fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မေ့ပြီးတားဆေး မသောက်မိသည် ရှိသော်

144
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

ေမ့ျပီး တားေဆးမေသာက္မိသည့္အခါ

မနဲ႔ ေမာင္တို႔က လက္ထပ္ထားတာ တစ္ႏွစ္ေလာက္ ရွိေနၿပီ။ ဒါေပမယ့္ ကေလးေတာ့ မရေသးဘူး။ မရဘူးဆိုတာထက္ မယူခ်င္ေသးၾကတာ။ မကလည္း မ အလုပ္နဲ႔ မ ၊ ေမာင္ကလည္း အလုပ္က အသစ္ဆိုေတာ့ အေျခမက်ေသးဘူး။ ဒီေတာ့ ကေလး မလိုခ်င္ေသးဘူး။ ကေလးတစ္ေယာက္ ျပဳစုပ်ိဳးေထာင္ဖို႔ေတြ ၊ ေကြၽးဖို႔ ေမြးဖို႔ေတြ၊ တင့္ေတာင္တင့္တယ္ ထားႏိုင္ဖို႔လည္း မျဖစ္ႏိုင္ေသးေတာ့ ကေလးခ်စ္ေပမယ့္ မလိုခ်င္ေသးတာေတာ့ အမွန္ပင္။

ဒါေၾကာင့္ ကေလးမရေအာင္ သေႏၶတားဖို႔ နည္းလမ္းေတြကို စဥ္းစားရတယ္။ မက ေဆးထိုး ေၾကာက္တတ္ေတာ့ စားေဆး ေသာက္တယ္။ စားေဆးက ထိုးေဆးေတြလို ထိုးစရာမလိုေတာ့ အသားမနာေတာ့ဘူး။ ၿပီးေတာ့ ရာသီလည္း ပုံမွန္လာတယ္။ အလြယ္တကူလည္း ဝယ္လို႔ရတယ္။ မ သူငယ္ခ်င္းေတြထဲမွာ ထိုးေဆးထိုးတဲ့ သူေတြ ရွိတယ္။ သူတို႔က် ဝလည္း ဝလာတယ္။ အသားအရည္ကလည္း မြဲေျခာက္ေျခာက္နဲ႔။ အဲေတာ့ ထိုးေဆးႀကီး မထိုးခ်င္ဘူး။

အစကေတာ့ ေမာင့္ကို ကြန္ဒုံးသုံးဖို႔ ညႇိၾကည့္ေသးတယ္။ ဒါေပမယ့္ ေမာင္က ကြန္ဒုံးႀကီး မသုံးခ်င္ဘူး ၊ အလုပ္ရႈပ္တယ္ ဘာညာနဲ႔ဆိုေတာ့ အတင္းမေျပာခ်င္ေတာ့ဘူး။ မိန္းမကိုယ္အျပင္မွာ သုက္ထုတ္တဲ့ နည္းက်ေတာ့လည္း အရမ္းစိတ္မခ်ရဘူးဆိုေတာ့ မလုပ္ခ်င္။ အေရးေပၚတားေဆးက်ေတာ့လည္း အၿမဲေသာက္ေနဖို႔ အဆင္မေျပျပန္ဘူးေလ။

ရက္ေရွာင္တဲ့နည္းလည္း အစကလိုက္ လုပ္ၾကည့္ေသးတယ္။ ဒါေပမယ့္ ရာသီလာတာကို ေသခ်ာမွတ္ရေသး၊ ရက္ကလည္း တြက္ရေသးနဲ႔ မလုပ္ျဖစ္ေတာ့ဘူး။ ၿပီးေတာ့ အမွားအယြင္းတစ္ခုခုျဖစ္ၿပီး ကေလးရသြားမွာလည္း အရမ္းေၾကာက္တာနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး တားေဆးပဲ ေသာက္လိုက္ေတာ့တယ္။

တားေဆးက ပုံမွန္ေသာက္ရင္ ၉၇% ေလာက္လည္း ကာကြယ္ႏိုင္တယ္ဆိုေတာ့ အဆင္လည္း ေျပတယ္ေလ။ ကိုယ့္ဘက္က မေမ့မေလ်ာ့ အခ်ိန္မွန္ေတာ့ ေသာက္ရတာေပါ့။ တားေဆးေသာက္လိုက္ေတာ့ အရင္က ရာသီလာရင္ အရမ္းကို နာတာေတြ ၊ ကိုက္တာေတြလည္း သိသိသာသာ ေလ်ာ့သြားတယ္။ တစ္ခါတစ္ေလ ပ်ိဳ႕တာတို႔ ေခါင္းကိုက္တာတို႔ ရွိတတ္ေပမယ့္ ေတာ္႐ုံေတာ့ မျဖစ္ပါဘူး။

