏွင့္အတူလူသားတို႔၏ေနထိုင္မႈစ႐ိုက္ပုံစံမ်ားလည္းေျပာင္းလဲလာခဲ့သည္။ ပထမဆုံး အီးေမးကို ၁၉၇၁ ခုႏွစ္တြင္ စတင္မိတ္ဆက္ပို႔ေဆာင္ႏိုင္ခဲ့သည္။ ထိုမွတစ္ဆင့္ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာၿပီးေနာက္ လူမႈဆက္ဆံေရး ကြန္ရက္မ်ား (Social Media) မ်ားသည္ အင္တာနက္အသုံးျပဳ ျခင္းမ်ားတိုးတက္လာသည္ႏွင့္အတူ မုန္တိုင္းပမာ လ်င္ျမန္စြာျဖင့္ ကမာၻႀကီးတြင္ေနရာယူလာၾကသည္။ လူမႈဆက္ဆံေရးကြန္ရက္မ်ား ျဖစ္သည့္ ေဖ့စ္ဘြတ္ခ္၊ တြစ္တာတို႔ကို ယခုကမာၻတစ္ဝန္းတြင္ လူ ေလးေယာက္လွ်င္တစ္ေယာက္ႏႈန္းျဖင့္ အသုံးျပဳေနၾကၿပီျဖစ္သည္။

ပုံမွန္အားျဖင့္ဆိုရေသာ္ထိုကဲ့သို႔လူမႈဆက္ဆံေရးကြန္ရက္မ်ားကိုအသုံးျပဳျခင္းသည္ထိခိုက္မႈမရွိဟုဆိုေသာ္လည္း ေလ့လာဆန္းစစ္ သူအခ်ိဳ႕ကမူ လူမႈဆက္ဆံေရးကြန္ရက္မ်ားသည္ စိတ္ဓာတ္ပိုင္း ဆိုင္ရာက်န္းမာေရးႏွင့္ ေနထိုင္မႈစ႐ိုက္ပုံစံအေပၚ ထိခိုက္လႊမ္းမိုး မႈမ်ားရွိလာသည္ဟုဆိုၾကသည္။ Medical News Today သိေပမွ ေလ့လာခ်က္တစ္ခုတြင္ ေဖ့စ္ဘြတ္ခ္အသုံးျပဳျခင္းသည္ စိတ္လႈပ္ရွား မႈကိုျဖစ္ေပၚေစၿပီးလူတစ္ေယာက္၏စိတ္ခံစားမႈမျပည့္စုံျခင္း၊အလိုမက်ျခင္းမ်ားကိုျဖစ္ေပၚေစေၾကာင္း ေတြ႕ရွိရသည္ဟုဆိုသည္။

University of Michiganမွ လတ္တေလာဆန္းစစ္ခ်က္အရ ေဖ့စ္ဘြတ္ခ္အသုံးျပဳျခင္းသည္ လူသားတို႔အေပၚမေပ်ာ္႐ႊင္ျခင္း၊မႏွစ္ၿမိဳ႕ျခင္း၊ဘဝတြင္မျပည့္စုံျခင္းအစရွိသည့္ခံစားခ်က္မ်ားကို ျဖစ္ေပၚေစသည္ဟုဆိုသည္။ သူတို႔၏အဆိုအရမူ အေပၚယံအျမင္ အရ ေဖ့စ္ဘြတ္ခ္သည္ လူသားတို႔အတြက္ အဖိုးမျဖတ္ႏိုင္ေသာ သတင္းမ်ား၊ အခ်က္အလက္မ်ား၊ ဆက္သြယ္မႈမ်ားျဖင့္ လိုအပ္ ခ်က္မ်ားကိုျဖည့္ဆည္းေပးႏိုင္ေသာ္လည္း ေရရွည္တြင္မူဆန႔္က်င္ဘက္ရလဒ္ကိုသာရေစႏိုင္ေၾကာင္းေတြ႕ရွိရသည္။ထိုအဆိုမ်ားသည္ မွန္ကန္ေနပါသလား၊ လူမႈဆက္ဆံေရး ကြန္ရက္မ်ားအသုံးျပဳျခင္းကိုကန႔္သတ္သင့္သည္လား စသည့္ေမးခြန္း မ်ားကိုမူမိမိကိုယ္တိုင္ပင္ ဆုံးျဖတ္ရမည္ျဖစ္သည္။

