fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အစာအိမ်ကင်ဆာ

159
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

အစာအိမ္ ကင္ဆာကို Gastric cancer လို႔လည္း ေခၚတယ္။ အမ်ိဴးသားေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။ အသက္ႀကီးတဲ့သူေတြမွာ ပိုျဖစ္ပါတယ္။ ဂ်ပန္မွာဆိုရင္ အမ်ိဴသား အေယာက္ ၁၀၀၀၀၀ မွာ အေယာက္ ၁၀၀ဟာ အစာအိမ္ကင္ဆာ ခံစားေနရပါတယ္။ အစာအိမ္ထဲရွိ ေနရာအမ်ိဳးမ်ိဳးမွာ ျဖစ္ႏိုင္တယ္။ ျဖစ္လာတဲ့ ေနရာေပၚမႈတည္ၿပီး အစာအိမ္ကင္ဆာကို အမ်ိဴးအစား ၄မ်ိဴး ခြဲႏိုင္ပါတယ္။

၁။ Adenocarcinoma –
အစာအိမ္အတြင္း အခြၽဲမ်ားကို ထုတ္လုပ္ေပးေသာ Mucosa အလႊာမွာ ျဖစ္ေသာအစာအိမ္ကင္ဆာ။ ဒီအမ်ိဳးအစားက အျဖစ္မ်ားတယ္။ အစာအိမ္ကင္ဆာ အားလုံးရဲ႕ ၉၀ကေန ၉၅ရာခိုင္ႏႈန္းက ဒီအမ်ိဴးအစား ျဖစ္တာ မ်ားတယ္။

၂။ Lymphoma –
အစာအိမ္နံရံရွိ ျပန္ရည္ဂလင္းမ်ားတြင္ ျဖစ္သည့္ အစာ အိမ္ကင္ဆာ။ ဒီအမ်ိဳးအစားကေတာ့ ၄ ရာခိုင္ႏႈန္း ရွိတယ္။

၃။ Carcinoid Cancer –
အစာအိမ္နံရံရွိ ေဟာ္မုန္းထုတ္လုပ္သည့္ ဆဲလ္မ်ားတြင္ စတင္ျဖစ္ေပၚသည့္ အစာအိမ္ကင္ဆာ။ ဒီအမ်ိဴးအစားက ၃ရာခိုင္ႏႈန္း ရွိပါတယ္။

၄။ Gastrointestinal Stromal Tumor (GIST) –
အစာအိမ္အတြင္းရွိ အာ႐ုံေၾကာစနစ္ဆဲလ္ (pacemaker cells of stomach) မ်ားတြင္ ျဖစ္သည့္ အစာအိမ္ကင္ဆာ။ ဒီအမ်ိဴးအစားကေတာ့ ျဖစ္တာ ရွားပါတယ္။

အစာအိမ္ကင္ဆာျဖစ္ရတဲ့အေၾကာင္းရင္းေတြကိုဆက္လက္ေျပာျပပါ့မယ္။ အဓိက ကေတာ့ ကြၽန္ေတာ္တို႔ ေန႔စဥ္ စားေသာက္ေနထိုင္မႈ ပုံစံနဲ႔ အစာအိမ္ကင္ဆာဟာ ဆက္ႏြယ္မႈ အမ်ားႀကီးရွိပါတယ္။

