fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း

417
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/08/2021
in ရောဂါကြီးများ
1 min read
A A

“ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို အစောပိုင်းကတည်းက ကောင်းစွာကုသမှုမခံယူခဲ့ပါက ဆိုးရွားသော ကျောက်ကပ်ပျက်စီးခြင်းကို ဦးတည်စေနိုင်ပါသည်။ ကျောက်ကပ်ဆိုးရွားစွာပျက်စီးခဲ့ပါက ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးခြင်းများကို ပြုလုပ်ကုသရန် လိုအပ်လာမည်ဖြစ်ပါသည်။”

ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းသည် အချို့သော ဆီးချိုဝေဒနာရှင်များတွင် တွေ့ရှိရသည့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ပြဿနာရပ်တစ်ခု ဖြစ်ပါသည်။

ထိုသို့ကျောက်ကပ်ထိခိုက်ပျက်စီးလာသောအခါ ကျောက်ကပ်တွင်ရှိသော သွေးအတွင်းရှိ အရာဝတ္ထုပစ္စည်းများကို စစ်ထုတ်ပေးသည့် ဆံခြည်မျှင်သွေးကြောလုံးကလေးများ ပျက်စီးမှုကြောင့် ဆီးအတွင်းတွင် ပရိုတင်းဓာတ်ပမာဏ အများအပြား ပါဝင်လာတတ်ပါသည်။ အဓိကပါဝင်လာသော ပရိုတင်းမှာ အယ်ဗျူမင် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အယ်ဗျူမင်ပမာဏအနည်းငယ်သာ ဆီးအတွင်းတွင် ပါဝင်လေ့ရှိပါသည်။ ဆီးအတွင်းတွင် အယ်ဗျူမင်ပမာဏ ပါဝင်မှု မြင့်တက်လာခြင်းသည် ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်မှုကို ပြသသော ပထမဆုံး လက္ခဏာ တစ်ရပ်ပင်ဖြစ်ပါသည်။

 

ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု၏ လက္ခဏာရပ်များ

ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွင် ကနဦး၌ ပုံမှန်အားဖြင့် ရောဂါလက္ခဏာများ ပြလေ့မရှိပေ။

ကျောက်ကပ်ထိခိုက်ပျက်စီးမှု တဖြည်းဖြည်း ဆိုးရွားလာသည်နှင့်အမျှ ရောဂါလက္ခဏာရပ်များလည်း  တဖြည်းဖြည်း ပြသလာတတ်ပါသည်။ သို့သော် ပြသသော ရောဂါလက္ခဏာရပ်များမှာ မောပမ်းနွမ်းနယ်ခြင်း၊ အားအင်မရှိသကဲ့သို့ ခံစားရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စသည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကြောင့်ဟု တိကျစွာမပြောနိုင်သော ယေဘူယျဆန်သည့် ရောဂါလက္ခဏာများသာ ဖြစ်နေတတ်ပါသည်။

ကျောက်ကပ်ထိခိုက်ပျက်စီးမှု အတော်အတန်ဆိုးရွားနေပြီဆိုလျှင် အောက်ပါလက္ခဏာများကို တွေ့ရှိရနိုင်ပါသည်။

  • စဉ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းလာခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်လျော့ကျခြင်း
  • အရေပြားခြောက်သွေ့ယားယံခြင်း
  • ကြွက်တက်ခြင်း
  • ခြေထောက်နှင့် ခြေချင်းဝတ်များ ဖောရောင်လာခြင်း
  • မျက်လုံးတစ်ဝိုက်တွင် မို့မောက်ဖောရောင်လာခြင်း
  • ပုံမှန်ထက် ဆီးမကြာခဏသွားရန် လိုအပ်လာခြင်း
  • သွေးအားနည်းရောဂါဖြစ်လာသောကြောင့် အရေပြား ဖြူဖျော့လာခြင်း
  • ပျို့အန်ချင်စိတ်များဖြစ်ခြင်း စသည့်လက္ခဏာရပ်များကို တွေ့ရှိရနိုင်ပါသည်။

ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းသည် ကောင်းစွာကုသမှုမခံယူပါက အသက်အန္တရာယ် စိုးရိမ် ရသည်အထိ ဒုက္ခပေးနိုင်ပါသည်။

ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ချေရှိသောသူများ

ဆီးချိုရောဂါရှိသောသူတိုင်း ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်ရှိပါသည်။ သို့သော် အောက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီပါက ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်ပိုမိုမြင့်တက်လာတတ်ပါသည်။

  • သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းသိမ်းနိုင်ခြင်းမရှိသော ဆီးချိုရောဂါရှင်များ
  • ရောဂါဖြစ်ပွားသည့်ကာလ အလွန်ကြာပြီဖြစ်သော ဆီးချိုရောဂါရှင်များ
  • ကိုယ်အလေးချိန်များပြားသော ဆီးချိုရောဂါရှင်များ
  • သွေးပေါင်ချိန်မြင့်မားသော ဆီးချိုရောဂါရှင်များ
  • အမျိုးသား ဆီးချိုရောဂါရှင်များ အစရှိသည့် ဆီးချိုရောဂါရှင်များတွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှု အန္တရာယ်သည် သာမန်ထက် ပိုမိုများပြားသည်ကို တွေ့ရပါသည်။

 

ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု၏ နောက်ဆက်တွဲ ပြဿနာများ

ကျောက်ကပ်ဆိုးရွားစွာ ပျက်စီးခြင်း

အကယ်၍ ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို အစောပိုင်းကတည်းက ကောင်းစွာကုသမှုမခံယူခဲ့ပါက ဆိုးရွားသော ကျောက်ကပ်ပျက်စီးခြင်းကို ဦးတည်စေနိုင်ပါသည်။ ကျောက်ကပ်ဆိုးရွားစွာပျက်စီးခဲ့ပါက ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးခြင်းများကို ပြုလုပ်ကုသရန် လိုအပ်လာမည်ဖြစ်ပါသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ

ဆီးချိုရောဂါရှိသူတိုင်းသည် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ချေ အလားအလာရှိပါသည်။ အကယ်၍ ဆီးချိုရောဂါရှင်တစ်ဦးတွင် ကျောက်ကပ်ထိခိုက်ပျက်စီးမှုပါ ထပ်မံဖြစ်ပွားခဲ့ပါက နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ချေ ပိုမိုမြင့်မားလာတတ်ပါသည်။

သွေးပေါင်ချိန်တက်လာခြင်း

ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းသည် သွေးပေါင်ချိန်မြင့်တက်ခြင်းကို ဖြစ်စေပါသည်။ တဖန် ထိုသို့ သွေးပေါင်ချိန်မြင့်တက်လာခြင်းကပင် ကျောက်ကပ်ရောဂါကို ပိုမိုဆိုးရွားအောင်ပြုလုပ်ပါတော့သည်။ ထို့ကြောင့် သွေးပေါင်ချိန်တက်ခြင်းကို ကုသခြင်းသည် ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းကို ကုသရာတွင် ပြုလုပ်ရမည့် အဓိကတစ်ချက်တစ်ချက်ဖြစ်ပါသည်။

ထို့ကြောင့် ဆီးချိုရောဂါရှင်များအနေနှင့် ကျောက်ကပ်ထိခိုက်မှု၏ လက္ခဏာရပ်များကို သတိပြုစောင့်ကြည့်သင့်ပါကြောင်းနှင့် အကယ်၍ မတော်တဆဖြစ်ပွားခဲ့ပါကလည်း မပေ့ါဆဘဲ ဂရုစိုက်ကုသမှု ခံယူသင့်ပါကြောင်း တင်ပြဆွေးနွေးလိုက်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

နို့တိုက်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ

Next Post

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်မတ်မတ်တို့ အစာစားချင်စိတ်နည်းနေလျှင်

ကိုယ်ဝန်ဆောင်တွေ အ၀လွန်လျှင်

"ကိုဗစ်ကို အခက်အခဲကြားက အနိုင်တိုက်ခဲ့ကြသူများ"

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.