မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာဒုတိယမြောက် ကင်ဆာရောဂါအဖြစ်များဆုံးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ခဲ့တာကို Health Care မှာဆောင်းပါးရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမြန်မာ လူမျိုးအများစုစားသုံးတဲ့ စားအုန်းဆီဟာကျန်းမာရေးထိခိုက်စေနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့ နောက်မှာအစိုးရတာဝန်ရှိသူတွေက နိုင်ငံခြားကတင်သွင်းလာတဲ့ စားအုန်းဆီနဲ့ရောင်းချတဲ့ စားအုန်းဆီမတူတာ ကိုစစ်ဆေးတွေ့ရှိရင် လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမယ်လို့ တရားဝင်ထုတ်ပြန်ပြောကြားလိုက်ပါ တယ်။
ဒီပြောကြားချက်ကို မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းကလည်း ကြိုဆိုလိုက်ပါတယ်။ ဘာလို့လဲဆို တော့ဈေးချိုပြီး စံချိန်မမှီတဲ့ စားအုန်းဆီတွေပြည်တွင်းဝင်ရောက်လာတဲ့အတွက်ကြောင့် ပြည်တွင်းကမြေပဲ၊ နှမ်း စိုက်တဲ့တောင်သူတွေ၊ ဆီစက်ပိုင်ရှင်တွေ ပြိုလဲသွားခဲ့တာကြာပါပြီ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားရခြင်းရဲ့ အဓိကအချက်ကတော့ အစားအစာမသန့်လို့ဖြစ် ပါတယ်။ မြန်မာလူမျိုးတွေစားတဲ့ အစားအသောက်တွေထဲမှာ ဆီဟာမရှိမဖြစ်လိုအပ်ပါတယ်။ နှစ်ပေါင်းများစွာ ကတည်းကမြန်မာလူမျိုးတွေဟာ ဟင်းချက်ပြုတ်တဲ့နေရာမှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတွေကိုပဲအသုံးပြုခဲ့ကြပါ တယ်။ တိုင်းပြည်စီးပွားရေးကျဆင်းပြီး ဆင်းရဲလာတဲ့အခါမှာတော့ ပဲဆီ၊ နှမ်းဆီထက်ဈေးချိုတဲ့ ပြည်ပကစား အုန်းဆီဆိုတာပေါ်ပေါက်လာပါတယ်။ စားအုန်းဆီဟာ ပဲဆီ၊ နှမ်းဆီထက် ကိုလက်စထရောပိုများပါတယ်။ ဒါ ကြောင့်ခန္ဓာကိုယ်ထဲမှာ အဆီတွေများသွားတဲ့အခါ အခြားရောဂါပေါင်းစုံတွေ ဖြစ်ပေါ်လာပါတယ်။ စားသုံးဆီ တင်သွင်းသူတွေကလည်း မိမိအကျိုးစီးပွားရလိုမှု တစ်ခုတည်းကိုကြည့်ပြီး အရည်အသွေးမမှီတဲ့ စားသုံးဆီတွေ ကိုတင်သွင်းကြပါတယ်။ ထပ်ပြီး အကျိုးအမြတ်ကျန်ဖို့အတွက် နိုင်ငံခြားမှာ စက်မှုသုံးစားသုံးဆီတွေကိုလည်း တင်သွင်းပြီး ရောင်းချပါတယ်။ အဆိုးဆုံးကတော့ တရုတ်နိုင်ငံက တင်သွင်းတဲ့ပြည့်ဝဆီတွေပါပဲ။ ဒီဆီတွေကို မြောင်းဆီလို့ခေါ်ပါတယ်။ လူတွေစားသုံးရန်မသင့်တဲ့ ပြည့်ဝဆီတွေကို ပြန်လည်ပြုပြင်သန့်စင်ပြီး မြန်မာပြည်ထဲ ကိုတင်သွင်းရောင်းချပါတယ်။ ဒီဆီတွေကိုနှစ်ပေါင်းများစွာ စားသုံးရင်ကင်ဆာရောဂါ ဖြစ်လာတော့တာပါပဲ။