လူမႈဆက္ဆံေရးကြန္ရက္ဆိုသည္မွာ
အဓိပၸာယ္ဖြင့္ဆိုရေသာ္ အင္တာနက္ဝက္ဘ္ဆိုက္မ်ားမွ တစ္ဆင့္ ကမာၻတစ္ဝန္းလုံးတြင္ရွိသည့္လူအမ်ားကို ေဆြးေႏြးျခင္း၊ ဓာတ္ပုံမ်ား၊ ဗီဒီယိုဖိုင္မ်ား၊ အသံဖိုင္မ်ားျဖင့္ဆက္သြယ္ေပးျခင္း ျဖစ္သည္။ လူမႈဆက္ဆံေရးကြန္ရက္မ်ားတြင္ ေဖ့စ္ဘြတ္ခ္ကအသုံးျပဳ သူေပါင္း ၁.၂ ဘီလီယံျဖင့္ဦးေဆာင္ေနၿပီး၊ ေနာက္မွ MySpace၊ Twitter ၊ LinkedIn ႏွင့္ Bebo အစရွိသည့္ကြန္ရက္မ်ားကိုအသုံး ျပဳေနၾကသည္။ အခ်က္အလက္မ်ားအရ အြန္လိုင္းအသုံးျပဳသူမ်ား၏ ၄၂ ရာခိုင္ႏႈန္းသည္ တစ္ခုထက္ပိုေသာလူမႈဆက္ဆံေရးကြန္ရက္ မ်ားကိုအသုံးျပဳေနၾကသည္။ အသက္အ႐ြယ္ႀကီးသူမ်ား၏အြန္လိုင္း အသုံးျပဳမႈမွာ ျမင့္တက္လာေသာ္လည္း အမ်ားစုမွာမူ အသက္ ၃၀ ေအာက္အ႐ြယ္မ်ားသာျဖစ္ၾကသည္။ ေယဘုယ်အားျဖင့္ တစ္ေန႔ လွ်င္ ၇.၆ နာရီထက္ပိုၿပီး လူမႈဆက္ဆံေရးကြန္ရက္မ်ားကိုအသုံးျပဳ ၾကၿပီးအမ်ားစုမွာ ကိုယ္ပိုင္မိုဘိုင္းလက္ကိုင္ဖုန္းမ်ားျဖင့္ အသုံးျပဳ သည္ကိုေတြ႕ရွိရသည္။

လူမႈဆက္သြယ္ေရးကြန္ရက္က ဘယ္လိုဆြဲေဆာင္သလဲ
၁၉၈၀ ျပည့္ႏွစ္ေနာက္ပိုင္းတြင္ အင္တာနက္ဝန္ေဆာင္မႈ ေပးေသာကုမၸဏီမ်ားက အေမရိကန္တြင္ Dial Up ဝန္ေဆာင္မႈကို စတင္မိတ္ဆက္ခဲ့သည္။ ထို႔ေနာက္တြင္မွ တစ္ဆင့္ထက္တစ္ဆင့္ တိုးတက္ေျပာင္းလဲလာခဲ့ၿပီး ၿဂိဳဟ္တုစနစ္၊ ႀကိဳးမဲ့စနစ္၊ ဖိုက္ဘာဆက္ ေၾကာင္းအစရွိသည္ျဖင့္ ဝန္ေဆာင္မႈမ်ားေပးႏိုင္ခဲ့သည္။ လက္ရွိ အခ်ိန္တြင္မူ အင္တာနက္ဆက္သြယ္ေရးစနစ္မ်ားေကာင္းမြန္လာ သည္ႏွင့္အမွ် လူမႈဆက္ဆံေရးကြန္ရက္မ်ားကိုလြယ္ကူစြာအသုံးျပဳ ႏိုင္လာျခင္းကလည္း ဆြဲေဆာင္မႈတစ္ခုပင္ျဖစ္သည္။ ဥပမာအားျဖင့္ ဆိုေသာ္ စာတိုက္မွတစ္ဆင့္စာမ်ားကိုပို႔ေဆာင္ျခင္းထက္ အီးေမး မ်ားကိုအသုံးျပဳၿပီး အခ်ိန္ကုန္၊ ေငြကုန္ေၾကးက်သက္သာစြာျဖင့္ လုပ္ ေဆာင္လာႏိုင္ၾကသည္။ ထိုအခ်က္အဆိုမ်ားအေပၚတြင္အေျခခံၿပီး လူမႈဆက္သြယ္ေရးကြန္ရက္မ်ားကိုတည္ေဆာက္လာၾကသည္။

