fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားကင်ဆာ

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/10/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

ရင္သားကင္ဆာဟာ အေနာက္ႏိုင္ငံမွာဆိုရင္ အမ်ိဳးသမီးေတြမွာ အျဖစ္အမ်ားဆုံးကင္ဆာေတြထဲမွာ နံပါတ္တစ္ပါ။ အမ်ိဳးသမီး ၈ေယာက္မွာ တစ္ေယာက္ရင္သားကင္ဆာ ျဖစ္ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ရင္သားကင္ဆာက အမ်ိဳးသမီးေတြမွာ ဒုတိယ အျဖစ္မ်ာဆုံး ကင္ဆာပါ။ ရင္သားကင္ဆာက အမ်ိဳးသားေတြမွာလည္း ျဖစ္ေတာ့ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အင္မတန္ ရွားပါတယ္။ ၁ရာခိုင္ႏႈန္းေလာက္သာ ျဖစ္ပြားပါတယ္။

ဘယ္လို အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာ ပိုျဖစ္ႏိုင္ေခ်မ်ားလဲ။

၁။အသက္ႀကီးေလေလ ရင္သားကင္ဆာ ျဖစ္ႏိုင္ေခ် မ်ားေလေလပါ။ အသက္၂၀ေအာက္မွာ ျဖစ္တာ ရွားပါတယ္။

၂။အပ်ိဳေဖာ္ဝင္တာေစာၿပီး ေသြးဆုံးတာ ေနာက္က်တဲ့ အမ်ိဳးသမီးေတြ

၃။ေသြးဆုံးၿပီးေနာက္ပိုင္း တအားဝလာတဲ့ အမ်ိဳးသမီးေတြ

၄။ေသြးဆုံး ေဝဒနာအတြက္ ေဟာ္မုန္း ကုထုံးခံယူတဲ့ (အီစတိုဂ်င္ေဆးေသာက္တဲ့)အမ်ိဳးသမီးေတြ

၅။မိမိရဲ႕မိဘ အစ္မ အေဒၚေတြထဲမွာ ရင္သားကင္ဆာ ျဖစ္ဖူးတဲ့သူရွိတဲ့ အမ်ိဳးသမီးေတြ

၆။တားေဆးေသာက္တဲ့အမ်ိဳးသမီးေတြ

၇။ပထမကေလးယူကို အသက္ႀကီးမွ ယူတဲ့အမ်ိဳးသမီးေတြ၊ ကေလးေမြးတာ နည္းတဲ့အမ်ိဳးသမီးေတြ၊ ကေလးေမြးေသာ္လည္း မိခင္ႏို႔မတိုက္တဲ့ အမ်ိဳးသမီးေတြ

၈။ဓါတ္ေရာင္ျခည္နဲ႔ ထိေတြ႕မႈမ်ားတဲ့ အမ်ိဳးသမီးေတြ

၉။အရက္ေသာက္တဲ့ အမ်ိဳးသမီးေတြ၊ ကိုယ္လက္လႈပ္ရွားမႈနည္းတဲ့ အမ်ိဳးသမီးေတြဟာ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။

ရင္သားကင္ဆာဟာ ႀကိဳတင္ကာကြယ္လို႔မရေပမယ့္ ေစာေစာစီးစီး သိမယ္ဆိုရင္ ေရာဂါႏုတဲ့အဆင့္မွာ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါတယ္။

ေစာေစာသိေအာင္ ဘယ္လိုလုပ္ရမလဲ။

အသက္၂၀ေက်ာ္အ႐ြယ္ကေနစၿပီး ရာသီလာၿပီး ၇ရက္ေျမာက္ေန႔တိုင္းမွာ လစဥ္ မိမိရင္သားကို မိမိ ေရခ်ိဳးရင္းျဖစ္ျဖစ္ စမ္းပါ။ တတ္ကြၽမ္းနားလည္တဲ့ဆရာဝန္ သို႔မဟုတ္ ဆရာမ နဲ႔လည္း အသက္၂၀ကေန ၃၀အတြင္းဆို ၃ႏွစ္တစ္ႀကိမ္ စမ္းသပ္ခံပါ။ အသက္၄၀ေက်ာ္လာၿပီဆိုရင္ ႏွစ္စဥ္ စမ္းသပ္ခံတာ ႏွစ္စဥ္ ရင္သားဓါတ္မွန္ (Mammogram)႐ိုက္တာေတြ လုပ္ရပါမယ္။

