fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အဖြစ်များတဲ့ ရင်သားကင်ဆာ

91
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/07/2018
in ရောဂါကြီးများ
1 min read
A A

အျဖစ္မ်ားတဲ့ ရင္သားကင္ဆာ

ရင္သားကင္ဆာဟာ ကမာၻေပၚမွာ အျဖစ္မ်ားတဲ့ ကင္ဆာတစ္မ်ိဳး ျဖစ္သလို ကၽြန္မတို႔နိုင္ငံမွာလည္း အေတြ႔ရမ်ားတဲ့ ကင္ဆာတစ္မ်ိဳး ျဖစ္ပါတယ္။ ရင္သားကင္ဆာဟာ ကင္ဆာတို႔ ထံုးစံအတိုင္းပဲ အသက္ၾကီးတဲ့ အမ်ိဳးသမီးေတြမွာ ပိုျပီးအေတြ႔ရမ်ားပါတယ္။ ဒီလိုေျပာလို႔ အသက္ငယ္တဲ့ အမ်ိဳးသမီးေတြမွာ လံုးဝ မျဖစ္ေတာ့ဘူးလို႔ ေျပာတာမဟုတ္ပါဘူး … အသက္ငယ္တဲ့သူေတြမွာ အလံုးအက်ိတ္ ျဖစ္ခဲ့တယ္ဆိုရင္ ကင္ဆာထက္ ကင္္ဆာမဟုတ္ေသာ အလံုးအက်ိတ္ေတြ ျဖစ္ႏိုင္ေခ်ပိုမ်ားတယ္လို႔သာ ဆိုလိုပါတယ္။

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြမွာ ျဖစ္တာေတြ အေတြ႔ရမ်ားတဲ့ အတြက္ အမ်ိဳးသားေတြမွာ ရင္သားကင္ဆာ မျဖစ္ဘူးလို႔ ထင္တတ္ၾကပါတယ္။ ရင္သားကင္ဆာဆဲလ္ေတြ ျဖစ္တတ္တဲ့ ရင္သားဆဲလ္ေတြ တစ္ရွဴးေတြဟာ အမ်ိဳးသားေတြမွာလည္း ရွိတဲ့အတြက္ ေယာက်္ားေတြမွာလည္း ရင္သားကင္ဆာျဖစ္ႏိုင္ပါတယ္။ ျဖစ္ရင္လည္း အမ်ိဳးသမီးေတြကို ကုသရတာထက္ ပိုျပီး ကုသရခက္ခဲတတ္ပါတယ္။

ေနာက္တစ္ခုက ရာသီစေပၚတာေစာတဲ့အမ်ိဳးသမီးေတြ၊ အသက္အရြယ္ၾကီးမွ ရာသီေသြးဆံုးသူေတြ၊ သားသမီး ေမြးတာ နို႔တိုက္တာ နည္းသူေတြ၊  Oestrogen ေဟာ္မုန္းေသာက္ခဲ့ဖူးသူေတြ (ဝက္ျခံအတြက္ ေပးတဲ့ တစ္ခ်ိဳ႔ေသာေဆးေတြ ၊ တစ္ခ်ိဳ႔ေသာ သားဆကျ္ခားေဆးေတြ) ၊ ဝတဲ့သူေတြ နဲ႔ မိသားစုမွာ ရင္သားကင္ဆာျဖစ္ခဲ့ဖူးရင္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ်ဟာ မျဖစ္တဲ့သူေတြနဲ႔ ႏႈိင္းယွဥ္ရင္ ပိုျပီးေတာ့ မ်ားပါတယ္။

