fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ လုံမတို့မေးသမျှ

911
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/09/2017
in ရောဂါကြီးများ
1 min read
A A

လုံမတို့အမေးများတဲ့
“သားအိမ်ခေါင်းကင်ဆာဆိုတာ ဘာလဲ”
“Human papilloma virus ဆိုတာဘာလဲ”
“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ ဘာလဲ”
“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်အရွယ်တွေ ထိုးသင့်သလဲ”
“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်နှကြိမ် ထိုးသင့်သလဲ”
“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်သလဲ”
စတဲ့ ထိုထိုသော အမေးများကို ဇီဝကအနေနဲ့ ဒီဆောင်းပါးလေးနဲ့ ဖြေကြားပေး လိုက်ပါတယ် ။

“သားအိမ်ခေါင်းကင်ဆာဆိုတာ ဘာလဲ”
-သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ခေါင်းမှာ အနာတွေဖြစ်ပြီး အဖြူဆင်း ၊ အနီဆင်း ၊ အနံ့မကောင်း ၊ အမျိုးသားနဲ့ အတူနေပြီးတိုင်း သွေးဆင်းတတ်တဲ့ ရောဂါပါ ။ သားအိမ်ခေါင်းမှတဆင့် ကင်ဆာသည် နီးစပ်ရာ ဆီးအိမ် ၊အစာအိမ်ဟောင်းတို့ဆီ ပျံ့နှံ့သွားကာ မိန်းမကိုယ်မှတဆင့် ဆီးထွက်ကျ ၊မစင်ထွက်ကျတဲ့ အထိ ဖြစ်တတ်ပါတယ် ။ အထူးသဖြင့် ကာမစပ်ဆက်ဆံမှုများသူတွေ ၊အိမ်ထောင်စောစောကျသူတွေ ၊ကလေးအများကြီး မွေးထားသူတွေမှာ Human papilloma virus ပိုးတစ်မျိုးကြောင့်ဖြစ်တယ်လို့ ယူဆကြပါတယ် ။ သားအိမ်ခေါင်းကင်ဆာဟာ အမေရိကန်နိုင်ငံမှာ လေ့လာထားချက်အရ သူတို့နိုင်ငံသူ အမျိုးသမီးတွေမှာ တစ်နှစ်လျှင် အမျိုးသမီးပေါင်း ၂၁၀၀ ခန့် ဖြစ်ပွားလျက်ရှိပါတယ်။

“Human papilloma virus ဆိုတာဘာလဲ”
-Human papilloma virus သည် အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့အပြင် လိင်အင်္ဂါကြွက်နို့ကို အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားစေပါတယ် ။ ထိုဗိုင်းရပ်စ်ထဲတွင် မျိုးစိပ်ငယ်များ ထပ်မံ ခွဲခြားထားပါသေးတယ် ။ တချို့သော မျိုးစိပ်များသည် ကင်ဆာ တစ်မျိုးတည်းဖြစ်စေကာ ၊တချို့သည် လိင်အင်္ဂါ ကြွက်နို့တစ်မျိုးတည်းဖြစ်ပွားစေပါတယ် ။ တချို့ကျပြန်တော့ နှစ်မျိုးစလုံးကို ဖြစ်စေပါတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ ဘာလဲ”
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဆိုတာ Human papilloma virus vaccineပါပဲ ။ ဒါကြောင့် တချို့သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများသည် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်သလို လိင်အင်္ဂါကြွက်နို့ကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်အရွယ်တွေ ထိုးသင့်သလဲ”
-အသက် ၄နှစ်မှ စထိုးလို့ရပါတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်နှကြိမ် ထိုးသင့်သလဲ”
-အသက် ၄နှစ်မှ ၁၄ နှစ်အထိ ဆိုရင် ၂ ကြိမ်ထိုးရပါ့မယ် ။ ပထမ ၁လုံးကို ဆေးခန်းမှာ ချက်ချင်းထိုးပါ ။ ဒုတိယ ၁လုံးကိုတော့ ပထမ ၁ကြိမ်ထိုးပြီး ၆လကြာရင် ထိုးရပါတယ် ။
-အသက် ၁၅ နှစ်မှ ၂၆အထိ ဆိုရင် ၃ကြိမ်ထိုးရပါ့မယ် ။ ပထမ ၁လုံးကို ဆေးခန်းမှာ ချက်ချင်းထိုးပါ ။ ဒုတိယ ၁လုံးကိုတော့ ပထမ ၁ကြိမ်ထိုးပြီး ၁လကြာရင် ၊ တတိယတစ်လုံးကို ပထမ ၁ကြိမ်ထိုးပြီး ၆လကြာရင် ထိုးရပါတယ် ။
-အသက် ၂၆ နှစ်ကျော်ရင် ထိုးသင့်သလားဆိုရင် ၂၆နှစ်ကျော်ရင် အာနိသင် ပြ၊ မပြဆိုတာ သေချာလေ့လာထားမှုများမရှိပါ ။ ထိုးမယ်ဆိုရင် ၃ကြိမ်ထိုးသင့်ပါတယ် ။
-ငယ်ငယ်တုန်းက ဆေးထိုးတာ အကြိမ် မပြည့်ခဲ့ရင်တော့ အစအဆုံး ပြန်ထိုးသင့်ပါတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်သလဲ”
-အသက် ၄ နှစ်မှ ၂၆ နှစ်ကြား အမျိုးသမီးတွေ
-အသက် ၂၆နှစ်အောက် လိင်တူ လိင်ဆက်ဆံတတ်တဲ့ အမျိုးသားတွေ ထိုးသင့်
ပါတယ် ။