ျပႆနာက မေန႔က အရမ္းပင္ပန္းၿပီး ေဆးမေသာက္ဘဲ အိပ္ေပ်ာ္သြားတာ။ ႏိုးႏိုးခ်င္း သတိရလိုက္ေတာ့ ဘာလုပ္ရမွန္းမသိ။ ကေလးရသြားမွာလည္းစိုး ေဆးေသာက္ေနတုန္းမို႔ ရသြားရင္လည္း အဲဒီကေလးမွာ ကိုယ္လက္အဂၤါတစ္ခုခု ခ်ိဳ႕ယြင္းၿပီး ပါလာမွာလည္းစိုး။

ျပေနက် ေဆးခန္းက မနက္ ၈ နာရီခြဲမွ ဖြင့္မွာ။ ကိုယ့္မွာ ႏိုးႏိုးခ်င္း မနက္ ၆ ခြဲေလာက္ကတည္းက ရင္ေတြပူ ၊ စိုးရိမ္ေနေရာ။ ၇ နာရီခြဲေလာက္ကတည္းက စိတ္ေတြေစာၿပီး ထြက္လာတာ ေဆးခန္းမဖြင့္ေသးလို႔ အေရွ႕မွာ ထိုင္ေစာင့္ရေသးတယ္။

ဆရာမေလးကို အက်ိဳးအေၾကာင္း ေျပာျပေတာ့ ကိုယ္ေသာက္ေနတဲ့ ေဆးအမ်ိဳးအစားကို ေမးတယ္။ ကိုယ္ေသာက္ေနတာက မွ်ားေတြနဲ႔ဟာ။ ေနာက္ဆုံးမွာ အနီလုံးေလးေတြနဲ႔။ ေဆးပါလာလို႔ ေတာ္ေသး။ လြတ္သြားတာက အနီလုံးလား ၊ အျဖဴလုံးလား ေသခ်ာေမးေတာ့ ကိုယ္လြတ္သြားတာက ဒုတိယတန္းက အျဖဴလုံးေလး။

ဆရာမေလးက ေရာက္ေရာက္ခ်င္း တစ္လုံးေသာက္ဖို႔ ၊ ေနာက္ေသာက္ေနက်အတိုင္း ဆက္ေသာက္သြားဖို႔ ေျပာတယ္။ အဲဒါဆို ဒီေန႔ တစ္ေန႔တည္း ႏွစ္လုံးျဖစ္သြားမွာေပါ့လို႔ ေတြးမိေတာ့ ဆရာမေလးကို ေသခ်ာရွင္းေအာင္ ျပန္ေမးရေသးတယ္။

တားေဆးေသာက္ဖို႔ ေမ့တာက တစ္လုံးတည္း ၂၄ နာရီမေက်ာ္ေသးဘူးဆိုရင္ သတိရရခ်င္း တစ္လုံးေသာက္ၿပီး ပုံမွန္အတိုင္း ဆက္ေသာက္သြားရင္ ကာကြယ္ႏိုင္ပါေသးတယ္တဲ့။ တကယ္လို႔ တားေဆးလြတ္သြားတာ ႏွစ္ရက္ ဒါမွမဟုတ္ ၄၈ နာရီေက်ာ္ၿပီဆိုရင္ေတာ့ သတိရရခ်င္း တစ္လုံးေသာက္ပါတဲ့။ လြတ္သြားတဲ့ရက္ေတြက ေဆးေတြကို လြင့္ပစ္လိုက္ၿပီး ေသာက္ေနက်အတိုင္း ဆက္ေသာက္ပါတဲ့။ ဒါေပမယ့္ တစ္ပတ္တိတိ တျခားသေႏၶတားနည္းလမ္းျဖစ္တဲ့ ကြန္ဒုံးသုံးတာမ်ိဳး လုပ္ေပးသင့္ပါတယ္ ဆိုၿပီး ေသခ်ာရွင္းျပလိုက္တယ္။

