fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဆေးလိပ်သောက်ခြင်းနဲ့အဆုတ်ကင်ဆာ

263
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/09/2017
in ရောဂါကြီးများ
1 min read
A A

ဆေးလိပ်သောက်ခြင်းနဲ့အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသောကင်ဆာ အမျိူးအစားဖြစ်သည်။ ၁၈၈၀ခုနှစ်တုန်းက အမေရိကန်ပြည်သူတစ်ယောက်သည် ပျမ်းမျှအားဖြင့် တစ်နှစ်လုံးနေမှ စီးကရက် ၁၆လိပ်သောက်သည်။ ၁၉၅၉ခုနှစ်ရောက်သောအခါတွင် အမေရိကန်တစ်ယောက်သည် တစ်နှစ်လျှင် အလိပ်ပေါင်း ၃၇၀၀ထိ သောက်လာသည်။ ထို့ကြောင့်၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံ တစ်ခုတည်းမှာပင် အဆုတ်ကင်ဆာလူနာအသစ် ၂၁၅၀၂၀ယောက် ရှိလာသည်။

ယောကျာ်း အဆုတ်ကင်ဆာရောဂါ ဖြစ်သူက မိန်းမများထက် ၁၀ဆပိုများသည်။ များသောအားဖြင့် အဆုတ်ကင်ဆာသည် အသက်၅၀ မှ ၆၀အရွယ်များတွင် အဖြစ်များသည်။ မည်သည့်အသက်ရွယ်တွင် မဆိုဖြစ်နိုင်ပေမယ့် အသက်၄၀မတိုင်ခင် ဖြစ်ပွားသော အဆုတ်ကင်ဆာအရေအတွက်သည် စုစုပေါင်း ရဲ့ ၂ ရာခိုင်နှုန်းခန့်သာရှိသည်။

အဆုတ်ကင်ဆာက ဆေးလိပ်သောက်သူတွေမှာ ဖြစ်နိုင်သလို မသောက်တဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေရှိသည်။ ဆိုလိုတာက ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တဲ့လူက ရှိနေတယ်၊ သူကိုယ်တိုင် မသောက်ပေမဲ့လည်း ဘေးကနေပြီး သောက်နေတဲ့လူရဲ့ ဆေးလိပ်ငွေ့ကိုပြန်သောက်နေသလိုဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ Second Smoker လို့ခေါ်တဲ့ သူတွေမှာလည်းဖြစ်တတ်တယ်။

ဆေးလိပ်လို့ပြောပေမယ့် စီးကရက် ဆေးတံသောက်တာလည်း အတူတူပါပဲ။ ဒီဆေးရွက်ကြီးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို သုံးစွဲတယ်ဆိုရင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်ထဲတွင် ကင်ဆာဖြစ်စေနိုင်သော ဓါတ်အမျိူးပေါင်း ၂၀ခန့်ပါ ပါတယ်။ စီးကရက် မီးညှိသောအခါ မီးအပူချိန်နဲ့ဓါတ်ပြုပါက ထိုဓါတ်များသည် ကျန်းမာရေးကပိုထိခိုက်စေပါတယ်။

စီးကရက်တိုကို ရှုရှိုက်ပြီးသောက်လေ အန္တရာယ်များလေဖြစ်သည်။ စီးကရက်တိုသွားသောအခါ ရောဂါဖြစ်စေသော အဆိပ်ဓါတ်များက ကျန်သောထိုအတိုတွင်စုမိလေသည်။ ဆွီဒင်မှာဆိုရင် စီးကရက်ရဲ့ ၃ပုံ၁ပုံခန့်တွင် အရစ်ကလေးတစ်ခုမှတ်ပေးထားသည်။ စောစောသေချင်သူများသာ အဲ့အရစ်ကကျော်သောက်ကြသည်ဟုဆိုသည်။

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကလည်း အဆုတ်ကင်ဆာဖြစ်ပွားမှု မှာပါဝင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ လုပ်ငန်းခွင်မှာ အမှုန်အမွှားတွေနဲ့ နေ့တဒူဝ အလုပ်လုပ်ရတဲ့သူတွေမှာဆို အဆုတ်ကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဥပမာ ကျောက်လုပ်သားများ၊ မိုင်းတွင်းလုပ်သားများ၊ Asbestos လို့ခေါ်တဲ့အမှုန်တွေနဲ့လုပ်နေရသူများ အဆုတ်ကင်ဆာက အဖြစ်များပေမယ့် ခက်တာက ဖြစ်ဖြစ်ချင်းမှာ တိကျတဲ့ ကင်ဆာလက္ခဏာ မပြတတ်ပါ။

စစချင်းမှာ တခြားအအေးမိတဲ့ရောဂါတွေလို ချောင်းဆိုးမယ်၊ သလိပ်တွေထွက်မယ်၊ ချောင်းဆိုးရင်သွေးပါတတ်တယ်။ သွေးမပါတာလည်းဖြစ်နိုင်တယ်။ သွေးပါမှကင်ဆာမဟုတ်ပါဘူး။ သွေးမပါလဲ ကင်ဆာဖြစ်တတ်ပါတယ်။ ရင်ဘတ်တွေနာမယ်၊ ကျောတွေနာမယ်၊ အရမ်းဆိုးလာရင် အဆုတ်ထဲ ရေတွေ ဝင်လာတတ်တယ်။ လေပြွန်တွေပိတ်သွားတဲ့ အခါလည်းရှိတတ်တယ်။ အဲ့လိုဖြစ်လာရင်လူနာကမောလာမယ်။ နောက်စားလို့မကောင်း၊ အိပ်လို့မရ၊ အားနည်း စသည်ဖြင့် ဖြစ်တတ်တယ်။