ရင္သားမွာ ပါးခ်ိဳင့္လို ခ်ိဳင့္ေနတာ၊ ပုံသဏၭာန္ ေျပာင္းလဲတာ၊ တစ္ဖက္နဲ႔တစ္ဖက္ ညီညာမႈ မရွိတာ စတာေတြကို အရင္ဆုံး ၾကည့္ရႈရပါမယ္။ မွန္ထဲမွာ ၾကည့္ရင္ အေကာင္းဆုံးပါပဲ။ ဘယ္ဘက္ရင္သားကို စမ္းမယ္ဆိုပါက ဘယ္ဘက္လက္ကို မိမိေခါင္းရဲ႕ေနာက္မွာ ထားပါ။ ညာဘက္လက္သုံးေခ်ာင္း(လက္ညိဳး လက္ခလယ္ လက္သန္းႂကြယ္) ကိုသုံးၿပီး စမ္းပါ။ စမ္းတဲ့ေနရာမွာ ႏို႔သီးေခါင္းေနရာကေန ေဘးပတ္လည္ကို ခ႐ုပတ္ပုံသ႑န္သြားၿပီး ရင္သားတစ္ခုလုံး ေနရာလပ္မက်န္ေအာင္ အလုံးအက်ိတ္ရွိ၊ မရွိစမ္းရပါမယ္။ ၿပီးရင္ခ်ိဳင္းေနရာကိုပါ အလုံးအက်ိတ္ရွိ၊ မရွိ စမ္းရပါမယ္။

ေနာက္ညာဘက္ ရင္သားကို စမ္းမယ္ဆိုပါကလည္း ညာဘက္လက္ကို မိမိေခါင္းေနာက္မွာ ထားပါ။ ဘယ္လက္သုံးေခ်ာင္း(လက္ညိဳး လက္ခလယ္ လက္သန္းႂကြယ္)ကိုသုံးၿပီး ဘယ္ဘက္ရင္သားကို စမ္းခဲ့သလိုစမ္းပါ။ ခ်ိဳင္းကိုပါ စမ္းပါ။ ၿပီးရင္ ႏို႔သီးေခါင္းေတြကို ခပ္ဖြဖြ ညႇစ္ၾကည့္ပါ။ ညႇစ္ၾကည့္လို႔ ျပည္ သို႔မဟုတ္ ေသြးထြက္ရင္ေတာ့ ဆရာဝန္နဲ႔ျပသပါ။

စမ္းသပ္တဲ့အခါမွာ အလုံးအက်ိတ္ေတြ႕ခဲ့ရင္ ဆရာဝန္နဲ႔ျပသၿပီး ကင္ဆာအလုံး ဟုတ္ မဟုတ္၊ ကင္ဆာေရာဂါ ျဖစ္ႏိုင္ မျဖစ္ႏိုင္ စစ္ေဆးရပါမယ္။ ကင္ဆာမဟုတ္တဲ့ အလုံးအက်ိတ္ေတြလည္း ျဖစ္ႏိုင္ေခ်ရွိပါတယ္။ တစ္ခါတရံမွာ အလုံး အက်ိတ္မဟုတ္ဘဲ အရည္အိတ္ေလးေတြလည္း ေတြ႕ႏိုင္ပါတယ္။ ရင္သားမွာေတြ႕ရတဲ့ အလုံးဟာ အက်ိတ္လုံးလား၊ အရည္လုံးလားဆိုတာကို Ultrasound လို႔ေခၚတဲ့ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္ ၿပီးခြဲျခားႏိုင္ပါတယ္။ လိုအပ္ရင္ေတာ့ အပ္နဲ႔စုပ္ထုတ္ၿပီး (Fine Needle Aspiration Cytology) စစ္ေဆးၾကည့္ရပါတယ္။ ေနာက္အသားစ(Biopsy)ယူၿပီးလည္း စစ္ေဆးႏိုင္ပါတယ္။