ေဖ့စ္ဘြတ္ခ္၏ရည္႐ြယ္ခ်က္ေဆာင္ပုဒ္မွာ
ေဖ့စ္ဘြတ္ခ္၏ရည္႐ြယ္ခ်က္မွာ ကမာၻတစ္ဝန္းရွိလူအမ်ား ကိုလြယ္ကူပြင့္လင္းစြာဆက္သြယ္ခ်ိတ္ဆက္ၿပီး လူအားလုံးကို အခ်က္ အလက္မ်ား၊ သတင္းမ်ား၊ အေၾကာင္းအရာမ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီမွ်ေဝေပးေစႏိုင္ရန္ျဖစ္သည္။ ထို႔ျပင္ ေဖ့စ္ဘြတ္ခ္ကို အသုံးျပဳျခင္းအားျဖင့္ သူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားျဖင့္ဆက္ သြယ္ခ်ိတ္ဆက္ၿပီး လက္ရွိျဖစ္ပ်က္ေနေသာအျဖစ္အပ်က္မ်ား၊ အေျခအေနမ်ားကို မွ်ေဝေဖာ္ျပေစႏိုင္ရန္ျဖစ္သည္။
ထိုကဲ့သို႔ေသာေဆာင္ပုဒ္ရည္႐ြယ္ခ်က္မ်ားျဖင့္ လူအမ်ား စု၏အခက္အခဲမ်ားကို လြယ္လင့္တကူဆက္သြယ္ခ်ိတ္ဆက္ေျဖရွင္း ေပးႏိုင္မႈမ်ားေၾကာင့္ လူမႈဆက္သြယ္ေရးကြန္ရက္မ်ားကို ပိုမိုအသုံး ျပဳမႈမ်ားျပားလာခဲ့ၾကသည္။

လူမႈဆက္သြယ္ေရးကြန္ရက္မ်ားအသုံးျပဳရျခင္းကိုစြဲလမ္းျခင္း
လတ္တေလာဆန္းစစ္ထားေသာ အခ်က္အလက္မ်ားအရ အသုံးျပဳသူမ်ား၏ ၆၃ ရာခိုင္ႏႈန္းသည္ တစ္ေန႔လွ်င္ အနည္းဆုံး တစ္ႀကိမ္ဝင္ေရာက္အသုံးျပဳၿပီး ၄၀ ရာခိုင္ႏႈန္းႏွင့္အထက္သည္ တစ္ႀကိမ္ထက္ပိုၿပီး ဝင္ေရာက္အသုံးျပဳေၾကာင္းေတြ႕ရွိရသည္။ အသုံး ျပဳသူမ်ားသည္ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ လူမႈဆက္သြယ္ေရး ကြန္ရက္မ်ားကိုအသုံးျပဳၾကသည္။ အခ်ိဳ႕က သူငယ္ခ်င္းမ်ား၊ မိတ္ေဆြမ်ားႏွင့္ အျခားလူမ်ား၏သတင္းမ်ား၊ အခ်က္အလက္မ်ား၊ ဓာတ္ပုံမ်ားကိုဖတ္ရႈၾကၿပီး အခ်ိဳ႕ကမူ ခံစားခ်က္မ်ား၊ ခံယူခ်က္မ်ား (Status Update)ကိုတင္ေလ့ရွိသည္။ Dr. Shannon M. Rauch (Benedictine University at Mesa, AZ) က လူမႈ ဆက္ဆံေရးကြန္ရက္မ်ားကိုအသုံးျပဳျခင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေစျခင္း၊အပ်င္းေျပေစျခင္းတို႔ကိုျဖစ္ေစသည္ဟုဆိုသည္။လူမႈဆက္ဆံေရးကြန္ရက္မ်ားသည္ လူတစ္ေယာက္ကို အခ်ိန္ ျပည့္သုံးျပဳေစႏိုင္ရန္အတြက္ အၿမဲတြန္းအားေပးေနသည္ဟု သူက ဆိုသည္။

