fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းဝကင်ဆာ စမ်းသပ်နည်း

645
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/11/2017
in ရောဂါကြီးများ
1 min read
A A

Pap smear ပက်-စမီးယားဆိုတာ သားအိမ်ဝ (ခေါင်း) ကင်ဆာစမ်းသပ်တဲ့နည်းဖြစ်တယ်။ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခုဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့ သုတ်ယူတာသာ ဖြစ်တယ်။

သားအိမ်ဝမှာ မူမမှန်တဲ့ ဆဲလ်တွေ ဖြစ်နေမနေ သိအောင်လုပ်တယ်။ Pap test လို့လည်းခေါ်တယ်။ ၁၉၂၈ ကတည်းကစပေါ်တယ်။ အဖြေကို တပါတ်စောင့်ရတယ်။ အဖြေက မကောင်းဘူးထွက်ပေမယ့် သားအိမ်ဝကင်ဆာလို့ တန်းမပြောနိုင်သေးပါ။ ပိုးဝင်နေတာ၊ ကိုယ်ဝန်တား သားအိမ်ဝအဖုံး (ဒိုင်ယာဖရန်) သုံးထားတာ၊ ရာသီဖြစ်စဉ် အပြောင်းအလဲတချို့တွေကနေ အဖြေမှုမမှန်တာတွေ့နိုင်တယ်။ နမူနာယူတုံးက လုံလောက်အောင် ဆဲလ်အရေအတွက် ပါမလာရင် ပြန်စစ်ရတယ်။ သွေးဆုံးအမျိုးသမီးတွေလို အီစထိုဂျင်ဟော်မုန်းနည်းနေရင် ဟော်မုန်းဆေးပေးပြီး ထပ်စစ်ရနိုင်တယ်။

Pap Smear Test အဖြေဖတ်ခြင်း

Normal = ပုံမှန်။
Inconclusive (ASC-US) = ပုံမှန်မဟုတ်သော ဆဲလ်မှာတွေ့ရှိ။ ဘာလဲ သေချာမပြောနိုင်သေး။ ၇၅% မှာ ရောဂါလို့လည်း ပြောမဖြစ်။
Abnormal = ပုံမှန်မဟုတ်။ အများစုက ကင်ဆာမဟုတ်။ နောင်တချိန်တော့ ပြောမရ။
Low-grade SIL (LSIL) or CIN1 ကင်ဆာမဟုတ်။ အလိုလိုပျောက်သွားနိုင်။ စာတပုဒ်ရေးထား။
High-grade SIL (HSIL), CIN2 OR CIN3 နေရာမှာ သာကွက်ဖြစ်နေတဲ့ သားအိမ်ဝကင်ဆာ။

Pap smear မှားတတ်သောအမှားများ

၁။ Pap Smear ပုံမှန်စမ်းစရာမလိုဘူးလို့ ထင်မှတ်ခြင်း။
၂။ Pap Smear မလုပ်မီ ၂၄-၄၈ နာရီအတွင်း အတူနေခြင်း၊ ဗဂျိုင်းနားကိုဆေးရည်နဲ့ဆေးခြင်း။
၃။ Pap Smear စမ်းသပ်ရက်ကို ရာသီရက်မှာ ပေးမိခြင်း။
၄။ Pap Results အဖြေပြန်တောင်းရမှန်းမသိခြင်း။
၅။ Previous Abnormal Pap Smears အရင်စစ်တုံးက မူမမှန်အဖြေရှိခဲ့တာကို ဆရာဝန်ကိုမပြော မိခြင်း။
၆။ Abnormal Results မူမမှန်အဖြေရပြီး ဆက်လုပ်စရာကို မလုပ်ခြင်း။

