fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

မှဲ့အကြောင်းနဲ့ မှဲ့ကင်ဆာ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in ရောဂါကြီးများ
1 min read
A A

မှဲ့အကြောင်းနဲ့ မှဲ့ကင်ဆာ

မှဲ့ဆိုတာမျိုးက လူတိုင်းနီးပါးရဲ့ ကိုယ်မှာရှိနေနိုင်တဲ့အရာတစ်ခုပါ။တချို့မှဲ့တွေတွေက မွေးကတည်းကပါလာတယ်။တချို့ကျ အသက်ရလာမှထွက်ပေါ်လာတယ်။

မှဲ့ရှိတဲ့နေရာကိုလိုက်ပြီး ဘာဖြစ်တတ်တယ် ဘာညာဆိုတဲ့ ဗေဒင်ဟောနည်းတွေလည်းရှိပါတယ်။ဥပမာ မျက်ရည်ခံမှဲ့ရှိရင် မကောင်းဘူး။ စံပယ်တင်မှဲ့ရှိရင်ကောင်းတယ်စသဖြင့် ဗေဒင်မှာခွဲခြားထားတာတွေရှိပါတယ်။ဆေးပညာမှာတော့ ဆရာဝန်တွေအနေနဲ့က လူနာတစ်ယောက်ကိုယ့်ကို မှဲ့လာပြရင် ဒီမှဲ့က ကင်ဆာပြောင်းနိုင်တဲ့မှဲ့လား ရိုးရိုးမှဲ့လား ပဲစိတ်ဝင်စားပါတယ်။

ရိုးရိုးမှဲ့နဲ့အန္တရာယ်ပေးနိုင်တဲ့မှဲ့နဲ့ ကွာတဲ့လက္ခဏာတွေကို ဆက်ပြောပြပါ့မယ်။
မှဲ့ပေါ်မှာအမွေးပါရင် အများအားဖြင့် အန္တရာယ်မရှိတဲ့မှဲ့ပါ။ ကင်ဆာမဖြစ်နိုင်ဘူးလို့လည်းပြောလေ့ပြောထရှိကြပါတယ်။ ဟုတ်ပါတယ် ဒီလိုမှဲ့မျိုးတွေက သိပ်စိုးရိမ်စရာမလိုပါဘူး။ အသက်အရွယ်ကြီးလာလို့ အမွှေးပါတဲ့မှဲ့က တဖြည်းဖြည်းကြီးလာတာမျိူးဆိုရင်လည်း သိပ်ပြသာနာမရှိပါဘူး။

ဘယ်လိုမှဲ့တွေက အန္တရာယ်ရှိလဲ။
မွေးတုန်းကပါလာတာမျိူးမဟုတ်ဘဲ ကြီးမှပေါ်လာတဲ့မှဲ့တွေ ၊အမွေးမပါဘဲ တဖြည်းဖြည်းနဲ့ကြီးလာတဲ့မှဲ့တွေ ၊mucocutaneous junction မှာရှိတဲ့မှဲ့တွေ ဥပမာ နှုတ်ခမ်းမှာဆိုရင် နှုတ်ခမ်းအရေပြားနဲ့အာခံတွင်းကအချွဲမြှေးဆက်တဲ့နေရာမှာရှိတဲ့မှဲ့တွေ ၊ စအိုမှာဆိုရင် အရေပြားနဲ့စအိုအမြေးပါးဆုံတဲ့နေရာမှာရှိတဲ့မှဲ့တွေ၊ မျက်ခမ်းအစပ်မှာရှိတဲ့မှဲ့တွေ၊ လက်သည်းခွံအောက်မှာရှိတဲ့မှဲ့တွေ ၊ ခြေဖဝါး လက်ဖဝါးမှာရှိတဲ့မှဲ့တွေဟာ ကင်ဆာအဖြစ်ပြောင်းနိုင်ခြေများပါတယ်။

မှဲ့ကင်ဆာဆိုတာက အရေပြားကင်ဆာတစ်မျိုးပါ။ အရေပြားကိုအရောင်ဖြစ်စေတဲ့ melanocytes ဆိုတဲ့ဆဲလ်တွေမှာ ကင်ဆာဖြစ်တာပါ။

မှဲ့ကင်ဆာရဲ့ လက္ခဏာတွေကတော့
-ပုံစံပြောင်းမယ်
-ဘေးကနှုတ်ခမ်းသားတွေကလည်းမညီမညာဖြစ်လာမယ်
-အရောင်ပြောင်းမယ်
-ယားမယ်
-နာမယ်
-ဘေးအရေပြားကနီပြီးယောင်နေမယ်
-နည်းနည်းလေးထိလိုက်တာနဲ့သွေးထွက်မယ်။

ဒီလိုလက္ခဏတွေရှိလာရင်တော့ အနီးစပ်ဆုံးဆေးခန်းမှာပြသစစ်ဆေးကြည့်ဖို့လိုပါတယ်။ အဲအခါမှာ အသားစယူပြီးစစ်ဆေးကြည့်တာပိုစိတ်ချရပါတယ်။ မှဲ့ကင်ဆာဟာ စောစောသိပြီး စောစောကုလေ ရလဒ်ကောင်းလေပါပဲ။နောက်ကျသွားပြီး တခြားနေရာတွေကိုပျံ့သွားရင်တော့ ရလဒ်မကောင်းနိုင်ပါဘူး။ မှဲ့ကင်ဆာဖြစ်သွားရင် ပျံ့တာအရမ်းမြန်တတ်လို့ပါ။ (skip lesion)တွေရှိပါတယ်။

ဖြစ်တဲ့အကြောင်းရင်းကတော့ သေချာမသိသေးပါဘူး။ယူဆကြတာကတော့ မျိူးရိုးလိုက်တာ သို့မဟုတ် ခရမ်းလွန်ရောင်ခြည် နဲ့အထိများတာကြောင့်ဖြစ်နိုင်တယ်လို့တော့ ယူဆကြပါတယ်။

ကုတဲ့နည်းတွေကတော့
-ခွဲစိတ်ကုသတာ
-ကင်ဆာဆေးသွင်းကုသတာ
-ဓါတ်ရောင်ခြည်နဲ့ကုတာ စသဖြင့်ရှိပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ နေတအားပူတဲ့အချိန်မှာအပြင်မထွက်ပါနဲ့။ မဖြစ်မနေထွက်ရပါက ထီး၊ ဦးထုတ်၊ နေကာမျက်မှန် ၊လက်ရှည် ၊လက်အစွပ် ဝတ်သွားပါ။ မိမိရဲ့ကိုယ်မှာရှိတဲ့မှဲ့တွေ မှာ အပေါ်မှာပြောတဲ့ပြောင်းလဲမှုတွေရှိလာရင်လည်း ချက်ချင်းဆေးခန်းပြစစ်ဆေးပါလို့ အကြံပြုချင်ပါတယ်

Author : Dr.528

Previous Post

တဘူဘူနဲ့ ပေါက်တဲ့ အီး

Next Post

အမျိုးသမီးများနဲ့ ဆီးပိုးဝင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
740
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
433

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများနဲ့ ဆီးပိုးဝင်ခြင်း

leprosy

လိင်လမ်းကြွက်နို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.