fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

‌အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2021
in ရောဂါကြီးများ
1 min read
A A

 အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါတွင် ကနဦးအစပိုင်း၌ အများအားဖြင့် ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးဘဲ အသည်းပြင်းထန်စွာ ထိခိုက်ပျက်စီးသည့်အခါတွင်မှသာ ‌ရောဂါလက္ခဏာများ ပြသလေ့ရှိကြောင်း တွေ့ရှိရပါသည်။

 

ရောဂါလက္ခဏာများ

– နေမကောင်းဖြစ်ခြင်း

– ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း

– အစားအသောက် စားချင်စိတ်မရှိခြင်း

– မျက်လုံးနှင့် အရေပြားဝါခြင်း ( အသားဝါခြင်း )

– ဝမ်းဗိုက်နှင့် ခြေမျက်စိဖောရောင်ခြင်း

– သတိမကောင်းခြင်း

– မူးဝေခြင်း

– သွေးအန်ခြင်း

– သွေးဝမ်းသွားခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။

 

အသည်း၏ ခန္ဓာကိုယ်တွင် လုပ်ဆောင်သည့် လုပ်ငန်းဆောင်တာများ

အသည်း၏ လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– သွေးအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

– အစာခြေဖျက်ခြင်းတွင် ကူညီပေးခြင်း

– သွေးအတွင်းရှိသကြားဓာတ်နှင့် ကိုလက်စထရောဓာတ်များကို ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးခြင်း

– ကူးစက်ရောဂါပိုးများနှင့် အခြားရောဂါများကို တိုက်ခိုက်ပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ပေးပါသည်။

 

အရက်သောက်ခြင်းနှင့် အသည်းဆဲလ်များ

အသည်းရှိဆဲလ်များသည် ဆဲလ်သေများနေရာတွင် ဆဲလ်အသစ်များပြန်လည်အစားထိုးရန်အတွက် ပြန်လည်ပွားများရန် အလွန်လွယ်ကူသော ဆဲလ်များဖြစ်ကြပါသည်။ သို့သော် အရက်ကို ဖယ်ရှားရန်အတွက်  စစ်ထုတ်လိုက်သည့် အကြိမ်တိုင်းတွင် အသည်းအတွင်းရှိ အသည်းဆဲလ်အချို့သည် သေဆုံးသွားကြောင်း တွေ့ရှိရပါသည်။

အသည်းသည် ဆဲလ်အသစ်များကို ပြန်လည်ပွားများရန်လွယ်ကူသော်လည်း အချိန်ကာလ ကြာမြင့်စွာ အရက်သောက်သည့်အခါ အသည်းဆဲလ်များ ပွားများနိုင်ခြင်း ကျဆင်းလာပါသည်။ ထိုအခါ အသည်းကိုဆိုးရွားပြင်းထန်စွာ ထိခိုက်ပျက်စီးလာနိုင်ပြီး အရက်ကြောင့် ဖြစ်ရသော အသည်းရောဂါ (Alcohol Related Liver Disease – ARLD) ဖြစ်လာပေသည်။

 

ရောဂါအခြေအနေအဆင့်များ

အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးခြင်းသည် အောက်ပါအဆင့်များအတိုင်း ဖြစ်ပွားနိုင်ပါသည်။

– အရက်ကြောင့် ဖြစ်သော အသည်းအဆီဖုံးရောဂါ

အရက်ကို ရက်အနည်းငယ်မျှသာ သောက်သုံးသော်လည်း ပမာဏအလွန်များပြားစွာ သောက်သုံးမိသည့်အခါမျိုးတွင် အသည်းတွင် အဆီများစုဝေးလာခြင်း ဖြစ်လာနိုင်ပါသည်။

ထိုရောဂါအခြေအနေကို အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါဟု သတ်မှတ်ပါသည်။ ၎င်းသည် အရက်ကြောင့်ဖြစ်သောအသည်းရောဂါ၏ ပထမဆုံးအဆင့် ဖြစ်ပါသည်။

အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါဖြစ်သောသူများတွင် ပုံမှန်အားဖြင့် ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ ၎င်းရောဂါအဆင့်သည် အရက်သောက်ခြင်းကို နှစ်ပတ်ခန့် ရပ်တန့်လိုက်သည်နှင့် ပြန်လည်၍ ကောင်းမွန်သွားနိုင်သည့် ရောဂါအဆင့်ဖြစ်ပါသည်။

 

– အရက်ကြောင့် ဖြစ်သော အသည်းရောင်ရောဂါ

အရက်ကြောင့်ဖြစ်သော အသည်းရောင်ရောဂါသည် အသည်းရောင်ရောဂါပိုးများနှင့် ဆက်နွှယ်ခြင်းမရှိဘဲ အရက်ကို အချိန်ကာလကြာမြင့်စွာ အလွန်အကျွံသောက်သုံးခြင်းကြောင့်ဖြစ်သည့် ရောဂါ ဖြစ်ပါသည်။ ၎င်းရောဂါအဆင့်သည် အရက်ကို အချိန်တိုအတွင်း ပမာဏအလွန်များပြားစွာ သောက်သုံးမိသည့် အခါမျိုးတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

