(Zawgyi)
ရင္သားကင္ဆာ ရင္သားကင္ဆာေရာဂါသည္ အမ်ိဳးသမီးမ်ားတြင္ျဖစ္ေသာ ကင္ဆာေရာဂါမ်ားအနက္ ျဖစ္ပြားမႈအမ်ားဆုံးဟု ဆိုႏိုင္သည္။
ဘယ္သူေတြမွာ အႏၲရာယ္ပိုမ်ားသလဲ
– အမ်ိဳးသမီးမ်ား
– အသက္အ႐ြယ္ ႀကီးရင့္သူမ်ား
– မိသားစု၌ ရင္သားကင္ဆာ ရာဇဝင္ရွိသူမ်ား
– မီးယပ္ေသြးေစာစြာ စတင္ေပၚသူ ( ၁၂ ႏွစ္ထက္ေစာ၍ စတင္ေပၚျခင္း )
– မီးယပ္ေသြးဆုံးေနာက္က်သူ ( ၅၅ ႏွစ္ေက်ာ္မွ ေသြးဆုံးျခင္း )
– အသက္ ၃၀ ေက်ာ္မွ ပထမဦးဆုံး ကေလးေမြးဖြားသူ- ကေလးမရွိေသာ အမ်ိဳးသမီးမ်ား
– ကိုယ္အေလးခ်ိန္မ်ားသူ၊ အဝလြန္ကဲသူ ဘယ္လို လကၡဏာေတြ ေတြ႕ႏိုင္သလဲ
– ရင္သား၌ အဖုအက်ိတ္ အလုံးအခဲ ေတြ႕ရျခင္း၊ – ရင္သားအေရျပား အေရာင္ေျပာင္းျခင္း၊
– ႏို႔သီးေခါင္းခ်ိဳင့္ဝင္သြားမႈ လတ္တေလာ ျဖစ္ေပၚျခင္း၊
– ႏို႔သီးေခါင္းမွ ေသြး (သို႔မဟုတ္) အျခားအရည္မ်ားထြက္ျခင္း၊- ရင္သားအ႐ြယ္အစား ေျပာင္းလဲသြားျခင္း၊
– အမ်ိဳးသမီးမ်ားလစဥ္ မိမိရင္သားကို ကိုယ္တိုင္စမ္းသပ္စစ္ေဆးၾကည့္ရန္ လိုအပ္သည္။
– တစ္စုံတစ္ရာ သံသယရွိလွ်င္ျဖစ္ေစ၊ အသက္ ၄၀ ေက်ာ္လာခဲ့ၿပီျဖစ္လွ်င္ ျဖစ္ေစ၊ ရင္သားဓာတ္မွန္႐ိုက္ၾကည့္ရန္ ျဖစ္ပါသည္။
ဘယ္လိုအယူအဆအမွားမ်ား ရွိတတ္သလဲ
– ရင္သားကင္ဆာျဖစ္လွ်င္ မလြဲမေသြ ေသရလိမ့္မည္။
– ရင္သားႀကီးထြားေလ၊ ကင္ဆာျဖစ္ရန္ အႏၲရာယ္မ်ားေလျဖစ္သည္။
– ရင္သားကင္ဆာသည္ ကူးစက္တတ္သည္။
– ရင္သားအက်ိတ္အဖုတိုင္းသည္ ကင္ဆာျဖစ္သည္။- မေတာ္တဆ ရင္သားထိခိုက္ဒဏ္ရာရလွ်င္ ကင္ဆာျဖစ္ႏိုင္သည္။
– အနံ႔အသက္ေပ်ာက္ေဆး၊ ေခြၽးထိန္းေဆးႏွင့္ ဘရာစီယာဝတ္ျခင္းတို႔ေၾကာင့္ ရင္သားကင္ဆာျဖစ္ႏိုင္သည္။
– ရင္သားဓာတ္မွန္အေျဖေကာင္းလွ်င္ ကင္ဆာအတြက္ စိတ္ခ်ရသည္။
– ရင္သားဓာတ္မွန္႐ိုက္လွ်င္ ဓာတ္ေရာင္ျခည္ အႏၲရာယ္ရွိသည္။
– ရင္သားကင္ဆာအက်ိတ္သည္ နာက်င္မႈျဖစ္ေစၿပီး၊ လ်င္ျမန္စြာ ႀကီးထြားေလ့ရွိသည္။
– ရင္သားကင္ဆာျဖစ္လွ်င္ ရင္သားကို မလြဲမေသ ျဖတ္ထုတ္ပစ္ရေတာ့မည္။
အမွန္ေတြက ဘာေတြပါလဲ- ရင္သားကင္ဆာကို ေစာစြာသိ၍ အခ်ိန္မီ ကုသႏိုင္လွ်င္ လုံးဝေပ်ာက္ကင္းႏိုင္ပါသည္။
– ရင္သားအ႐ြယ္အစားႏွင့္ ကင္ဆာျဖစ္မႈ အႏၲရာယ္ ဆက္ႏြယ္မႈ မရွိပါ။
သို႔ေသာ္ ကိုယ္အေလးခ်ိန္မ်ားသူ၊ အဝလြန္ကဲသူျဖစ္လွ်င္ ရင္သားကင္ဆာ ပို၍ျဖစ္ႏိုင္သည္။
