လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းဆိုသည္မွာ အမ်ိဳးသမီး၏ လက္ေမာင္းအေရျပားေအာက္သို႔ ထည့္သြင္းရေသာ ေခတ္မီသားဆက္ျခားပစၥည္းျဖစ္သည္။ ပစၥည္းအမ်ိဳးအစားအလိုက္ ၃ ႏွစ္မွ ၅ ႏွစ္အထိ ကိုယ္ဝန္မရေအာင္ တားေပးပါသည္။ သားအိမ္လည္တံအတြင္းရွိ အခြၽဲကို ေစးပ်စ္ေစျခင္း၊ သားဥအိမ္မွ သားဥမေႂကြေစရန္ ဟန႔္တားျခင္းျဖင့္ ကိုယ္ဝန္ရရွိျခင္းမွ ကာကြယ္ေပးသည္။ လက္ေမာင္းအေရျပားေအာက္မွ ျပန္ထုတ္လိုက္သည္ႏွင့္ ကိုယ္ဝန္ျပန္ရေစႏိုင္ပါသည္။ ထုတ္ေပးၿပီးၿပီးခ်င္း သားဆက္ျခားနည္း မသုံးစြဲေသာ အမ်ိဳးသမီးမ်ားနည္းတူ အျမန္ဆုံးကိုယ္ဝန္ျပန္ရႏိုင္ပါသည္။
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းသုံးရန္ သင့္ေတာ္သူမ်ား
– ႏွစ္ရွည္သားဆက္ျခားလိုသူမ်ား
– မိသားစုျပည့္စုံေသာ္လည္း သားေၾကာမျဖတ္လိုသူမ်ား
– ေနာင္တြင္ ကေလးထပ္မံယူရန္ အစီအစဥ္ရွိသူမ်ား
– ႏို႔တိုက္မိခင္မ်ား
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းသုံးရန္ မသင့္ေတာ္သူမ်ား
– အသည္းေရာဂါ ခံစားေနရသူမ်ား
– ရင္သားကင္ဆာျဖစ္ဖူးသူႏွင့္ ျဖစ္ေနေသာသူမ်ား
– အတြင္းေသြးျပန္ေၾကာတြင္း ေသြးခဲေရာဂါခံစားေနရသူမ်ား
– ပုံမွန္မဟုတ္ေသာ ေသြးဆင္းျခင္းရွိေနေသာသူမ်ား
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းကို မသုံးစြဲသင့္ေသာ အေျခအေန
– ထည့္မည့္အမ်ိဳးသမီးတြင္ ကိုယ္ဝန္ရွိေနရင္ (သို႔မဟုတ္) ကိုယ္ဝန္ရွိေနသည္ဟု သံသယရွိလွ်င္ သုံးစြဲ၍ မရႏိုင္ပါ။
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းထည့္သင့္သည့္အခ်ိန္
– ဆရာဝန္ (သို႔မဟုတ္) ကြၽမ္းက်င္သူႏွင့္သာ ထည့္သင့္ပါသည္။
– ရာသီ၊ မီးယပ္ေပၚၿပီး ၇ ရက္အတြင္း (ကိုယ္ဝန္မရွိေၾကာင္း ေသခ်ာစြာစစ္ေဆးၿပီးမွ ထည့္ရန္)
– ကေလးေမြးၿပီး (၆) ပတ္ေက်ာ္ (ကေလးေမြးၿပီး ၆ ပတ္ေအာက္ မိခင္ႏို႔တိုက္ေကြၽးေနသူမ်ားသည္ ဆရာဝန္ႏွင့္တိုင္ပင္၍ အသုံးျပဳႏိုင္သည္။)
– ကေလးပ်က္ၿပီးၿပီးခ်င္းအခ်ိန္
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းကို ျပန္ထုတ္ရန္အခ်ိန္
– ျပန္ထုတ္ခ်င္ေသာအခါ ဆရာဝန္(သို႔မဟုတ္) ကြၽမ္းက်င္သူႏွင့္သာ ျပန္ထုတ္သင့္ပါသည္။
– ၃ ႏွစ္မွ ၅ ႏွစ္ခံပစၥည္းအမ်ိဳးအစားအလိုက္ အာနိသင္ကုန္လွ်င္ ျပန္ထုတ္ရန္။
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းကို သုံးျခင္းျဖင့္ ရရွိႏိုင္ေသာအက်ိဳးေက်းဇူးမ်ား
– ကိုယ္ဝန္မရရန္ ထိေရာက္စြာ ကာကြယ္ေပးသည္။
– ႏွစ္ရွည္ခံၿပီး စိတ္ခ်ရသည္။
– လိင္ဆက္ဆံျခင္းကို အေႏွာက္အယွက္မေပးပါ။
– ကိုယ္ဝန္ေဆာင္ရန္ စိတ္ပူစရာမလိုပါ။
– ထုတ္ၿပီးမၾကာခင္ ကေလးျပန္ရႏိုင္သည္။
– အႏၲရာယ္ကင္းတဲ့နည္းျဖစ္ၿပီး သားဥအိမ္ကင္ဆာႏွင့္ သားအိမ္အေျမႇးပါးကင္ဆာတို႔မွ ကာကြယ္ေပးသည္။
