fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

လျှာကင်ဆာ

2.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2016
in ရောဂါကြီးများ
1 min read
A A

စားသောက်ရာတွင်လည်းကောင်း၊ စကားပြောဆိုရာတွင်လည်းကောင်း လျှာဟာမရှိမဖြစ် အရေးပါပါတယ်။ လျှာကင်ဆာဖြစ်ရင် ဘယ်လိုမှစားသောက်လို့ မရနိုင်တဲ့အတွက် လူနာအဖို့ အာဟာရပြတ်ပြီးအတိဒုက္ခရောက်ပါတယ်။ စကားပြောဆိုတိုင်းမှာအသံမပီသရုံတင်မကအတော်ကိုဆိုးရွားတဲ့ အနံ့အသက်လည်းထွက်ပါတယ်။ ဒါကြောင့်လျှာကင်ဆာဟာအတော်ကို ဝဋ်ဒုက္ခရောက်ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ပူစပ်သောအစားအစာများကိုစားသောက်ခြင်း၊ ချွန်ထက်သောသွားကြောင့်လျှာကိုထိခိုက်အနာဖြစ် ခြင်း၊ ကွမ်းစားဆေးမှီဝဲခြင်း၊ ကွမ်းငုံ၍အိပ်စက်ခြင်းကြောင့် လျှာကင်ဆာဖြစ်ကြတာကိုတွေ့ရပါတယ်။ တကယ်တော့ အထက်ပါအကြောင်းအရာတွေကိုရှောင်မယ်။ သွားနဲ့ ခံတွင်းသန့်ရှင်းရေးလုပ်မယ်။ ကာလသားဆစ်ဖလစ်ရောဂါဖြစ်ရင် စောစောစီးစီးထိထိရောက်ရောက် ကုသကြမယ်ဆိုရင် လျှာကင်ဆာဖြစ်မှုကိုလျော့နည်းစေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြသလဲ
အစောပိုင်းရောဂါဖြစ်စဉ်မှာလက္ခဏာတော့မပြတတ်ပါဘူး။ သွားဆရာဝန်နဲ့ ပြသတဲ့အချိန်၊ တခြား ဆရာဝန်နဲ့ ပြသတဲ့အချိန်မှာ လျှာကိုစစ်ဆေးလိုက်ခါမှ သိနိုင်ကြပါတယ်။
လျှာအနာကို ကြည့်ရင် (၁) ဘဲဥပုံ ကြွတက်တဲ့ အနေအထားနဲ့ မျက်နှာပြင်မှာအဖြူကွက်ဖြစ်နေခြင်း၊ (၂) အနာ၏ နှုတ်ခမ်းသားအပြင်ဘက်ကိုလန်ထွက်နေခြင်း၊ (၃) ခပ်နက်နက် အက်ကွဲကြောင်းနဲ့ ပတ်လည်တွင် မာနေခြင်း၊ (၄) မာကြောကြောအဆုတ်အခဲနှင့် တစ်ခါတစ်ရံ အဝါရောငအကွက် ပြည်တည်နာလိုမျိုးတွေ့ရ တတ်ခြင်း။
ခံစားရပုံ
(၁) လျှာနာခြင်း – လျှာနောက်ဘက်ခြမ်းတွင် ကင်ဆာဖြစ်လျှင် မျိုချသောအခါတွင် လျှာအနောက်ဘက်ခြမ်းတွင် နာကျင်ခြင်းဖြစ်တတ်ပါတယ်။
(၂) တံတွေးထွက်ခြင်း – မျိုချလျှင်နာကျင်တတ်သဖြင့် အသက်ကြီးကြီးလူနာတံတွေးကို လက်ကိုင်ပဝါတွင် မကြာခဏတွေ့နေလျှင် လျှာကင်ဆာဖြစ်နိုင်ပါတယ်။
(၃) ပါးစပ်အခြေထိ ကင်ဆာထိုးဖောက်ဝင်ရောက်နေလျှင် လျှာထုတ်ခိုင်းပါကထုတ်မရခြင်း၊ တစ်ဖက်သို့စောင်း၍ထွက်လာခြင်း၊ (၄) အစာမျိုချ၍မရခြင်း၊ (၅) စကားကောင်းစွာပြောမရခြင်း၊ (၆) ပုတ်စော်နံခြင်း၊ (၇) ပျံ့နှံ့သွား လျှင် လည်ပင်းတွင် အကျိတ်ထွက်နေခြင်း၊ (၈) အသံပြောင်းသွားခြင်းစတဲ့ လက္ခဏာတွေပြတတ်ပါတယ်။
ကင်ဆာဘယ်နေရာတွေ ပျံ့သလဲ
(၁) ဘေးပတ်လည်သို့ ပျံ့ခြင်း – လျှာရှေ့ဘက်တွင်ဖြစ်လျှင် ဘေးဘက်တွင် စဖြစ်တတ်ပြီးပါးစပ်အခြေသို့ ရောက်မယ်။ လျှာနောက်ဘက်တွင်ဖြစ်လျှင် ဘေးဘက်မှ အာသီး၊ လေပြွန်၊ လည်ပင်းရိုးစတဲ့ နေရာကိုပျံ့နှံ့နေတတ်ပါတယ်။
(၂) ပြန်ရည်ကြောမှ ပျံ့နှံ့ခြင်း – ပါးစပ်အခြေထိပျံ့နေပြီဆိုလျှင် မေးရိုးအောက်သားနံရည်ကျိတ်၊ လည်ပင်းကျိတ်တွင် ပျံ့နှံ့နေတတ်ပါတယ်။
(၃) သွေးကြောမှ ပျံ့နှံ့ခြင်း – လျှာနောက်ဘက်တွင်ဖြစ်သောကင်ဆာတွင် အတွေ့များပါတယ်။

