fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

လည်ပင်းအကျိတ်ကင်ဆာရဲ့  လက္ခဏာများ

7.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/12/2018
in ရောဂါကြီးများ
1 min read
A A

 

လူတိုင်းလူတိုင်းရဲ့ လည်ပင်းရှေ့တည့်တည့် အောက်ခြေနား နေရာလောက်မှာ လည်ပင်းအကျိတ်တခုရှိပါတယ်။

အဲ့ဒါကိုဆေးပညာအရ Thyroid gland (သိုင်းရွက်ဂလန်း)လို့ခေါ်ပါတယ်။

သိုင်းရွက်ဂလန်းဟာ လိပ်ပြာပုံစံရှိပြီး သူ့ဆီကနေ သိုင်းရွက်ဟော်မုန်း (Thyroid hormones) တွေကို ထုတ်ပေးပါတယ်။

သိုင်းရွက်ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်ဖြစ်ပျက်ဖို့အတွက် အလွန်အရေးပါတဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ရောဂါတွေအနေနဲ့ကတော့

သိုင်းရွက်ဟော်မုန်းများတာ၊ နည်းတာ၊ လည်ပင်းကြီးတာ၊ သိုင်းရွက်ဂလင်းရောင်ရမ်းတာ၊ သိုင်းရွက်ဂလင်းမှာ ရိုးရိုးအလုံးအကျိတ်ဖြစ်တာ၊ သိုင်းရွက်ဂလင်း ကင်ဆာဖြစ်တာ စသဖြင့် အများကြီးရှိပါတယ်။

ထိုအများကြီးရှိတဲ့ထဲမှာမှ အခုတပတ်မှာ သိုင်းရွက်ဂလင်းကင်ဆာ အကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

သိုင်းရွက်ဂလင်း ကင်ဆာမှာ

– Papillary thyroid cancer

– Follicular thyroid candcer

– Medullary thyroid cancer

– Anaplastic thyroid cancer ဆိုပြီး အမျိုးအစား ၄ မျိုးရှိပါတယ်။

ထို ၄ မျိုးထဲမှာမှ Papillary thyroid cancer အမျိုးအစားက အဖြစ်အများဆုံးဖြစ်ပါတယ်။ သိုင်းရွက်ကင်ဆာဖြစ်သူ အယောက် ၁၀၀ မှာ အယောက် ၇၅ ယောက်ကနေ အယောက် ၈၅ ယောက် လောက်ဟာ ဒီအမျိုးအစားဖြစ်လေ့ရှိပါတယ်။ ဒီအမျိုးအစားက တဖြည်းဖြည်းနဲ့ မှကြီးလာတဲ့ ကင်ဆာကျိတ်အမျိုးအစားဖြစ်ပြီး လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောတွေကနေတဆင့် ခန္ဓာကိုယ်တခြားနေရာ အစိတ်အပိုင်းတွေကို ပျံ့နှံ့ပါတယ်။

ဒုတိယလိုက်တာကတော့ Follicular thyroid cancer အမျိုးအစားဖြစ်ပါတယ်။ သိုင်းရွက်ကင်ဆာဖြစ်သူအယောက်၁၀၀မှာ ၁၀ ယောက်ကနေ ၁၅ ယောက်လောက်ဟာ Follicular thyroid caner အမျိုးအစား ဖြစ်နိုင်ခြေရှိပါတယ်။

ဒီကင်ဆာအမျိုးအစားကတော့ ခန္ဓာကိုယ်တခြားနေရာ အစိတ်အပိုင်းတွေကို သွေးကြောတွေကနေတဆင့်အဓိကပျံ့နှံ့ပါတယ်။

Medulluary thyroid cancer ကတော့ သိုင်းရွက်ကင်ဆာဖြစ်သူအယောက် ၁၀၀ မှာ ၄ ယောက်လောက်ပဲ ဖြစ်နိုင်ခြေရှိတဲ့ ကင်ဆာအမျိုးအစားပါ။