– ရင္သားကင္ဆာသည္ ကူးစက္မႈမရွိပါ။ သို႔ေသာ္ မိသားစုရာဇဝင္ရွိလွ်င္ ပိုျဖစ္ႏိုင္သည္။
– ရင္သားတြင္ ေတြ႕ရေသာ အဖုအက်ိတ္မ်ား၏ ရာခိုင္ႏႈန္းအမ်ားစုမွာ ကင္ဆာမဟုတ္ၾကပါ။
– ဒဏ္ရာထိခိုက္မႈမွတစ္ဆင့္ ကင္ဆာမျဖစ္ႏိုင္ပါ။
– အနံ႔အသက္ေပ်ာက္ေဆး၊ ေခြၽးထိန္းေဆးႏွင့္ ဘရာစီယာဝတ္ဆင္ျခင္းေၾကာင့္ ကင္ဆာျဖစ္သည့္ အေထာက္အထားမ်ား ယေန႔အထိလုံးဝ မရွိပါ။
– ရင္သားဓာတ္မွန္ စစ္ေဆးရာတြင္ ၁၀ ရာခိုင္ႏႈန္း မွားယြင္းမႈ ေတြ႕ရသည္။
ဓာတ္မွန္အေျဖေကာင္းသျဖင့္ ရာႏႈန္းျပည့္ စိတ္ခ်ရၿပီဟု သတ္မွတ္၍မရပါ။
– ရင္သားဓာတ္မွန္႐ိုက္ရာတြင္ အသုံးျပဳေသာ ဓာတ္ေရာင္ျခည္ေၾကာင့္ အႏၲရာယ္ မျဖစ္ေစပါ။
– ရင္သားကင္ဆာအဖုအက်ိတ္ အမ်ားစုသည္ နာက်င္မႈ မရွိတတ္ပါ။ တျဖည္းျဖည္းသာ ႀကီးထြားေလ့ရွိပါသည္။
– ရင္သားကင္ဆာျဖစ္တိုင္း ရင္သားျဖတ္ထုတ္ပစ္ရန္ မလိုပါ။ အဖုအက်ိတ္ထုတ္ၿပီး ေဆးေပးျခင္း (သို႔မဟုတ္) ဓာတ္ေရာင္ျခည္ေပးျခင္းတို႔ျဖင့္ ေအာင္ျမင္စြာ ကုသႏိုင္ပါသည္။
Author: ေဒါက္တာေအးေက်ာ္
(Unicode)
ရင်သားကင်ဆာ ရင်သားကင်ဆာရောဂါသည် အမျိုးသမီးများတွင်ဖြစ်သော ကင်ဆာရောဂါများအနက် ဖြစ်ပွားမှုအများဆုံးဟု ဆိုနိုင်သည်။
ဘယ်သူတွေမှာ အန္တရာယ်ပိုများသလဲ
– အမျိုးသမီးများ
– အသက်အရွယ် ကြီးရင့်သူများ
– မိသားစု၌ ရင်သားကင်ဆာ ရာဇဝင်ရှိသူများ
– မီးယပ်သွေးစောစွာ စတင်ပေါ်သူ ( ၁၂ နှစ်ထက်စော၍ စတင်ပေါ်ခြင်း )
– မီးယပ်သွေးဆုံးနောက်ကျသူ ( ၅၅ နှစ်ကျော်မှ သွေးဆုံးခြင်း )
– အသက် ၃၀ ကျော်မှ ပထမဦးဆုံး ကလေးမွေးဖွားသူ- ကလေးမရှိသော အမျိုးသမီးများ
– ကိုယ်အလေးချိန်များသူ၊ အဝလွန်ကဲသူ ဘယ်လို လက္ခဏာတွေ တွေ့နိုင်သလဲ
– ရင်သား၌ အဖုအကျိတ် အလုံးအခဲ တွေ့ရခြင်း၊ – ရင်သားအရေပြား အရောင်ပြောင်းခြင်း၊
– နို့သီးခေါင်းချိုင့်ဝင်သွားမှု လတ်တလော ဖြစ်ပေါ်ခြင်း၊
– နို့သီးခေါင်းမှ သွေး (သို့မဟုတ်) အခြားအရည်များထွက်ခြင်း၊- ရင်သားအရွယ်အစား ပြောင်းလဲသွားခြင်း၊
– အမျိုးသမီးများလစဉ် မိမိရင်သားကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးကြည့်ရန် လိုအပ်သည်။
– တစ်စုံတစ်ရာ သံသယရှိလျှင်ဖြစ်စေ၊ အသက် ၄၀ ကျော်လာခဲ့ပြီဖြစ်လျှင် ဖြစ်စေ၊ ရင်သားဓာတ်မှန်ရိုက်ကြည့်ရန် ဖြစ်ပါသည်။