အငန္ဓါတ္ မ်ားလြန္းတဲ့ အစားအစာမ်ားစားျခင္း၊ ခ်ဥ္လြန္း ၊ စပ္လြန္းတဲ့ အစားအစာမ်ား စားျခင္း ၊ ေနာက္သနပ္မ်ား (သရက္သီးသနပ္၊ မရမ္းသီးသနပ္) စသျဖင့္ အစားမ်ားျခင္း ကင္ထားေသာသို႔မဟုတ္ က်ပ္တိုက္ထားေသာ အစားအစာမ်ား အစားမ်ားျခင္း၊ ယမ္းစိမ္းပါေသာ အစားအစာမ်ား (ဥပမာ ဝက္အူေခ်ာင္း) အစားမ်ားျခင္း၊ Aflatoxin မႈိကပ္ညႇိေနေသာ အစားအစာမ်ားကို စားသုံးသူမ်ား ( ဥပမာ- ထိန္းသိမ္းသည့္နည္းစနစ္ မမွန္ကန္ေသာ င႐ုပ္သီးေတာင့္မ်ားတြင္ Aflatoxin မႈိစြဲကပ္ႏိုင္ပါတယ္။)

ဗီတာမင္ဓါတ္ခ်ိဳ႕တဲ့ျခင္း၊ ဟင္းသီးဟင္း႐ြက္အစားနည္းျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း ေတြဟာ အစာအိမ္ကင္ဆာ ျဖစ္ႏိုင္ေခ်ကို ပိုမ်ားေစပါတယ္။

ေနာက္တျခားအေၾကာင္းေတြကေတာ့

– မိဘမ်ိဳး႐ိုးမွာအစာအိမ္ကင္ဆာေရာဂါရွိခဲ့တာ

– H.pylori ပိုးကူးစက္ခံရတာ

– အစာအိမ္ခဏခဏေရာင္တာ

– Pernicious Anaemia ေသြးအားနည္းေရာဂါရွိတာ

-ေသြးအမ်ိဴးအစားေအေသြး ျဖစ္တာေတြပါ။

အစာအိမ္ကင္ဆာရဲ႕လကၡဏာေတြကေတာ့

အစပိုင္းအဆင့္ (Early Gastric Cancer) ဆိုရင္ သိပ္လကၡဏာ မျပတတ္ပါဘူး။ ရင္ေခါင္းမွာမအီမသာ နည္းနည္းျဖစ္တာ၊ အစာမေၾကသလိုျဖစ္တာ ေလာက္ပဲရွိပါတယ္။ Advanced Gastric Cancer ျဖစ္သြားၿပီဆိုရင္ေတာ့ ရင္ေခါင္းမွာ အလုံးအက်ိတ္ ေပၚလာတာ၊ ကင္ဆာကေန ေသြးယိုလို႔ဝမ္းမည္းမည္းသြားတာ၊ ေသြးအန္တာ၊ ေသြးအားနည္းတာ၊ အစာစားၿပီးလွ်င္ ေလပြသလိုခံစားရျခင္း၊အစာနည္းနည္း စား႐ုံမွ်ျဖင့္ ျပည့္အင့္ျခင္း၊ အစာမေၾကျခင္း၊ အစာမ်ိဳရခက္ျခင္း၊ ရင္ပူျခင္း၊အစားအေသာက္ပ်က္ျခင္း၊ ပိန္လာျခင္း၊ အားမရွိသလိုျဖစ္ျခင္း စတာေတြခံစားရႏိုင္ပါတယ္။

ေနာက္တျခားေနရာေတြကို ပ်ံ႕ရင္ ပ်ံ႕တဲ့ေနရာေပၚ မူတည္ၿပီး တျခားလကၡဏာေတြပါ ခံစားရႏိုင္ပါတယ္။ ဥပမာ အသည္းကိုပ်ံ႕ရင္ အသားဝါၿပီး အသည္းႀကီးလာတာ၊ အဆုတ္ကိုပ်ံ႕ရင္ ေခ်ာင္းဆိုးတာ ရင္ဘတ္ေအာင့္တာေတြပါ။

အစာအိမ္ကင္ဆာဟာ အေစာပိုင္းအဆင့္ တျခားေနရာေတြကို မပ်ံ႕ေသးခင္မွာကုရင္ ေပ်ာက္ကင္းသည္အထိ ကုသႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိမွာ အထက္မွာေျပာခဲ့တဲ့ လကၡဏာေတြ ခံစားေနရပါက အခ်ိန္မဆြဲဘဲ ဆရာဝန္နဲ႔ျပသကာ စမ္းသပ္စစ္ေဆးမႈေတြ လုပ္သင့္ပါတယ္။