ဆေးလိပ်သောက်လျှင် ချောင်းကလေးကလည်း ပုံမှန်လိုဆိုးတတ်လေရာ ဆေးလိပ်သောက်သူများသည် ချောင်းဆိုးခြင်းကို အရေးကြီးသည်ဟုမထင်မိကြပေ။ နောက်ပြီး ရင်ထဲကနာခြင်း၊ အောင့်ခြင်းကလည်း နည်းနည်းပါးပါးကုလိုက်သောအခါတွင် ပျောက်သွားတတ်သည်။ ထို့ကြောင့် ရောဂါနုစဉ်မှာ မသိဘဲ ရောဂါရင့်ပြီး ပျံ့နေတဲ့အဆင့်ရောက်မှ သိကြတာများသည်။

သို့ဖြစ်ရာ အသက်အရွယ် အလယ်အလတ်ပိုင်း သို့ရောက်နေသူတစ်ဦးသည် ဆေးလိပ်လည်းသောက်တယ်။ အပေါ်ကပြောသလိုမျိုးတွေလည်းဖြစ်တယ်ဆိုရင် အအေးမိတာပဲဖြစ်မှာပါလို့မပေါ့ဆပဲ စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်သည်။ အခြေခံအကျဆုံးကတော့ ရင်ဘတ်ဓါတ်မှန်ရိုက်တာပါ။ (Chest X ray)ပေါ့။ သို့သော် ဓါတ်မှန်ရဲ့သဘောကအဖြူအမည်းပဲမြင်တာ။ တစ်ခါတစ်လေကျရင် ကင်ဆာနဲ့ ဆင်တဲ့ရောဂါတွေလည်းရှိပါတယ်။ ဥပမာ တီဘီရောဂါတို့၊ နမိုးရီးယားရောဂါတို့ ဒါတွေဟာခွဲရတာခက်တယ်။

တစ်ခါတစ်လေကျရင်တီဘီက ကင်ဆာနဲ့အတော်ကိုတူတယ်။ ကင်ဆာကလည်း တီဘီနဲ့သွားတူနေတယ်။ အဲ့လိုမျိုးတွေလည်း ရှိတတ်တယ်။ မြန်မာနိုင်ငံမှာ တီဘီက အဖြစ်တော်တော်များတယ်။ တီဘီအဖြစ်များဆုံး နိုင်ငံတွေထဲမှာပါတယ်။ ဒါကြောင့်မို့ တီဘီကိုတော့ ဦးစားပေးပြီးတော့ စဉ်းစားရတယ်။ တစ်ချိန်ထဲမှာ ကင်ဆာကလည်း တီဘီလို ပုံမှားတတ်တယ်။။ ဒါကြောင့်မို့ X-ray ဟာရောဂါ သတ်မှတ်တဲ့နေရာမှာ အားနည်းချက် ရှိတယ်။

နောက်ထပ် ပိုတိကျပြီး ပိုလုပ်နိုင်တဲ့ စစ်ဆေးမှုတွေကတော့ စီတီရိုက်တာ(CT Scan) ကွန်ပျူတာဓါတ်မှန်လို့ လည်းခေါ်ပါတယ်။ နောက်အဆုတ်ထဲ မှန်ပြောင်းထည့်ကြည့်ပြီး အသားစယူ (Bronchoscopic biopsy) ၊ ဓါတ်ခွဲခန်းပို့စစ်ဆေးတာ တွေလုပ်နိုင်ပါတယ်။ ကင်ဆာလို့အဖြေထွက်ခဲ့ရင်တော့ တခြားနေရာတွေပျံ့နေလားရယ်၊ ကင်ဆာအဆင့်သတ်မှတ်ဖို့ရယ်အတွက် အရိုးဓါတ်မှန်ရိုက်တာ အာထရာဆောင်းရိုက်တာ အမ်အာအိုင်(သံလိုက်စက်ကွင်းဓါတ်မှန်) PET Scan ရိုက်တာတွေလုပ်ရပါတယ်။

ကုသတဲ့အပိုင်းကတော့ ရောဂါအခြေအနေ လူနာအခြေအနေပေါ်မှုတည်ပြီး ခွဲစိတ်ကုတာ၊ ကင်ဆာဆေးသွင်းကုတာ၊ ဓါတ်ရောင်ခြည်နဲ့ကုတာ၊ ပေါင်းစပ်ကုသတာ စသဖြင့်နည်းအမျိူးမျိူး ရှိပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အဆုတ်ကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံးသောကင်ဆာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့လည်း တိုက်ရိုက်နီးပါးဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာသာမက တခြားရောဂါတွေ ဥပမာ လည်ချောင်းကင်ဆာ၊ အစာရေမျိူပြွန်ကင်ဆာ စတဲ့ရောဂါများကိုလည်း ပိုပြီးဖြစ်ပွားစေသောကြောင့် မိဘများက သားသမီးများကို ဆေးလိပ်မသောက်ဖို့၊ ကျောင်းများတွင်လည်း ဆရာဆရာမများက တပည့်ကျောင်းသူ ကျောင်းသားများကို ဆေးလိပ်ရဲ့ဆိုးကျိူးများကို မကြာမကြာပြောပြဖို့ သောက်တာကိုတွေ့ရင်လည်း ပြင်းပြင်းထန်ထန်ဆုံးမပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Author : Dr. 528

Previous Post

သားဆက်ခြား ပဋိသန္ဓေတား

Next Post

အရက်စွဲနေတဲ့သူလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရက်စွဲနေတဲ့သူလား

နှလုံးကြီးတယ်ဆိုတာ

တရှူးရှူး တရှဲရှဲနဲ့ ကင်တဲ့ အကင်များနဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.