fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း အပိုင်း ၂

287
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/03/2018
in ရောဂါကြီးများ
1 min read
A A

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း အပိုင်း ၂

အပိုင်း၁ မှာ အသားကျိတ်ခေါ် Fibroadenoma အကြောင်းကို ပြောပြဆွေးနွေးခဲ့ပါတယ်။
ခုအပိုင်း၂ မှာတော့ ကင်ဆာမဟုတ်တဲ့ ရင်သားမှာဖြစ်တတ်တဲ့ Fibroadenosis ဆိုတဲ့ အမျိုးအစားကြောင်းကို ပြောပြချင်ပါတယ်။ အင်္ဂလိပ်လို နာမည်အသံထွက်ကတော့ အရင်တခုနဲ့ ခပ်ဆင်ဆင်လေးပေမယ့် မတူပါဘူး။

Fibroadenosis ရောဂါဟာ Fibrocystic disease အမျိုးအစား ဖြစ်တယ်။ နာမည် အမျိုးမျိုးနဲ့ ခေါ်တယ်။ Mammary dysplasia, Chronic cystic mastitis or Hyperplastic cystic disease လို့လည်း ခေါ်ကြပါသေးတယ်။

လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေ အတက် အကျ ပြောင်းလဲမှုကြောင့်ဖြစ်တာပါ။ အသက် ၂၅ နဲ့ ၃၅ နှစ်ကြားအရွယ်တွေမှာ အဖြစ်များပါတယ်။ အများအားဖြင့်တော့ အသက် ၃၀ ကျော်သည်အထိအိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ၊ အိမ်ထောင်ပြုပြန်တော့လည်း ကလေးမယူတဲ့အမျိုးသမီးတွေ၊ ကလေးယူပြန်တော့လည်း ကလေးကိုမိမိနို့ချို မတိုက်ကျွေးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

Fibroadenosis ကို ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်လို့ပြောပေမယ့် အဖုအကျိတ်ကြီးအနေနဲ့မဟုတ်ဘဲ လက်နဲ့စမ်းမိရုံလောက်ပဲ တင်းတင်းလေး မာမာလေးရှိတတ်ပါတယ်။ တခါတရံကျ အရည်အိတ်(Cyst) အနေနဲ့လည်း တွေ့ရလေ့ရှိပါတယ်။ ရင်သားနှစ်ဖက်လုံးမှာဖြစ်နိုင်သလို ချိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။

ဒီ Fibroadenosis ကနေကင်ဆာမပြောင်းတတ်ပါဘူးလို့ အများစုကဆိုကြပါတယ်။ သို့သော် တချို့လေ့လာမှုစာတမ်းတွေကလည်း Fibroadenosis ထဲက မျိုးကွဲတခုဖြစ်တဲ့ Atypical ductal (ADH) Atypical Lobular hyperplasia (ALH) ဆိုရင်တော့ တချိန်မှာ Breast cancer ဖြစ်စေနိုင်တဲ့ အလားအလာရှိနိုင်တယ်လို့လည်းပြောကြပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ဆရာဝန်က ရောဂါရာဇဝင်ယူပြီးစမ်းသပ်တာတွေအပြင် ရင်သားဓါတ်မှန်(Mammogram)ရိုက်တာ၊အာထရာဆောင်းရိုက်တာ (Ultrasound scan) ၊ Fine Needle Aspiration Cytology(FNAC) လို့ခေါ်တဲ့ အပ်သေးသေးလေးနဲ့အသားစယူစစ်ဆေးတာ စသဖြင့် လုပ်ရနိုင်ပါတယ်။

Fibroadenosis ကို များသောအားဖြင့် သောက်ဆေး(Medical treatment)ပဲ ပေးလေ့ရှိပါတယ်။ ပြီးတော့ အစားသောက်နဲ့ နေထိုင်မှုပုံစံ ပြောင်းလဲဖို့လည်း ညွန်ကြားလေ့ရှိပါတယ်။(Diet and Lifestyle modification)။ အစားသောက်နဲ့ နေထိုင်မှုပုံစံ ဘယ်လိုပြောင်းလဲရမလဲဆိုတာကတော့ အဆီများတဲ့အစားစာတွေ ရှောင်တာ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေများများစားတာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ကိုယ်အလေးချိန် လျှော့တာ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ စသဖြင့်ပြောင်းလဲရပါမယ်။

>>>> ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း (အပိုင်း ၁) ဖတ္ရန္ <<<<

Author : Dr. 528

Previous Post

အိပ်ရေးမ၀လို့ ခေါင်းကိုက်ဝေဒနာခံစားရလျှင်

Next Post

ကလေးများနဲ့ အိပ်ချိန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
898
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
443

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများနဲ့ အိပ်ချိန်

လူတစ်ယောက် ရုတ်တရတ် နှလုံးခုန်ရပ် အသက်ရှူရပ်သွားရင် ဘာတွေလုပ်ရမလဲ?

မိခင်လောင်းများနှင့် အာဟာရ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.