ဒီေတာ့ ရင္သားကင္ဆာျဖစ္ရင္ ဘယ္လို လကၡဏာေတြနဲ႔ လာမလဲ

  • အမ်ားစုကေတာ့ အလံုးအက်ိတ္ အေနနဲ့ စျဖစ္တတ္ပါတယ္။ တစ္ခါတစ္ရံ စမ္းမိရင္မာေနတဲ့ အလံုးအက်ိတ္မ်ိဳး မဟုတ္ဘဲ ျပည္ဖုျဖစ္သလိုမ်ိဳး ခပ္ေပ်ာ့ေပ်ာ့ အလံုးအက်ိတ္ အေနနဲ႔လည္း လာတတ္ပါတယ္။
  • ရင္သားေပၚမွာ ဒါမွမဟုတ္ ႏို႔သီးေခါင္းမွာ အနာျဖစ္ျပီးေတာ့လည္း လာႏိုင္ပါတယ္။
  • နို႔သီးေခါင္းကေန ပံုမွန္မဟုတ္တဲ့ ေသြး ၊ အရည္ၾကည္ေတြ ထြက္တာ ၊ ႏို႔ ထြက္ရမယ့္ အေျခအေန အသက္အရြယ္မ်ိဳး မဟုတ္ဘဲ နို႔ထြက္လာတာ စသျဖင့္လည္း ေတြ႔ရတတ္ပါတယ္။

ဒါေၾကာင့္ ဒီလိုမ်ိဳးေတြျဖစ္ခဲ့တယ္ဆိုရင္ သာမန္ၾကည့္ရုံနဲ႔ ကင္ဆာဟုတ္မဟုတ္ အတိအက်ေျပာဖို႔ ခက္ခဲတဲ့အတြက္ အထူးသျဖင့္ ျဖစ္တာၾကာျပီဆိုရင္ ကၽြမ္းက်င္တဲ့ သက္ဆိုင္ရာဆရာဝန္နဲ့ သြားျပီးတိုင္ပင္ရပါမယ္။

ရင္သားကင္ဆာျဖစ္တယ္လို႔ သံသဃရွိတဲ့ အခါမွာ အသက္အရြယ္ေပၚ မူတည္ျပီး ရင္သားဓါတ္မွန္ ဒါမွမဟုတ္ ရင္သား ultrasound ရုိက္ခိုင္းေလ့ရွိပါတယ္။ အဲဒီကေနမွ အသားစယူျပီး စစ္ေဆးပါတယ္။ အသားစအေျဖကေန ရင္သားကင္ဆာ ဟုတ္မဟုတ္ကို အတိအက်ေျပာလုိ႔ရပါတယ္။

ရင္သားကင္ဆာျဖစ္သြားရင္ ဘယ္လိုကုသသလဲ ေပ်ာက္ကင္းနိုင္ေခ် ဘယ္ေလာက္ရွိသလဲ???

ရင္သားကင္ဆာဟာ ကိုယ္တြင္းအဂၤါေတြထိ မပ်ံ႔ႏွံ႔ေသးဖူးဆိုရင္ ခြဲစိတ္ကုသနည္းနဲ႔ ကုသတာ အဓိက မ်ားပါတယ္။ ခြဲစိတ္ကုသျပီးရင္ ရင္သားနားက ဒါမွမဟုတ္ ခ်ိဳင္းၾကားက ျပန္ရည္က်ိတ္ေတြထိ ပ်႔ံႏွံ႔ေနႏိုင္တဲ့ ကင္ဆာဆဲလ္ေတြကိုပါ ရွင္းထုတ္ဖု႔ိအတြက္ လိုအပ္သေလာက္ ဓါတ္ကင္တာေတြ ရွိလာႏိုင္ပါတယ္။ တစ္ကိုယ္လံုးပ်႔ံႏွ႔ံေနျပီဆိုရင္ေတာ့ အျပီးခြဲစိတ္ကုသတာထက္ ေရာဂါလကၡဏာသက္သာေအာင္ အဓိကထား ကုသေပးေလ့ ရွိပါတယ္။

ေနာက္ပိုင္းမွာေတာ့ ကင္ဆာေဆးပညာထြန္းကားလာတဲ့ အတြက္ လူနာေပၚမူတည္ျပီး ကင္ဆာကုသရာမွာ အေထာက္အကူေပးတဲ့ ေဟာ္မုန္းေဆးေတြကိုပါ တြဲေပးလာၾကပါတယ္။ ေယဘူယ်အားျဖင့္ ရင္သားကင္ဆာဟာ တစ္ျခားေသာကိုယ္တြင္းမွာျဖစ္တတ္တဲ့ ကင္ဆာေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေပ်ာက္ကင္းနိုင္ေခ် မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေစာေစာသိရေလ့ရွိလို႔ပါပဲ။ ကင္ဆာကို ေစာေစာစီးစီးကုသရင္ ေပ်ာက္နိုင္ေခ်မ်ားတဲ့ အတြက္ သံသဃရွိတဲ့အခါ ဆရာဝန္ဆီ သြားျပဖို႔က အေရးၾကီးပါတယ္။

မိသားစုမ်ိဳးရုိးမွာကင္ဆာျဖစ္ခဲ့ရင္ ကိုယ့္မွာ ျဖစ္လာႏိုင္ေခ်ရွိတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ???

