fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)

260
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)

အရေပြားမှာ အနာတစ်ခုခုကြောင့်ဖြစ်စေ ခွဲစိတ်ထားတာကြောင့်ဖြစ်စေ ထိခိုက်မိထားတဲ့အခါ အနာကနေပြီး အမာရွတ်ဖြစ်ကျန်နေခဲ့တာ ပုံမှန်ပါ။ ဒါပေမယ့် တစ်ချို့သူတွေမှာတော့ အမာရွတ်က ဖြစ်တဲ့ အနာထက်အဆမတန်ပိုပြီး ကြီးထွားလာတတ်ပါတယ်။ ဒါကို ကီးလွိုက် (Keloid)လို့ ခေါ်ပါတယ် ။
ကီးလွိုက်တွေက ရင်ဘတ် ပခုံး နား နဲ့ မျက်နှာတွေမှာ အများဆုံးပိုဖြစ်တယ်။ ဒါပေမယ့်လည်း ကီးလွိုက်ဖြစ်တဲ့ လူနာမှာ ဘယ်နေရာမှာဖြစ်ဖြစ် အမာရွတ်ဖြစ်တိုင်း ကီးလွိုက်ဖြစ်နိုင်ချေရှိတာကြောင့် ကီးလွိုက်က နေရာတိုင်းမှာဖြစ်နိုင်ပါတယ် ။
အမာရွတ်ကနေ ကီးလွိုက်တစ်ခုဖြစ်လာစေဖို့ လနဲ့ချီကြာတတ်ပါတယ်။ ကီးလွိုက်တွေက အနည်းငယ်တော့ ယားတတ်တာကလွဲပြီး အန္တရာယ် မရှိတတ်ပါဘူး။ ကီးလွိုက်ဖြစ်တဲ့နေရာက အဝတ်အထည်တွေနဲ့ ပွတ်တိုက်မိတယ်ဆိုရင်တော့ အနာဖြစ်တာတွေ သွေးထွက်တာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကီးလွိုက်တွေက မာမာတင်းတင်းကြီးတွေဖြစ်ပြီး ကိုယ်ခန္ဓာ လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေပါတယ် ။
ကီးလွိုက်တွေက အမာရွတ်ကနေ ဆက်ဖြစ်လာပေမယ့် အသားလိုမျိုး ဖြစ်နေပြီး အနီရောင်ရှိပါတယ်။ အမာရွတ်ဆိုတာပျောက်ပြီး အရေပြားကနေ ကီးလွိုက်ပဲ အပြင်ကို ဖုထွက်နေတတ်ပါတယ်။ ကိုင်ကြည့်ရင် မာပါတယ်။ တစ်ခါတစ်လေတော့ ယားယံတတ်ပါတယ် ။
နေရောင်ခြည်နဲ့ ထိတွေ့ရလေလေ ကီးလွိုက်တွေက ဘေးအရေပြားတွေထက် အရောင်ပိုရင့်ပြီး ပိုသိသာတတ်ပါတယ်။ ဒါကြောင့် ကီးလွိုက်ဖြစ်တဲ့ နေရာတွေကို နေရောင်မထိအောင် ကာကွယ်ထားဖို့ လိုပါတယ် ။
ကီးလွိုက် က ယောကျ်ားမိန်းမ မရွေးဖြစ်နိုင်ပါတယ်။ အသက် ၃၀အောက်တွေမှာ စဖြစ်တတ်ပါတယ်။ အသားအရောင်ရင့်တဲ့သူတွေမှာ ပိုဖြစ်လွယ်ပါတယ် ။
ကီးလွိုက်တွေက တစ်ယောက်နဲ့ တစ်ယောက် မကူးတတ်ပါဘူး။ ထိမိလည်း မကူးပါဘူး။ အဖေအမေမှာ ဖြစ်လို့ သားသမီးဖြစ်တယ်ဆိုတာလည်း မရှိပါဘူး။ ဖြစ်ချင်တဲ့သူမှာ ဖြစ်တာပါ။ ကီးလွိုက်စဖြစ်တဲ့သူကတော့ နားဖောက်တာတွေ ဆေးမင်ကြောင်ထိုးတာတွေ မလုပ်ရပါဘူး။ ကီးလွိုက်မဖြစ်ခင်က ဒဏ်ရာတွေက ကိစ္စမရှိပေမယ့် ဖြစ်ပြီးမှ အရေပြားထိခိုက်တာဖြစ်တိုင်း ကီးလွိုက်ဖြစ်နိုင်ချေ ရှိပါတယ် ။
