fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ရှက်လို့ကြိတ်ပြီး ခံစားတဲ့ ပရိုစတိတ်ဂလင်းကြီးထွားမှု

113
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အမ်ိဳးသားမ်ား အသက္ႀကီးလာတဲ့အခါ ရင္ဆိုင္ရတဲ့ သာမန္ ပရိုစတိတ္အေျခအေနတစ္ခုက ပရိုစတိတ္ဂလင္းႀကီးထြားမႈျဖစ္တယ္။ ၄င္းဟာ ကင္ဆာမျဖစ္တဲ့ ပရိုစတိတ္ႀကီးထြားမႈ ျဖစ္တယ္။ ၄င္းကို မကုသဘဲထားရင္ ဆီးလမ္းေၾကာင္း ေအာက္ပိုင္း ျပႆနာကို ျဖစ္ေစႏိုင္တယ္လို႔ စင္ကာပူရွိ Tan Tock Seng ေဆးရံုမွ ဆီးေရာဂါ အထူးကုဆရာဝန္ ေဒါက္တာ ဂ်ယ္ရယ္တန္က ဆိုတယ္။

ဂလင္းဟာငယ္ေပမဲ့ အသက္ႀကီးတဲ့အခါ အႏၱရာယ္ရွိ
ပရိုစတိတ္ဂလင္းဟာ ငယ္တဲ့ဂလင္းျဖစ္တယ္။ ဒါေပမဲ့ အသက္ႀကီးလာရင္ ၄င္းက ႀကီးလာၿပီး ဆီးလမ္းေၾကာင္းကို ညွစ္ကာ ဆီးအိမ္ေပၚ ဖိအားကို ျဖစ္ေစၿပီး ဆီးသြားတဲ့အခါ ျပႆနာျဖစ္လာတယ္။ အသက္ ၅၀ ရွိ အမ်ိဳးသားမ်ားရဲ႕ ရာခိုင္ႏႈန္း ၅၀ ခန္႔မွာ ကင္ဆာမဟုတ္တဲ့ ပရိုစတိတ္ ႀကီးထြားမႈရွိလာၾကၿပီး အသက္ႀကီးလာတာနဲ႔ ျဖစ္မႈက တိုးလာတယ္။ စင္ကာပူေလ့လာေရးတစ္ခုက အမ်ိဳးသား ၁၁၆ ေယာက္မွာ သံုးပံုတစ္ပံုဟာ ကုသမႈမခံယူမီ တစ္ႏွစ္ေက်ာ္ ေစာင့္ေနၾကၿပီး ေနာက္သံုးပံုတစ္ပံုဟာ ဒုကၡေပးတဲ့ ဆီးသြားျခင္း လကၡဏာေတြေၾကာင့္ အိပ္တဲ့အခါမွာ ျပႆနာေတြ ခံစားရတာကို ေတြ႕ရတယ္။

ထုတ္မေျပာတဲ့ ခံစားေနမႈ
အမ်ိဳးသားေတြဟာ ရွက္ကိုး ရွက္ကန္းျဖစ္လို႔နဲ႔ ေရြးခ်ယ္ရမယ့္ တစ္ခုတည္းေသာ ကုသမႈျဖစ္တဲ့ ခြဲစိတ္ကုသမႈကိုေတာင္ ေၾကာက္လို႔ ဆရာဝန္မ်ားဆီသြားဖို႔ ေရွာင္ၾကတယ္။ ဆီးသြားဖို႔ အားစိုက္ရျခင္း၊ အားနည္းတဲ့ ဆီးစီးေၾကာင္း၊ ဆီးက်န္ေနတယ္လို႔ ခံစားရျခင္း၊ ဆီးသြားႀကိမ္ႏႈန္း၊ အေလာတႀကီး ဆီးသြားျခင္းနဲ႔ ဆီးသြားရန္ ႏွစ္ႀကိမ္ႏွင့္အထက္အိပ္ရာမွ ထရျခင္းေတြဟာ ဆီးေရာဂါလကၡဏာေတြ ျဖစ္တယ္။ လူ႕ဘဝရဲ႕ အရည္အေသြး ထိခိုက္လာၿပီး ကာမရသခံစားမႈ ပိုညံ့လာတယ္လို႔ ေလ့လာသူေတြက ေတြ႕ရွိတယ္။

