fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာရောဂါအကြောင်း ပြောရအောင်

402
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/01/2018
in ရောဂါကြီးများ
1 min read
A A

ပာင္းလဲတိုးတက္လာတဲ့ နည္းပညာေတြနဲ႔အတူ ရွာေဖြေတြ႕ရွိမႈအသစ္ေတြထဲမွာ ေရာဂါဘယေတြလည္း ထိပ္ဆံုးကပါလာခဲ့တယ္။ အဲဒီထဲကမွ ကင္ဆာဆိုတာႀကီး ေပၚေပါက္လာတေတာ့ လူသားေတြအတြက္ ေခ်ာက္ခ်ားစရာပါပဲ။

ကင္ဆာစတင္ျဖစ္ေပၚခ်ိန္မွာေတာ့ လကၡဏာျပေလ့မရွိပါဘူး။ အမ်ားအားျဖင့္ အလံုးအက်ိတ္ေပၚလာတာ၊ အနာျဖစ္လာတာကေန စတတ္ပါတယ္။ ဒါေပမဲ့ ျဖစ္တဲ့ေနရာနဲ႔ ကင္ဆာရဲ႕ ျခားနားတဲ့ သဘာဝေတြလိုက္ၿပီး တစ္ခုနဲ႔တစ္ခု ထပ္တူေတာ့မဟုတ္ပါဘူး။ တခ်ိဳ႕ဆိုရင္ တျခားေရာဂါကို ကုသရင္းကေန ေတြ႕ရွိရတတ္တာပါ။ ကင္ဆာစျဖစ္တဲ့ေနရာမွာ လကၡဏာျပတာမ်ိဳး ရွိသလို ေရာဂါရင့္ၿပီး တျခားေနရာေတြကို ပ်ံ႕ပြားၿပီးမွ ျပတတ္တဲ့ လကၡဏာေတြလည္း ရွိပါတယ္။

မူလျဖစ္တဲ့ေနရာမွာေတာ့ အမ်ားအားျဖင့္ အလံုးအက်ိတ္ေၾကာင့္နဲ႔ အနာျဖစ္လာတာေၾကာင့္ လကၡဏာေတြေပၚလာပါတယ္။ ဥပမာ – အဆုတ္ကင္ဆာျဖစ္ရင္ ေလျပြန္ေတြပိတ္ၿပီး ေခ်ာင္းဆိုးတာ၊ ေရာဂါပိုးေတြဝင္ၿပီး အဆုတ္ေရာင္ နမိုးနီးယားလို ျဖစ္တာေတြကို ေတြ႕ရမွာပါ။ အစာေရမ်ိဳျပြန္ Oesophagus ကင္ဆာဆိုရင္ အစာေရမ်ိဳက်ဥ္းၿပီး အစားစားရင္ နာက်င္တာ၊ နင္တာမ်ိဳးေတြျဖစ္တာပါ။ အူမႀကီးႏွင့္စအိုပိုင္းကင္ဆာေတြမွာဆိုရင္ ဝမ္းသြားေနက်ပံုစံ ေျပာင္းလဲလာတာမ်ိဳးပါ။

ရင္သားတို႔၊ ေဝွးေစ့တို႔လိုေနရာေတြမွာဆိုရင္ေတာ့ အလံုးအက်ိတ္ စမ္းမိတတ္ပါတယ္။ အက်ိတ္ေတြက အနာျဖစ္ၿပီး ေသြးယိုတဲ့အခါ ေခ်ာင္းဆိုးေသြးပါျဖစ္တာ၊ ေသြးအားနည္းတာ၊ ဝမ္းသြားရင္ ေသြးပါတာ၊ ဆီးအိမ္ကင္ဆာမွာဆိုရင္ ဆီးထဲ ေသြးပါတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အမ်ိဳးသမီးေတြျဖစ္တတ္တဲ့ သားအိမ္နဲ႔ပတ္သက္တဲ့ ကင္ဆာေတြက်ျပန္ေတာ့လည္း မိန္းမကိုယ္က ေသြးဆင္းတာေတြ ေတြ႕ရပါတယ္။ သိပ္ရင့္လာတဲ့အခါ မနာက်င္တဲ့ အလံုးအက်ိတ္က နာက်င္လာတတ္ျပန္ပါတယ္။ တစ္ခ်ိဳ႕ကင္ဆာေတြက်ေတာ့လည္း ဝမ္းဗိုက္မွာ၊ ရင္ဘတ္မွာ အရည္ေတြစုလာတတ္ျပန္ပါေသးတယ္။