Status Update လုပ္သူတစ္ေယာက္သည္ မိမိ၏ Status တြင္ Comment မ်ား၊ Like မ်ားရလာသည္ႏွင့္တစ္ၿပိဳင္နက္ ထိုကဲ့သို႔ေသာ Update ျပဳလုပ္ျခင္းကို တြန္းအားေပးသကဲ့သို႔ျဖစ္ ေစၿပီး ထပ္ကာထပ္ကာျပဳလုပ္ေစကာအေလ့အက်င့္တစ္ခုသဖြယ္ေျပာင္းလဲသြားႏိုင္သည္။ထိုကဲ့သို႔ေသာအေၾကာင္းအရာအျပဳအမူ မ်ားသည္ ေဖ့စ္ဘြတ္ခ္အသုံးျပဳျခင္းအေပၚ စြဲလမ္းမႈကိုပိုမိုျဖစ္ေစ ႏိုင္သည့္အရာပင္ျဖစ္သည္။ စိတ္ဝင္စားစရာေကာင္းေသာေတြ႕ရွိ ခ်က္တစ္ခုမွာ စိတ္လႈပ္ရွားမႈမ်ားေသာ၊ စိတ္ခံစားမႈမ်ားေသာ၊ လူမႈ ဆက္ဆံေရးအားနည္းေသာသူမ်ားသည္အင္တာနက္တြင္လူမႈဆက္ဆံေရးကြန္ရက္ကိုပိုမိုအသုံးျပဳေၾကာင္းေတြ႕ရွိရသည္။လူမႈဆက္သြယ္ေရးကြန္ရက္အသုံးျပဳသူမ်ားတြင္ ေကာင္းမြန္ေသာစိတ္ခံစားမႈမ်ားကိုလည္းခံစားရရွိေစႏိုင္ပါသည္။ ေလ့လာခ်က္မ်ားအရ ေဖ့စ္ဘြတ္ခ္သုံးစြဲမႈစြဲလမ္းသူမ်ားသည္ ဆက္သြယ္ေရးကြန္ရက္ကို အသုံးျပဳျခင္းျဖင့္မိမိကိုယ္မိမိယုံၾကည္ခ်က္တိုးတက္ခိုင္မာလာျခင္း၊စိတ္ေက်နပ္မႈရွိျခင္းမ်ားကိုလည္းေတြ႕ရွိရသည္။ သို႔ေသာ္ မည္သည့္ အရာတြင္မဆို အေကာင္းသည္ႏွင့္အဆိုးသည္ ဒြန္တြဲေနတတ္ ေပသည္။

လူမႈဆက္ဆံေရးကြန္ရက္အသုံးျပဳျခင္းႏွင့္ စိတ္ခံစားမႈမ်ား
၂၀၁၂ ခုႏွစ္တြင္ျပဳလုပ္ခဲ့ေသာ Anxiety UK Survery on Social Media Use မွေတြ႕ရွိခ်က္အရ လူမႈဆက္သြယ္ေရးကြန္ရက္အသုံးျပဳသူမ်ား၏၅၃ရာခိုင္ႏႈန္းသည္အေနအထိုင္ႏွင့္ ျပဳမူပုံစ႐ိုက္မ်ားေျပာင္းလဲေစခဲ့ၿပီး ထိုထဲမွ ၅၁ ရာခိုင္ႏႈန္းသည္ အဆိုး ဘက္သို႔ေျပာင္းလဲသြားေစခဲ့သည္ဟုဆိုသည္။ ကြန္ရက္အသုံးျပဳ သူမ်ားသည္ မိမိကိုယ္ကိုယ္သူတစ္ပါးႏွင့္ႏႈိင္းယွဥ္ၿပီး စိတ္အားငယ္မႈ၊ စိတ္ဓာတ္က်မႈ အစရွိသည့္စိတ္ခံစားမႈဆိုး႐ြားျခင္းမ်ားကိုခံစားရ ေၾကာင္းေတြ႕ရွိရသည္။ မိမိသူငယ္ခ်င္းမ်ား၊ မိတ္ေဆြမ်ား၏ ေအာင္ျမင္မႈမ်ားျဖင့္ႏႈိင္းယွဥ္ၿပီး ယုံၾကည္ခ်က္ေလ်ာ့နည္းကာ စိတ္ ခံစားမႈကိုပိုမိုဆိုး႐ြားေစသည္ဟုဆိုသည္။

ထို႔ျပင္ ေလ့လာဆန္းစစ္ ခ်က္တြင္ပါဝင္သူမ်ား၏ ၆၅ ရာခိုင္ႏႈန္းေက်ာ္သည္ လူမႈဆက္ သြယ္ေရးကြန္ရက္မ်ားကိုအသုံးျပဳျခင္းျဖင့္ စိတ္က်ဥ္းက်ပ္ျခင္း၊ စိတ္ညစ္ေစျခင္း၊ စိတ္ေျဖေလွ်ာ့မႈခက္ခဲေစျခင္းတို႔အျပင္ ေနာက္ဆုံး အိပ္မေပ်ာ္ျခင္းကိုပါခံစားရသည္ဟုဆိုၿပီး ထိုထဲမွ ၅၅ ရာခိုင္ႏႈန္း ခန႔္သည္ လူမႈဆက္သြယ္ေရးကြန္ရက္မ်ားကိုအသုံးမျပဳရသည့္အခ်ိန္ မ်ားတြင္ စိတ္ပူပန္ျခင္း၊စိတ္မသက္မသာျဖစ္ျခင္းတို႔ကိုပါခံစား ေစရေၾကာင္းေတြ႕ရွိရသည္။အထက္ကဆိုခဲ့သည့္အတိုင္းအသက္၃၀ ေအာက္အ႐ြယ္မ်ားတြင္လူမႈဆက္သြယ္ေရးကြန္ရက္မ်ားကို အမ်ားဆုံးအသုံးျပဳၾကသည့္အေလ်ာက္ဆိုက္ဘာတိုက္ခိုက္မႈမ်ား၊လူမႈေရးတိုက္ခိုက္မႈမ်ားကိုလည္း ျပဳလုပ္ခံရေၾကာင္းေတြ႕ရွိရသည္။ ထို႔အတြက္ေၾကာင့္ ကေလးသူငယ္မ်ားတြင္လည္း မိဘမ်ား၏ေစာင့္ ၾကည့္မႈေအာက္မွသာ ဆက္သြယ္ေရးကြန္ရက္မ်ားကိုအသုံးျပဳသင့္ သည္ဟုဆိုသည္။ ထို႔ျပင္ အသုံးျပဳရာတြင္လည္း အခ်ိန္အတိုင္း အတာတစ္ခုျဖင့္သာအသုံးျပဳျခင္းျဖင့္ မိမိကိုယ္ကိုပိုမိုအက်ိဳးရွိေစ သည္ဟုလည္းဆိုသည္။

တိုးတက်ခေတ်မီပြောင်းလဲလာသည့်နည်းပညာများနှင့်အတူလူသားတို့၏နေထိုင်မှုစရိုက်ပုံစံများလည်းပြောင်းလဲလာခဲ့သည်။ ပထမဆုံး အီးမေးကို ၁၉၇၁ ခုနှစ်တွင် စတင်မိတ်ဆက်ပို့ဆောင်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် နှစ်ပေါင်း ၄၀ ကျော်ကြာပြီးနောက် လူမှုဆက်ဆံရေး ကွန်ရက်များ (Social Media) များသည် အင်တာနက်အသုံးပြု ခြင်းများတိုးတက်လာသည်နှင့်အတူ မုန်တိုင်းပမာ လျင်မြန်စွာဖြင့် ကမ္ဘာကြီးတွင်နေရာယူလာကြသည်။ လူမှုဆက်ဆံရေးကွန်ရက်များ ဖြစ်သည့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့ကို ယခုကမ္ဘာတစ်ဝန်းတွင် လူ လေးယောက်လျှင်တစ်ယောက်နှုန်းဖြင့် အသုံးပြုနေကြပြီဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုရသော်ထိုကဲ့သို့လူမှုဆက်ဆံရေးကွန်ရက်များကိုအသုံးပြုခြင်းသည်ထိခိုက်မှုမရှိဟုဆိုသော်လည်း လေ့လာဆန်းစစ် သူအချို့ကမူ လူမှုဆက်ဆံရေးကွန်ရက်များသည် စိတ်ဓာတ်ပိုင်း ဆိုင်ရာကျန်းမာရေးနှင့် နေထိုင်မှုစရိုက်ပုံစံအပေါ် ထိခိုက်လွှမ်းမိုး မှုများရှိလာသည်ဟုဆိုကြသည်။ Medical News Today သိပေမှ လေ့လာချက်တစ်ခုတွင် ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းသည် စိတ်လှုပ်ရှား မှုကိုဖြစ်ပေါ်စေပြီးလူတစ်ယောက်၏စိတ်ခံစားမှုမပြည့်စုံခြင်း၊အလိုမကျခြင်းများကိုဖြစ်ပေါ်စေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
University of Michiganမှ လတ်တလောဆန်းစစ်ချက်အရ ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းသည် လူသားတို့အပေါ်မပျော်ရွှင်ခြင်း၊မနှစ်မြို့ခြင်း၊ဘဝတွင်မပြည့်စုံခြင်းအစရှိသည့်ခံစားချက်များကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။ သူတို့၏အဆိုအရမူ အပေါ်ယံအမြင် အရ ဖေ့စ်ဘွတ်ခ်သည် လူသားတို့အတွက် အဖိုးမဖြတ်နိုင်သော သတင်းများ၊ အချက်အလက်များ၊ ဆက်သွယ်မှုများဖြင့် လိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်သော်လည်း ရေရှည်တွင်မူဆန့်ကျင်ဘက်ရလဒ်ကိုသာရစေနိုင်ကြောင်းတွေ့ရှိရသည်။
ထိုအဆိုများသည် မှန်ကန်နေပါသလား၊ လူမှုဆက်ဆံရေး ကွန်ရက်များအသုံးပြုခြင်းကိုကန့်သတ်သင့်သည်လား စသည့်မေးခွန်း များကိုမူမိမိကိုယ်တိုင်ပင် ဆုံးဖြတ်ရမည်ဖြစ်သည်။

