fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သည်းခြေအိတ်ကင်ဆာ အကြောင်းသိကောင်းစရာ

673
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/03/2019
in ရောဂါကြီးများ
1 min read
A A

သည်းခြေအိတ်ကင်ဆာ အကြောင်းသိကောင်းစရာ

သည်းခြေအိတ်ဆိုတာက အသည်းရဲ့အောက်ဘက်နားမှာ ကပ်ပြီးရှိနေသော မမှုတ်ရသေးတဲ့ ပူစီဖောင်းနဲ့တူတဲ့ ရှည်မျောမျာလုံးဝန်းဝန်းပုံသဏ္ဍန်အိတ်လေးတခုပါ။

ဆေးပညာအရ Gall Bladder လို့ခေါ်ပါတယ်။

သည်းခြေအိတ်(Gall Bladder) ထဲမှာ အသည်း (Liver) ကနေထုတ်ပေးတဲ့ သည်းခြေရည် (Bile) တွေကို သိုလှောင်ထားပါတယ်။

ထိုသည်းခြေရည် (Bile) တွေက ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေထဲမှာပါတဲ့ အဆီတွေကို ခြေဖျက်ရာမှာ အရေးပါပါတယ်။

ကျွန်တော်တို့တွေ အဆီများတဲ့အစားအသောက်တွေကို စားသောက်မိတဲ့အခါမှာ သည်းခြေရည်တွေက သည်းခြေအိတ်ထဲကနေ Common bile duct လို့ခေါ်တဲ့ပြွန်ကို ဖြတ်သန်းပြီး အူသိမ်ထဲရောက်လာကာ အဆီတွေကို ခြေဖျက်ပေးပါတယ်။ ဒီလိုဖြစ်အောင် သည်းခြေအိတ်က ညှစ်ထုတ်ပေးပါတယ်။

သည်းခြေအိတ်ကင်ဆာကို ဆေးပညာအရ Carcinoma of gallbladder လို့ခေါ်ပါတယ်။

အဖြစ်များတဲ့ကင်ဆာတော့မဟုတ်ပါဘူး။

ဒါပေမယ့် ဖြစ်ပြီဆိုရင်လည်း စောစီးစွာတိကျတဲ့ လက္ခဏာတွေပြလေ့မရှိတာကြောင့် တခြားနေရာတွေပျံ့နေတဲ့အဆင့် (လွန်တဲ့အဆင့်) ရောက်မှပဲ သိရတတ်ပြီး အသက်ဆုံးရှုံးရတာ များလေ့ရှိပါတယ်။

သည်းခြေအိတ်ကင်ဆာဟာ သည်းခြေအိတ်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ အဆမတန် ပွားများလာတာကြောင့် ဖြစ်ပါတယ်။

ဘာလို့ ဒီလိုဖြစ်ရလဲဆိုတဲ့ တိကျတဲ့အကြောင်းရင်းကိုတော့ မသိသေးပါဘူး။

သို့ပေမယ့် သည်းခြေအိတ်ကင်ဆာဟာ

– အသက်ကြီးတဲ့သူတွေ

– အမျိုးသမီးတွေ

– ကိုယ်အလေးချိန်များတဲ့သူတွေ

– ခဏခဏရေရှည်သည်းခြေအိတ်ပိုးဝင်ရောင်ရမ်းတဲ့သူတွေ

– သည်းခြေအိတ်ထဲကျောက်တည်တဲ့သူတွေ

– သည်းခြေအိတ်မှာအသားပိုတွေရှိသူတွေ မှာ ဖြစ်နိုင်ခြေပိုများကြောင်း လေ့လာမှုတွေအရ သိရပါတယ်။

သည်းခြေအိတ်ကင်ဆာဖြစ်တဲ့အခါ အစပိုင်းမှာ ဗိုက်ညာဘက်အခြမ်းမှာ နာတာအောင့်တာ၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေထတာ၊ ပျို့အန်တာ၊ ဖျားတာ၊ အစားအသောက်ပျက်တာ၊ ပိန်လာတာ၊ အသားဝါလာတာတွေဖြစ်နိုင်ပါတယ်။