ဒီလိုလကၡဏာေတြ ျပတိုင္းလည္း ကင္ဆာျဖစ္ေနၿပီလို႔ စိတၱဇမျဖစ္သင့္ပါဘူး။ ေသခ်ာေအာင္ စမ္းသပ္မႈေတြျပဳၿပီးမွသာ ကင္ဆာလို႔သတ္မွတ္ရမွာပါ။ အျခားေနရာေတြကို ပ်ံ႕ႏွံ႔လို႔ျဖစ္တဲ့ လကၡဏာေတြလည္း တစ္ကိုယ္လံုးမွာ ေတြ႕ရတတ္ပါတယ္။ ေသြးကင္ဆာလိုမ်ိဳးနဲ႔ အသည္း၊ ေက်ာက္ကပ္ကင္ဆာေတြမွာေတာ့ အေၾကာင္းရင္းရွာမရတဲ့ အဖ်ားတက္ေနတာကို ေတြ႕ရေလ့ရွိပါတယ္။

ပ်ံ႕ႏွံ႔တဲ႔ေနရာအလိုက္ လကၡဏာေတြကို ၾကည့္ရင္ ဦးေႏွာက္နဲ႔ပတ္သက္လာရင္ ေခါင္းကိုက္တာ၊ တက္ခ်က္တာ၊ မူးေဝတာေတြ အၿမဲျဖစ္တတ္ပါတယ္။ အသက္ရွဴလမ္းေၾကာင္းမွာဆိုရင္ ေခ်ာင္းဆိုးတာ၊ ေခ်ာင္းဆိုးေသြးပါျဖစ္တာ၊ အသက္ရွဴၾကပ္တာေတြ ျဖစ္တတ္ပါတယ္။ သားနံရည္က်ိတ္ေတြ ေရာင္ရမ္းႀကီးမားလာတာကလည္း ကင္ဆာရဲ႕ အေတြ႕မ်ားတဲ့ လကၡဏာပါပဲ။ အသည္းႀကီးတာ၊ သရက္ရြက္ႀကီးတာ၊ အသားဝါတဲ့ လကၡဏာေတြကိုလည္း ေရာဂါပ်ံ႕ႏွံ႕ရင္ ေတြ႕ရပါတယ္။

အရိုးေတြ နာက်င္တာ၊ အလိုလိုေနရင္း က်ိဳးတာေတြလည္း ေတြ႕ရတတ္ပါတယ္။ လက္ေခ်ာင္းမွာ လက္သည္းေတြ တင္းပုတ္ႀကီးလိုျဖစ္လာတာ၊ ေရဖ်ဥ္းျဖစ္တာ၊ ဦးေႏွာက္အာရံုေၾကာဆိုင္ရာ ျပႆနာေတြ ႀကံဳလာတာကလည္း ကင္ဆာကို ထည့္တြက္စဥ္းစားရမယ့္ ပ်ံ႕ႏွံ႔ျခင္းလကၡဏာေတြပါပဲ။

ဘယ္ကင္ဆာက ဘာေၾကာင့္အျဖစ္မ်ားတယ္ဆိုတာကို ေလ့လာေတြ႕ရွိခ်က္ေတြနဲ႔ ေျပာဆိုလာႏိုင္ေပမယ့္ ဒါ့ေၾကာင့္ဒါျဖစ္တယ္လို႔ တစ္ထစ္ခ်ေျပာဖို႔ မျဖစ္ႏိုင္ေသးတာေတြလည္း ေတြ႔ေနရဆဲပါ။

