fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာ  ကကြီးခကွေး

224
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/10/2018
in ရောဂါကြီးများ
1 min read
A A

ကင်ဆာ  ကကြီးခကွေး

ကင်ဆာလို့ ပြောလိုက်ရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရောဂါကြီးတယ်ဆိုတာ မပြောဘဲ သိကြတယ်။ ကင်ဆာစစ်ဆေးတာတွေကြည့်ပြီး ဒါကင်ဆာလား လို့မေးတတ်တဲ့ မေးခွန်းတွေလည်း ရှိတယ်။ တစ်ချို့ ဆေးစစ်တာမှာ Carcinoma ကာဆီနိုမား လို့ရေးတယ်။ တစ်ချို့ ဆေးစစ်တဲ့ နေရာတွေမှာတော့ Sarcoma ဆာကိုးမား လို့ ရေးကြတယ် ။
Carcinoma ကာဆီနိုမား နဲ့ Sarcoma ဆာကိုမား ဘာကွာလဲ ဒီနှစ်ခုက ဖြစ်တဲ့နေရာတွေမတူပါဘူး ။
Sarcoma တွေက mesenchymal cells လို့ခေါ်တဲ့ ဆဲလ်အလွှာကနေ ဖြစ်လာတာပါ။ Sarcoma ဖြစ်နိုင်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အရိုး ကြွက်သား အဆီ သွေးကြောနဲ့ အရွတ်တွေစတဲ့ နေရာတွေကနေဖြစ်တဲ့ ကင်ဆာတွေကို ခေါ်တာပါ ။
Carcinoma တွေက epithelial cells တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်တာကို ခေါ်တာပါ။ ဥပမာ အရေပြား အဆုတ် ရင်သား ပန်ကရိယ နဲ့ တစ်ခြားအကျိတ်တွေကဖြစ်တဲ့ ကင်ဆာတွေပါ ။
ထူးဆန်းတာတစ်ခုကတော့ အရိုးမှာဆိုရင်တော့ ဒီကင်ဆာနှစ်မျိုးလုံးဖြစ်ခွင့်ရှိပါတယ်။ အရိုးတစ်ခုမှာ mesenchymal ဆဲလ် ရော epithelial ဆဲလ် ရော နှစ်မျိုးလုံးပါဝင်နေလို့ပါ ။
ကင်ဆာနှစ်မျိုးမှာ Carcinoma အမျိုးအစားတွေက တစ်ချို့တွေမှာ မျိုးရိုးလိုက်ပြီး ဖြစ်နိုင်ပါတယ်။ ဥပမာ အူမကြီးကင်ဆာတို့ ရင်သားကင်ဆာတို့ဆိုရင် မိဘ ဆွေမျိုးဖြစ်ဖူးတယ်ဆို နောက်လူတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ Sarcoma အုပ်စုတွေကတော့ မျိုးရိုးမလိုက်တတ်ပါဘူး ။ကိုယ့်မှာရှိတာကြောင့် သားသမီးတွေမှာ လိုက်မဖြစ်တတ်ပါဘူး ။
Sarcoma အုပ်စု ကင်ဆာတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောလို့မရပါဘူး ဖြစ်ချင်တဲ့သူမှာဖြစ်တာပါ Carcinoma အုပ်စုကင်ဆာတွေမှာတော့ တစ်နေရာချင်းစီအလိုက် ဖြစ်တဲ့ အကြောင်းအရင်းတွေမတူတတ်ကြပါဘူး ဥပမာ ဆေးလိပ်အရမ်းသောက်တဲ့အခါ အဆုတ်ကင်ဆာဖြစ်စေနိုင်တာမျိုးတွေပါ ။