– ကိုယ္လုပ္ေနက်အိမ္မႈ လုပ္ငန္းတာဝန္ေတြကို အေႏွာင့္အယွက္မရွိ လုပ္ႏိုင္သည္။
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းသည္ တျခားေနရာကို ေ႐ြ႕ႏိုင္ျခင္းရွိမရွိ
– ေနရာမေ႐ြ႕ႏိုင္ပါ။
– စနစ္တက် ထည့္သြင္းထားပါက လက္ေမာင္းအေရျပားေအာက္ ထည့္သြင္းထားသည့္ေနရာမွာသာ ဆက္ရွိႏိုင္ပါသည္။
လက္ေမာင္းအေရျပားေအာက္ထည့္ သားဆက္ျခားပစၥည္းကို သုံးစြဲေသာ အမ်ိဳးသမီးအခ်ိဳ႕တြင္ ေအာက္ပါေဝဒနာမ်ားခံစားရတတ္သည္။
– ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ စိတ္မၾကည္မလင္ျဖစ္ျခင္း
– ရင္သားတင္းလာျခင္း
– ကိုယ္အေလးခ်ိန္နည္းနည္းတိုးျခင္း
– ရာသီထိန္သြားျခင္း၊ နည္းသြားျခင္း၊ ပုံမွန္မဟုတ္ဘဲ ဆင္းေနျခင္း
– ရာသီ၊ မီးယပ္ထိန္သြားျခင္းမွလြဲ၍ အျခားေသာ မလိုလားအပ္သည့္ခံစားမႈမ်ားသည္ လအနည္းငယ္အၾကာတြင္ သက္သာေပ်ာက္ကင္းသြားပါမည္။
– သက္ဆိုင္ရာေဆး႐ုံ (သို႔မဟုတ္) ေဆးကုခန္းမွ ကြၽမ္းက်င္သူ ဆရာဝန္ႏွင့္လည္း ေဆြးေႏြးတိုင္ပင္ႏိုင္သည္။
အထူးသတိျပဳရန္
– ႏွစ္ရွည္သားဆက္ျခားနည္းျဖစ္ပါတယ္။
– အိပ္ခ်္အိုင္ဗြီ၊ ေအအိုင္ဒီအက္စ္ေရာဂါႏွင့္ ဂႏို၊ ဆစ္ဖလစ္စတဲ့ လိင္မွတဆင့္ ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္မေပးႏိုင္ပါ။
Author: ရဲႏိုင္ (ေဆး- ၂), Healthcare J၀urnal, Vol 8,no 48 (15.12.17) Pg 21
Unicode
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းဆိုသည်မှာ အမျိုးသမီး၏ လက်မောင်းအရေပြားအောက်သို့ ထည့်သွင်းရသော ခေတ်မီသားဆက်ခြားပစ္စည်းဖြစ်သည်။ ပစ္စည်းအမျိုးအစားအလိုက် ၃ နှစ်မှ ၅ နှစ်အထိ ကိုယ်ဝန်မရအောင် တားပေးပါသည်။ သားအိမ်လည်တံအတွင်းရှိ အချွဲကို စေးပျစ်စေခြင်း၊ သားဥအိမ်မှ သားဥမကြွေစေရန် ဟန့်တားခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းမှ ကာကွယ်ပေးသည်။ လက်မောင်းအရေပြားအောက်မှ ပြန်ထုတ်လိုက်သည်နှင့် ကိုယ်ဝန်ပြန်ရစေနိုင်ပါသည်။ ထုတ်ပေးပြီးပြီးချင်း သားဆက်ခြားနည်း မသုံးစွဲသော အမျိုးသမီးများနည်းတူ အမြန်ဆုံးကိုယ်ဝန်ပြန်ရနိုင်ပါသည်။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသုံးရန် သင့်တော်သူများ
– နှစ်ရှည်သားဆက်ခြားလိုသူများ
– မိသားစုပြည့်စုံသော်လည်း သားကြောမဖြတ်လိုသူများ
– နောင်တွင် ကလေးထပ်မံယူရန် အစီအစဉ်ရှိသူများ
– နို့တိုက်မိခင်များ
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသုံးရန် မသင့်တော်သူများ
– အသည်းရောဂါ ခံစားနေရသူများ
– ရင်သားကင်ဆာဖြစ်ဖူးသူနှင့် ဖြစ်နေသောသူများ
– အတွင်းသွေးပြန်ကြောတွင်း သွေးခဲရောဂါခံစားနေရသူများ
– ပုံမှန်မဟုတ်သော သွေးဆင်းခြင်းရှိနေသောသူများ
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းကို မသုံးစွဲသင့်သော အခြေအနေ