အရက်ကြောင့်ဖြစ်သော အသည်းရောင်ရောဂါသည် ရောဂါလက္ခဏာပြင်းထန်ခြင်း မရှိသေးသည့်အခြေအနေမျိုးတွင် အရက်သောက်ခြင်းအား ရာသက်ပန် စွန့်လွှတ်လိုက်သည့်အခါ ရောဂါအခြေအနေ ပြန်လည်သက်သာကောင်းမွန်လာကြောင်း တွေ့ရှိရပါသည်။

သို့သော် ၎င်းရောဂါအခြေအနေသည် ဆိုးရွားပြင်းထန်လာလျှင် အသက်အန္တရာယ်ရှိသောကြောင့် ထိရောက်စွာ ကာကွယ်ကုသရန် လိုအပ်ပါသည်။

 

– အသည်းကျွတ်ခြင်း၊ သို့မဟုတ် အသည်းခြောက်ခြင်း

အသည်းခြောက်ခြင်းသည် အရက်ကြောင့် အသည်းတွင် သိသာထင်ရှားစွာ အမာရွတ်ဖြစ်သော (ARLD) ၏ အဆင့်တစ်ဆင့်ဖြစ်ပါသည်။ သို့သော် ၎င်းရောဂါအဆင့်တွင်ပင် အချို့သောရောဂါဝေဒနာရှင်များ၌ ထင်ရှားသည့် ရောဂါလက္ခဏာများ ပြသခြင်းမရှိသေးကြောင်း တွေ့ရတတ်ပါသည်။

ထိုအသည်းခြောက်ရောဂါအဆင့်ရောက်ရှိပါက ရောဂါအခြေအနေသည် ပြန်လည် ပျောက်ကင်းနိုင်ခြင်း မရှိတော့ပါ။ သို့ရာတွင် အရက်သောက်ခြင်းကို ချက်ချင်းရပ်တန့်လိုက်လျှင်မူ အသည်းကို ထပ်မံပျက်စီးစေခြင်း မရှိတော့ဘဲ ရောဂါအခြေအနေ ပိုမိုပြင်းထန်လာခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

ရောဂါကုသခြင်းနည်းလမ်းများ

 အရက်ကြောင့်ဖြစ်သော အသည်းရောဂါကို ကုသနိုင်သည့် သီးသန့်ဆေးဝါးများမရှိသေးဘဲ အဓိကအားဖြင့် အရက်သောက်ခြင်းကို ရပ်တန့်ခြင်းဖြင့်သာ ရောဂါလက္ခဏာများကို သက်သာစေနိုင်ကြောင်း တွေ့ရှိရပါသည်။

ထိုသို့အရက်သောက်ခြင်းကို စွန့်လွှတ်လိုက်ခြင်းဖြင့် အသည်းကိုပို၍ ထိခိုက်ခြင်းမှ ကာကွယ်ပြီး ရောဂါလက္ခဏာများကို ပြန်လည်တိုးတက်ကောင်းမွန်လာစေနိုင်မည် ဖြစ်ပါသည်။

အရက်သောက်ခြင်းမရှိတော့သော်လည်း အသည်းသည် လုပ်ငန်းများကို ပြန်လည်၍‌ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသော ရောဂါအလွန်ပြင်းထန်သည့် ဝေဒနာရှင်များသည် အသည်းအစားထိုးကုသခြင်းဖြင့် ရောဂါကုသမှုခံယူသင့်ကြောင်း တွေ့ရှိရပါသည်။

 

နောက်ဆက်တွဲရောဂါဆိုးကျိုးများ

အရက်ကြောင့်ဖြစ်သော အသည်းရောဂါ၏ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် နောက်ဆက်တွဲရောဂါဆိုးကျိုးများမှာ

– ခန္ဓာကိုယ်အတွင်းတွင် သွေးယိုခြင်း

– ဦးနှောက်တွင် အဆိပ်အတောက်များစုဝေးတည်ဆောက်ခြင်းကြောင့်  ဦးနှောက်တွင် ရောဂါပြဿနာများဖြစ်ခြင်း

– ဝမ်းဗိုက်ထဲတွင် အရည်များစုဝေးလာခြင်း (ရေဖျင်းစွဲခြင်း – Ascites )

– အသည်းကင်ဆာရောဂါဖြစ်ခြင်း

– ရောဂါပိုးကူးစက်ရန်လွယ်ကူခြင်း စသည်တို့ဖြစ်ကြပါသည်။

အထက်ပါအချက်များကြောင့် အရက်ကြောင့်ဖြစ်သော အသည်းရောဂါ ( ARLD ) မဖြစ်စေရန်အတွက် ကာကွယ်ရန် အလွန်အရေးကြီးကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ အရက်သောက်သုံးသောသူများသည် အရက်သောက်ခြင်းကို ဖြတ်ခြင်း သို့မဟုတ် ပမာဏလျှော့ချ၍ ချင့်ချိန်သောက်သုံး‌ခြင်းဖြင့် အသည်းကျန်းမာရေးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Author : Dr. မွန်

Previous Post

ကိုဗစ်တစ်ကြိမ်ဖြစ်ပြီးရင် နောက်ထပ်ပြန်ဖြစ်နိုင်လား

Next Post

ကော်ဖီသောက်ခြင်းက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
436

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကော်ဖီသောက်ခြင်းက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အသားအရေလျော့တွဲခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းများ

ကလေးများ ကိုယ်ခံစွမ်းအားတိုးတက်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.