ရောဂါရဲ့နောက်ဆုံးအဆင့်
ဤအဆင့်သို့ရောက်လျှင်အသက်အန္တရာယ်ရှိပါပြီ။ကင်ဆာတစ်သျှူးတွေ ပုပ်ဆွေးပြီး ရောဂါပိုးဝင် မယ်။ ဒါတွေကိုမျိုချမိပြီးနမိုးနီးယားရောဂါဖြစ်မယ်။ လျှာသွေးလွှတ်ကြောကိုထိုးဖောက်လိုက်စားပြီးသွေးထွက်လွန်မယ်။ အကျိတ်ကအစာရေမျိုလမ်းကြောင်းကိုဖိမိ၍ဖြစ်ဖြစ်၊နာကျင်၍ မျိုချခက်၍အစာမစားနိုင်ပါ။ အားပြတ်၏။ လေလမ်းကြောင်းကိုဖိမိလျှင် အသက်ရှုကျပ်ကာသေဆုံးတတ်ပါသည်။

ရောဂါအလားအလာ
အမျိုးသမီးတွေမှာ ၅ နှစ်အထိအသက်ရှင်နေထိုင်မှု ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသားတွေရဲ့ အလားအလာကအမျိုးသမီးလောက် မကောင်းပါ။

ဘယ်လိုကုသသလဲ
ခွဲစိတ်ခြင်း (သို့) ဓာတ်ကင်ခြင်း (သို့) နှစ်မျိုးစလုံးပေါင်းစပ်လုပ်ခြင်း၊ မကုသခင် အသားစယူ၍ဓာတ်ခွဲ ကြည့်ရပါမယ်။ မကုသခင်တွင် ပါးစပ်ကိုသန့်ရှင်းအောင်လုပ်ရပါမည်။ အနာပုပ်လျှင် (သို့) ပိုးဝင်နေလျှင် Eusol ဖြင့် သန့်ရှင်းအောင်လုပ်ရပါမယ်။ ဓာတ်ကင်မယ်ဆိုလျှင် ထိုပတ်ပတ်လည်တွင်ရှိသွားများကိုနှုတ်ပစ်ရပါမယ်။
အပေါ်ယံအလွှာတွင်သာလျှင် ကင်ဆာဖြစ်လျှင် ခွဲစိတ်ပါတယ်။ ၂ စင်တီမီတာထက်နည်းသောကင်ဆာ ဖြစ်လျှင်ဓာတ်ကင်ပါတယ်။ သိသိသာသာမလျော့လျှင် ပြန်ဖြစ်လျှင် လည်ပင်းကျိတ်ထွက်နေလျှင် ခွဲစိတ်ခြင်းပါ လုပ်ပါတယ်။ ခွဲစိတ်ရန် ခက်ခဲလျှင် ဓာတ်ကင်ခြင်းလုပ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်ဖြည့်တင်းရာ ဝင်ပေါက်ဖြစ်တဲ့ ပါးစပ်မှာရှိတဲ့လျှာမှာခုလိုရောဂါဖြစ်လျှင် စားခြင်တိုင်းမစားနိုင်၊ ရေတောင်သောက်ရင် ခက်ခဲတယ်။ စကားမပြောရ၊ ပြောလိုက်တိုင်းပုပ်စော်နံနေမယ်။ အဲဒီလောက် ဒုက္ခများလှတဲ့ ဒီကြောက်စရာကောင်းတဲ့ ရောဂါမဖြစ်ရလေအောင် သွားပိုးစား၍ သွားပဲ့ထွြက်ပီးချွန်ထက်နေတဲ့သွာတွေကျန်ရှိမနေအောင် အာခံတွင်းကိုသန့်ရှင်းအောင်ထားတတ်ဖို့ လိုပါတယ်။ ဆေးရွက်ကြီး၊ ကွမ်းစားဆေး၊ ကွမ်းယာကိုပါးစောင်ထဲတွင် ငုံထားသဖြင့် လျှာလောင်ပြီးအာနာဖြစ်ခြင်းပူလောင်စပ်သောအစားအစာတွေ ကိုစားသောက်တတ်သောအကျင့်စတာတွေကိုဖျောက်ပစ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ လျှာကင်ဆာဖြစ်ကြ တဲ့သူတော်တော်များများကိုမေးကြည့်လျှင် ကွမ်းယာကိုပါးစပ်ထဲတွင်ငုံပြီးအိပ်စက်တတ်တဲ့ အကျင့်တွေ တွေ့ရပါတယ်။ ဒါကြောင့်ဒီအမူအကျင့်တွေကိုဖျောက်ပစ်ဖို့ လိုပါတယ်။

 

AUTHOR – အေးကမ္ဘာဒေါက်တာချစ်

Health Care Journal (Vol -7 / No-19)

Previous Post

ကလေးနဲ့ မှက္ခရု

Next Post

အိပ်နေရင်း အသက်ရှုရပ်သွားခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
435

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်နေရင်း အသက်ရှုရပ်သွားခြင်း

"သမီးမိန်းကလေးမို့"

ကိုယ်ဝန်ဆောင်ချိန်တွင် သွားနှင့်ခံတွင်းဂရုစိုက်ရန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.