ရင္သားကင္ဆာရဲ႕ျဖစ္ႏိုင္ေခ်လကၡဏာေတြကေတာ့

ရင္သားမွာပဲ ျဖစ္ျဖစ္၊ ခ်ိဳင္းပတ္ဝန္းက်င္မွာပဲ ျဖစ္ျဖစ္ အလုံးအက်ိတ္ကို ေပၚလာတာ
ရင္သားတစ္ဖက္နဲတစ္ဖက္ မညီတာ
ခ်ိဳင္းပတ္ဝန္းက်င္မွာ ေရာင္ရမ္းေဖာင္းကားလာတာ
ရင္သားဟာ သိသိသာသာ ျပားလာတာ ဒါမွမဟုတ္ ခ်ိဳင့္လာတာ
ရင္သားရဲ႕ အ႐ြယ္အစား၊ အလုံးအဝန္းပုံစံ၊ တင္းရင္းမႈ၊ အပူအေအး စတာေတြမွာ ေျပာင္းလဲမႈေတြျဖစ္လာတာ ရင္သားဟာ လိေမၼာ္သီးအခြံလိုနီရဲၿပီး အခ်ိဳင့္ေလးေတြအမ်ားႀကီး ေပၚလာတာ
႐ုတ္တရက္ ႏို႔သီးေခါင္းဟာ အတြင္းကို ခ်ိဳင့္ဝင္သြားတာ ဒါမွမဟုတ္ ယားယံတာ ဒါမွမဟုတ္ ပူနာေနတာ ဒါမွမဟုတ္ ႏို႔သီးေခါင္းမွာ အနာျဖစ္ေနတာ
ႏို႔သီးေခါင္းကေန အရည္ၾကည္ သို႔မဟုတ္ ျပည္ သို႔မဟုတ္ ေသြးထြက္တာ
အစားအေသာက္ပ်က္တာ သိသိသာသာပိန္လာတာ စသျဖင့္ပါ။
ရင္သားကင္ဆာျဖစ္ရင္ ဘယ္လိုကုရမလဲ။

ဒါကေတာ့ ရင္သားကင္ဆာက ဘယ္အေျခအေနေရာက္ေနၿပီလဲ ဘယ္ေတြကိုပ်ံ႕ေနၿပီလဲ(TNM staging or Manchester staging) ေရာဂါျဖစ္သူရဲ႕ကိုယ္ခံအား အသက္အ႐ြယ္ စတဲ့အေျခေတြေပၚလည္း မူတည္ပါတယ္။ ကုသမႈနည္းလမ္းေတြကေတာ့

ခြဲစိတ္ကု သမႈျပဳလုပ္ၿပီး ဓာတ္ေရာင္ျခည္ျဖင့္ကုသျခင္း (Adjuvant Radiotheraphy)၊

ကင္ဆာေဆးသြင္းကုသျခင္း (Chemotheraphy)

ေဟာ္မုန္းဓာတ္ျဖင့္ကုသျခင္း (Hormone theraphy)