ဘယ်လိုအယူအဆအမှားများ ရှိတတ်သလဲ
– ရင်သားကင်ဆာဖြစ်လျှင် မလွဲမသွေ သေရလိမ့်မည်။
– ရင်သားကြီးထွားလေ၊ ကင်ဆာဖြစ်ရန် အန္တရာယ်များလေဖြစ်သည်။
– ရင်သားကင်ဆာသည် ကူးစက်တတ်သည်။
– ရင်သားအကျိတ်အဖုတိုင်းသည် ကင်ဆာဖြစ်သည်။- မတော်တဆ ရင်သားထိခိုက်ဒဏ်ရာရလျှင် ကင်ဆာဖြစ်နိုင်သည်။
– အနံ့အသက်ပျောက်ဆေး၊ ချွေးထိန်းဆေးနှင့် ဘရာစီယာဝတ်ခြင်းတို့ကြောင့် ရင်သားကင်ဆာဖြစ်နိုင်သည်။
– ရင်သားဓာတ်မှန်အဖြေကောင်းလျှင် ကင်ဆာအတွက် စိတ်ချရသည်။
– ရင်သားဓာတ်မှန်ရိုက်လျှင် ဓာတ်ရောင်ခြည် အန္တရာယ်ရှိသည်။
– ရင်သားကင်ဆာအကျိတ်သည် နာကျင်မှုဖြစ်စေပြီး၊ လျင်မြန်စွာ ကြီးထွားလေ့ရှိသည်။
– ရင်သားကင်ဆာဖြစ်လျှင် ရင်သားကို မလွဲမသေ ဖြတ်ထုတ်ပစ်ရတော့မည်။
အမှန်တွေက ဘာတွေပါလဲ- ရင်သားကင်ဆာကို စောစွာသိ၍ အချိန်မီ ကုသနိုင်လျှင် လုံးဝပျောက်ကင်းနိုင်ပါသည်။
– ရင်သားအရွယ်အစားနှင့် ကင်ဆာဖြစ်မှု အန္တရာယ် ဆက်နွယ်မှု မရှိပါ။
သို့သော် ကိုယ်အလေးချိန်များသူ၊ အဝလွန်ကဲသူဖြစ်လျှင် ရင်သားကင်ဆာ ပို၍ဖြစ်နိုင်သည်။
– ရင်သားကင်ဆာသည် ကူးစက်မှုမရှိပါ။ သို့သော် မိသားစုရာဇဝင်ရှိလျှင် ပိုဖြစ်နိုင်သည်။
– ရင်သားတွင် တွေ့ရသော အဖုအကျိတ်များ၏ ရာခိုင်နှုန်းအများစုမှာ ကင်ဆာမဟုတ်ကြပါ။
– ဒဏ်ရာထိခိုက်မှုမှတစ်ဆင့် ကင်ဆာမဖြစ်နိုင်ပါ။
– အနံ့အသက်ပျောက်ဆေး၊ ချွေးထိန်းဆေးနှင့် ဘရာစီယာဝတ်ဆင်ခြင်းကြောင့် ကင်ဆာဖြစ်သည့် အထောက်အထားများ ယနေ့အထိလုံးဝ မရှိပါ။
– ရင်သားဓာတ်မှန် စစ်ဆေးရာတွင် ၁၀ ရာခိုင်နှုန်း မှားယွင်းမှု တွေ့ရသည်။
ဓာတ်မှန်အဖြေကောင်းသဖြင့် ရာနှုန်းပြည့် စိတ်ချရပြီဟု သတ်မှတ်၍မရပါ။
– ရင်သားဓာတ်မှန်ရိုက်ရာတွင် အသုံးပြုသော ဓာတ်ရောင်ခြည်ကြောင့် အန္တရာယ် မဖြစ်စေပါ။
– ရင်သားကင်ဆာအဖုအကျိတ် အများစုသည် နာကျင်မှု မရှိတတ်ပါ။ တဖြည်းဖြည်းသာ ကြီးထွားလေ့ရှိပါသည်။
– ရင်သားကင်ဆာဖြစ်တိုင်း ရင်သားဖြတ်ထုတ်ပစ်ရန် မလိုပါ။ အဖုအကျိတ်ထုတ်ပြီး ဆေးပေးခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်ပေးခြင်းတို့ဖြင့် အောင်မြင်စွာ ကုသနိုင်ပါသည်။
Author: ဒေါက်တာအေးကျော်