ေဆးလိပ္ေသာက္တာက ကင္ဆာေၾကာင့္ ေသဆံုးမႈမွာ ၂၂ ရာခိုင္ႏႈန္းေလာက္ေတြ႕ရၿပီး အဝလြန္တာ၊ မွ်တတဲ့ အစားအေသာက္ေတြမစားတာ၊ ကိုယ္လက္လႈပ္ရွားမႈမရွိတာ၊ အရက္ေသာက္သံုးတဲ့ အေလ့အထရွိသူေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းက ကင္ဆာေၾကာင့္ ေသဆံုးႏိုင္တယ္လို႔ ဆိုပါတယ္။ တျခားအေၾကာင္းအရာေတြထဲမွာေတာ့ ကူးစက္ေရာဂါေတြ၊ အသည္းေရာင္ပိုး၊ သားအိမ္ေခါင္းကင္ဆာျဖစ္ေစတဲ့ပိုး စသျဖင့္နဲ႔ ဓာတ္ေရာင္ျခည္ ထိေတြ႕ျခင္းေတြ ပါဝင္ပါတယ္။

မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံေတြအတြက္ကေတာ့ ကင္ဆာစုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္က အသည္းေရာင္ပိုး၊ ဘီ၊ စီနဲ႔ သားအိမ္ေခါင္းကင္ဆာျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာကို ေတြ႕ရတယ္လို႔ ဆုိပါတယ္။ ဒါ့ျပင္ ကင္ဆာျဖစ္ရျခင္း အေၾကာင္းရင္းေတြထဲမွာ မ်ိဳးရိုးဗီဇကလည္း တစ္စိတ္တစ္ပိုင္းပါဝင္ေနၿပီး ကင္ဆာေရာဂါသည္ ၅ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းဟာ မ်ိဳးရိုးလိုက္တာျဖစ္ပါတယ္။

ဆားအငံစားတာမ်ားလို႔ အစာအိမ္ကင္ဆာျဖစ္တာ၊ ကြမ္းစားလို႔ ခံတြင္းကင္ဆာျဖစ္တာ၊ အသည္းေရာင္ဘီ၊ စီပိုးေတြေၾကာင့္ အသည္းကင္ဆာျဖစ္တာဆိုသလို တိက်တဲ့အေၾကာင္းေတြလည္း ရွိတတ္ပါတယ္။ ေသြးဆံုးအမ်ိဳးသမီးေတြရဲ႕ ေဟာ္မုန္းကုထံုးေတြ၊ ခရမ္းလြန္ေရာင္ျခည္နဲ႔ ထိေတြ႕မႈမ်ားျပားတာေတြလည္း အေၾကာင္းေတြပါပဲ။

ခ်ဳပ္ေျပာရရင္ ထူးထူးဆန္းဆန္း အဖုအက်ိတ္ေတြ ထြက္လာရင္ ပံုမွန္မဟုတ္ဘဲ ေခ်ာင္းဆိုးတာရက္ၾကာရွည္ေနရင္၊ ပံုမွန္မဟုတ္ဘဲ ဝမ္းပ်က္တာ၊ ဝမ္းခ်ဳပ္တာ၊ ဝမ္းသြားခ်ိန္နဲ႔ ဝမ္းပမာဏ ေျပာင္းလဲလာရင္ အမ်ိဳးသားပဲျဖစ္ျဖစ္၊ အမ်ိဳးသမီးပဲျဖစ္ျဖစ္ ဆီးထဲမွာေသြးပါတာ၊ ဆီးသြားခ်င္ရင္ မထိန္းႏိုင္တာ၊ ဆီးသြားရင္က်င္တာ စတဲ့လကၡဏာေတြေတြ႕ရင္ ခႏၶာကိုယ္တစ္ေနရာရာက အေၾကာင္းရင္းမရွိဘဲ အၿမဲနာက်င္ကိုက္ခဲေနရင္၊ နာတာရွည္ လည္ေခ်ာင္းနာရင္၊ အေၾကာင္းရင္းမရွိဘဲ ကိုယ္အေလးခ်ိန္ ၁၀ ေပါင္နဲ႔ အထက္က်ဆင္းသြားရင္၊ လည္ေခ်ာင္းက်ဥ္းသြားၿပီး အစာမ်ိဳရခက္ေနရင္ ဆရာဝန္နဲ႔ ျပသစစ္ေဆးၾကည့္ပါ။