မကုသဘဲထားရင္ ဘာျဖစ္မလဲ
မကုသဘဲထားရင္ ဆီးမထိန္းႏိုင္တဲ့ အခက္အခဲေတြ၊ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း၊ ဆီးေက်ာက္တည္ျခင္း၊ ဆီးတြင္ ေသြးပါျခင္း၊ ဆီးအိမ္အလုပ္မလုပ္ျခင္းနဲ႔ အခ်ိဳ႕ရွားပါးတဲ့ ျဖစ္ရပ္မ်ားတြင္ ေက်ာက္ကပ္ဆိုင္ရာ ပ်က္စီးတာေတြ ျဖစ္လာႏိုင္တယ္။ ပရိုစတိတ္ဂလင္း (သုတ္ရည္ဂလင္း) ေရာင္ရမ္းျခင္းကို အမ်ိဳးသားမ်ား ခံစားရၿပီး ဒါမွမဟုတ္ ပရိုစတိတ္ကင္ဆာပင္လွ်င္ ျဖစ္လာႏိုင္တယ္။ ဆီးလမ္းေၾကာင္းေအာက္ပိုင္း ေရာဂါလကၡဏာေတြဟာ သက္ႀကီးပိုင္းတြင္ ျဖစ္တတ္တဲ့အတြက္ ဒီလကၡဏာေတြဟာ အသက္ႀကီးျခင္းရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔ မွားယြင္းစြာ ယူဆၾကတယ္။ တကယ္ေတာ့ ဒီလကၡဏာေတြကို ေစာေစာကုရင္ လြယ္ကူစြာ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

ကုသမႈ
ပရိုစတိတဂလင္း သိပ္မႀကီးၿပီး ေရာဂါလကၡဏာေတြ နည္းနည္းသာခံစားရတဲ့ အမ်ိဳးသားေတြအတြက္ ေဆးကုသမႈ မလုိေသးဘဲ ေစာင့္ၾကည့္တဲ့ကိစၥကို လုပ္ႏုိင္တယ္။ လကၡဏာေတြ အသင့္အတင့္ရွိ ဒါမွမဟုတ္ ျပင္းထန္လာရင္ တတ္ကၽြမ္းတဲ့ ဆရာဝန္နဲ႔ျပပါ။ ဆီးအိမ္ကို သက္သက္သာသာျဖစ္ေစတဲ့ ေဆးဝါးအသစ္ေတြ ပရုိစတိတ္ဂလင္းကို က်ံဳ႕သြားေစတဲ့ ေဆးေတြကို ညြန္းေပးလိမ့္မယ္။

တိုးတက္မႈ
ယေန႔ တုိးတက္ေနတဲ့ ေဆးဘက္ဆိုင္ရာနဲ႔ သုေတသန နည္းပညာေတြနဲ႔ ပရုိစတိတ္ဂလင္း ခြဲစိတ္မႈကို ထိုးေဖာက္မႈ အနည္းအက်ဥ္းျဖင့္ ျပဳလုပ္ႏုိင္တယ္။ အထူးစီမံထားေသာ ကိရိယာနဲ႔ ဆီးလမ္းေၾကာင္းကို ျဖတ္ၿပီး ခြဲစိတ္ရာ မထင္ဘဲ ဂလင္းကို ျဖတ္ထုတ္ႏိုင္တယ္။ က်က်နန ျပဳလုပ္ေသာအခါ လူနာဟာ ခြဲစိတ္ၿပီးေနာက္ နာက်င္မႈမရွိဘဲ တစ္ေန႔တည္းနဲ႔ ၿပီးသြားႏိုင္တယ္။