နောက်ထပ် မြန်မာလူမျိုးတွေကိုဒုက္ခပေးနေတဲ့ အရာကတော့ဆိုးဆေးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ ဟာအရောင်ပါတဲ့ အစားအစာတွေကိုပိုမိုနှစ်သက်ပါတယ်။ ဒါကြောင့် ဈေးတွေမှာရောင်းနေတဲ့ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်တွေကိုဆေးဆိုးပါတယ်။ လက်ဖက်တွေ၊ မျှစ်တွေဆေးဆိုးပါတယ်။ လက်လီရောင်းချသူတွေသုံးတဲ့ ဆိုးဆေးဟာအစားအသောက်တွေမှာသုံးတဲ့ ဆိုးဆေးမဟုတ်ဘဲ အဝတ်အထည်တွေမှာသုံးတဲ့ ဆိုးဆေးတွေ ကြောင့်စားသုံးသူတွေ ရောဂါရကြပါတယ်။ အစားအသောက်မှာသုံးတဲ့ ဆိုးဆေးဟာဈေးကြီးတယ်ဆိုပြီး ဝိသမ စီးပွားရေးသမားတွေက ဈေးချိုတဲ့ဆိုးဆေးကို သုံးစွဲကြတာဖြစ်ပါတယ်။
နောက်ထပ် ကင်ဆာရောဂါဖြစ်စေတဲ့အချက်ကတော့ အရက်ဖြစ်ပါတယ်။ အရက်ချက်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကြောင့် ကာစီနိုဂျင်ဓာတ်ပေါင်းတွေ ထွက်ရှိလာပါတယ်။ ဒါတွေဟာ လူ့ခန္ဓာကိုယ်ထဲရောက်ရင် တော့ကင်ဆာရောဂါဟာ တစ်ခါတည်းဖိတ်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ လက်ရှိမြန်မာလူမျိုးတွေရဲ့ ဓလေ့ စရိုက်အရ ဆီကြော်အစားအစာတွေကို ကြိုက်နှစ်သက်ပါတယ်။
ဒီဆီကြော်တွေကလည်း ကျန်းမာရေးကိုဆိုးဝါး စေပါယ်။ ညနေစောင်းရင်ပြည်တွင်းဖြစ်အရက်လေးကို ဆီကြော်အစားအစာတွေနဲ့ မြည်းလေ့ရှိတဲ့မြန်မာလူမျိုး အများစုဟာ နှစ်ပေါင်းအစိတ်အတွင်း လူ့လောကထဲကပျောက်ကွယ်သွားပါတယ်။ ဘာလို့လဲဆိုတော့ အသည်း ပျက်စီးသွားလို့ပါပဲ။ နောက်ထပ် အန္တရာယ်ရှိတဲ့ အစားအစာတစ်မျိုးကတော့ စီပီကြက်ဖြစ်ပါတယ်။ စီပီကြက် တွေဟာ ၄၅ ရက်အတွင်းကြီးထွားပြီး ရောင်းပန်းလှဖို့အတွက် ကြီးထားဟော်မုန်းဓာတ်တွေပါဝင်တဲ့ ဆေးတွေ ကိုထိုးပေးရပါတယ်။ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့မွေးမြူရေးစီပီကြက်တွေကို များများစားသုံးမိရင်လည်း ပြ ဿနာရှိပါတယ်။ စီပီကြက်တွေကြီးထွားစေဖို့အတွက် ဟော်မုန်းဆေးတွေကိုအတောင်ပံကတစ်ဆင့် ထိုးသွင်း ပေးရပါတယ်။ ဒီစီပီကြက်တွေကို ရောင်းချပေးတဲ့နေရာမှာ တောင်ပံတွေကိုလည်းသီးခြားထုတ်ပိုးပြီးရောင်းချ တာမျိုးရှိပါတယ်။ ဒါတွေကို အများအပြားစားသုံးမိရင် ကြက်တောင်ပံမှာစုနေတဲ့ ဟော်မုန်းဆေးတွေကြောင့်စား သုံးသူမှာရောဂါရနိုင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စားရတဲ့ကြက်သားဟာ အိမ်တွေမှာသဘာဝအတိုင်းမွေး ပြီးမှ ဈေးကိုရောက်လာတဲ့ အိမ်ကြက်တွေဖြစ်ပါတယ်။ အိမ်ကြက်တွေက အသားနည်းပေမယ့်လူရဲ့ ကျန်းမာ ရေးကိုတော့ ဒုက္ခမပေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်နေပြည်သူနဲ့ မြို့ပြနေပြည်သူတွေကို နှိုင်းယှဉ် ကြည့်ရင် ကျေးလက်မှာနေတဲ့သူတွေက အသက်ပိုရှည်ပါတယ်။ ဘာလို့လဲဆိုတော့ အစားအသောက်မှာလဲ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေကိုရပါတယ်။ ဓာတုဗေဒဆိုးဆေးနဲ့ ကင်းလွတ်နေတဲ့အစားအ စာတွေကိုလည်း အလွယ်တကူရနိုင်ပါတယ်။ ဆီဆိုရင်လည်း မြို့ပြမှာလိုပြုပြင်သန့်စင်ထားတဲ့ ပြည့်ဝဆီတွေကို စားစရာမလိုပဲ ပဲဆီ၊ နှမ်းဆီစစ်စစ်ကိုရနိုင်ပါတယ်။ ပြောင်းလဲလာတဲ့လူနေမှုစတိုင်အရ မြို့ပြမှာနေတဲ့သူတွေအ တွက်နောက်ထပ်ကင်ဆာရောဂါဖြစ်စေတဲ့ အကြောင်းအရာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့မြို့ တိုင်းလမ်းတိုင်းမှာ မှိုပေါက်သလိုပေါများလာတဲ့ အကင်ဆိုင်တွေပဲဖြစ်ပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာမကြီးဒေါ်မြင့်မြင့်ခင်က “ကင်စာ” နဲ့ “ကင်ဆာ” ဆိုပြီးရေးသားသွားဖူး ပါတယ်။ ဆရာမကြီးဆိုလိုချင်တာက ကင်ထားတဲ့အစားအစာတွေကို စားသုံးရင်ကင်ဆာရရှိနိုင်တယ်လို့ ဆိုပါ တယ်။ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်အရအကင်စာတွေကို စားသုံးလေ့မရှိပါဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ တွေရဲ့ နိုင်ငံခြားကကူးစက်လာတဲ့ ယဉ်ကျေးမှုအရ ဘာဘီကျူးဆိုင်တွေ၊ အကင်ဆိုင်တွေပေါ်ပေါက်လာပါ တယ်။ စီးပွားရေးပြေလည်တဲ့ မိသားစုတွေဟာညဘက်တွေဆိုရင် ကလေးတွေကိုခေါ်ပြီး အကင်ဆိုင်တွေမှာ သွားရောက်စားသောက်တတ်ပါတယ်။ ဆေးပညာရဲ့ဝေဖန်ထောက်ပြမှုအရ အသားတွေကိုကင်ပြီး ဖြစ်ပေါ်လာ တဲ့တူးနေတဲ့အပေါ်ယံအလွှာဟာ သေချာပေါက်ကင်ဆာရောဂါကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ အခုဆိုရင် ရန် ကုန်မြို့ရဲ့လမ်းမတိုင်းမှာ ငါးကင်ဆိုင်တွေ၊ ကြက်ကင်ဆိုင်တွေ၊ ကိုးရီးယားစတိုင်ပြုပြင်ထားတဲ့အသားချောင်း တွေကိုစစ်ဆေးသူမရှိဘဲ စိတ်တိုင်းကျရောင်းချလျှက်ရှိပါတယ်။ အဲဒီအကင်စာတွေကို အစားများရင်လည်းကင် ဆာရောဂါဖြစ်လာတတ်တယ်လို့ သတိပေးထားပါတယ်။ အခုဆိုရင်တော့ FDA ကစားသုံးသူများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနဆိုပြီး အသစ်ဖွင့်တာကိုတွေ့မြင်လာရပါတယ်။ အမှန်တကယ်လည်း မြန်မာလူမျိုးတွေ ရဲ့အန္တရာယ်ရှိသော စားသုံးမှုဟန်ပန်ကိုအကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်လာပြီဖြစ်ပါတယ်။ တစ်ပါးသူ ရဲ့ကျန်းမာရေးကို အလေးမထားဘဲ စီးပွားရေးအရအမြတ်ထုတ်လိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တိတိကျကျအရေး ယူဖို့လိုအပ်လာပြီဖြစ်ပါတယ်။
အချုပ်အနေနဲ့ပြောရရင်တော့ ကမ္ဘာပေါ်မှာကင်ဆာဖြစ်ပွားနှုန်း ဒုတိယနေရာရောက်ရှိနေတဲ့ ကျွန်တော် တို့တိုင်းပြည်ကို Food Security ဖြစ်လာစေဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှာသာမက စားသုံးသူလူထု ကိုယ်တိုင်ကလည်း ဆင်ခြင်ဂရုပြုရမှာဖြစ်ကြောင်း အကြံပြုရေးသားလိုက်ပါတယ်။
Author: ဇော်သက်ထွေး Vol-8 / No-9 Healthcare Journal