စတဲ့နည္းလမ္းမ်ားကို ေပါင္းစပ္ကုသျခင္း စသည္တို႔ျဖစ္ပါတယ္။

ခြဲတဲ့အခါမွာလည္း ရင္သားတစ္ခုလုံး လွီးထုတ္လိုက္ရတာမ်ိဳးရွိသလို ကင္ဆာအလုံးအက်ိတ္နဲ႔ ျပန္ရည္ေၾကာပဲ လွီးထုတ္ရတာမ်ိဴးလည္း ရွိပါတယ္။ ေရာဂါအေျခအေနေပၚ  မူတည္ပါတယ္။ အခုေနာက္ပိုင္းမွာ ရင္သားတစ္ခုလုံး လွီးထုတ္လိုက္ရတဲ့ အမ်ိဳးသမီးေတြအတြက္ သတင္းေကာင္းတစ္ခုက Delayed Breast Reconstructive Surgery ဆိုတဲ့နည္းလမ္းနဲ႔ ရင္သားျပန္လည္ျဖည့္လို႔ရၿပီပဲ ျဖစ္ပါတယ္။  ဒီနည္းလမ္းက ခြဲစိတ္ ျဖတ္ေတာက္လိုက္ရတဲ့ရင္သားကို ပုံမွန္ေကာင္းေနတဲ့တစ္ဖက္ရင္သားနဲ႔ ဆင္တူေအာင္ ျပဳျပင္ ျဖည့္တင္းေပးတာျဖစ္ပါတယ္။

Author : Dr. 528

(Unicode)

ရင်သားကင်ဆာဟာ အနောက်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ်တစ်ပါ။ အမျိုးသမီး ၈ယောက်မှာ တစ်ယောက်ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရင်သားကင်ဆာက အမျိုးသမီးတွေမှာ ဒုတိယ အဖြစ်မျာဆုံး ကင်ဆာပါ။ ရင်သားကင်ဆာက အမျိုးသားတွေမှာလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အင်မတန် ရှားပါတယ်။ ၁ရာခိုင်နှုန်းလောက်သာ ဖြစ်ပွားပါတယ်။

ဘယ်လို အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ချေများလဲ။

၁။အသက်ကြီးလေလေ ရင်သားကင်ဆာ ဖြစ်နိုင်ချေ များလေလေပါ။ အသက်၂၀အောက်မှာ ဖြစ်တာ ရှားပါတယ်။

၂။အပျိုဖော်ဝင်တာစောပြီး သွေးဆုံးတာ နောက်ကျတဲ့ အမျိုးသမီးတွေ

၃။သွေးဆုံးပြီးနောက်ပိုင်း တအားဝလာတဲ့ အမျိုးသမီးတွေ

၄။သွေးဆုံး ဝေဒနာအတွက် ဟော်မုန်း ကုထုံးခံယူတဲ့ (အီစတိုဂျင်ဆေးသောက်တဲ့)အမျိုးသမီးတွေ

၅။မိမိရဲ့မိဘ အစ်မ အဒေါ်တွေထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့သူရှိတဲ့ အမျိုးသမီးတွေ

၆။တားဆေးသောက်တဲ့အမျိုးသမီးတွေ

၇။ပထမကလေးယူကို အသက်ကြီးမှ ယူတဲ့အမျိုးသမီးတွေ၊ ကလေးမွေးတာ နည်းတဲ့အမျိုးသမီးတွေ၊ ကလေးမွေးသော်လည်း မိခင်နို့မတိုက်တဲ့ အမျိုးသမီးတွေ

၈။ဓါတ်ရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့ အမျိုးသမီးတွေ

၉။အရက်သောက်တဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။

ရင်သားကင်ဆာဟာ ကြိုတင်ကာကွယ်လို့မရပေမယ့် စောစောစီးစီး သိမယ်ဆိုရင် ရောဂါနုတဲ့အဆင့်မှာ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

စောစောသိအောင် ဘယ်လိုလုပ်ရမလဲ။

အသက်၂၀ကျော်အရွယ်ကနေစပြီး ရာသီလာပြီး ၇ရက်မြောက်နေ့တိုင်းမှာ လစဉ် မိမိရင်သားကို မိမိ ရေချိုးရင်းဖြစ်ဖြစ် စမ်းပါ။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန် သို့မဟုတ် ဆရာမ နဲ့လည်း အသက်၂၀ကနေ ၃၀အတွင်းဆို ၃နှစ်တစ်ကြိမ် စမ်းသပ်ခံပါ။ အသက်၄၀ကျော်လာပြီဆိုရင် နှစ်စဉ် စမ်းသပ်ခံတာ နှစ်စဉ် ရင်သားဓါတ်မှန် (Mammogram)ရိုက်တာတွေ လုပ်ရပါမယ်။