Author: ႏွင္းေအးေဝ, Healthcare Journal, Vol 8,no 39 (13.10.17) Pg 14
Unicode

အမျိုးသားများ အသက်ကြီးလာတဲ့အခါ ရင်ဆိုင်ရတဲ့ သာမန် ပရိုစတိတ်အခြေအနေတစ်ခုက ပရိုစတိတ်ဂလင်းကြီးထွားမှုဖြစ်တယ်။ ၎င်းဟာ ကင်ဆာမဖြစ်တဲ့ ပရိုစတိတ်ကြီးထွားမှု ဖြစ်တယ်။ ၎င်းကို မကုသဘဲထားရင် ဆီးလမ်းကြောင်း အောက်ပိုင်း ပြဿနာကို ဖြစ်စေနိုင်တယ်လို့ စင်ကာပူရှိ Tan Tock Seng ဆေးရုံမှ ဆီးရောဂါ အထူးကုဆရာဝန် ဒေါက်တာ ဂျယ်ရယ်တန်က ဆိုတယ်။

ဂလင်းဟာငယ်ပေမဲ့ အသက်ကြီးတဲ့အခါ အန္တရာယ်ရှိ
ပရိုစတိတ်ဂလင်းဟာ ငယ်တဲ့ဂလင်းဖြစ်တယ်။ ဒါပေမဲ့ အသက်ကြီးလာရင် ၎င်းက ကြီးလာပြီး ဆီးလမ်းကြောင်းကို ညှစ်ကာ ဆီးအိမ်ပေါ် ဖိအားကို ဖြစ်စေပြီး ဆီးသွားတဲ့အခါ ပြဿနာဖြစ်လာတယ်။ အသက် ၅၀ ရှိ အမျိုးသားများရဲ့ ရာခိုင်နှုန်း ၅၀ ခန့်မှာ ကင်ဆာမဟုတ်တဲ့ ပရိုစတိတ် ကြီးထွားမှုရှိလာကြပြီး အသက်ကြီးလာတာနဲ့ ဖြစ်မှုက တိုးလာတယ်။ စင်ကာပူလေ့လာရေးတစ်ခုက အမျိုးသား ၁၁၆ ယောက်မှာ သုံးပုံတစ်ပုံဟာ ကုသမှုမခံယူမီ တစ်နှစ်ကျော် စောင့်နေကြပြီး နောက်သုံးပုံတစ်ပုံဟာ ဒုက္ခပေးတဲ့ ဆီးသွားခြင်း လက္ခဏာတွေကြောင့် အိပ်တဲ့အခါမှာ ပြဿနာတွေ ခံစားရတာကို တွေ့ရတယ်။

ထုတ်မပြောတဲ့ ခံစားနေမှု
အမျိုးသားတွေဟာ ရှက်ကိုး ရှက်ကန်းဖြစ်လို့နဲ့ ရွေးချယ်ရမယ့် တစ်ခုတည်းသော ကုသမှုဖြစ်တဲ့ ခွဲစိတ်ကုသမှုကိုတောင် ကြောက်လို့ ဆရာဝန်များဆီသွားဖို့ ရှောင်ကြတယ်။ ဆီးသွားဖို့ အားစိုက်ရခြင်း၊ အားနည်းတဲ့ ဆီးစီးကြောင်း၊ ဆီးကျန်နေတယ်လို့ ခံစားရခြင်း၊ ဆီးသွားကြိမ်နှုန်း၊ အလောတကြီး ဆီးသွားခြင်းနဲ့ ဆီးသွားရန် နှစ်ကြိမ်နှင့်အထက်အိပ်ရာမှ ထရခြင်းတွေဟာ ဆီးရောဂါလက္ခဏာတွေ ဖြစ်တယ်။ လူ့ဘဝရဲ့ အရည်အသွေး ထိခိုက်လာပြီး ကာမရသခံစားမှု ပိုညံ့လာတယ်လို့ လေ့လာသူတွေက တွေ့ရှိတယ်။