ေခ်ာင္းဆိုးေသြးပါျခင္းက အဆုတ္ကင္ဆာ၊ ဝမ္းသြားလွ်င္ ေသြးပါျခင္းက အူမႀကီးကင္ဆာ၊ ႏို႔သီးေခါင္းကေန ေသြးထြက္ရင္ ရင္သားကင္ဆာ၊ ဆီးထဲမွာ ေသြးပါရင္ ဆီးအိမ္ (သို႔မဟုတ္) ေက်ာက္ကပ္ကင္ဆာ စသည္ျဖင့္ ကင္ဆာအမ်ိဳးမ်ိဳးရွိပါတယ္။ အမ်ိဳးသမီးေတြမွာ အေၾကာင္းရင္းမရွိဘဲ ေသြးဆင္းေနတယ္ဆိုရင္ သားအိမ္ေခါင္းႏွင့္ သားအိမ္ကင္ဆာျဖစ္ႏိုင္လို႔ စစ္ေဆးၾကည့္ပါ။ လူ႕ခႏၶာကိုယ္ အေရျပားမွာရွိတဲ့ မွဲ႔မွာ အေျပာင္းအလဲတစ္ခုုခုရွိလာရင္ အေရျပားကင္ဆာရဲ႕ အေစာပိုင္းလကၡဏာ ျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ ေသခ်ာစြာစစ္ေဆးၿပီး ကုသမႈခံယူပါ။

၂၀၁၆ ခုႏွစ္၊ ေလ့ာလာခ်က္အရ ၁ ႏွစ္အတြင္း ကင္ဆာေဝဒနာရွင္ ၁၄.၁ သန္း လူနာသစ္ေတြ႕ရၿပီး ၈.၂ သန္းကေတာ့ ေသဆံုးၾကတယ္လို႔ ဆိုပါတယ္။ အဆုတ္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အူမႀကီးနဲ႔စအိုကင္ဆာ အစာအိမ္ကင္ဆာ၊ အသည္းကင္ဆာတို႔က အေတြ႕ရမ်ားၿပီး အမ်ိဳးသမီးေတြမွာေတာ့ ရင္သားကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာေတြ အျဖစ္မ်ားတာ ေတြ႕ရပါတယ္။ အေရျပားကင္ဆာ၊ ဦးေႏွာက္ကင္ဆာ၊ ေသြးကင္ဆာေတြလည္း ေတြ႕ရွိရတဲ့ အထဲမွာ ပါဝင္ပါတယ္။

အေနအထိုင္ အစားအေသာက္ပိုင္း ဆင္ျခင္မယ္။ ေဆးလိပ္မေသာက္တာ၊ အဝမလြန္ေအာင္ထိန္းတာ၊ အာဟာရမွ်တတဲ့ အစားအေသာက္ေတြကို ေရြးခ်ယ္စားေသာက္တာေတြက ကင္ဆာေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမရွိတာ၊ အရက္ေသာက္လြန္တာ၊ လိင္နဲ႔ပတ္သက္တဲ့ ကူးစက္ေရာဂါျဖစ္တာ။ ေလထုညစ္ညမ္းတာေတြကလည္း ကင္ဆာျဖစ္ေစတာမို႔ သတိျပဳေရွာင္ၾကဥ္ပါ။ ခရမ္းလြန္ေရာင္ျခည္၊ ဓာတ္ေရာင္ျခည္ေတြ အခ်ိန္ရွည္ၾကာမထိေတြ႕ေအာင္ ေနထိုင္ဖို႔လည္းလုိပါတယ္။

ေၾကာက္စရာေကာင္းေပမယ့္ အေၾကာက္မလြန္ရေအာင္ အေျခခံအခ်က္ကေလးေတြကို ဗဟုသုတအျဖစ္ အသိေပးေရးသားရပါတယ္။ ။
(ဆရာေဒါက္တာသက္ဦးႏွင့္ ဆရာမ ေဒါက္တာျမမ်ိဳးမ်ိဳးေဆြတို႔အား ေက်းဇူးတင္စြာ)

Author: ညီညီေက်ာ္, Healthcare Journal Vol 8,no 48 (15.12.17) Pg 14

Unicode

ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ရှာဖွေတွေ့ရှိမှုအသစ်တွေထဲမှာ ရောဂါဘယတွေလည်း ထိပ်ဆုံးကပါလာခဲ့တယ်။ အဲဒီထဲကမှ ကင်ဆာဆိုတာကြီး ပေါ်ပေါက်လာတတော့ လူသားတွေအတွက် ချောက်ချားစရာပါပဲ။