– ထည့်မည့်အမျိုးသမီးတွင် ကိုယ်ဝန်ရှိနေရင် (သို့မဟုတ်) ကိုယ်ဝန်ရှိနေသည်ဟု သံသယရှိလျှင် သုံးစွဲ၍ မရနိုင်ပါ။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းထည့်သင့်သည့်အချိန်
– ဆရာဝန် (သို့မဟုတ်) ကျွမ်းကျင်သူနှင့်သာ ထည့်သင့်ပါသည်။
– ရာသီ၊ မီးယပ်ပေါ်ပြီး ၇ ရက်အတွင်း (ကိုယ်ဝန်မရှိကြောင်း သေချာစွာစစ်ဆေးပြီးမှ ထည့်ရန်)
– ကလေးမွေးပြီး (၆) ပတ်ကျော် (ကလေးမွေးပြီး ၆ ပတ်အောက် မိခင်နို့တိုက်ကျွေးနေသူများသည် ဆရာဝန်နှင့်တိုင်ပင်၍ အသုံးပြုနိုင်သည်။)
– ကလေးပျက်ပြီးပြီးချင်းအချိန်
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းကို ပြန်ထုတ်ရန်အချိန်
– ပြန်ထုတ်ချင်သောအခါ ဆရာဝန်(သို့မဟုတ်) ကျွမ်းကျင်သူနှင့်သာ ပြန်ထုတ်သင့်ပါသည်။
– ၃ နှစ်မှ ၅ နှစ်ခံပစ္စည်းအမျိုးအစားအလိုက် အာနိသင်ကုန်လျှင် ပြန်ထုတ်ရန်။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းကို သုံးခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
– ကိုယ်ဝန်မရရန် ထိရောက်စွာ ကာကွယ်ပေးသည်။
– နှစ်ရှည်ခံပြီး စိတ်ချရသည်။
– လိင်ဆက်ဆံခြင်းကို အနှောက်အယှက်မပေးပါ။
– ကိုယ်ဝန်ဆောင်ရန် စိတ်ပူစရာမလိုပါ။
– ထုတ်ပြီးမကြာခင် ကလေးပြန်ရနိုင်သည်။
– အန္တရာယ်ကင်းတဲ့နည်းဖြစ်ပြီး သားဥအိမ်ကင်ဆာနှင့် သားအိမ်အမြှေးပါးကင်ဆာတို့မှ ကာကွယ်ပေးသည်။
– ကိုယ်လုပ်နေကျအိမ်မှု လုပ်ငန်းတာဝန်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်သည်။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းသည် တခြားနေရာကို ရွေ့နိုင်ခြင်းရှိမရှိ
– နေရာမရွေ့နိုင်ပါ။
– စနစ်တကျ ထည့်သွင်းထားပါက လက်မောင်းအရေပြားအောက် ထည့်သွင်းထားသည့်နေရာမှာသာ ဆက်ရှိနိုင်ပါသည်။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းကို သုံးစွဲသော အမျိုးသမီးအချို့တွင် အောက်ပါဝေဒနာများခံစားရတတ်သည်။
– ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း
– ရင်သားတင်းလာခြင်း
– ကိုယ်အလေးချိန်နည်းနည်းတိုးခြင်း
– ရာသီထိန်သွားခြင်း၊ နည်းသွားခြင်း၊ ပုံမှန်မဟုတ်ဘဲ ဆင်းနေခြင်း
– ရာသီ၊ မီးယပ်ထိန်သွားခြင်းမှလွဲ၍ အခြားသော မလိုလားအပ်သည့်ခံစားမှုများသည် လအနည်းငယ်အကြာတွင် သက်သာပျောက်ကင်းသွားပါမည်။
– သက်ဆိုင်ရာဆေးရုံ (သို့မဟုတ်) ဆေးကုခန်းမှ ကျွမ်းကျင်သူ ဆရာဝန်နှင့်လည်း ဆွေးနွေးတိုင်ပင်နိုင်သည်။
အထူးသတိပြုရန်
– နှစ်ရှည်သားဆက်ခြားနည်းဖြစ်ပါတယ်။
– အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါနှင့် ဂနို၊ ဆစ်ဖလစ်စတဲ့ လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်မပေးနိုင်ပါ။
Author: ရဲနိုင် (ဆေး- ၂), Healthcare J၀urnal, Vol 8,no 48 (15.12.17) Pg 21