(Zawgyi)
ေသြးကင္ဆာသည္ေသြးထဲတြင္ ပုံမွန္မဟုတ္ေသာ အေျခအေနမ်ားျဖစ္ပါသည္။
ေရာဂါျဖစ္ပြားမႈကိုတိက်စြာမ ေျပာႏိုင္ေသာ္လည္း ဓာတ္ေရာင္ျခည္ကိုထိေတြ႕မႈရွိပါက ျဖစ္ႏိုင္ေခ်ပိုမ်ားတတ္ပါသည္။ ေရာဂါလကၡဏာမ်ားကို တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္အခ်ိန္မီျပသရန္ လိုအပ္ပါသည္။
ကေလးမ်ားတြင္ေတြ႕ရွိရေသာ ေသြးကင္ဆာအမ်ိဳးအစား
ကေလးမ်ားတြင္ေသြးကင္ဆာအမ်ိဳးအစား သုံးမ်ိဳးေတြ႕ရွိရပါသည္။ အသက္သုံးႏွစ္မွ ေျခာက္ႏွစ္အ႐ြယ္ကေလး မ်ားတြင္ စတင္ျဖစ္ေပၚတတ္ပါသည္။ အျဖစ္အမ်ားဆုံး အမ်ိဳးအစားမွာ Acute Lymphoblastic Leukaemia ျဖစ္ပါသည္။ သို႔ရာတြင္ အဆင့္ျမင့္ကုသမႈမ်ားေပၚေပါက္ေနၿပီျဖစ္လို႔ ႀကိဳတင္သိရွိပါက ထိ ေရာက္စြာကုသႏိုင္ပါ သည္။
ဒုတိယအမ်ိဳးအစားမွာ ႐ိုးတြင္းျခင္ဆီေသြးကင္ဆာဟုေခၚေသာ Acute Myeloid Leukaemia ျဖစ္ၿပီး ေသြးကင္ဆာ(လူကီးမီးယားေရာဂါ) ျဖစ္ပြားသူေျခာက္ဦးတြင္ တစ္ဦးႏႈန္းျဖစ္တတ္ပါသည္။ တတိယအမ်ိဳးအစားမွာ Chronic Myeloid Leukaemia ျဖစ္ၿပီးေသြးကင္ဆာေရာဂါျဖစ္ပြားသူ ၂၀ ဦးတြင္တစ္ဦးႏႈန္း ျဖစ္တတ္ပါသည္။
လူႀကီးမ်ားတြင္ေတြ႕ရွိရေသာ ေသြးကင္ဆာအမ်ိဳးအစား
လူႀကီးမ်ားတြင္ Acute Myeloid Leukaemia ႏွင့္ Acute Lymphoblastic Leukaemia ဟူေသာအမ်ိဳးအစားကို ေတြ႕ရွိရပါသည္။ Chronic Myeloid Leukaemia ကိုလူလတ္ပိုင္းႏွင့္ လူငယ္ပိုင္း (အမ်ိဳးသားႏွင့္အမ်ိဳးသမီး ႏွစ္ မ်ိဳးစလုံး) တြင္ေတြ႕ရွိရၿပီး Chronic Lymphoblastic Leukaemia ကိုအသက္    ႀကီးေသာ အမ်ိဳးသမီးမ်ားတြင္ေတြ႕ ရွိရပါသည္။
ကေလးမ်ားတြင္ေတြ႕ရေသာ ေရာဂါလကၡဏာမ်ား
ကေလးမ်ားတြင္ ေသြးကင္ဆာျဖစ္ပါက အားအင္ကုန္ဆုံးျခင္း၊ စိတ္တိုျခင္း၊ အဖ်ားရွိျခင္းႏွင့္ ျဖဴဖပ္ျဖဴေရာ္ျဖစ္ ျခင္းမ်ားခံစားရႏိုင္ပါသည္။ ႏွာေခါင္းေသြးယို   ျခင္းႏွင့္ မၾကာခဏေရာဂါပိုးဝင္ျခင္းမ်ား ျဖစ္ေပၚတတ္ပါသည္။ ေသြးေျခဥျခင္း၊ အ႐ိုး (သို႔) အဆစ္နာျခင္းမ်ားလည္း ျဖစ္ေပၚတတ္ပါသည္။ ကေလးမ်ားအ  ေနျဖင့္ ေျခေထာက္ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနျခင္း (သို႔) လမ္းမေလွ်ာက္ႏိုင္ျခင္းမ်ားလည္း ႀကဳံေတြ႕ႏိုင္ပါသည္။
လူႀကီးမ်ားတြင္ေတြ႕ရေသာ ေရာဂါလကၡဏာမ်ား
