ကင်ဆာဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ
လူအများစုသည် မိမိခံစားနေရသောရောဂါ ရက်အတန်ကြာသည်အထိ မပျောက်ခဲ့သော် ကင်ဆာ လား?ဆိုသော စိုးရိမ်စိတ်ကဝင်လာတတ်ပါတယ်။ထို့အတူ ကင်ဆာ ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုသော မေးခွန်းကိုမေးကာ အဖြေကိုအတိအကျလိုချင်နေကြပါတယ်။ဒါကြောင့်
-ကင်ဆာဆိုတာ ဘယ်လိုရှာဖွေစမ်းသပ်မူ ပြုလုပ်ရင်သိမလဲ?
ကင်ဆာလို့ အတိအကျပြောဖို့က စမ်းသပ်စစ်ဆေးမူတစ်ခုတည်းလုပ်ရုံနဲ့မရပါ။လူနာတစ်ယောက်အတွက်ရောဂါရာဇဝင်။လက်တွေ့စမ်းသပ်မူနှင့် ရှာဖွေစမ်းသပ်မူများလိုအပ်ပါတယ်။ကင်ဆာလား?ကင်ဆာနှင့်တူသောအခြားရောဂါလား ကွဲပြားဖို့ စမ်းသပ်စစ်ဆေးမူများစွာပြုလုပ်ရန်လိုအပ်ပါတယ်။ဆရာဝန်အနေဖြင့် ရောဂါသည်ကင်ဆာလို့ ထင်သည်နှင့် ရှာဖွေစစ်ဆေးမူကို အကြိမ်ကြိမ်ပြုလုပ်ရသည်လည်းရှိတတ်ပါတယ်။တတ်ကျွမ်းနားလည်သည့် ပညာရပ်ပိုင်းဆိုင်ရာပညာရှင်များနှင့်ပူးပေါင်းအဖြေထုတ်ရသည့်အခြေအနေလည်းရှိပါတယ်။
ရှာဖွေမူအပိုင်းများမှာ
-ဓာတ်ခွဲစစ်ဆေးမူများ
-ပုံရိပ်ဖမ်းစမ်းသပ်မူများ
-မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း
-မျိုးရိုးဗီဇစစ်ဆေးခြင်း
-အသားစယူခြင်းစသည့်တို့ဖြစ်ပါတယ်။
(1)ဓာတ်ခွဲစစ်ဆေးခြင်း
ဓာတ်ခွဲစစ်ဆေးခြင်းဆိုသည်မှာ သွေး။ဆီး။ဝမ်းစစ်ခြင်းအပြင် အခြားသော ရိုးတွင်းချဉ်ဆီ။ကိုယ်မှထွက်သောအရည် စသည့်တို့စစ်ဆေးခြင်းဖြစ်ပါတယ်။ရောဂါအခြေအနေနှင့်လူနာအခြေအနေပေါ်မူတည်ရျ် လိုအပ်သောစစ်ဆေးမူများအားလုံးပြုလုပ်ပါတယ်။ရောဂါပေါ်မူတည်ရျ် Tumor markersလို့ခေါ်တဲ့ကင်ဆာအတွက်လိုအပ်သောစစ်ဆေးမူများလည်း ပြုလုပ်ပါတယ်။
(2)ပုံရိပ်ဖမ်းစမ်းသပ်မူများ
ကင်ဆာတည်နေရာ။အခြေအနေ။အရွယ်အစားနှင့်ပြန့်နှံ့မူရှိမရှိ သိရှိနိုင်စေရန်နှင့် ကုသမူထိရောက်ပုံကိုလည်းသိရှိရန်ပြုလုပ်ပါတယ်။အတ်ထရာဆောင်းရိုက်ခြင်း။ဓာတ်မှန်ရိုက်ခြင်း။ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း။သံလိုကိဓာတ်မှန်ရိုက်ခြင်းစသည့်တို့ဖြစ်ပါတယ်။
(3)မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်း
အချို့ကင်ဆာများသည် မှန်ပြောင်းဖြင့် ရောဂါရှာဖွေမူပြုလုပ်ပါတယ်။
-ဆီးလမ်းကြောင်းမှန်ပြောင်း
-အူလမ်းကြောင်းမှန်ပြောင်း
-သည်းခြေလမ်းကြောင်းမှန်ပြောင်း
-အစာအိမ်လမ်းကြောင်းမှန်ပြောင်းစသည့်ဖြင့်ရောဂါကိုရှာဖွေမူပြုလုပ်ပါတယ်။
(4)မျိုးရိုးဗီဇစစ်ဆေးခြင်း
(5)အသားစစစ်ဆေးခြင်း
ကင်ဆာဖြစ်နိုင်ရှိသော အကျိတ်။နေရာမှ အသားစကိုယူရျ် microscopeဖြင့်ကင်ဆာဆဲလ်များရှာဖွေခြင်းဖြစ်ပါတယ်။အချို့သည် ခွဲစိတ်ခန်းအတွင်းပြုလုပ်ရသော်လည်း အချို့မူ အလွယ်တကူအသားစစစ်နိုင်ပါတယ်။အသားစစစ်ခြင်းဖြင့်ကင်ဆာလား အခြားရောဂါလား ခွဲခြားနိုင်ပါတယ်။
-မှန်ပြောင်းဖြင့်အသားစယူခြင်း
-ရိုးတွင်းချဉ်ဆီအသားစယူခြင်း
-အကျိတ်တခုလုံးဖြတ်ထုတ်ယူစစ်ခြင်း
-အပ်ဖြင့်အရည်စုပ်ယူစစ်ခြင်း
-လိုအပ်သောပမာဏသာယူစစ်ခြင်း
-ရိတ်ယူစစ်ခြင်း
-အရေပြားအသားစယူစစ်ခြင်းစသည့်တို့ကို ရောဂါအခြေအနေပေါ်မူတည်ရျ် ရှာဖွေစစ်ဆေးမူပြုလုပ်ပါတယ်။ထို့ကြောင့်ကင်ဆာဟုတ်မဟုတ်သိနိင်ရန်အထက်ပါစမ်းသပ်မူများပြုလုပ်မှသာ အဖြေထွက်လာနိုင်မည်ဖြစ်ပါတယ်။ဒါကြောင့် မိမိရောဂါအခြေအနေ သေချာစစ်ဆေးချက်များမပြုလုပ်ရသေးမှီ ကင်ဆာလားဆိုသောစိတ်ဝေဒနာကို မဖြစ်လာအောင်သတိပြုသင့်ပါတယ်။