လူမှုဆက်ဆံရေးကွန်ရက်ဆိုသည်မှာ
အဓိပ္ပာယ်ဖွင့်ဆိုရသော် အင်တာနက်ဝက်ဘ်ဆိုက်များမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့်လူအများကို ဆွေးနွေးခြင်း၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များဖြင့်ဆက်သွယ်ပေးခြင်း ဖြစ်သည်။ လူမှုဆက်ဆံရေးကွန်ရက်များတွင် ဖေ့စ်ဘွတ်ခ်ကအသုံးပြု သူပေါင်း ၁.၂ ဘီလီယံဖြင့်ဦးဆောင်နေပြီး၊ နောက်မှ MySpace၊ Twitter ၊ LinkedIn နှင့် Bebo အစရှိသည့်ကွန်ရက်များကိုအသုံး ပြုနေကြသည်။ အချက်အလက်များအရ အွန်လိုင်းအသုံးပြုသူများ၏ ၄၂ ရာခိုင်နှုန်းသည် တစ်ခုထက်ပိုသောလူမှုဆက်ဆံရေးကွန်ရက် များကိုအသုံးပြုနေကြသည်။ အသက်အရွယ်ကြီးသူများ၏အွန်လိုင်း အသုံးပြုမှုမှာ မြင့်တက်လာသော်လည်း အများစုမှာမူ အသက် ၃၀ အောက်အရွယ်များသာဖြစ်ကြသည်။ ယေဘုယျအားဖြင့် တစ်နေ့ လျှင် ၇.၆ နာရီထက်ပိုပြီး လူမှုဆက်ဆံရေးကွန်ရက်များကိုအသုံးပြု ကြပြီးအများစုမှာ ကိုယ်ပိုင်မိုဘိုင်းလက်ကိုင်ဖုန်းများဖြင့် အသုံးပြု သည်ကိုတွေ့ရှိရသည်။

လူမှုဆက်သွယ်ရေးကွန်ရက်က ဘယ်လိုဆွဲဆောင်သလဲ
၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှု ပေးသောကုမ္ပဏီများက အမေရိကန်တွင် Dial Up ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့သည်။ ထို့နောက်တွင်မှ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပြီး ဂြိုဟ်တုစနစ်၊ ကြိုးမဲ့စနစ်၊ ဖိုက်ဘာဆက် ကြောင်းအစရှိသည်ဖြင့် ဝန်ဆောင်မှုများပေးနိုင်ခဲ့သည်။ လက်ရှိ အချိန်တွင်မူ အင်တာနက်ဆက်သွယ်ရေးစနစ်များကောင်းမွန်လာ သည်နှင့်အမျှ လူမှုဆက်ဆံရေးကွန်ရက်များကိုလွယ်ကူစွာအသုံးပြု နိုင်လာခြင်းကလည်း ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ဥပမာအားဖြင့် ဆိုသော် စာတိုက်မှတစ်ဆင့်စာများကိုပို့ဆောင်ခြင်းထက် အီးမေး များကိုအသုံးပြုပြီး အချိန်ကုန်၊ ငွေကုန်ကြေးကျသက်သာစွာဖြင့် လုပ် ဆောင်လာနိုင်ကြသည်။ ထိုအချက်အဆိုများအပေါ်တွင်အခြေခံပြီး လူမှုဆက်သွယ်ရေးကွန်ရက်များကိုတည်ဆောက်လာကြသည်။