ဘယ္လိုစမ္းသပ္စစ္ေဆးမႈေတြလဲဆိုရင္

အစာအိမ္မွန္ေျပာင္းၾကည့္ၿပီး အသားစယူစစ္ေဆးျခင္း( OGD scopy with biopsy and cytology)

ေဆးဓါတ္မွန္႐ိုက္ျခင္း(Barium Meal X ray) ႐ိုက္တာေတြလုပ္ၾကည့္ျခင္းျဖင့္ အစာအိမ္ကင္ဆာရွိ၊ မရွိ ခြဲျခားႏိုင္ပါတယ္။

တကယ္လို႔ရွိခဲ့ရင္ေတာ့ တျခားေနရာေတြပ်ံ႕ေနလားဆိုတာသိဖို႔ရယ္၊ ကင္ဆာ အေျခအေနသိဖို႔ရယ္အတြက္

စီတီ(ကြန္ပ်ဴတာဓါတ္မွန္)႐ိုက္တာ[CT scan]

အာထရာေဆာင္း႐ိုက္တာ[Ultrasound Abdomen]

ရင္ဘတ္ဓါတ္မွန္႐ိုက္တာ[Chest X Ray]

PET Scan[Positron Emission Tomography]႐ိုက္တာ

Bone Scan ႐ိုက္တာေတြလုပ္ဖို႔လိုပါတယ္။

အစာအိမ္ကင္ဆာကို ကုသတာကေတာ့ ေရာဂါအေျခအေန၊ လူနာအေျခအေန(လူနာက အားနည္းေနလား၊ အသက္တအားႀကီးလား)ေပၚမူတည္ၿပီး ခြဲစိတ္ကုသၿပီး ကင္ဆာေဆးသြင္းတာ သို႔မဟုတ္ ဓါတ္ကင္တာ သို႔မဟုတ္ ႏွစ္ခုတြဲ သုံးခုတြဲကုတာမ်ိဴး သို႔မဟုတ္ မခြဲဘဲ ကင္ဆားေဆးသြင္းကုသတာ(Chemotherapy) ၊ ဓါတ္ကင္တာ(Radiotherapy)၊ စတန႔္(Self Expanding Metal Stent) ထည့္တာ စတဲ့နည္းလမ္းေတြရွိပါတယ္။

Author : Dr.528

(Unicode)

အစာအိမ် ကင်ဆာကို Gastric cancer လို့လည်း ခေါ်တယ်။ အမျိူးသားတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ဂျပန်မှာဆိုရင် အမျိူသား အယောက် ၁၀၀၀၀၀ မှာ အယောက် ၁၀၀ဟာ အစာအိမ်ကင်ဆာ ခံစားနေရပါတယ်။ အစာအိမ်ထဲရှိ နေရာအမျိုးမျိုးမှာ ဖြစ်နိုင်တယ်။ ဖြစ်လာတဲ့ နေရာပေါ်မှုတည်ပြီး အစာအိမ်ကင်ဆာကို အမျိူးအစား ၄မျိူး ခွဲနိုင်ပါတယ်။

၁။ Adenocarcinoma –
အစာအိမ်အတွင်း အချွဲများကို ထုတ်လုပ်ပေးသော Mucosa အလွှာမှာ ဖြစ်သောအစာအိမ်ကင်ဆာ။ ဒီအမျိုးအစားက အဖြစ်များတယ်။ အစာအိမ်ကင်ဆာ အားလုံးရဲ့ ၉၀ကနေ ၉၅ရာခိုင်နှုန်းက ဒီအမျိူးအစား ဖြစ်တာ များတယ်။

