fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကြိုတင်ကာကွယ်နိုင်သော အဖြစ်များသည့် ကင်ဆာများ

25
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/09/2017
in ရောဂါကြီးများ
1 min read
A A

 

သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ ဒုတိယအများဆုံးဖြစ်တဲ့ ကင်ဆာရောဂါ ဖြစ်တယ်။ သားအိမ်ခေါင်း ကင်ဆာရဲ့ (၉၀) ရာခိုင်နှုန်းက လိင်အင်္ဂါ ကြွက်နို့ (HPV Human Pupiloma Virus) ကြောင့်ဖြစ်တယ်။

ဆေးလိပ်သောက်ခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတို့ကြောင့် သားအိမ်ခေါင်းကင်ဆာ အဖြစ်များတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက မွေးလမ်းကြောင်းမှ ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီး သွေးဆင်းခြင်း၊ မွေးလမ်းကြောင်းမှ ပြည်နဲ့ အဖြူဆင်းခြင်းတို့ဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ကြိုတင်သိရှိဖို့အတွက် သားအိမ်ခေါင်းအသားစ (Pep Smear) ကို ပုံမှန်ယူပြီး စစ်ဆေးရမယ်။ သားဖွားမီးယပ်အထူးကုနဲ့ တိုုင်ပင်ပါ။

သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကာကွယ်ဆေးရှိတဲ့ တစ်ခုတည်းသော ကင်ဆာရောဂါဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ ဖြစ်ပွားမှုအဆင့်ပေါ်မူတည်ပြီး သားအိမ်ကို ခွဲထုတ်ပစ်ခြင်းထက် ရောင်ခြည်ပေးကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း တစ်မျိုးထက်ပိုတဲ့ကုထုံးများ ပေးကြပါတယ်။

သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအဆင့်လိုက်ပြီး လူနာရဲ့ သက်တမ်းရှည်နှုန်း ကွာပါတယ်။ ပထမအဆင့် ပျမ်းမျှ (၅)နှစ်သက်တမ်းရှည်နှုန်း ၉၀ ရာခိုင်နှုန်းရှိပြီး နောက်ဆုံးအဆင့် ၁၅ ရာခိုင်နှုန်းသာ (၅)နှစ်အသက်ရှည်နိုင်ကြပါတယ်။

ရင်သားကင်ဆာ
ရင်သားကင်ဆာမှာ အမျိုးသမီးတွေ အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း နှစ်စဉ် ရင်သားကင်ဆာသစ် (၁၂)သိန်းရှိတယ်။ အသက် ၄၀ကျော်တာနဲ့အမျှ အမျိုးသမီးရင်သား ကင်ဆာဖြစ်နှုန်းများလာပြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နှုန်းနည်းတယ်။

ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများသူတွေက မိဘ၊ ညီအစ်မ၊ အဖွား၊ အဒေါ်မှာ ရင်သားကင်ဆာဖြစ်ဖူးသူ၊ အသက် (၁၂)နှစ်မတိုင်မီ စောစီးစွာ ရာသီလာသူ၊ အသက် (၇၅)နှစ်နောက်ပိုင်း သွေးဆုံးသူ၊ အမျိုးသမီးဟော်မုန်းဆေးများ (၅)နှစ်ထက်ပိုပြီး ကာလရှည် အသုံးပြုသူ၊ ကိုယ်အလေးချိန် များလွန်းသူတို့မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ရင်သားကင်ဆာ လက္ခဏာတွေက ရင်သားမှာ အဖုအကျိတ်စမ်းမိခြင်း၊ နို့သီးခေါင်းမှ သွေးထွက်ခြင်း၊ နို့သီးခေါင်းအတွင်းကို ကျုံ့ဝင်သွားခြင်း၊ ရင်သားတစ်ဝိုက်နာခြင်း၊ အောင့်ခြင်း၊ ယားယံခြင်း ခံစားရပါတယ်။

ရင်သားကင်ဆာ စောစီးစွာသိရှိဖို့ မိမိရင်သားကို ပုံမှန်စမ်းသပ်ရမယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ချေများသူများ ပုံမှန်ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်တယ်။ မင်္သကာဖွယ် အလုံးအကျိတ်တွေ့ရရင် စောစီးစွာ ကုသမှုခံယူသင့်တယ်။ ရင်သားကင်ဆာကုသရာမှာ ရင်သားကို ခွဲစိတ်ဖြတ်ထုတ်ခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဟော်မုန်းဆေးနဲ့ ကုသခြင်း၊ တစ်ခုထက်ပိုတဲ့ ကုသနည်းအသုံးပြုခြင်းတို့ဖြစ်ပါတယ်။

ရင်သားကင်ဆာဖြစ်သူ အများစုမှာ ကလေးမွေးဖွားပြီး အလှပျက်မှာစိုးလို့ မိခင်နို့ မတိုက်ကျွေးခြင်း၊ အိမ်ထောင်ရှိသူရော မရှိသူရောဖြစ်တတ်ပြီး ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်ပြီး မင်္သကာမှ မိသားစုဆရာဝန်ပြသခြင်းမျိုးရှိရာ အချိန်လွန်မှ သိရတတ်တယ်။ ခွဲစိတ်ဖြတ်တောက်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓာတ်ရောင်ခြည်ကုသနည်း (၃)ခုပေါင်း ကုသကာ အသက်ရှင်နေထိုင်နိုင်ကြပါပြီ။

Author: Dr.လွင်သန့်, Healthcare Journal, vol 8, no 29 (4.8.17)

 

Previous Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၂)

Next Post

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ လုံမတို့မေးသမျှ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
477
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
748
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
437

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ လုံမတို့မေးသမျှ

လူငယ်များနဲ့ ဂိမ်းစွဲခြင်း

ကလေး လူကြီးမရွေး မရှိမဖြစ်လိုတဲ့ ဗီတာမင်စီ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.