fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

မုန့်ချိုအိတ်ကင်ဆာ (သို့မဟုတ်) ပန်ကရိယကင်ဆာ

626
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/10/2018
in ရောဂါကြီးများ
1 min read
A A

မုန့်ချိုအိတ်ကို ဆေးပညာအရ Pancreas(ပန်ကရိယ) လို့ခေါ်ပါတယ်။ မုန့်ချိုအိတ်(Pancreas)ဟာ အစာအိမ်နောက်မှာရှိတဲ့ ဝမ်းဗိုက်ပိုင်းအတွင်းအင်္ဂါတတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်တွေကတော့ ကျွန်တော်တို့နေ့စဉ်စားလိုက်တဲ့ အဆီနဲ့ပရိုတင်းဓါတ်တွေကိုချေဖျက်ဖို့ အစာချေအင်ဇိုင်းတွေထုတ်ပေးခြင်း နှင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရန်အတွက် အင်ဆူလင်ဟော်မုန်းထုတ်ပေးခြင်းတွေဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ  အများအားဖြင့် အသက်၄၀ကျော်အရွယ်တွေမှာ ဖြစ်လေ့ရှိပါတယ်။မုန့်ချိုအိတ်ကင်ဆာဟာ မုန့်ချိုအိတ်အတွင်းထဲကဆဲလ်များ ပုံမှန်မဟုတ်ဘဲ အထိန်းအကွပ်မရှိ မူမမှန်ပွားလာခြင်းကြောင့်ဖြစ်ပါတယ်။ ဘာလို့ဒီလိုမူမမှန်ပွားလာရလည်းဆိုတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပါ။ သို့သော် မုန့်ချိုအိတ်ကင်ဆာဟာ အောက်ပါအခြေအနေရှိတဲ့သူတွေမှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနရလဒ်တွေ၊ လေ့လာချက်တွေအရ ဆေးပညာရှင်များက ပြောကြားထားပါတယ်။

– ကိုယ့်မျိုးရိုးထဲမှာ မုန့်ချိုအိတ်ကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိတဲ့သူတွေ

– အဝလွန်တဲ့သူတွေ

– ခဏခဏမုန့်ချိုအိတ်ရောင်ရမ်းတဲ့သူတွေ

– ဆေးလိပ်သောက်တဲ့သူတွေ

– အသည်းရောင်အသားဝါပိုးဝင်ဖူးတဲ့သူတွေ

– ဆီးချိုရောဂါရှိသူတွေ

– အစာအိမ်အနာရှိသူတွေ မှာဆိုရင် မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ခြေဟာ တခြားသာမန်လူတွေနဲ့ယှဉ်ရင် ပိုများနေတတ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာဟာ အစပိုင်းမှာတော့ ထွေထွေထူးထူး ရောဂါလက္ခဏာတွေမပြတတ်ပါဘူး။ သို့သော် ရောဂါပြင်းထန်လာတဲ့အခါမှာတော့ ဝမ်းဗိုက်အောင့်တာ၊ ကျောအောင့်တာ၊ အသားဝါတာ၊ ဝမ်းအရောင်ဖျော့ပြီးဆီးအရောင်ရင့်လာတာ၊ ကိုယ်အလေးချိန်ကျဆင်းလာတာ၊ အစားအသောက်ပျက်တာ စသဖြင့်ခံစားရနိုင်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာဟုတ်၊ မဟုတ်သေချာအောင်စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးစစ်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ(CT scan)၊ သံလိုက်ဓါတ်မှန်ရိုက်တာ(MRI scan)၊ မုန့်ချိုအိတ်ပြွန်အတွင်း မှန်ပြောင်းနဲ့စစ်ဆေးတာ(Endoscopic retrograde cholangiopancreatography)၊ အသားစယူစစ်ဆေးတာ တွေလုပ်နိုင်ပါတယ်။ စမ်းသပ်စစ်ဆေးလို့ မုန့်ချိုအိတ်ကင်ဆာဆိုပါက ရောဂါအခြေအနေသိဖို့နဲ့တစ်ခြားနေရာအစိတ်အပိုင်းတွေကိုပါပျံ့ မပျံ့သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာ၊ အရိုးဓါတ်မှန်ရိုက်တာ စတဲ့စစ်ဆေးမှုတွေပါ လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ပြီးကုသတာ(Surgery)၊ ကင်ဆာဆေးသွင်းပြီးကုသတာ(Chemotherapy)၊ ဓါတ်ရောင်ခြည်နဲ့ကုသတာစသဖြင့်ကုသနည်းတွေရှိပါတယ်။ နှစ်နည်း၊ သုံးနည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။ မုန့်ချိုအိတ်ကင်ဆာဟာ ဖြစ်စမှာထွေထွေထူးထူးရောဂါလက္ခဏာမပြတတ်တဲ့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးနေတဲ့သူတွေမဟုတ်ပါက ကင်ဆာမှန်း စောစီးစွာသိပြီး စောစောကုသမှုခံယူနိုင်ဖို့မလွယ်ပါ။ ဒါ့အပြင် တစ်ခြားနေရာအစိတ်အပိုင်းတွေကိုလည်းပျံ့နှံ့နှုန်းက မြန်ပါတယ်။ ရောဂါလက္ခဏာပြတဲ့အချိန်မှာဆိုရင် ရောဂါအဆင့်ဟာ ဆိုးတဲ့အခြေအနေရောက်နေတာများပြီး တစ်ခြားအစိတ်အပိုင်းတွေကိုလည်းပျံ့နေလေ့ရှိပါတယ်။ ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ အနည်းဆုံး တစ်နှစ်တစ်ခါလောက်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပါ။

မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင် ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ ဆေးလိပ်ဖြတ်ပါ။ အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းပါ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးများများစားပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ လို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

Dr 528

Previous Post

စိတ်ကျရောဂါ (သို့မဟုတ်) Depression

Next Post

အထာကျကျ ဝကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အထာကျကျ ဝကြမယ်

အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရနိုင်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

သားသားမီးမီးများနှင့် ဂီတ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.