၂။ Lymphoma –
အစာအိမ်နံရံရှိ ပြန်ရည်ဂလင်းများတွင် ဖြစ်သည့် အစာ အိမ်ကင်ဆာ။ ဒီအမျိုးအစားကတော့ ၄ ရာခိုင်နှုန်း ရှိတယ်။

၃။ Carcinoid Cancer –
အစာအိမ်နံရံရှိ ဟော်မုန်းထုတ်လုပ်သည့် ဆဲလ်များတွင် စတင်ဖြစ်ပေါ်သည့် အစာအိမ်ကင်ဆာ။ ဒီအမျိူးအစားက ၃ရာခိုင်နှုန်း ရှိပါတယ်။

၄။ Gastrointestinal Stromal Tumor (GIST) –
အစာအိမ်အတွင်းရှိ အာရုံကြောစနစ်ဆဲလ် (pacemaker cells of stomach) များတွင် ဖြစ်သည့် အစာအိမ်ကင်ဆာ။ ဒီအမျိူးအစားကတော့ ဖြစ်တာ ရှားပါတယ်။

အစာအိမ်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေကိုဆက်လက်ပြောပြပါ့မယ်။ အဓိက ကတော့ ကျွန်တော်တို့ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံနဲ့ အစာအိမ်ကင်ဆာဟာ ဆက်နွယ်မှု အများကြီးရှိပါတယ်။

အငန်ဓါတ် များလွန်းတဲ့ အစားအစာများစားခြင်း၊ ချဉ်လွန်း ၊ စပ်လွန်းတဲ့ အစားအစာများ စားခြင်း ၊ နောက်သနပ်များ (သရက်သီးသနပ်၊ မရမ်းသီးသနပ်) စသဖြင့် အစားများခြင်း ကင်ထားသောသို့မဟုတ် ကျပ်တိုက်ထားသော အစားအစာများ အစားများခြင်း၊ ယမ်းစိမ်းပါသော အစားအစာများ (ဥပမာ ဝက်အူချောင်း) အစားများခြင်း၊ Aflatoxin မှိုကပ်ညှိနေသော အစားအစာများကို စားသုံးသူများ ( ဥပမာ- ထိန်းသိမ်းသည့်နည်းစနစ် မမှန်ကန်သော ငရုပ်သီးတောင့်များတွင် Aflatoxin မှိုစွဲကပ်နိုင်ပါတယ်။)

ဗီတာမင်ဓါတ်ချို့တဲ့ခြင်း၊ ဟင်းသီးဟင်းရွက်အစားနည်းခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း တွေဟာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေပါတယ်။

နောက်တခြားအကြောင်းတွေကတော့

– မိဘမျိုးရိုးမှာအစာအိမ်ကင်ဆာရောဂါရှိခဲ့တာ

– H.pylori ပိုးကူးစက်ခံရတာ

– အစာအိမ်ခဏခဏရောင်တာ

– Pernicious Anaemia သွေးအားနည်းရောဂါရှိတာ

-သွေးအမျိူးအစားအေသွေး ဖြစ်တာတွေပါ။

အစာအိမ်ကင်ဆာရဲ့လက္ခဏာတွေကတော့

အစပိုင်းအဆင့် (Early Gastric Cancer) ဆိုရင် သိပ်လက္ခဏာ မပြတတ်ပါဘူး။ ရင်ခေါင်းမှာမအီမသာ နည်းနည်းဖြစ်တာ၊ အစာမကြေသလိုဖြစ်တာ လောက်ပဲရှိပါတယ်။ Advanced Gastric Cancer ဖြစ်သွားပြီဆိုရင်တော့ ရင်ခေါင်းမှာ အလုံးအကျိတ် ပေါ်လာတာ၊ ကင်ဆာကနေ သွေးယိုလို့ဝမ်းမည်းမည်းသွားတာ၊ သွေးအန်တာ၊ သွေးအားနည်းတာ၊ အစာစားပြီးလျှင် လေပွသလိုခံစားရခြင်း၊အစာနည်းနည်း စားရုံမျှဖြင့် ပြည့်အင့်ခြင်း၊ အစာမကြေခြင်း၊ အစာမျိုရခက်ခြင်း၊ ရင်ပူခြင်း၊အစားအသောက်ပျက်ခြင်း၊ ပိန်လာခြင်း၊ အားမရှိသလိုဖြစ်ခြင်း စတာတွေခံစားရနိုင်ပါတယ်။

