fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာကို ကာကွယ်လို့ရသလား

31
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2018
in ရောဂါကြီးများ
1 min read
A A

ကင်ဆာ ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ လူတော်တော်များများ ကြောက်သွားကြမယ် ထင်ပါတယ်။ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေထဲမှာ ကင်ဆာဟာ ပါဝင်ပြီး ကင်ဆာဟာ ကမ္ဘာမှာ သေနှုန်း အများဆုံး ဖြစ်စေတဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ပြင်ပက လေထု ညစ်ညမ်းမှုတွေနဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ၊ စက်ရုံသုံး ဓာတုပစ္စည်းတွေ၊ ထိန်းသိမ်းပြုပြင်ထားတဲ့ အစားအသောက် အစရှိတာတွေဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အခြေခံဖွဲ့စည်းတည်ဆောက်ပေးထားတဲ့ အရာတွေဟာ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ အဆောက်အဦးတစ်ခု ခိုင်မာဖို့ အခြေခံအုတ်က အရေးကြီးသလိုပဲ ခန္ဓာကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း ဆဲလ်တွေက အရေးကြီးပါတယ်။

ပတ်ဝန်းကျင်က ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေဟာ ကိုယ်တွင်းက ဆဲလ်တွေ ပုံမှန်ဖြစ်ပွားမှု ကို ထိန်းချုပ်ပေးထားတဲ့ ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ ဒီအခါ ပုံမမှန်တဲ့ ဆဲလ်ပွားများမှုတွေ ဖြစ်ပေါ်လာပြီး ကင်ဆာ ဖြစ်လာရပါတယ်။

ကင်ဆာ ဖြစ်တာကို ဘယ်လို ကာကွယ်မလဲ ???

ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးလိုလိုမှာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါ အမျိုးအစား တစ်ခုချင်းစီ အလိုက် ရောဂါကို ဖြစ်စေနိုင်တဲ့ အရာတွေဟာ ကွဲပြားကြပါတယ်။ ဥပမာပြောရရင် အရက် ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုးတွေဟာ အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး ဆေးလိပ်သောက်တာ များရင်တော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ မဖြစ်ပွားနိုင်အောင် ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်ဖို့ လိုပါလိမ့်မယ်။ ဆေးလိပ်သောက်တာ တွေကို ရှောင်ကြဉ်ရမှာ ဖြစ်သလို အရက်ကိုလည်း သောက်ဖို့ သင့်တဲ့ ပမာဏထက် ပိုမသောက်မိဖို့ သတိပြုရပါမယ်။

ကင်ဆာရောဂါ ကို ဖြစ်စေနိုင်တဲ့ စက်ရုံသုံး အညစ်အကြေးတွေ ကိုလည်း တတ်နိုင်သမျှ ရှောင်ရပါမယ်။ ပြုပြင်ထားတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို လည်း အလွန်အကျွံ စားတာကို ရှောင်ရပါမယ်။

ရောဂါပိုးကြောင့် ဖြစ်တဲ့ အသည်းကင်ဆာတွေ မဖြစ်ဖို့ အတွက် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးကို ထိုးထားရပါမယ်။

သားအိမ်ခေါင်းကင်ဆာ ဟာလည်း Human papilloma virus တွေကြောင့် ဖြစ်တဲ့အတွက် ဒီရောဂါပိုးတွေ ကူးစက်မခံရအောင် ကာကွယ်ဆေးကို ကြိုထိုးသင့်ပါတယ်။

ကင်ဆာရောဂါ စဖြစ်စေတဲ့ ပုံမမှန်ဆဲလ်ပွားတာ ကို ကြိုတင်တားဆီးနိုင်အောင် Antioxidant တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။

ကင်ဆာရောဂါ ကြောင့် ဘာကြောင့် သေဆုံးရသလဲ ???

ကင်ဆာရောဂါ ဖြစ်တဲ့ အင်္ဂါတွေ ဟာ ကင်ဆာကြောင့် အလုပ်မလုပ်နိုင်တော့ဘူး ဖြစ်လာတဲ့ အခါ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

တစ်ချို့သော ကင်ဆာရောဂါ တွေမှာ ဟော်မုန်းတွေ ထွက်ပါတယ်။ ထွက်တဲ့ ဟော်မုန်းတွေဟာလည်း တစ်ခါတစ်လေ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာဆဲလ်တွေ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောက်သွားတဲ့ အခါမှာလည်း အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ကင်ဆာရောဂါ တွေ ဖြစ်တဲ့ အခါမှာ ကိုယ်ရဲ့ ခုခံအားဟာ ကျသွားပါတယ်။ တစ်ခါတစ်လည်း ကင်ဆာရောဂါ ကို ကုသရတဲ့ ဆေးတွေဟာလည်း ခုခံအားကို ကျသွားစေနိုင်တဲ့ အတွက် ဒီလိုအခါမျိုးတွေမှာ ကိုယ်တွင်းကို ပိုးမွှားတွေ ဝင်ရောက်ပြီး အသက်ကို ထိခိုက်နိုင်ပါတယ်။

ဒီလို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အကြောင်းအတော်များများဟာ ကင်ဆာရောဂါ ပျံ့နှံ့တဲ့ အချိန်မှသာ ဖြစ်တာများပါတယ်။

ကင်ဆာ မပျံ့နှံ့ခင် မှာ စောစောစီးစီး သိရှိပြီး ကုသမယ်ဆိုရင် ကင်ဆာရောဂါကြောင့် သေနိုင်ချေဟာ လျော့ကျသွားနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ခါစမှာ အလုံးအကျိတ်ဟာ သိပ်မကြီးသေးတဲ့ အတွက် ဒီလို ဖြစ်ခါစ အလုံးအကျိတ် ကို ဖြတ်ထုတ်လိုက်မယ် ကုသလိုက်မယ် ဆိုရင် ကင်ဆာရောဂါ အရှင်းပျောက်သွားနိုင်ပါတယ်။

ကင်ဆာ ရောဂါ ဖြစ်ခါစမှာ စောစောစီးစီး ကုသနိုင်ဖို့ အတွက် ကိုယ်မှာ ပုံမမှန်တဲ့ အကျိတ်တစ်ခု ဖြစ်လာခဲ့ရင် ၊ ပုံမှန်မဟုတ်တဲ့ တစ်နေရာရာပေါ်လာခဲ့ရင် ကင်ဆာ ဟုတ်မဟုတ် သိရှိဖို့ ကျွမ်းကျင်တဲ့ ဆရာဝန် နဲ့ တိုင်ပင် စစ်ဆေးပြီး ကုသရပါမယ်။

Dr. မွှေး

Previous Post

သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

Next Post

ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
489

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
910
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
492
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
765
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
451

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ပါးစပ်ကသောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

ငုံးဥလို အသားအရည်မျိုး မဖြစ်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.