ကင်ဆာစတင်ဖြစ်ပေါ်ချိန်မှာတော့ လက္ခဏာပြလေ့မရှိပါဘူး။ အများအားဖြင့် အလုံးအကျိတ်ပေါ်လာတာ၊ အနာဖြစ်လာတာကနေ စတတ်ပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့နေရာနဲ့ ကင်ဆာရဲ့ ခြားနားတဲ့ သဘာဝတွေလိုက်ပြီး တစ်ခုနဲ့တစ်ခု ထပ်တူတော့မဟုတ်ပါဘူး။ တချို့ဆိုရင် တခြားရောဂါကို ကုသရင်းကနေ တွေ့ရှိရတတ်တာပါ။ ကင်ဆာစဖြစ်တဲ့နေရာမှာ လက္ခဏာပြတာမျိုး ရှိသလို ရောဂါရင့်ပြီး တခြားနေရာတွေကို ပျံ့ပွားပြီးမှ ပြတတ်တဲ့ လက္ခဏာတွေလည်း ရှိပါတယ်။

မူလဖြစ်တဲ့နေရာမှာတော့ အများအားဖြင့် အလုံးအကျိတ်ကြောင့်နဲ့ အနာဖြစ်လာတာကြောင့် လက္ခဏာတွေပေါ်လာပါတယ်။ ဥပမာ – အဆုတ်ကင်ဆာဖြစ်ရင် လေပြွန်တွေပိတ်ပြီး ချောင်းဆိုးတာ၊ ရောဂါပိုးတွေဝင်ပြီး အဆုတ်ရောင် နမိုးနီးယားလို ဖြစ်တာတွေကို တွေ့ရမှာပါ။ အစာရေမျိုပြွန် Oesophagus ကင်ဆာဆိုရင် အစာရေမျိုကျဉ်းပြီး အစားစားရင် နာကျင်တာ၊ နင်တာမျိုးတွေဖြစ်တာပါ။ အူမကြီးနှင့်စအိုပိုင်းကင်ဆာတွေမှာဆိုရင် ဝမ်းသွားနေကျပုံစံ ပြောင်းလဲလာတာမျိုးပါ။

ရင်သားတို့၊ ဝှေးစေ့တို့လိုနေရာတွေမှာဆိုရင်တော့ အလုံးအကျိတ် စမ်းမိတတ်ပါတယ်။ အကျိတ်တွေက အနာဖြစ်ပြီး သွေးယိုတဲ့အခါ ချောင်းဆိုးသွေးပါဖြစ်တာ၊ သွေးအားနည်းတာ၊ ဝမ်းသွားရင် သွေးပါတာ၊ ဆီးအိမ်ကင်ဆာမှာဆိုရင် ဆီးထဲ သွေးပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေဖြစ်တတ်တဲ့ သားအိမ်နဲ့ပတ်သက်တဲ့ ကင်ဆာတွေကျပြန်တော့လည်း မိန်းမကိုယ်က သွေးဆင်းတာတွေ တွေ့ရပါတယ်။ သိပ်ရင့်လာတဲ့အခါ မနာကျင်တဲ့ အလုံးအကျိတ်က နာကျင်လာတတ်ပြန်ပါတယ်။ တစ်ချို့ကင်ဆာတွေကျတော့လည်း ဝမ်းဗိုက်မှာ၊ ရင်ဘတ်မှာ အရည်တွေစုလာတတ်ပြန်ပါသေးတယ်။

ဒီလိုလက္ခဏာတွေ ပြတိုင်းလည်း ကင်ဆာဖြစ်နေပြီလို့ စိတ္တဇမဖြစ်သင့်ပါဘူး။ သေချာအောင် စမ်းသပ်မှုတွေပြုပြီးမှသာ ကင်ဆာလို့သတ်မှတ်ရမှာပါ။ အခြားနေရာတွေကို ပျံ့နှံ့လို့ဖြစ်တဲ့ လက္ခဏာတွေလည်း တစ်ကိုယ်လုံးမှာ တွေ့ရတတ်ပါတယ်။ သွေးကင်ဆာလိုမျိုးနဲ့ အသည်း၊ ကျောက်ကပ်ကင်ဆာတွေမှာတော့ အကြောင်းရင်းရှာမရတဲ့ အဖျားတက်နေတာကို တွေ့ရလေ့ရှိပါတယ်။