ဒါပေမယ့်ဒါတွေဟာ နေမကောင်းတာ၊ အအေးမိတာတွေ စတဲ့ တခြားသာမန်ရောဂါတွေမှာလည်း ဖြစ်တတ်လို့ လူအများစုက ဆရာဝန်နဲ့ ပြသစမ်းသပ်မှုမပြုဘဲနေတတ်ပြီး ကင်ဆာက သည်းခြေအိတ်ကနေ တခြားကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းတွေဆီပျံ့ကာ ပြင်းထန်တဲ့ ရောဂါလက္ခဏာပြတော့မှပဲ ဆေးခန်းဆေးရုံရောက်လာတတ်ကြပါတယ်။ အဲ့အခါကျ ကင်ဆာက အဆင့်မြင့်နေပြီး ကုရခက်ကာ အသက်အန္တရာယ်ထိခိုက်တတ်ပါတယ်။

ဒါကြောင့် သင့်မှာ အထက်ကဖော်ပြထားတဲ့လက္ခဏာတွေရှိခဲ့ရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်သင့်ပါတယ်။

သည်းခြေအိတ်ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးမှုတွေအနေနဲ့ကတော့ အာထရာဆောင်းရိုက်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ၊ မှန်ပြောင်းထည့်စစ်ဆေးတာ စသဖြင့်လုပ်ရနိုင်ပါတယ်။

ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ သည်းခြေအိတ်ကင်ဆာရှိတယ်ဆိုရင် ဘယ်အဆင့်ရောက်နေပြီလဲဆိုတာသိဖို့ တခြားစမ်းသပ်မှုတွေထပ်လုပ်ရနိုင်ပါတယ်။

သည်းခြေအိတ်ကင်ဆာကို အဆင့်၄ဆင့်ခွဲထားပါတယ်။

– အဆင့် ၁ မှာဆိုရင် ကင်ဆာဆဲလ်တွေက သည်းခြေအိတ်ရဲ့အတွင်းမှာပဲ ရှိပါတယ်။

– အဆင့် ၂ မှာဆိုရင်တော့ ကင်ဆာဆဲလ်တွေက အပြင်လွှာကိုရောက်ပြီး ဘေးဘက်တွေကိုလည်း ရောက်နိုင်ပါတယ်။

– အဆင့် ၃ မှာတော့ ကင်ဆာဆဲလ်တွေက သည်းခြေအိတ်နားမှာရှိတဲ့ အသည်း၊ အူသိမ်၊ အစာအိမ်စတဲ့ အစိတ်အပိုင်းတွေဆီ ပျံ့နေပြီး ပြန်ရည်ကြော (Lymph nodes) များသို့လည်းရောက်နေပြီဖြစ်ပါတယ်။

– အဆင့် ၄ မှာတော့ ကင်ဆာဆဲလ်တွေဟာ အနီးနားကအင်္ဂါအစိတ်အပိုင်းတွေအပြင် တခြားဝေးတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ်၊ အရိုး စတဲ့အစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ လူနာရဲ့ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ခံနိုင်ရည်နဲ့ ရောဂါအခြေအနေ စတဲ့အချက်တွေပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ဓာတ်ကင်တာ စသဖြင့်နည်းလမ်းတွေအမျိုးမျိုးနဲ့ကုသမှုခံယူရနိုင်ပါတယ်။

တခါတရံ နှစ်နည်း၊ သုံးနည်း ပေါင်းပြီးကုသတာမျိုးလည်းဖြစ်နိုင်ပါတယ်။

Dr 528

Previous Post

စားလို့လည်းရ ဆေးဖက်လည်းဝင်တဲ့ တမာပင်အကြောင်း

Next Post

သားဥပြွန်ပိတ်ခြင်းအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားဥပြွန်ပိတ်ခြင်းအကြောင်း

ကိုယ်ဝန်ဖျက်ချခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

မျက်မှန်မတပ်ချင်ရင် ဒါတွေလုပ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.