လူႀကီးမ်ားတြင္ ေသြးကင္ဆာျဖစ္ပါက သြားဖုံးမွေသြးထြက္ျခင္း၊ တျဖည္းျဖည္းအားအင္ကုန္ခမ္းလာျခင္း၊ အစား စားခ်င္စိတ္မရွိျခင္း၊ ပိန္သြားျခင္း၊ ျဖဴဖပ္    ျဖဴေရာ္ျဖစ္ျခင္း၊ အဖ်ားရွိျခင္း၊ ညဘက္ေခြၽးထြက္ျခင္းႏွင့္ ျပန္ရည္က်ိတ္ မ်ားႀကီးျခင္းတို႔ ျဖစ္ေပၚတတ္ပါသည္။ လက္ေမာင္းႏွင့္ ေျခေထာက္မ်ားတြင္ေသြးေျခဥတတ္ပါသည္။ ဝမ္းဗိုက္အ ေပၚပိုင္း (အထူးသျဖင့္ ဘယ္ဘက္) မွနာက်င္မႈခံစားရတတ္ပါသည္။ အမ်ိဳးသမီးမ်ားတြင္ ဓမၼတာေသြးမ်ားစြာ ဆင္းတတ္ပါ သည္။
ေသြးကင္ဆာ၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
ေသြးကင္ဆာရွိေသာ ကေလးမ်ားတြင္ဝက္သက္ႏွင့္ ေရေက်ာက္မ်ားေပါက္ပါက စိုးရိမ္ရပါသည္။ ခုခံမႈအားနည္း သြားၿပီး သာမန္ေရာဂါဝင္႐ုံႏွင့္ အသက္ဆုံး႐ူံးႏိုင္ပါသည္။ လူႀကီးမ်ားတြင္ ေသြးမ်ားစြာထြက္တတ္ပါသည္။
ေရာဂါကိုစစ္ေဆးစမ္းသပ္ျခင္း
ေသြးကင္ဆာေရာဂါလကၡဏာမ်ားရွိပါက ေဆး႐ုံတက္ရပါမည္။ ေသြးေဖာက္စစ္ေဆးျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း၊ ေသြးႏွင့္႐ိုးတြင္းျခင္ဆီ စစ္ေဆးျခင္းမ်ား ျပဳ  လုပ္ရပါမည္။
ေရာဂါကုသျခင္း
ေသြးသြင္းကုသျခင္း၊ ေသြးကင္ဆာေပ်ာက္ေဆးေပးျခင္းႏွင့္ ဓာတ္ကင္ျခင္းမ်ားျဖင့္ ကုသႏိုင္ပါသည္။ ႐ိုးတြင္း ျခင္ဆီအစားထိုးျခင္းမ်ားႏွင့္လည္း ကုသႏိုင္ပါသည္။ ေရာဂါပိုးမ်ား ဝင္ေရာက္ေနပါကလည္း ပဋိဇီဝေဆးမ်ား ေသာက္ရပါမည္။
ေရာဂါအေျခအေန
ကေလးမ်ားတြင္ ေရာဂါလကၡဏာမ်ားကို ႀကိဳတင္သိရွိပါက ၅၀ ရာခိုင္ႏႈန္းေက်ာ္သည္ အဆင့္ျမင့္ကုသမႈနည္း မ်ားျဖင့္လုံး၀ ေပ်ာက္ကင္းႏိုင္ပါသည္။ လူႀကီးမ်ားတြင္ ေရာဂါျဖစ္ေသာအမ်ိဳးအစားမ်ားေပၚတြင္ မူတည္ၿပီးေရာ ဂါၾကာတတ္ပါသည္။ လူႀကီးမ်ားတြင္ေရာဂါျဖစ္ႏႈန္းသည္ ေႏွးေကြးတတ္ပါသည္။ လူ႔ဘဝသက္တမ္းအေနျဖင့္ ငါးႏွစ္ႏွင့္အထက္သည္ ေနႏိုင္ပါသည္။
ကာကြယ္ျခင္းႏွင့္ အႀကံျပဳခ်က္
ေသြးကင္ဆာေရာဂါမျဖစ္ပြားေစရန္ ဓာတ္ေရာင္ျခည္ႏွင့္ထိေတြ႕မႈမ်ားကို ေရွာင္ၾကဥ္ရပါမည္။ ေသြးကင္ဆာျဖစ္ ပြားပါကလည္း တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ျပသရပါမည္။ ေဆး႐ုံသို႔အခ်ိန္မီ ပို႔ေဆာင္ကုသျခင္း ျဖင့္လူ႔ဘဝသက္တမ္းၾကာရွည္ႏိုင္ေၾကာင္း အႀကံျပဳအပ္ပါသည္။
Author – ေဒါက္တာမင္းသူရိန္ (Vol-7 / No-4) Healthcare Journal
(Unicode)
သွေးကင်ဆာသည်သွေးထဲတွင် ပုံမှန်မဟုတ်သော အခြေအနေများဖြစ်ပါသည်။