ဖေ့စ်ဘွတ်ခ်၏ရည်ရွယ်ချက်ဆောင်ပုဒ်မှာ
ဖေ့စ်ဘွတ်ခ်၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိလူအများ ကိုလွယ်ကူပွင့်လင်းစွာဆက်သွယ်ချိတ်ဆက်ပြီး လူအားလုံးကို အချက် အလက်များ၊ သတင်းများ၊ အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီမျှဝေပေးစေနိုင်ရန်ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုခြင်းအားဖြင့် သူငယ်ချင်းများ၊ မိသားစုဝင်များဖြင့်ဆက် သွယ်ချိတ်ဆက်ပြီး လက်ရှိဖြစ်ပျက်နေသောအဖြစ်အပျက်များ၊ အခြေအနေများကို မျှဝေဖော်ပြစေနိုင်ရန်ဖြစ်သည်။
ထိုကဲ့သို့သောဆောင်ပုဒ်ရည်ရွယ်ချက်များဖြင့် လူအများ စု၏အခက်အခဲများကို လွယ်လင့်တကူဆက်သွယ်ချိတ်ဆက်ဖြေရှင်း ပေးနိုင်မှုများကြောင့် လူမှုဆက်သွယ်ရေးကွန်ရက်များကို ပိုမိုအသုံး ပြုမှုများပြားလာခဲ့ကြသည်။

လူမှုဆက်သွယ်ရေးကွန်ရက်များအသုံးပြုရခြင်းကိုစွဲလမ်းခြင်း
လတ်တလောဆန်းစစ်ထားသော အချက်အလက်များအရ အသုံးပြုသူများ၏ ၆၃ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်ဝင်ရောက်အသုံးပြုပြီး ၄၀ ရာခိုင်နှုန်းနှင့်အထက်သည် တစ်ကြိမ်ထက်ပိုပြီး ဝင်ရောက်အသုံးပြုကြောင်းတွေ့ရှိရသည်။ အသုံး ပြုသူများသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် လူမှုဆက်သွယ်ရေး ကွန်ရက်များကိုအသုံးပြုကြသည်။ အချို့က သူငယ်ချင်းများ၊ မိတ်ဆွေများနှင့် အခြားလူများ၏သတင်းများ၊ အချက်အလက်များ၊ ဓာတ်ပုံများကိုဖတ်ရှုကြပြီး အချို့ကမူ ခံစားချက်များ၊ ခံယူချက်များ (Status Update)ကိုတင်လေ့ရှိသည်။ Dr. Shannon M. Rauch (Benedictine University at Mesa, AZ) က လူမှု ဆက်ဆံရေးကွန်ရက်များကိုအသုံးပြုခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊အပျင်းပြေစေခြင်းတို့ကိုဖြစ်စေသည်ဟုဆိုသည်။လူမှုဆက်ဆံရေးကွန်ရက်များသည် လူတစ်ယောက်ကို အချိန် ပြည့်သုံးပြုစေနိုင်ရန်အတွက် အမြဲတွန်းအားပေးနေသည်ဟု သူက ဆိုသည်။ Status Update လုပ်သူတစ်ယောက်သည် မိမိ၏ Status တွင် Comment များ၊ Like များရလာသည်နှင့်တစ်ပြိုင်နက် ထိုကဲ့သို့သော Update ပြုလုပ်ခြင်းကို တွန်းအားပေးသကဲ့သို့ဖြစ် စေပြီး ထပ်ကာထပ်ကာပြုလုပ်စေကာအလေ့အကျင့်တစ်ခုသဖွယ်ပြောင်းလဲသွားနိုင်သည်။ထိုကဲ့သို့သောအကြောင်းအရာအပြုအမူ များသည် ဖေ့စ်ဘွတ်ခ်အသုံးပြုခြင်းအပေါ် စွဲလမ်းမှုကိုပိုမိုဖြစ်စေ နိုင်သည့်အရာပင်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသောတွေ့ရှိ ချက်တစ်ခုမှာ စိတ်လှုပ်ရှားမှုများသော၊ စိတ်ခံစားမှုများသော၊ လူမှု ဆက်ဆံရေးအားနည်းသောသူများသည်အင်တာနက်တွင်လူမှုဆက်ဆံရေးကွန်ရက်ကိုပိုမိုအသုံးပြုကြောင်းတွေ့ရှိရသည်။လူမှုဆက်သွယ်ရေးကွန်ရက်အသုံးပြုသူများတွင် ကောင်းမွန်သောစိတ်ခံစားမှုများကိုလည်းခံစားရရှိစေနိုင်ပါသည်။ လေ့လာချက်များအရ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုစွဲလမ်းသူများသည် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုခြင်းဖြင့်မိမိကိုယ်မိမိယုံကြည်ချက်တိုးတက်ခိုင်မာလာခြင်း၊စိတ်ကျေနပ်မှုရှိခြင်းများကိုလည်းတွေ့ရှိရသည်။ သို့သော် မည်သည့် အရာတွင်မဆို အကောင်းသည်နှင့်အဆိုးသည် ဒွန်တွဲနေတတ် ပေသည်။