ကီးလွိုက်တွေက ပုံမှန်အားဖြင့်တော့ အန္တရာယ်မရှိပေမယ့် ကြီးထွားမှုအရမ်းမြန်လာတယ်ဆို ကင်ဆာကို စစ်ဆေးဖို့ အသားစ ပို့ရန်လိုပါတယ် ။
ကီးလွိုက်တွေကို လုံးဝပျောက်ကင်းအောင်လုပ်ဖို့ဆိုတာတော့ မလွယ်လှပါဘူ။း တစိချို့တွေက ကီးလွိုက်ထဲကို ဆေးထိုးပါတယ်။ Steroid ပါတဲ့ ဆေးတွေပါ။ တစ်ခါတည်းထိုးရုံက မရတတ်ဘူ။း ဆေးထိုးပြီး သေးလာလားကို ပြန်ကြည့်ပါတယ်။ တစ်ချို့တွေကတော့ ကီးလွိုက်တွေအပေါ်ကနေ lotion တွေ လိမ်းကြတယ် မာနေတာတွေ ပျော့သွားတတ်တယ် ။
ကီးလွိုက်တွေကို အရွယ်သေးငယ်လာအောင်တော့ လေဆာပစ်ကြတာလည်းရှိသလို ဓာတ်ရောင်ခြည်ခံကြတာလည်းရှိပါတယ် အလှအပဆေးခန်းတွေမှာ လုပ်ပေးတတ်ပါတယ် ။
တစ်ချို့ကတော့ ကီးလွိုက်တွေကို ဝိုက်လှီးပါတယ်။ ကီးလွိုက်ဖြစ်ထားဖူးသားသူမှာ အရေပြားထပ်ပြီး ဒဏ်ရာဖြစ်ရင် ကီးလွိုက်ထပ်ဖြစ်နိုင်ပါတယ် ဒါကြောင့် ဝိုက်လှီးတဲ့သူတွေက လှီးပြီးစဖြစ်လာတဲ့ အမာရွတ်ကို ဆေးထိုးတတ်ကြတယ်။ တစ်ချို့ကတော့ ဆီလီကွန် gelတွေ သုံးပြီး ကပ်ကြတယ် ။
ကီးလွိုက်တွေကို မလိုချင်လို့ ဆေးခန်းပြမယ်ဆိုရင် အထွေထွေ ခွဲစိတ်ဆရာဝန်တွေ ပြလို့ရပါတယ်။ တစ်ချို့တွေကတော့ အလှအပရေးရာ ဆရာဝန်တွေပြကြပါတယ်။ ကီးလွိုက်ဖျောက်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကြပေမယ့်လည်း အပြီးပျောက်တယ်ဆိုတာ ရှိတော့ရှိပေမယ့် ရှားပါတယ် ။

Dr. CST

Unicode Version

Previous Post

ဘောလုံးကန်ရင်းနဲ့ ဘာကြောင့် သေနိုင်လဲ

Next Post

” ကိုယ်ဝန်အစောပိုင်း ( ပထမ ၃လ ) လက္ခဏာများ “

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
569
Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.4k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
910
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
858
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
129

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" ကိုယ်ဝန်အစောပိုင်း ( ပထမ ၃လ ) လက္ခဏာများ "

အနာပဆုပ်ကို ဘယ်လိုအခြေအနေမှာ အချိန်မဆွဲဘဲ ဆေးခန်းပြသင့်သလဲ

ချဉ်ပေါင်ရွက်ရဲ့ အံ့သြစရာကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.