ရောဂါဖြစ်ပွားမှုကိုတိကျစွာမ ပြောနိုင်သော်လည်း ဓာတ်ရောင်ခြည်ကိုထိတွေ့မှုရှိပါက ဖြစ်နိုင်ချေပိုများတတ်ပါသည်။ ရောဂါလက္ခဏာများကို တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်အချိန်မီပြသရန် လိုအပ်ပါသည်။
ကလေးများတွင်တွေ့ရှိရသော သွေးကင်ဆာအမျိုးအစား
ကလေးများတွင်သွေးကင်ဆာအမျိုးအစား သုံးမျိုးတွေ့ရှိရပါသည်။ အသက်သုံးနှစ်မှ ခြောက်နှစ်အရွယ်ကလေး များတွင် စတင်ဖြစ်ပေါ်တတ်ပါသည်။ အဖြစ်အများဆုံး အမျိုးအစားမှာ Acute Lymphoblastic Leukaemia ဖြစ်ပါသည်။ သို့ရာတွင် အဆင့်မြင့်ကုသမှုများပေါ်ပေါက်နေပြီဖြစ်လို့ ကြိုတင်သိရှိပါက ထိ ရောက်စွာကုသနိုင်ပါ သည်။
ဒုတိယအမျိုးအစားမှာ ရိုးတွင်းခြင်ဆီသွေးကင်ဆာဟုခေါ်သော Acute Myeloid Leukaemia ဖြစ်ပြီး သွေးကင်ဆာ(လူကီးမီးယားရောဂါ) ဖြစ်ပွားသူခြောက်ဦးတွင် တစ်ဦးနှုန်းဖြစ်တတ်ပါသည်။ တတိယအမျိုးအစားမှာ Chronic Myeloid Leukaemia ဖြစ်ပြီးသွေးကင်ဆာရောဂါဖြစ်ပွားသူ ၂၀ ဦးတွင်တစ်ဦးနှုန်း ဖြစ်တတ်ပါသည်။
လူကြီးများတွင်တွေ့ရှိရသော သွေးကင်ဆာအမျိုးအစား
လူကြီးများတွင် Acute Myeloid Leukaemia နှင့် Acute Lymphoblastic Leukaemia ဟူသောအမျိုးအစားကို တွေ့ရှိရပါသည်။ Chronic Myeloid Leukaemia ကိုလူလတ်ပိုင်းနှင့် လူငယ်ပိုင်း (အမျိုးသားနှင့်အမျိုးသမီး နှစ် မျိုးစလုံး) တွင်တွေ့ရှိရပြီး Chronic Lymphoblastic Leukaemia ကိုအသက်    ကြီးသော အမျိုးသမီးများတွင်တွေ့ ရှိရပါသည်။
ကလေးများတွင်တွေ့ရသော ရောဂါလက္ခဏာများ
ကလေးများတွင် သွေးကင်ဆာဖြစ်ပါက အားအင်ကုန်ဆုံးခြင်း၊ စိတ်တိုခြင်း၊ အဖျားရှိခြင်းနှင့် ဖြူဖပ်ဖြူရော်ဖြစ် ခြင်းများခံစားရနိုင်ပါသည်။ နှာခေါင်းသွေးယို   ခြင်းနှင့် မကြာခဏရောဂါပိုးဝင်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ သွေးခြေဥခြင်း၊ အရိုး (သို့) အဆစ်နာခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။ ကလေးများအ  နေဖြင့် ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်နေခြင်း (သို့) လမ်းမလျှောက်နိုင်ခြင်းများလည်း ကြုံတွေ့နိုင်ပါသည်။
လူကြီးများတွင်တွေ့ရသော ရောဂါလက္ခဏာများ