အမျိုးသမီးတွေမှာ ဒုတိယအများဆုံးဖြစ်တဲ့ သားအိမ်ဝကင်ဆာဆိုတာ HPV (16, 18, 31, 33)ဗိုင်းရပ်စ်အမျိုးအစားတွေ ကူးစက်တာခံရပြီး နောက်မှာ ဖြစ်လာတာလို့ ယုံကြည်ရတယ်။ တစ်ကမ္ဘာလုံးမှာ နှစ်တိုင်း လူနာသစ် ၅ သိန်းတွေ့နေရတယ်။ ဒါ့ကြောင့် စောစောစီးစီးသိအောင် မဖြစ်မနေစစ်ဆေးနေသင့်တယ်။ Cervical dyspla sia ဆိုတဲ့ အဆင့်မှာသိရရင် သိပ်ကောင်းတယ်။ သားအိမ်ဝကင်ဆာစမ်းတာကို Papanicolaou (Pap) Smear ခေါ်တယ်။ ဒါစမ်းရင်းနဲ့ သားအိမ်ဝမှာ တခြားဖြစ်နေတာကိုလဲ သိနိုင်သေးတယ်။ Pap Smear မလုပ်နိုင်တဲ့နေရာတွေမှာ မျက်စိနဲ့စစ်ပြီး၊ acetic acid ဒါမှမဟုတ် Lugol iodine နဲ့ စမ်းတာလဲ အကျိုးရှိတယ်။ လိင်ကတဆင့် ကူးစက်ရောဂါရှိတဲ့ အမျိုးသမီးတွေကို အရွယ်မရွေး Pap smear စမ်းသင့်တယ်။ များများစားစား တွေ့တာတော့ မဟုတ်ပါ။

Cervial Cancer New Guide lines သားအိမ်အဝ ကင်ဆာဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းအရ Pap Smear (Pap Test) သားအိမ်အဝကင်ဆာဆေးစစ်တာကို အရင်ကပြောသလောက် တခါနဲ့တခါ နီးကပ်စရာမလိုပါလို့ ၂၀၁၂ မတ်လမှာ ထုတ်ပြန်ချက် အသစ်တခု ထွက်လာပါတယ်။ တိတိကျကျပြောရရင် အသက် ၃၀ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ အရင်စစ်ထားတဲ့ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် အရင်ကလို ၃ နှစ်တခါ မဟုတ်တော့ဘဲ၊ ၅ နှစ်မှသာတခါ စစ်ဘို့လိုပါမယ်။

– Pap Test တခုထဲသာ အားကိုးသူဆိုရင် ၂၀၀၃ ကတည်းက ပြဋ္ဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ စစ်ရပါမယ်။
– အရင် လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁ နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စတက်ကြွလာတဲ့အသက် နောက် ၃ နှစ်အတွင်း (ဘယ်ရက်ကစောစော) သားအိမ်ကင်ဆာအတွက် ဆေးစစ်ဘို့ ဖြစ်တယ်။
– အသက် ၂၀ ကျော်စ မိန်းကလေးတွေမှာ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလည်း ပျောက်သွားနိုင်ကြတယ်။
– အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံးစမ်းတုံးက Pap Tests ၃ ခါဆက်တိုက်၊ HPV tests၂ ခါ ဆက်တိုက် အနုတ်ပြတယ်ဆိုရင် နောက်ထပ် ၁၀ နှစ်အတွင်းမှာ ဆေးစစ်စရာမလိုတော့ပါ။
– အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာ မဖြစ်ခင်အဆင့်လို့ ဆေး-ရာဇဝင်ရှိထားရင်တော့ အနှစ် ၂၀ ကြာ ဆေးဆက်စပ်ရပါမယ်။
– တကယ်လို့ သားအိမ်ထုတ်စဉ်က သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး ဆေးစစ်ချက်တွေကလည်း ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။
– လမ်းညွှန်ချက်ထဲမှာ အရင်ကဖြစ်ဘူးရင်၊ ဒါမှမဟုတ် Diethylstilbestrol (DES) အီစထိုဂျင်ဆေးရဘူးထားရင်၊ ဒါမှမဟုတ် HIV ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာပိုနီးကပ်ရပါမယ်။

တချို့အတွက် Colposcopy မွေးလမ်းကြောင်းထည့်ကြည့်ကိရိယာနဲ့ စစ်ဆေးတာလိုနိုင်တယ်။ ဆရာဝန်က မှန်ဘီလူးသုံးပြီး ကြည့်မယ်။ ဆက်စစ်ဆေးဖို့ လိုသူဆီက အသားစထုတ်ယူမယ်။ ကင်ဆာမဖြစ်ခင်အဆင့်တွေ့နေရင် ထုတ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ စမ်းလို့ မကောင်းတာတွေ့ရပေမဲ့ ရောဂါဟုတ်မဟုတ်စမ်းလို့ သေချာမှ ကင်ဆာခေါ်တယ်။ Pap tests ပုံမှန်မဟုတ်တဲ့အမျိုးသမီး၊ HIV ရှိနေသူ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားသူ၊ စတီရွိုက်ဆေးတာရှည်သောက်နေသူ၊ Diethylstilbestrol (DES) နဲ့ တွေ့ဘူးတဲ့အမျိုးသမီးတွေက စစ်ဆေးတာ ပိုလိုကြတယ်။