ပျံ့နှံ့တဲ့နေရာအလိုက် လက္ခဏာတွေကို ကြည့်ရင် ဦးနှောက်နဲ့ပတ်သက်လာရင် ခေါင်းကိုက်တာ၊ တက်ချက်တာ၊ မူးဝေတာတွေ အမြဲဖြစ်တတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာဆိုရင် ချောင်းဆိုးတာ၊ ချောင်းဆိုးသွေးပါဖြစ်တာ၊ အသက်ရှူကြပ်တာတွေ ဖြစ်တတ်ပါတယ်။ သားနံရည်ကျိတ်တွေ ရောင်ရမ်းကြီးမားလာတာကလည်း ကင်ဆာရဲ့ အတွေ့များတဲ့ လက္ခဏာပါပဲ။ အသည်းကြီးတာ၊ သရက်ရွက်ကြီးတာ၊ အသားဝါတဲ့ လက္ခဏာတွေကိုလည်း ရောဂါပျံ့နှံ့ရင် တွေ့ရပါတယ်။

အရိုးတွေ နာကျင်တာ၊ အလိုလိုနေရင်း ကျိုးတာတွေလည်း တွေ့ရတတ်ပါတယ်။ လက်ချောင်းမှာ လက်သည်းတွေ တင်းပုတ်ကြီးလိုဖြစ်လာတာ၊ ရေဖျဉ်းဖြစ်တာ၊ ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာတွေ ကြုံလာတာကလည်း ကင်ဆာကို ထည့်တွက်စဉ်းစားရမယ့် ပျံ့နှံ့ခြင်းလက္ခဏာတွေပါပဲ။

ဘယ်ကင်ဆာက ဘာကြောင့်အဖြစ်များတယ်ဆိုတာကို လေ့လာတွေ့ရှိချက်တွေနဲ့ ပြောဆိုလာနိုင်ပေမယ့် ဒါ့ကြောင့်ဒါဖြစ်တယ်လို့ တစ်ထစ်ချပြောဖို့ မဖြစ်နိုင်သေးတာတွေလည်း တွေ့နေရဆဲပါ။

ဆေးလိပ်သောက်တာက ကင်ဆာကြောင့် သေဆုံးမှုမှာ ၂၂ ရာခိုင်နှုန်းလောက်တွေ့ရပြီး အဝလွန်တာ၊ မျှတတဲ့ အစားအသောက်တွေမစားတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အရက်သောက်သုံးတဲ့ အလေ့အထရှိသူတွေရဲ့ ၁၀ ရာခိုင်နှုန်းက ကင်ဆာကြောင့် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ တခြားအကြောင်းအရာတွေထဲမှာတော့ ကူးစက်ရောဂါတွေ၊ အသည်းရောင်ပိုး၊ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ပိုး စသဖြင့်နဲ့ ဓာတ်ရောင်ခြည် ထိတွေ့ခြင်းတွေ ပါဝင်ပါတယ်။

မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေအတွက်ကတော့ ကင်ဆာစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်က အသည်းရောင်ပိုး၊ ဘီ၊ စီနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ မျိုးရိုးဗီဇကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး ကင်ဆာရောဂါသည် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းဟာ မျိုးရိုးလိုက်တာဖြစ်ပါတယ်။

ဆားအငံစားတာများလို့ အစာအိမ်ကင်ဆာဖြစ်တာ၊ ကွမ်းစားလို့ ခံတွင်းကင်ဆာဖြစ်တာ၊ အသည်းရောင်ဘီ၊ စီပိုးတွေကြောင့် အသည်းကင်ဆာဖြစ်တာဆိုသလို တိကျတဲ့အကြောင်းတွေလည်း ရှိတတ်ပါတယ်။ သွေးဆုံးအမျိုးသမီးတွေရဲ့ ဟော်မုန်းကုထုံးတွေ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများပြားတာတွေလည်း အကြောင်းတွေပါပဲ။