“သားအိမ်ခေါင်းကင်ဆာကို ဘယ်သူတွေ မထိုးသင့်ဘူးလဲ”
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမတည့်သူတွေ
-ဖျားနာခြင်းဝေဒနာ ပြင်းထန်စွာ ခံစားနေရသူတွေ
-ကိုယ်ဝန်ဆောင်သည်တွေ မထိုးသင့်ပါ ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမထိုးခင် HPV ဗိုင်းရပ်စ်ပိုးစစ်သင့်သလား”
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမထိုးခင် HPV ဗိုင်းရပ်စ်ပိုးစစ်သင့်တယ်လို့ ထောက်ခံထားခြင်း မရှိပါ ။ ပိုးရှိ ၊မရှိ စစ်ခဲ့လို့ ရှိရင်တောင် အဖြေက ရှိတယ်ပဲ ထွက်မှာဖြစ်ပြီး ဘာမျိုးစိပ်ကွဲလဲလို့ မသိနိုင်တဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းဖြင့် မိမိမှာ မရှိတဲ့ တခြားမျိုးစိပ်ကွဲကို ကာကွယ်နိုင်ပါသေးတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဘယ်နှမျိုးရှိလဲ”
-အဓိက ၃မျိုးရှိပါတယ် ။
-Cervarix သည် HPV ဗိုင်းရပ်အမျိုးအစား ၁၆ ၊ ၁၈ ကို ကာကွယ်ပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးပါတယ် ။
-Gradasil သည် HPV ဗိုင်းရပ်အမျိုးအစား ၁၆ ၊၁၈ အပြင် ၆ ၊ ၁၁ ကိုပါ ကာကွယ်ပေးသောကြောင့် သားအိမ်ခေါင်းကင်ဆာအပြင် လိင်အင်္ဂါကြွက်နို့ကိုပါ ကာကွယ်နိုင်စွမ်း ရှိပါတယ် ။
-Gradasil 9 သည် သည် HPV ဗိုင်းရပ်အမျိုးအစား ၁၆ ၊ ၁၈ ၊ ၆  ၊ ၁၁ ၊ ၃၃ ၊ ၄၅ ၊ ၅၂ ၊ ၅၈ တို့ကို ကာကွယ် ပေးသောကြောင့် သားအိမ်ခေါင်းကင်ဆာအပြင် လိင်အင်္ဂါ ကြွက်နို့ကိုပါ ကာကွယ်ပေးပါတယ် ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်နေရာထိုးမှာလဲ”
-လက်မောင်းအသားကို ထိုးမှာပါ ။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဘယ်လောက်အထိ ခံလဲ”
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဘယ်လောက်အထိ ခံတယ်ဆိုတာကို လေ့လာဆဲပါ ။ တချို့က နှစ်ပေါင်းများစွာခံတယ်လို့ ဆိုကြပါတယ် ။ တချို့က အနည်းဆုံး ၆နှစ်ခံတယ်လို့ ပြောပါတယ်။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ”
-ထိုးထားတဲ့နေရာမှာ နာမယ် ၊ရောင်မယ် ၊ရဲမယ် ၊ယားယံမယ်
-ခေါင်းကိုက်
-ပျို့
-အန်
-ဗိုက်နာ ၊ဝမ်းသွား
-ဖျား တတ်ပါတယ် ။
ဒါပေမယ့် ကောင်းကျိုးက ဆိုးကျိုးထက် ပိုပြီးများတဲ့အတွက် အမျိုးသမီးများအနေနဲ့ အိမ်ထောင်မပြုခင် အသက်ငယ်စဉ်မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကိုကြိုတင် ထိုးထားသင့်ပါတယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

ကြိုတင်ကာကွယ်နိုင်သော အဖြစ်များသည့် ကင်ဆာများ

Next Post

လူငယ်များနဲ့ ဂိမ်းစွဲခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
477
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
748
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
437

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူငယ်များနဲ့ ဂိမ်းစွဲခြင်း

ကလေး လူကြီးမရွေး မရှိမဖြစ်လိုတဲ့ ဗီတာမင်စီ

အသည်းရောင်အသားဝါ ဘီ ပိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.