ရင်သားမှာ ပါးချိုင့်လို ချိုင့်နေတာ၊ ပုံသဏ္ဌာန် ပြောင်းလဲတာ၊ တစ်ဖက်နဲ့တစ်ဖက် ညီညာမှု မရှိတာ စတာတွေကို အရင်ဆုံး ကြည့်ရှုရပါမယ်။ မှန်ထဲမှာ ကြည့်ရင် အကောင်းဆုံးပါပဲ။ ဘယ်ဘက်ရင်သားကို စမ်းမယ်ဆိုပါက ဘယ်ဘက်လက်ကို မိမိခေါင်းရဲ့နောက်မှာ ထားပါ။ ညာဘက်လက်သုံးချောင်း(လက်ညိုး လက်ခလယ် လက်သန်းကြွယ်) ကိုသုံးပြီး စမ်းပါ။ စမ်းတဲ့နေရာမှာ နို့သီးခေါင်းနေရာကနေ ဘေးပတ်လည်ကို ခရုပတ်ပုံသဏ္ဍန်သွားပြီး ရင်သားတစ်ခုလုံး နေရာလပ်မကျန်အောင် အလုံးအကျိတ်ရှိ၊ မရှိစမ်းရပါမယ်။ ပြီးရင်ချိုင်းနေရာကိုပါ အလုံးအကျိတ်ရှိ၊ မရှိ စမ်းရပါမယ်။

နောက်ညာဘက် ရင်သားကို စမ်းမယ်ဆိုပါကလည်း ညာဘက်လက်ကို မိမိခေါင်းနောက်မှာ ထားပါ။ ဘယ်လက်သုံးချောင်း(လက်ညိုး လက်ခလယ် လက်သန်းကြွယ်)ကိုသုံးပြီး ဘယ်ဘက်ရင်သားကို စမ်းခဲ့သလိုစမ်းပါ။ ချိုင်းကိုပါ စမ်းပါ။ ပြီးရင် နို့သီးခေါင်းတွေကို ခပ်ဖွဖွ ညှစ်ကြည့်ပါ။ ညှစ်ကြည့်လို့ ပြည် သို့မဟုတ် သွေးထွက်ရင်တော့ ဆရာဝန်နဲ့ပြသပါ။

စမ်းသပ်တဲ့အခါမှာ အလုံးအကျိတ်တွေ့ခဲ့ရင် ဆရာဝန်နဲ့ပြသပြီး ကင်ဆာအလုံး ဟုတ် မဟုတ်၊ ကင်ဆာရောဂါ ဖြစ်နိုင် မဖြစ်နိုင် စစ်ဆေးရပါမယ်။ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ တစ်ခါတရံမှာ အလုံး အကျိတ်မဟုတ်ဘဲ အရည်အိတ်လေးတွေလည်း တွေ့နိုင်ပါတယ်။ ရင်သားမှာတွေ့ရတဲ့ အလုံးဟာ အကျိတ်လုံးလား၊ အရည်လုံးလားဆိုတာကို Ultrasound လို့ခေါ်တဲ့ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် ပြီးခွဲခြားနိုင်ပါတယ်။ လိုအပ်ရင်တော့ အပ်နဲ့စုပ်ထုတ်ပြီး (Fine Needle Aspiration Cytology) စစ်ဆေးကြည့်ရပါတယ်။ နောက်အသားစ(Biopsy)ယူပြီးလည်း စစ်ဆေးနိုင်ပါတယ်။