အဖြစ်များတဲ့ Sarcoma အုပ်စု ကင်ဆာတွေ ရှိပါတယ် အဆီကျိတ်တွေကနေ ကင်ဆာအဖြစ်ပြောင်းသွားတဲ့ liposarcoma တွေ ကြွက်သားတွေမှာဖြစ်တဲ့ ကင်ဆာ leiomyosarcoma တွေပါ ။
Sarcoma အုပ်စုကင်ဆာတွေက အဓိကအားဖြင့် အဆုတ်ကိုပဲ ပျံ့တတ်ပါတယ်။ တစ်ခြားနေရာတွေပျံ့တာ နည်းလွန်းပါတယ်။ အရေပြား အကျိတ်နဲ့ အသည်းလည်း တစ်ခါတစ်လေ ရှားရှားပါးပါးပျံ့နေတတ်ပါတယ် ။Carcinoma တွေက ကင်ဆာဖြစ်နေတဲ့ ကိုယ်တွင်းအစိတ်အပိုင်းအနီးတစ်ဝိုက်တွေ သွေးကြောကတစ်ဆင့် ပြန်ရည်ကြောကတစ်ဆင့် နေရာစုံ ပျံ့နိုင်ပါတယ်။ အဓိကအားဖြင့် အသည်း အဆုတ်အရိုး ဦးနှောက် နဲ့ ရင်သားစတာတွေကို ပျံ့နှ့တတ်ပါတယ် ။
ကင်ဆာ စစ်ဆေးတာကတော့ နှစ်မျိုးလုံးမှာ အသားစယူစစ်တာတွေ လိုပါတယ်။ သွေးဆီး စတဲ့ လိုအပ်တာတွေလည်း စစ်ရပါတယ်။ ရလာတဲ့ အဖြေကိုကြည့်ပြီး အဆင့်ခွဲပေးရပါတယ် ။
ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း Sarcoma ရော Carcinoma ရော အဆင့်များလေ ကုဖို့ခက်လေပါ ။အဆင့်နည်းနေသေးတဲ့ အချိန်ဆိုရင်တော့ ကင်ဆာကို တတ်နိုင်သလောက်ကြိုးစားပြီး ကုကြပါတယ် ။
Sarcoma တွေက စသိကာစဆိုရင် ခွဲစိတ်ကုတာတစ်ခုတည်းနဲ့ ကုကြပါတယ်။ ခွဲဖို့ကြီးနေတယ်ဆိုရင်တော့ မခွဲခင်အရင်ဆေးသွင်းတာတွေ အရင်လုပ်တတ်ကြတယ်။ တစ်ချို့ Sarcoma တွေကတော့ ခွဲစိတ်ပြီးမှ ဆေးသွင်းတာ ဓာတ်ကင်တာတွေ လုပ်ကြတယ်။ ခွဲလို့ကျန်နေတဲ့ ကင်ဆာဆဲလ်တွေကို သေစေအောင်ပါ ။
Carcinoma တွေမှာ စသိကာစမှာပဲ အဆင့်တွေများနေတတ်ပါတယ်။ တစ်နေရာတည်းမှာပဲ ရှိသေးတယ်ဆိုရင်တောင် ခွဲစိတ်ကုတာတစ်ခုတည်းနဲ့ မပြီးတတ်ပါဘူး။ ကင်ဆာအကျိတ်က ဘယ်နေရာမှာ ရှိတယ်ဆိုတာကိုကြည့်ပြီး ခွဲလို့ရမရလည်း ပြန်တွက်ရပါတယ်။ ခွဲပြီးရင်လည်း ဆေးသွင်းတာ ဓာတ်ကင်တာတွေ မဖြစ်မနေလုပ်ရပါတယ်။ အပြီးပျောက်တာတော့ ရှားပါတယ် အဆင့်နည်းနေတဲ့ အချိန်စောစောသိမှပဲ ကုရတာပိုအဆင်ပြေတတ်ပါတယ် ။
Dr. CST

 

Previous Post

ဖြူပြာနီနာ

Next Post

ကိုယ်ဝန်ဆောင်စဉ် ဗိုက်ပြင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
755
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
439

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ် ဗိုက်ပြင်ခြင်း

ဘယ်အချိန်ဆို  အပျိုဖြစ်ပြီလဲ

နို့တိုက်မိခင်မဟုတ်ပဲ  နို့ထွက်နေတာ   ရောဂါလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.