လြန္ခဲ့တဲ့ တစ္ႏွစ္ နွစ္ႏွစ္ေလာက္တုန္းက ေဟာလိဝုဒ္က နာမည္ၾကီးရုပ္ရွင္ မင္းသမီး Jolie ရင္သားျဖတ္လိုက္တဲ့ သတင္းၾကားၾကပါလိမ့္မယ္။ သူျဖတ္လိုက္တဲ့ အေၾကာင္းရင္္းကေတာ့ ရင္သားကင္ဆာျဖစ္မွာကို ၾကိဳတင္ကာကြယ္ခ်င္တဲ့ အတြက္ပါပဲ။

တစ္ခ်ိဳ႔ေသာ ရင္သားကင္ဆာေတြဟာ မ်ိဳးရုိးဗီဇမွာ ပါလာတဲ့ Gene ေတြေၾကာင့္ ျဖစ္ရတာပါ။ ဒီထဲမွာ နာမည္အၾကီးဆံုး Gene ကေတာ့ BRCA Gene ေတြပဲ ျဖစ္ပါတယ္။ ဒီမ်ိဳးရုိးဗီဇ Gene ပါလာခဲ့တယ္ဆိုရင္ ကိုယ့္မွာရင္သားကင္ဆာ ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ နိုင္ငံျခားမွာေတာ့ မိသားစုဝင္ တစ္ေယာက္ေယာက္မွာ ရင္သားကင္ဆာျဖစ္ခဲ့လို႔ရွိရင္ ဒီ Gene ရွိမရွိကို တစ္ျခားမိသားစုဝင္ေတြမွာပါ လိုက္ရွာေလ့ရွိပါတယ္။ ရွိရင္လည္း ဒီ Gene ပါလို႔ ကင္ဆာျဖစ္ႏိုင္ေခ်ရွိတဲ့ အဂၤါေတြကို ၾကိဳထုတ္ထားေလ့ရွိပါတယ္။ လုိအပ္ရင္ေစာင့္ၾကည့္ေနတာမ်ိဳးလည္း ရွိတတ္ပါတယ္။

ကၽြန္မတို႔ ျမန္မာႏိုင္ငံမွာေတာ့ ဒီလိုမ်ိဳး Gene အထိရွာေဖြကုသႏိုင္ဖို႔က ခက္ခဲေနပါေသးတယ္။ ကဲ ဒီေန႔ေတာ့ ရင္သားကင္ဆာအေၾကာင္းကို အေတာ္မ်ားမ်ား ေျပာျပေပးသြားပါတယ္။ ေက်နပ္ၾကလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

Dr.ေမႊး

(Unicode)

အဖြစ်များတဲ့ ရင်သားကင်ဆာ

ရင်သားကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုး ဖြစ်သလို ကျွန်မတို့နိုင်ငံမှာလည်း အတွေ့ရများတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ကင်ဆာတို့ ထုံးစံအတိုင်းပဲ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုပြီးအတွေ့ရများပါတယ်။ ဒီလိုပြောလို့ အသက်ငယ်တဲ့ အမျိုးသမီးတွေမှာ လုံးဝ မဖြစ်တော့ဘူးလို့ ပြောတာမဟုတ်ပါဘူး … အသက်ငယ်တဲ့သူတွေမှာ အလုံးအကျိတ် ဖြစ်ခဲ့တယ်ဆိုရင် ကင်ဆာထက် ကင်ဆာမဟုတ်သော အလုံးအကျိတ်တွေ ဖြစ်နိုင်ချေပိုများတယ်လို့သာ ဆိုလိုပါတယ်။