လူကြီးများတွင် သွေးကင်ဆာဖြစ်ပါက သွားဖုံးမှသွေးထွက်ခြင်း၊ တဖြည်းဖြည်းအားအင်ကုန်ခမ်းလာခြင်း၊ အစား စားချင်စိတ်မရှိခြင်း၊ ပိန်သွားခြင်း၊ ဖြူဖပ်    ဖြူရော်ဖြစ်ခြင်း၊ အဖျားရှိခြင်း၊ ညဘက်ချွေးထွက်ခြင်းနှင့် ပြန်ရည်ကျိတ် များကြီးခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ လက်မောင်းနှင့် ခြေထောက်များတွင်သွေးခြေဥတတ်ပါသည်။ ဝမ်းဗိုက်အ ပေါ်ပိုင်း (အထူးသဖြင့် ဘယ်ဘက်) မှနာကျင်မှုခံစားရတတ်ပါသည်။ အမျိုးသမီးများတွင် ဓမ္မတာသွေးများစွာ ဆင်းတတ်ပါ သည်။
သွေးကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ
သွေးကင်ဆာရှိသော ကလေးများတွင်ဝက်သက်နှင့် ရေကျောက်များပေါက်ပါက စိုးရိမ်ရပါသည်။ ခုခံမှုအားနည်း သွားပြီး သာမန်ရောဂါဝင်ရုံနှင့် အသက်ဆုံးရူံးနိုင်ပါသည်။ လူကြီးများတွင် သွေးများစွာထွက်တတ်ပါသည်။
ရောဂါကိုစစ်ဆေးစမ်းသပ်ခြင်း
သွေးကင်ဆာရောဂါလက္ခဏာများရှိပါက ဆေးရုံတက်ရပါမည်။ သွေးဖောက်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးနှင့်ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်းများ ပြု  လုပ်ရပါမည်။
ရောဂါကုသခြင်း
သွေးသွင်းကုသခြင်း၊ သွေးကင်ဆာပျောက်ဆေးပေးခြင်းနှင့် ဓာတ်ကင်ခြင်းများဖြင့် ကုသနိုင်ပါသည်။ ရိုးတွင်း ခြင်ဆီအစားထိုးခြင်းများနှင့်လည်း ကုသနိုင်ပါသည်။ ရောဂါပိုးများ ဝင်ရောက်နေပါကလည်း ပဋိဇီဝဆေးများ သောက်ရပါမည်။
ရောဂါအခြေအနေ
ကလေးများတွင် ရောဂါလက္ခဏာများကို ကြိုတင်သိရှိပါက ၅၀ ရာခိုင်နှုန်းကျော်သည် အဆင့်မြင့်ကုသမှုနည်း များဖြင့်လုံး၀ ပျောက်ကင်းနိုင်ပါသည်။ လူကြီးများတွင် ရောဂါဖြစ်သောအမျိုးအစားများပေါ်တွင် မူတည်ပြီးရော ဂါကြာတတ်ပါသည်။ လူကြီးများတွင်ရောဂါဖြစ်နှုန်းသည် နှေးကွေးတတ်ပါသည်။ လူ့ဘဝသက်တမ်းအနေဖြင့် ငါးနှစ်နှင့်အထက်သည် နေနိုင်ပါသည်။
ကာကွယ်ခြင်းနှင့် အကြံပြုချက်
သွေးကင်ဆာရောဂါမဖြစ်ပွားစေရန် ဓာတ်ရောင်ခြည်နှင့်ထိတွေ့မှုများကို ရှောင်ကြဉ်ရပါမည်။ သွေးကင်ဆာဖြစ် ပွားပါကလည်း တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသရပါမည်။ ဆေးရုံသို့အချိန်မီ ပို့ဆောင်ကုသခြင်း ဖြင့်လူ့ဘဝသက်တမ်းကြာရှည်နိုင်ကြောင်း အကြံပြုအပ်ပါသည်။
Author – ဒေါက်တာမင်းသူရိန် (Vol-7 / No-4) Healthcare Journal
	    	
    	
							

							