လူမှုဆက်ဆံရေးကွန်ရက်အသုံးပြုခြင်းနှင့် စိတ်ခံစားမှုများ
၂၀၁၂ ခုနှစ်တွင်ပြုလုပ်ခဲ့သော Anxiety UK Survery on Social Media Use မှတွေ့ရှိချက်အရ လူမှုဆက်သွယ်ရေးကွန်ရက်အသုံးပြုသူများ၏၅၃ရာခိုင်နှုန်းသည်အနေအထိုင်နှင့် ပြုမူပုံစရိုက်များပြောင်းလဲစေခဲ့ပြီး ထိုထဲမှ ၅၁ ရာခိုင်နှုန်းသည် အဆိုး ဘက်သို့ပြောင်းလဲသွားစေခဲ့သည်ဟုဆိုသည်။ ကွန်ရက်အသုံးပြု သူများသည် မိမိကိုယ်ကိုယ်သူတစ်ပါးနှင့်နှိုင်းယှဉ်ပြီး စိတ်အားငယ်မှု၊ စိတ်ဓာတ်ကျမှု အစရှိသည့်စိတ်ခံစားမှုဆိုးရွားခြင်းများကိုခံစားရ ကြောင်းတွေ့ရှိရသည်။ မိမိသူငယ်ချင်းများ၊ မိတ်ဆွေများ၏ အောင်မြင်မှုများဖြင့်နှိုင်းယှဉ်ပြီး ယုံကြည်ချက်လျော့နည်းကာ စိတ် ခံစားမှုကိုပိုမိုဆိုးရွားစေသည်ဟုဆိုသည်။ ထို့ပြင် လေ့လာဆန်းစစ် ချက်တွင်ပါဝင်သူများ၏ ၆၅ ရာခိုင်နှုန်းကျော်သည် လူမှုဆက် သွယ်ရေးကွန်ရက်များကိုအသုံးပြုခြင်းဖြင့် စိတ်ကျဉ်းကျပ်ခြင်း၊ စိတ်ညစ်စေခြင်း၊ စိတ်ဖြေလျှော့မှုခက်ခဲစေခြင်းတို့အပြင် နောက်ဆုံး အိပ်မပျော်ခြင်းကိုပါခံစားရသည်ဟုဆိုပြီး ထိုထဲမှ ၅၅ ရာခိုင်နှုန်း ခန့်သည် လူမှုဆက်သွယ်ရေးကွန်ရက်များကိုအသုံးမပြုရသည့်အချိန် များတွင် စိတ်ပူပန်ခြင်း၊စိတ်မသက်မသာဖြစ်ခြင်းတို့ကိုပါခံစား စေရကြောင်းတွေ့ရှိရသည်။အထက်ကဆိုခဲ့သည့်အတိုင်းအသက်၃၀ အောက်အရွယ်များတွင်လူမှုဆက်သွယ်ရေးကွန်ရက်များကို အများဆုံးအသုံးပြုကြသည့်အလျောက်ဆိုက်ဘာတိုက်ခိုက်မှုများ၊လူမှုရေးတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခံရကြောင်းတွေ့ရှိရသည်။ ထို့အတွက်ကြောင့် ကလေးသူငယ်များတွင်လည်း မိဘများ၏စောင့် ကြည့်မှုအောက်မှသာ ဆက်သွယ်ရေးကွန်ရက်များကိုအသုံးပြုသင့် သည်ဟုဆိုသည်။ ထို့ပြင် အသုံးပြုရာတွင်လည်း အချိန်အတိုင်း အတာတစ်ခုဖြင့်သာအသုံးပြုခြင်းဖြင့် မိမိကိုယ်ကိုပိုမိုအကျိုးရှိစေ သည်ဟုလည်းဆိုသည်။

 

Previous Post

ကင်ဆာအတွက်မျှော်လင့်ချက်ပေါ်ပြီလား

Next Post

အစားအသောက်ဓာတ်မတည့်ခြင်းကြောင့် အဆိပ်သင့်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
629
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
365

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
662

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစားအသောက်ဓာတ်မတည့်ခြင်းကြောင့် အဆိပ်သင့်ခြင်း

မိုးရာသီအတွင်းပျော်ရွှင်နိုင်စေဖို့

အိပ်ရေးဝဝအိပ်ရအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.