fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဒူးနာခြင်းဖြစ်စေသော အကြောင်းရင်းများ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/06/2021
in ရောဂါကြီးများ
1 min read
A A

ဒူးနာခြင်းရောဂါဝေဒနာသည် အသက်အရွယ်မရွေးခံစားရရှိနိုင်သည့် အဖြစ်များသော ရောဂါလက္ခဏာ တစ်မျိုး ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဒူးဆစ်ရှိ အရွတ်များပေါက်ပြဲခြင်း၊ သို့မဟုတ် အရိုးနုများ ပျက်စီးခြင်း ၊ လေးဘက်နာအရိုးအဆစ်အမြစ်ရောင်ရောဂါများဖြစ်ခြင်း ၊ ဒူးဆစ်တွင် ရောဂါပိုးဝင်ခြင်း စသည့် အကြောင်းအရင်း များကြောင့် ဒူးနာခြင်းရောဂါဝေဒနာကို ဖြစ်စေပါသည်။

ရောဂါလက္ခဏာများ

-ဒူးအဆစ်တွင် ရောင်ရမ်း၍ တောင့်တင်းနေခြင်း
-လက်ဖြင့် ထိတွေ့လျှင် ပူနွေး၍ နီရဲနေခြင်း
-ဒူးဆစ်၏လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အားနည်းခြင်း
-အဆစ်နေရာတွင် အသံမြည်ခြင်း
-ဒူးဆစ်ကို ပြည့်၀စွာ ဖြောင့်တန်းနိုင်မှုမရှိခြင်း စသည့် ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါသည်။

ဆရာဝန်နှင့် မည်သည့်အခြေအနေမျိုးတွင် ပြသသင့်လဲ
-ဒူးခေါင်းအဆစ်သည် ခန္ဓာကိုယ်၏အလေးချိန်ကို ထိန်းသိမ်းနိုင်မှုမရှိတော့ခြင်း
-ဒူးဆစ်သည် အလွန်အမင်းရောင်ရမ်းလာခြင်း
-ဒူးဆစ်ကို အပြည့်အ၀ ကွေးနိုင် ဆန့်နိုင်မှုမရှိခြင်း
-ခြေသလုံး သို့မဟုတ် ဒူးဆစ်တွင် ပုံစံမမှန်ဖြစ်လာခြင်း
-ဒူးဆစ်နီရဲနေခြင်း၊ နာကျင်ခြင်းအပြင် ကိုယ်ပူခြင်း
-ဒူးနာခြင်းသည် ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ခံစားရခြင်းဖြစ်ပြီး အလွန်အမင်းနာကျင်နေခြင်း စသည့် ရောဂါလက္ခဏာများဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် စနစ်တကျ ဆေးကုသမှုခံယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ

ထိခိုက်ဒဏ်ရာရရှိခြင်း

( ၁ ) Anterior Cruciate Ligament ထိခိုက်ဒဏ်ရာရရှိခြင်း
ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ညို့သကျည်းရိုးနှင့် ပေါင်ရိုးတို့ကို တွယ်ဆက်ထားသည့် အရွတ်လေးခုအနက် တစ်ခု ဖြစ်သော Anterior Cruciate Ligament စုတ်ပြဲခြင်းသည် ဒူးနာခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။
၎င်းကို ဘတ်စကတ်ဘောကစားခြင်းနှင့် အခြားအားကစားနည်းများကစားခြင်းကြောင့်လည်း ရရှိနိုင်ကြောင်း တွေ့ရှိရပါသည်။

( ၂ ) အရိုးကျိုးခြင်း သို့မဟုတ် အက်ခြင်း
ချော်လဲခြင်း သို့မဟုတ် ယာဉ်မတော်တဆထိခိုက်ခြင်းကြောင့် ဒူးခေါင်းအဆစ်များ ကျိုးခြင်း သို့မဟုတ် အက်ခြင်းသည်လည်း အဖြစ်များသည့် အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

( ၃ ) ဒူးအဆစ်အတွင်းပိုင်းရောင်ရမ်းခြင်း
အချို့သော ထိခိုက်ဒဏ်ရာများသည် ဒူးခေါင်းအဆစ်အပြင်ဘက်ပိုင်းကို ကာကွယ်ပေးထားသည့် အရည်အိတ်ငယ်လေးများ ( Bursae ) ကို ရောင်ရမ်းစေခြင်းဖြင့် ဒူးနာခြင်းဝေဒနာကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
-ဒူးခေါင်းအဆစ်အရှေ့ပိုင်းကို ကာကွယ်ပေးထားသည့် အရိုးတစ်ခုဖြစ်သည့် Patella အား ဒဏ်ရာရရှိခြင်း။
– ပေါင်ရိုး သို့မဟုတ် ခြေဖဝါးနာကျင်ခြင်း။
-လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါဖြစ်ခြင်း။

အရိုးအဆစ်အမြစ်ရောင်ရောဂါ အမျိုးအစားများစွာ ရှိသည့်အနက် အောက်ဖော်ပြပါ အမျိုးအစားများသည် အဖြစ်များသော အမျိုးအစားများ ဖြစ်ကြပါသည်။