Anaplastic thyroid cancer အမျိုးအစားကတော့ အရမ်းကို အဖြစ်နည်းပါတယ်။ သိုင်းရွက်ကင်ဆာဖြစ်သူအယောက် ၁၀၀ မှာ ၁ ယောက်ဖြစ်ခဲပါတယ်။ ဒါပေမယ့် ဖြစ်ပြီဆိုရင် အရမ်းဆိုးဝါးပြီး ခန္ဓာကိုယ်ရှိတခြားနေရာတွေကို ပျံ့နှံ့နှုန်းကလည်း အလွန်မြန်ဆန်တဲ့အတွက် ကုရမလွယ်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာတွေဟာ အမျိုးသမီးတွေမှာဖြစ်နိုင်ခြေပိုများပါတယ်။သုတေသနတွေအရ အမျိုးသမီးတွေမှာ သိုင်းရွက်ဂလင်းကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသားတွေထက် နှစ်ဆ ကနေ လေးဆထိပိုများကြောင်းသိရပါတယ်။

အသက်အရွယ်အားဖြင့်ဆိုရင်တော့ Papillary thyroid cancer ဟာ အသက် ၃၀ ကနေ ၅၀ အရွယ်ကြားမှာ အဖြစ်များလေ့ရှိပြီး Follicular thyroid cancer ကတော့ အသက် ၅၀ ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာ ဖြစ်ပွားရတဲ့အကြောင်း အတိအကျကတော့ပြောရမလွယ်ပါ။ သို့သော် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေအနေနဲ့ကတော့

– မျိုးရိုးဗီဇနဲ့ဆိုင်တာ

– ဓါတ်ရောင်ခြည်သင့်တာ

– အိုင်အိုဒင်းဓါတ်ချို့တဲ့တာ

– သိုင်းရွက်ဂလင်းရောင်တာ စသဖြင့် ရှိပါတယ်။

သိုင်းရွက်ဂလင်းကင်ဆာဟာ စစဖြစ်ချင်းမှာ ထွေထွေထူးထူးလက္ခဏာတွေ ပြတာသိပ်မရှိပေမယ့်
ကင်ဆာအကျိတ်ကြီးလာတာနဲ့အမျှ နောက်ပိုင်းမှာ

– လည်ပင်းမှာ အလုံးအကျိတ်ပေါ်လာတာ

– လည်ပင်းနာတာ၊ လည်ချောင်းနာတာ

– အစားအသောက်မျိုရခက်တာ

– အသံပြောင်းလာတာ၊ အသံသြလာတာ

– ချောင်းဆိုးတာ

– အစားအသောက်သိသိသာသာပျက်တာ၊ ကိုယ်အလေးချိန်သိသိသာသာကျလာတာ စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ပြသပြီး သိုင်းရွက်ဂလင်းကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးမှုတွေအနေနဲ့ကတော့

– သွေးစစ်တာ

– လည်ပင်းအာထရာဆောင်းရိုက်တာ

– Fine-needle aspiration biopsy ခေါ် အပ်နဲ့အသားစယူပြီး စစ်ဆေးတာ စသဖြင့်လုပ်နိုင်ပါတယ်။

ဒီလိုတွေလုပ်ကြည့်လို့ သိုင်းရွက်ဂလင်းကင်ဆာဖြစ်တယ်လို့ အဖြေထွက်ရင်တော့ ကင်ဆာပျံ့နေလား သိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ စီတီရိုက်တာ၊ အမ်အာအိုင်ရိုက်တာ၊ ဗိုက်ကိုအာထရာဆောင်းရိုက်တာ စသဖြင့် ထပ်စစ်ဖို့ လိုနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ လူနာရဲ့ကျန်းမာရေးအခြေအနေနဲ့ ရောဂါအခြေအနေပေါ်လိုက်ပြီး ခွဲစိတ်ကုသတာ၊ ဓါတ်ရောင်ခြည်နဲ့ကုသတာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ဟော်မုန်းဆေးပေးကုသတာ စသဖြင့် ကုသနည်းတွေရှိပါတယ်။

လိုအပ်ပါက နှစ်နည်းပေါင်းကုတာမျိုးတွေလည်း လုပ်ပါတယ်။

Dr 528

Previous Post

သွေးမလှုခင် မသိမဖြစ် သိထားရမဲ့အချက်များ

Next Post

ဘယ်လိုလူတွေမှာ ပျားတုပ်ခံရရင် သေနိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
436

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်လိုလူတွေမှာ ပျားတုပ်ခံရရင် သေနိုင်လဲ

သတိ ခဏခဏ မေ့နေတဲ့ ပြဿနာ

ကလေးတွေမှာအဖြစ်အများဆုံး ကျောက်ကပ်ရောဂါ (၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.