ရင်သားကင်ဆာရဲ့ဖြစ်နိုင်ချေလက္ခဏာတွေကတော့

  • ရင်သားမှာပဲ ဖြစ်ဖြစ်၊ ချိုင်းပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် အလုံးအကျိတ်ကို ပေါ်လာတာ
  • ရင်သားတစ်ဖက်နဲတစ်ဖက် မညီတာ
  • ချိုင်းပတ်ဝန်းကျင်မှာ ရောင်ရမ်းဖောင်းကားလာတာ
  • ရင်သားဟာ သိသိသာသာ ပြားလာတာ ဒါမှမဟုတ် ချိုင့်လာတာ
  • ရင်သားရဲ့ အရွယ်အစား၊ အလုံးအဝန်းပုံစံ၊ တင်းရင်းမှု၊ အပူအအေး စတာတွေမှာ ပြောင်းလဲမှုတွေဖြစ်လာတာ ရင်သားဟာ လိမ္မော်သီးအခွံလိုနီရဲပြီး အချိုင့်လေးတွေအများကြီး ပေါ်လာတာ
  • ရုတ်တရက် နို့သီးခေါင်းဟာ အတွင်းကို ချိုင့်ဝင်သွားတာ ဒါမှမဟုတ် ယားယံတာ ဒါမှမဟုတ် ပူနာနေတာ ဒါမှမဟုတ် နို့သီးခေါင်းမှာ အနာဖြစ်နေတာ
  • နို့သီးခေါင်းကနေ အရည်ကြည် သို့မဟုတ် ပြည် သို့မဟုတ် သွေးထွက်တာ
  • အစားအသောက်ပျက်တာ သိသိသာသာပိန်လာတာ စသဖြင့်ပါ။

ရင်သားကင်ဆာဖြစ်ရင် ဘယ်လိုကုရမလဲ။

ဒါကတော့ ရင်သားကင်ဆာက ဘယ်အခြေအနေရောက်နေပြီလဲ ဘယ်တွေကိုပျံ့နေပြီလဲ(TNM staging or Manchester staging) ရောဂါဖြစ်သူရဲ့ကိုယ်ခံအား အသက်အရွယ် စတဲ့အခြေတွေပေါ်လည်း မူတည်ပါတယ်။ ကုသမှုနည်းလမ်းတွေကတော့

ခွဲစိတ်ကု သမှုပြုလုပ်ပြီး ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Adjuvant Radiotheraphy)၊

ကင်ဆာဆေးသွင်းကုသခြင်း (Chemotheraphy)

ဟော်မုန်းဓာတ်ဖြင့်ကုသခြင်း (Hormone theraphy)

စတဲ့နည်းလမ်းများကို ပေါင်းစပ်ကုသခြင်း စသည်တို့ဖြစ်ပါတယ်။

ခွဲတဲ့အခါမှာလည်း ရင်သားတစ်ခုလုံး လှီးထုတ်လိုက်ရတာမျိုးရှိသလို ကင်ဆာအလုံးအကျိတ်နဲ့ ပြန်ရည်ကြောပဲ လှီးထုတ်ရတာမျိူးလည်း ရှိပါတယ်။ ရောဂါအခြေအနေပေါ်  မူတည်ပါတယ်။ အခုနောက်ပိုင်းမှာ ရင်သားတစ်ခုလုံး လှီးထုတ်လိုက်ရတဲ့ အမျိုးသမီးတွေအတွက် သတင်းကောင်းတစ်ခုက Delayed Breast Reconstructive Surgery ဆိုတဲ့နည်းလမ်းနဲ့ ရင်သားပြန်လည်ဖြည့်လို့ရပြီပဲ ဖြစ်ပါတယ်။  ဒီနည်းလမ်းက ခွဲစိတ် ဖြတ်တောက်လိုက်ရတဲ့ရင်သားကို ပုံမှန်ကောင်းနေတဲ့တစ်ဖက်ရင်သားနဲ့ ဆင်တူအောင် ပြုပြင် ဖြည့်တင်းပေးတာဖြစ်ပါတယ်။

Author : Dr. 528

 

 

 

 

 

 

 

Previous Post

မိန်းမကိုယ်အနံ့ဆိုး

Next Post

ကလေးဘယ်တော့မွေးမယ် ရက်တွက်မယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
755
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
439

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးဘယ်တော့မွေးမယ် ရက်တွက်မယ်

အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ အပိုင်း ၂

ခေါင်းကိုက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.