( ၁ ) ဒူးဆစ်များကို ကာကွယ်ပေးထားသည့် အရိုးနုများ ပျက်စီးခြင်းကြောင့် ဒူးဆစ်များရောင်ခြင်း။ ( Knee Osteoarthritis )
၎င်းသည် Osteoarthritis တွင် အဖြစ်များဆုံးသော အမျိုးအစားတစ်မျိုးဖြစ်ပါသည်။
Osteoarthritis သည် အသက်အရွယ်ကြီးရင့်လာခြင်း၊ သို့မဟုတ် အရိုးအဆစ်များကို အသုံးပြုများခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ၂ ) သွေးလေးဘက်နာရောဂါဖြစ်ခြင်း(Rheumatoid Arthritis )
သွေးလေးဖက်နာရောဂါသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဖြစ်သော နာတာရှည်အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။

( ၃ ) ဂေါက်အဆစ်အမြစ်ရောင်ရောဂါဖြစ်ခြင်း ( Gouty Arthritis )
ယူရစ်အက်ဆစ်ပုံဆောင်ခဲလေးများ အရိုးအဆစ်များတွင် စုပြုံတည်ဆောက်ခြင်းကြောင့် ဖြစ်သော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းရောဂါသည် အများအားဖြင့် ခြေမအဆစ်တွင် စ၍ ဖြစ်လေ့ရှိပြီး ဒူးဆစ်များတွင်လည်း ဖြစ်ပေါ်ခံစားတတ်ကြောင်း တွေ့ရှိရပါသည်။

( ၄ ) ကယ်လ်ဆီယမ်ပုံဆောင်ခဲများ အရိုးအဆစ်ရှိ အရည်များတွင် စုပြုံခြင်းကြောင့် အရိုးအဆစ်များ ရောင်ရမ်းခြင်း  (Pseudogout  Arthritis)
၎င်းရောဂါသည် ဂေါက်လေးဖက်နာရောဂါနှင့် မှားယွင်းလေ့ရှိသော အဆစ်အမြစ်ရောင်ရောဂါ တစ်မျိုး ဖြစ်ပါသည်။ အထက်ပါ အဆစ်အမြစ်ရောင်ရောဂါသည် ဒူးဆစ်များကို ထိခိုက်မှုအများဆုံးဖြစ်ကြောင်း တွေ့ရှိရ ပါသည်။

( ၅ ) ရောဂါပိုးဝင်ခြင်းကြောင့် အဆစ်အမြစ်ရောင်ရောဂါဖြစ်ခြင်း (Septic Arthritis)
ဒူးခေါင်းအဆစ်တွင် ရောဂါပိုးဝင်ခြင်းကြောင့် ဒူးဆစ်များ ရောင်ရမ်းခြင်း ၊ နီခြင်း ၊ နာကျင်ခြင်း စသည့် ရောဂါလက္ခဏာများကို တွေ့ရှိရပါသည်။ ၎င်းရောဂါတွင် အများအားဖြင့် ကိုယ်ပူခြင်းနှင့် တွဲ၍ တွေ့ရလေ့ရှိပြီး ထိခိုက် ဒဏ်ရာရရှိသည့် ရောဂါရာဇဝင်မရှိဘဲ ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်သည့် အဆစ်အမြစ်ရောင် ရောဂါတွင် ဒူးခေါင်းရှိအရိုးနုများကို အချိန်တိုအတွင်းပျက်စီးစေနိုင်သဖြင့်  ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြသ သင့်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။

ဒူးနာခြင်းရောဂါဝေဒနာ ဖြစ်နိုင်ခြေများသောသူများမှာ
-အ၀လွန်သောသူများ
-ကြွက်သား သန်မာမှု၊ သို့မဟုတ် ကွေးဆန့်နိုင်မှုမရှိသောသူများ
-အချို့သော အားကစားအမျိုးအစားကို ကစားသောသူများ
-အချို့သော အလုပ်အကိုင်ကို လုပ်ကိုင်သောသူများ
-ယခင်က ထိခိုက်ဒဏ်ရာရှိဖူးသည့် ရာဇဝင်ရှိသောသူများ စသောသူများသည် ဒူးနာခြင်းရောဂါခံစားရနို်င်ခြေများသောသူများ ဖြစ်ကြပါသည်။

ကာကွယ်သည့်နည်းလမ်းများ
အောက်ပါတို့သည် ဒူးနာခြင်းရောဂါမဖြစ်စေရန် ကာကွယ်နိုင်သည့်နည်းလမ်းများ ဖြစ်ကြ ပါသည်။
-အ၀လွန်သောသူများ ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပါ။
-အားကစားလုပ်ဆောင်လိုသောသူများသည် ကျွမ်းကျင်သည့် နည်းပြဆရာများနှင့်စနစ်တကျ သင်ယူပြီးမှ အားကစားလုပ်ဆောင်ပါ။
-ကြွက်သားများကို သန်မာစေရန် လေ့ကျင့်ပေးပါ။
-နာတာရှည်ဒူးနာရောဂါခံစားနေရသည့်သူများဖြစ်လျှင် ရေကူးခြင်း ၊ ရေပေါ်တွင် အေရိုးဗစ်ကစားခြင်းစသည့် အားကစားများကို ပြောင်း၍ ကစားခြင်းဖြင့် ဒူးနာခြင်းရောဂါကို ပိုမိုဆိုးရွားစေခြင်းမှ ကာကွယ်နိုင်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

DHA က နှလုံးကျန်းမာရေးအတွက် ဘာကြောင့်အရေးပါတာလဲ

Next Post

သွေးအားနည်းရောဂါနှင့် သံဓာတ်၏အရေးပါပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
737
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
433

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွေးအားနည်းရောဂါနှင့် သံဓာတ်၏အရေးပါပုံ

သားသားမီးမီးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ မေမေတို့ ဘာတွေလုပ်ပေးနိုင်မလဲ

အရေပြားပွေးယားနာရောဂါဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.