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်တာတွေ အတွေ့ရများတဲ့ အတွက် အမျိုးသားတွေမှာ ရင်သားကင်ဆာ မဖြစ်ဘူးလို့ ထင်တတ်ကြပါတယ်။ ရင်သားကင်ဆာဆဲလ်တွေ ဖြစ်တတ်တဲ့ ရင်သားဆဲလ်တွေ တစ်ရှူးတွေဟာ အမျိုးသားတွေမှာလည်း ရှိတဲ့အတွက် ယောကျ်ားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ ဖြစ်ရင်လည်း အမျိုးသမီးတွေကို ကုသရတာထက် ပိုပြီး ကုသရခက်ခဲတတ်ပါတယ်။

နောက်တစ်ခုက ရာသီစပေါ်တာစောတဲ့အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးမှ ရာသီသွေးဆုံးသူတွေ၊ သားသမီး မွေးတာ နို့တိုက်တာ နည်းသူတွေ၊  Oestrogen ဟော်မုန်းသောက်ခဲ့ဖူးသူတွေ (ဝက်ခြံအတွက် ပေးတဲ့ တစ်ချို့သောဆေးတွေ ၊ တစ်ချို့သော သားဆြက်ခားဆေးတွေ) ၊ ဝတဲ့သူတွေ နဲ့ မိသားစုမှာ ရင်သားကင်ဆာဖြစ်ခဲ့ဖူးရင် ရင်သားကင်ဆာဖြစ်နိုင်ချေဟာ မဖြစ်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့ များပါတယ်။

ဒီတော့ ရင်သားကင်ဆာဖြစ်ရင် ဘယ်လို လက္ခဏာတွေနဲ့ လာမလဲ

အများစုကတော့ အလုံးအကျိတ် အနေနဲ့ စဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ စမ်းမိရင်မာနေတဲ့ အလုံးအကျိတ်မျိုး မဟုတ်ဘဲ ပြည်ဖုဖြစ်သလိုမျိုး ခပ်ပျော့ပျော့ အလုံးအကျိတ် အနေနဲ့လည်း လာတတ်ပါတယ်။
ရင်သားပေါ်မှာ ဒါမှမဟုတ် နို့သီးခေါင်းမှာ အနာဖြစ်ပြီးတော့လည်း လာနိုင်ပါတယ်။
နို့သီးခေါင်းကနေ ပုံမှန်မဟုတ်တဲ့ သွေး ၊ အရည်ကြည်တွေ ထွက်တာ ၊ နို့ ထွက်ရမယ့် အခြေအနေ အသက်အရွယ်မျိုး မဟုတ်ဘဲ နို့ထွက်လာတာ စသဖြင့်လည်း တွေ့ရတတ်ပါတယ်။
ဒါကြောင့် ဒီလိုမျိုးတွေဖြစ်ခဲ့တယ်ဆိုရင် သာမန်ကြည့်ရုံနဲ့ ကင်ဆာဟုတ်မဟုတ် အတိအကျပြောဖို့ ခက်ခဲတဲ့အတွက် အထူးသဖြင့် ဖြစ်တာကြာပြီဆိုရင် ကျွမ်းကျင်တဲ့ သက်ဆိုင်ရာဆရာဝန်နဲ့ သွားပြီးတိုင်ပင်ရပါမယ်။

ရင်သားကင်ဆာဖြစ်တယ်လို့ သံသဃရှိတဲ့ အခါမှာ အသက်အရွယ်ပေါ် မူတည်ပြီး ရင်သားဓါတ်မှန် ဒါမှမဟုတ် ရင်သား ultrasound ရိုက်ခိုင်းလေ့ရှိပါတယ်။ အဲဒီကနေမှ အသားစယူပြီး စစ်ဆေးပါတယ်။ အသားစအဖြေကနေ ရင်သားကင်ဆာ ဟုတ်မဟုတ်ကို အတိအကျပြောလို့ရပါတယ်။

ရင်သားကင်ဆာဖြစ်သွားရင် ဘယ်လိုကုသသလဲ ပျောက်ကင်းနိုင်ချေ ဘယ်လောက်ရှိသလဲ???