မကုသဘဲထားရင် ဘာဖြစ်မလဲ
မကုသဘဲထားရင် ဆီးမထိန်းနိုင်တဲ့ အခက်အခဲတွေ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ဆီးအိမ်အလုပ်မလုပ်ခြင်းနဲ့ အချို့ရှားပါးတဲ့ ဖြစ်ရပ်များတွင် ကျောက်ကပ်ဆိုင်ရာ ပျက်စီးတာတွေ ဖြစ်လာနိုင်တယ်။ ပရိုစတိတ်ဂလင်း (သုတ်ရည်ဂလင်း) ရောင်ရမ်းခြင်းကို အမျိုးသားများ ခံစားရပြီး ဒါမှမဟုတ် ပရိုစတိတ်ကင်ဆာပင်လျှင် ဖြစ်လာနိုင်တယ်။ ဆီးလမ်းကြောင်းအောက်ပိုင်း ရောဂါလက္ခဏာတွေဟာ သက်ကြီးပိုင်းတွင် ဖြစ်တတ်တဲ့အတွက် ဒီလက္ခဏာတွေဟာ အသက်ကြီးခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ မှားယွင်းစွာ ယူဆကြတယ်။ တကယ်တော့ ဒီလက္ခဏာတွေကို စောစောကုရင် လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်။

ကုသမှု
ပရိုစတိတဂလင်း သိပ်မကြီးပြီး ရောဂါလက္ခဏာတွေ နည်းနည်းသာခံစားရတဲ့ အမျိုးသားတွေအတွက် ဆေးကုသမှု မလိုသေးဘဲ စောင့်ကြည့်တဲ့ကိစ္စကို လုပ်နိုင်တယ်။ လက္ခဏာတွေ အသင့်အတင့်ရှိ ဒါမှမဟုတ် ပြင်းထန်လာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြပါ။ ဆီးအိမ်ကို သက်သက်သာသာဖြစ်စေတဲ့ ဆေးဝါးအသစ်တွေ ပရိုစတိတ်ဂလင်းကို ကျုံ့သွားစေတဲ့ ဆေးတွေကို ညွန်းပေးလိမ့်မယ်။

တိုးတက်မှု
ယနေ့ တိုးတက်နေတဲ့ ဆေးဘက်ဆိုင်ရာနဲ့ သုတေသန နည်းပညာတွေနဲ့ ပရိုစတိတ်ဂလင်း ခွဲစိတ်မှုကို ထိုးဖောက်မှု အနည်းအကျဉ်းဖြင့် ပြုလုပ်နိုင်တယ်။ အထူးစီမံထားသော ကိရိယာနဲ့ ဆီးလမ်းကြောင်းကို ဖြတ်ပြီး ခွဲစိတ်ရာ မထင်ဘဲ ဂလင်းကို ဖြတ်ထုတ်နိုင်တယ်။ ကျကျနန ပြုလုပ်သောအခါ လူနာဟာ ခွဲစိတ်ပြီးနောက် နာကျင်မှုမရှိဘဲ တစ်နေ့တည်းနဲ့ ပြီးသွားနိုင်တယ်။

Author: နှင်းအေးဝေ, Healthcare Journal, Vol 8,no 39 (13.10.17) Pg 14

Previous Post

အသက်သတ်လွတ် စားခြင်းနဲ့ ကျန်းမာရေး

Next Post

မိုဘိုင်းဖုန်း၊အင်တာနက် စတဲ့နည်းပညာများ နဲ့ လူငယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိုဘိုင်းဖုန်း၊အင်တာနက် စတဲ့နည်းပညာများ နဲ့ လူငယ်

ကလေးငယ်များနဲ့ ကိုယ်ခံအား

ပီေက မ်ိဳခ်မိရင္ ဘာေတြျဖစ္မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.