ချုပ်ပြောရရင် ထူးထူးဆန်းဆန်း အဖုအကျိတ်တွေ ထွက်လာရင် ပုံမှန်မဟုတ်ဘဲ ချောင်းဆိုးတာရက်ကြာရှည်နေရင်၊ ပုံမှန်မဟုတ်ဘဲ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားချိန်နဲ့ ဝမ်းပမာဏ ပြောင်းလဲလာရင် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဆီးထဲမှာသွေးပါတာ၊ ဆီးသွားချင်ရင် မထိန်းနိုင်တာ၊ ဆီးသွားရင်ကျင်တာ စတဲ့လက္ခဏာတွေတွေ့ရင် ခန္ဓာကိုယ်တစ်နေရာရာက အကြောင်းရင်းမရှိဘဲ အမြဲနာကျင်ကိုက်ခဲနေရင်၊ နာတာရှည် လည်ချောင်းနာရင်၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့ အထက်ကျဆင်းသွားရင်၊ လည်ချောင်းကျဉ်းသွားပြီး အစာမျိုရခက်နေရင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ပါ။

ချောင်းဆိုးသွေးပါခြင်းက အဆုတ်ကင်ဆာ၊ ဝမ်းသွားလျှင် သွေးပါခြင်းက အူမကြီးကင်ဆာ၊ နို့သီးခေါင်းကနေ သွေးထွက်ရင် ရင်သားကင်ဆာ၊ ဆီးထဲမှာ သွေးပါရင် ဆီးအိမ် (သို့မဟုတ်) ကျောက်ကပ်ကင်ဆာ စသည်ဖြင့် ကင်ဆာအမျိုးမျိုးရှိပါတယ်။ အမျိုးသမီးတွေမှာ အကြောင်းရင်းမရှိဘဲ သွေးဆင်းနေတယ်ဆိုရင် သားအိမ်ခေါင်းနှင့် သားအိမ်ကင်ဆာဖြစ်နိုင်လို့ စစ်ဆေးကြည့်ပါ။ လူ့ခန္ဓာကိုယ် အရေပြားမှာရှိတဲ့ မှဲ့မှာ အပြောင်းအလဲတစ်ခုခုရှိလာရင် အရေပြားကင်ဆာရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာစွာစစ်ဆေးပြီး ကုသမှုခံယူပါ။

၂၀၁၆ ခုနှစ်၊ လေ့ာလာချက်အရ ၁ နှစ်အတွင်း ကင်ဆာဝေဒနာရှင် ၁၄.၁ သန်း လူနာသစ်တွေ့ရပြီး ၈.၂ သန်းကတော့ သေဆုံးကြတယ်လို့ ဆိုပါတယ်။ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးနဲ့စအိုကင်ဆာ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာတို့က အတွေ့ရများပြီး အမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေ အဖြစ်များတာ တွေ့ရပါတယ်။ အရေပြားကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ သွေးကင်ဆာတွေလည်း တွေ့ရှိရတဲ့ အထဲမှာ ပါဝင်ပါတယ်။

အနေအထိုင် အစားအသောက်ပိုင်း ဆင်ခြင်မယ်။ ဆေးလိပ်မသောက်တာ၊ အဝမလွန်အောင်ထိန်းတာ၊ အာဟာရမျှတတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်တာတွေက ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အရက်သောက်လွန်တာ၊ လိင်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါဖြစ်တာ။ လေထုညစ်ညမ်းတာတွေကလည်း ကင်ဆာဖြစ်စေတာမို့ သတိပြုရှောင်ကြဉ်ပါ။ ခရမ်းလွန်ရောင်ခြည်၊ ဓာတ်ရောင်ခြည်တွေ အချိန်ရှည်ကြာမထိတွေ့အောင် နေထိုင်ဖို့လည်းလိုပါတယ်။

ကြောက်စရာကောင်းပေမယ့် အကြောက်မလွန်ရအောင် အခြေခံအချက်ကလေးတွေကို ဗဟုသုတအဖြစ် အသိပေးရေးသားရပါတယ်။ ။
(ဆရာဒေါက်တာသက်ဦးနှင့် ဆရာမ ဒေါက်တာမြမျိုးမျိုးဆွေတို့အား ကျေးဇူးတင်စွာ)

Author: ညီညီကျော်, Healthcare Journal Vol 8,no 48 (15.12.17) Pg 14

Previous Post

ချွေးအနံ့ဆိုးကင်းအောင်

Next Post

အရေပြားအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားအကြောင်းသိကောင်းစရာ

ကလေးနို့တိုက်နည်း အနုပညာ

Variety of fresh raw organic fruits and vegetables in light blue containers sitting on bright blue wooden background

အသက်သတ်လွတ် စားခြင်းနဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.