ရင်သားကင်ဆာဟာ ကိုယ်တွင်းအင်္ဂါတွေထိ မပျံ့နှံ့သေးဖူးဆိုရင် ခွဲစိတ်ကုသနည်းနဲ့ ကုသတာ အဓိက များပါတယ်။ ခွဲစိတ်ကုသပြီးရင် ရင်သားနားက ဒါမှမဟုတ် ချိုင်းကြားက ပြန်ရည်ကျိတ်တွေထိ ပျံ့နှံ့နေနိုင်တဲ့ ကင်ဆာဆဲလ်တွေကိုပါ ရှင်းထုတ်ဖု့ိအတွက် လိုအပ်သလောက် ဓါတ်ကင်တာတွေ ရှိလာနိုင်ပါတယ်။ တစ်ကိုယ်လုံးပျံ့နှံ့နေပြီဆိုရင်တော့ အပြီးခွဲစိတ်ကုသတာထက် ရောဂါလက္ခဏာသက်သာအောင် အဓိကထား ကုသပေးလေ့ ရှိပါတယ်။

နောက်ပိုင်းမှာတော့ ကင်ဆာဆေးပညာထွန်းကားလာတဲ့ အတွက် လူနာပေါ်မူတည်ပြီး ကင်ဆာကုသရာမှာ အထောက်အကူပေးတဲ့ ဟော်မုန်းဆေးတွေကိုပါ တွဲပေးလာကြပါတယ်။ ယေဘူယျအားဖြင့် ရင်သားကင်ဆာဟာ တစ်ခြားသောကိုယ်တွင်းမှာဖြစ်တတ်တဲ့ ကင်ဆာတွေနဲ့ နှိုင်းယှဉ်ရင် ပျောက်ကင်းနိုင်ချေ များပါတယ်။ ဘာကြောင့်လဲဆိုရင် စောစောသိရလေ့ရှိလို့ပါပဲ။ ကင်ဆာကို စောစောစီးစီးကုသရင် ပျောက်နိုင်ချေများတဲ့ အတွက် သံသဃရှိတဲ့အခါ ဆရာဝန်ဆီ သွားပြဖို့က အရေးကြီးပါတယ်။

မိသားစုမျိုးရိုးမှာကင်ဆာဖြစ်ခဲ့ရင် ကိုယ့်မှာ ဖြစ်လာနိုင်ချေရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ???

လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်တုန်းက ဟောလိဝုဒ်က နာမည်ကြီးရုပ်ရှင် မင်းသမီး Jolie ရင်သားဖြတ်လိုက်တဲ့ သတင်းကြားကြပါလိမ့်မယ်။ သူဖြတ်လိုက်တဲ့ အကြောင်းရင်းကတော့ ရင်သားကင်ဆာဖြစ်မှာကို ကြိုတင်ကာကွယ်ချင်တဲ့ အတွက်ပါပဲ။

တစ်ချို့သော ရင်သားကင်ဆာတွေဟာ မျိုးရိုးဗီဇမှာ ပါလာတဲ့ Gene တွေကြောင့် ဖြစ်ရတာပါ။ ဒီထဲမှာ နာမည်အကြီးဆုံး Gene ကတော့ BRCA Gene တွေပဲ ဖြစ်ပါတယ်။ ဒီမျိုးရိုးဗီဇ Gene ပါလာခဲ့တယ်ဆိုရင် ကိုယ့်မှာရင်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာတော့ မိသားစုဝင် တစ်ယောက်ယောက်မှာ ရင်သားကင်ဆာဖြစ်ခဲ့လို့ရှိရင် ဒီ Gene ရှိမရှိကို တစ်ခြားမိသားစုဝင်တွေမှာပါ လိုက်ရှာလေ့ရှိပါတယ်။ ရှိရင်လည်း ဒီ Gene ပါလို့ ကင်ဆာဖြစ်နိုင်ချေရှိတဲ့ အင်္ဂါတွေကို ကြိုထုတ်ထားလေ့ရှိပါတယ်။ လိုအပ်ရင်စောင့်ကြည့်နေတာမျိုးလည်း ရှိတတ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး Gene အထိရှာဖွေကုသနိုင်ဖို့က ခက်ခဲနေပါသေးတယ်။ ကဲ ဒီနေ့တော့ ရင်သားကင်ဆာအကြောင်းကို အတော်များများ ပြောပြပေးသွားပါတယ်။ ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Dr.မွှေး

Previous Post

တစ်ဖြည်းဖြည်းပိန်လာခြင်း

Next Post

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

ကလေးမရတာ ဘယ်သူကြောင့်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.