fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

လျာကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2018
in ရောဂါကြီးများ
1 min read
A A

 

 

လျှာဆိုတာဟာ ကြွက်သားနဲ့ဖွဲ့စည်းထားသော ခံတွင်းအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး အရသာခံဖို့၊အစာမျိုဖို့၊စကားပြောဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။

လျှာကင်ဆာဟာ ခုနောက်ပိုင်းမှာတော်တော်လေးအဖြစ်များလာစေတဲ့ ခံတွင်းကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ပါးစောင်၊လျှာ၊သွားဖုံး၊အာခေါင်မိုး၊တံတွေးဂလင်း၊နှုတ်ခမ်း စတဲ့အာခံတွင်းအစိတ်အပိုင်းနေရာတွေမှာဖြစ်တဲ့ကင်ဆာတွေကို ခံတွင်းကင်ဆာလို့ ခြုံပြီးခေါ်ဆိုပါတယ်။

အများအားဖြင့် အသက်၅၀ကျော်အမျိုးသားတွေမှာအဖြစ်များလေ့ရှိပါတယ်။ သို့သော် အခုနောက်ပိုင်းမှာဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တဲ့သူတွေကိုလည်း တွေ့လာရပါတယ်။

လျှာကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပါ။

သို့သော်သုတေသနတွေအရ လျှာကင်ဆာဟာ ဆေးလိပ်သောက်၊အရက်သောက်၊ကွမ်းစားတဲ့သူတွေ၊အကင်တွေအစားများတဲ့သူတွေ၊ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့သူတွေ၊တရားလွန်ပူသော စပ်သော အစားသောက်များကို ရေရှည် ခဏခဏ စားသောက်တဲ့သူတွေ၊HPV ပိုးရှိသူနဲ့ပါးစပ်ဖြင့်လိင်ဆက်ဆံခဲ့ခြင်းကြောင့် HPV ပိုးကူးစက်ခံရသူတွေ၊မိဘမျိုးရိုးမှာ လျှာကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိသူတွေ မှာဆိုရင် ဖြစ်နိုင်ခြေများတတ်ပါတယ်။

ဒါ့အပြင် တချို့တွေမှာ သွားချွန်သွားတက်တွေရှိနေပြီး အဲ့သွားတွေက လျှာကိုမကြာခဏသွားထိခိုက်မှုဖြစ်စေတာမျိုး သို့မဟုတ်

တချို့တွေမှာ သွားတုတပ်ရာကနေ ပုံစံမကျချောင်နေခြင်းကြောင့် မကြာခဏလျှာကိုသွားထိခိုက်တာမျိုးတွေမှတဆင့် ရေရှည်မှာ လျှာကင်ဆာဖြစ်လာတာမျိုးရှိပါတယ်။

လျှာကင်ဆာဖြစ်ပါက လျှာမှာအနာသို့မဟုတ် အလုံးအကျိတ်တွေဖြစ်လာတာ၊ဖြစ်တဲ့အနာသို့မဟုတ် အလုံးအကျိတ်က ၃ပတ်ကျော်သည်ထိမပျောက်တာ၊လျှာနဲ့လျှာဘေးပတ်လည်နေရာတွေမှာ အနီကွက် သို့မဟုတ် အဖြူကွက်လေးတွေဖြစ်ပြီး ထိုအကွက်လေးတွေကပွားလာတာ၊အစာမျိုချင်ရင်နာတာ၊စကားပြောရခက်တာ၊လျှာထုံတာ၊လျှာကထိခိုက်မိတာမရှိဘဲရောင်ရမ်းနာကျင်နေတာ၊ခိုက်မိတာမရှိဘဲ လျှာကနေသွေးထွက်တာ မျိုးတွေဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်ပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး လျှာကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ ဓါတ်မှန်ရိုက်တာ၊စီတီရိုက်တာ၊အသားစယူစစ်ဆေးတာစသဖြင့်ပါ။

ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ လျှာကင်ဆာဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးစောစီးစွာကုသဖို့လိုပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေ နဲ့ လူနာကိုယ်ခံအားအခြေအနေ၊အသက်အရွယ်ပေါ်မှုတည်ပြီး ခွဲစိတ်တာ၊ကင်ဆာဆေးသွင်းကုသတာ၊ဓါတ်ရောင်ခြည်နဲ့ကုတာ စသဖြင့် နည်းလမ်းတွေရှိပါတယ်။လိုအပ်ပါက နည်းနှစ်နည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။ဥပမာ-အလုံးအကျိတ်ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမျိုးပါ။

အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ လျှာကင်ဆာဖြစ်နိုင်ခြေနည်းအောင်

အရက်ဆေးလိပ်ကွမ်း ရှောင်ပါ။ခံတွင်းကျန်းမာရေးဂရုစိုက်ပါ။အစားအသောက်တွေကို ပူပူလောင်လောင်အနေအထားမျိုးနဲ့စားတဲ့အကျင့်ကိုရှောင်ပါ။သွားချွန်သွားတက်တွေရှိပါက သွားဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမျိုးကိုရှောင်ကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

Dr 528

Previous Post

ဖုန်းကြောင့်ဖြစ်သော မျက်စိပြဿနာများ

Next Post

ဆီးစပ်နေရာက အောင့်အောင့်နေတာ အန္တရာယ်ရှိလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
435

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးစပ်နေရာက အောင့်အောင့်နေတာ အန္တရာယ်ရှိလား

လော်ကဓံ

မစားကောင်းတဲ့အသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.