မကောင်းတာတွေ့တယ်လို့ဆိုရင် ထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy ကိရိယာနဲ့ကြည့်မယ်။ လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြိး စစ်မယ်။ Precancerous abnormal cells တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ တခါတလေ Pap test သာမကဘဲ HPV DNA Test ကိုလည်းလုပ်မယ်။ High-risk forms of HPV ပိုးအမျိုးအစားကို ခွဲခြားတာဖြစ်တယ်။ ကင်ဆာဖြစ်စေတဲ့ အကောင်လားသိချင်လို့ပါ။ အသက်မငယ်သူတွေကို လုပ်တာများတယ်။ Pap test က မူမှန်တာတွေလို့လဲ အရွယ်ငယ်ငယ်ကြီးကြီး လုပ်မယ်။

သားအိမ်ဝကင်ဆာရှိနေသူ ကြားရက်မှာ သွေးဆင်းနိုင်တယ်။ အတူနေစဉ် သွေးဆင်းနိုင်တယ်။ မွေးလမ်းဆေးကြောရင်း သွေးဆင်းနိုင်တယ်။ တခုခုလည်း ဆင်းနိုင်တယ်။ နာတာက လက္ခဏာ မဟုတ်ပါ။ သားအိမ်ဖြစ်ဖြစ် သားအိမ်ဝဖြစ်ဖြစ် ကင်ဆာကြောင့် သားအိမ်တခုလုံးထုတ်ထားပေမယ့် စစ်နေဘို့ လိုအပ်တယ်။ သားအိမ်အဝချန်ထားပြီး သားအိမ်ထုတ်ရင်လည်း စစ်နေဘို့ လိုအပ်တယ်။ ကိရိယာ အနေတော်တခု ထည့်ရလို့ အပျိုတွေဆိုရင် နာကျင်မှု ရှိနိုင်ပါတယ်။ အချိန်တိုမေ့ဆေးသုံးရင်တော့ မနာပါ။

ဘိုင်အော့ပ်စီ ခေါ် အသားစဖြတ်ယူစစ်ဆေးနည်းနဲ့ ရောဂါကို သေချာစေရတယ်။ သားအိမ်အဝက တစ်သျှူးစကို စစ်တာပါ။ ပုံမှန်ဆဲလ်တွေလား၊ ကင်ဆာမဖြစ်ခင် ဆဲလ်တွေလား၊ ကင်ဆာဆဲလ်တွေလား မှန်ဘီလူူးနဲ့ စစ်တယ်။ မေ့ဆေးလိုတယ်။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိကိုသာ ထိုးတယ်။ မြန်မာပြည်မှာ အသက် ၂၆ နှစ်ကျော်သူတွေပါ ထိုးနေကြတယ်လို့ သိရပါတယ်။ ထိုးလို့ဆိုးတာ မဖြစ်ပါ။ အပိုသာဖြစ်မယ်။ ကာကွယ်ဆေးမထိုးမီ ဆေးစစ်စရာလည်း မလိုအပ်ပါ။ ဆေးစစ်မသွားမီ ဗဂျိုင်းနားလမ်းကနေ အတူနေတာ၊ ဆေးထည့်တာ (၂) ရက် ရှောင်ထားသင့်တယ်။ ဆေးစစ်မယ့်ရက်ဟာ ရာသီလာနေချိန်မဟုတ်သင့်ပါ။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးသူတိုင်း ဆေးမထိုးခင် စစ်ဆေးနေစရာမလိုပါ။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal,vol 8,no 41(27.10.17)

Previous Post

ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ

Next Post

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
478
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
750
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
437

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

ဂေါက်ရောဂါ

HERPES ဗိုင်းရပ်စ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.