နောက်တခြားနေရာတွေကို ပျံ့ရင် ပျံ့တဲ့နေရာပေါ် မူတည်ပြီး တခြားလက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။ ဥပမာ အသည်းကိုပျံ့ရင် အသားဝါပြီး အသည်းကြီးလာတာ၊ အဆုတ်ကိုပျံ့ရင် ချောင်းဆိုးတာ ရင်ဘတ်အောင့်တာတွေပါ။

အစာအိမ်ကင်ဆာဟာ အစောပိုင်းအဆင့် တခြားနေရာတွေကို မပျံ့သေးခင်မှာကုရင် ပျောက်ကင်းသည်အထိ ကုသနိုင်ပါတယ်။ ဒါကြောင့် မိမိမှာ အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပါက အချိန်မဆွဲဘဲ ဆရာဝန်နဲ့ပြသကာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလဲဆိုရင်

အစာအိမ်မှန်ပြောင်းကြည့်ပြီး အသားစယူစစ်ဆေးခြင်း( OGD scopy with biopsy and cytology)

ဆေးဓါတ်မှန်ရိုက်ခြင်း(Barium Meal X ray) ရိုက်တာတွေလုပ်ကြည့်ခြင်းဖြင့် အစာအိမ်ကင်ဆာရှိ၊ မရှိ ခွဲခြားနိုင်ပါတယ်။

တကယ်လို့ရှိခဲ့ရင်တော့ တခြားနေရာတွေပျံ့နေလားဆိုတာသိဖို့ရယ်၊ ကင်ဆာ အခြေအနေသိဖို့ရယ်အတွက်

စီတီ(ကွန်ပျူတာဓါတ်မှန်)ရိုက်တာ[CT scan]

အာထရာဆောင်းရိုက်တာ[Ultrasound Abdomen]

ရင်ဘတ်ဓါတ်မှန်ရိုက်တာ[Chest X Ray]

PET Scan[Positron Emission Tomography]ရိုက်တာ

Bone Scan ရိုက်တာတွေလုပ်ဖို့လိုပါတယ်။

အစာအိမ်ကင်ဆာကို ကုသတာကတော့ ရောဂါအခြေအနေ၊ လူနာအခြေအနေ(လူနာက အားနည်းနေလား၊ အသက်တအားကြီးလား)ပေါ်မူတည်ပြီး ခွဲစိတ်ကုသပြီး ကင်ဆာဆေးသွင်းတာ သို့မဟုတ် ဓါတ်ကင်တာ သို့မဟုတ် နှစ်ခုတွဲ သုံးခုတွဲကုတာမျိူး သို့မဟုတ် မခွဲဘဲ ကင်ဆားဆေးသွင်းကုသတာ(Chemotherapy) ၊ ဓါတ်ကင်တာ(Radiotherapy)၊ စတန့်(Self Expanding Metal Stent) ထည့်တာ စတဲ့နည်းလမ်းတွေရှိပါတယ်။

Author : Dr.528

 

 

Previous Post

လိင်မှတဆင့် ကူးစက်တတ်တဲ့ အဖြူဆင်း ပြဿနာ

Next Post

အူရောင်ငန်းဖျား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
478
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
750
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
437

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူရောင်ငန်းဖျား

အာသီးရောင်ခြင်းနဲ့ အစားအသောက်

ခွေးရူးကာကွယ်ဆေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.