ၿပီးေတာ့ တားေဆးေသာက္ေနတုန္း ကေလးရသြားရင္လည္း ကေလးကို ထိခိုက္မႈ မရွိတဲ့အေၾကာင္း ၊ ကေလးမွာ ေမြးရာပါ ခ်ိဳ႕ယြင္းမႈေတြ မျဖစ္ႏိုင္တဲ့အေၾကာင္းလည္း ေသခ်ာရွင္းျပလိုက္ေသးတယ္။ ဘာပဲေျပာေျပာ တစ္မနက္လုံး စိတ္ေတြပူၿပီး ရင္တုန္ပန္းတုန္ျဖစ္ေနတာ ဆရာမေလး ေသခ်ာရွင္းျပလိုက္မွ စိတ္ေအးသြားရေတာ့တယ္။

Author : Dr. ေမ

(Unicode ျဖင့္ဖတ္ရန္)

မေ့ပြီးတားဆေး မသောက်မိသည် ရှိသော်
မနဲ့ မောင်တို့က လက်ထပ်ထားတာ တစ်နှစ်လောက် ရှိနေပြီ။ ဒါပေမယ့် ကလေးတော့ မရသေးဘူး။ မရဘူးဆိုတာထက် မယူချင်သေးကြတာ။ မကလည်း မ အလုပ်နဲ့ မ ၊ မောင်ကလည်း အလုပ်က အသစ်ဆိုတော့ အခြေမကျသေးဘူး။ ဒီတော့ ကလေး မလိုချင်သေးဘူး။ ကလေးတစ်ယောက် ပြုစုပျိုးထောင်ဖို့တွေ ၊ ကျွေးဖို့ မွေးဖို့တွေ၊ တင့်တောင်တင့်တယ် ထားနိုင်ဖို့လည်း မဖြစ်နိုင်သေးတော့ ကလေးချစ်ပေမယ့် မလိုချင်သေးတာတော့ အမှန်ပင်။

ဒါကြောင့် ကလေးမရအောင် သန္ဓေတားဖို့ နည်းလမ်းတွေကို စဉ်းစားရတယ်။ မက ဆေးထိုး ကြောက်တတ်တော့ စားဆေး သောက်တယ်။ စားဆေးက ထိုးဆေးတွေလို ထိုးစရာမလိုတော့ အသားမနာတော့ဘူး။ ပြီးတော့ ရာသီလည်း ပုံမှန်လာတယ်။ အလွယ်တကူလည်း ဝယ်လို့ရတယ်။ မ သူငယ်ချင်းတွေထဲမှာ ထိုးဆေးထိုးတဲ့ သူတွေ ရှိတယ်။ သူတို့ကျ ဝလည်း ဝလာတယ်။ အသားအရည်ကလည်း မွဲခြောက်ခြောက်နဲ့။ အဲတော့ ထိုးဆေးကြီး မထိုးချင်ဘူး။

အစကတော့ မောင့်ကို ကွန်ဒုံးသုံးဖို့ ညှိကြည့်သေးတယ်။ ဒါပေမယ့် မောင်က ကွန်ဒုံးကြီး မသုံးချင်ဘူး ၊ အလုပ်ရှုပ်တယ် ဘာညာနဲ့ဆိုတော့ အတင်းမပြောချင်တော့ဘူး။ မိန်းမကိုယ်အပြင်မှာ သုက်ထုတ်တဲ့ နည်းကျတော့လည်း အရမ်းစိတ်မချရဘူးဆိုတော့ မလုပ်ချင်။ အရေးပေါ်တားဆေးကျတော့လည်း အမြဲသောက်နေဖို့ အဆင်မပြေပြန်ဘူးလေ။

ရက်ရှောင်တဲ့နည်းလည်း အစကလိုက် လုပ်ကြည့်သေးတယ်။ ဒါပေမယ့် ရာသီလာတာကို သေချာမှတ်ရသေး၊ ရက်ကလည်း တွက်ရသေးနဲ့ မလုပ်ဖြစ်တော့ဘူး။ ပြီးတော့ အမှားအယွင်းတစ်ခုခုဖြစ်ပြီး ကလေးရသွားမှာလည်း အရမ်းကြောက်တာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး တားဆေးပဲ သောက်လိုက်တော့တယ်။

တားဆေးက ပုံမှန်သောက်ရင် ၉၇% လောက်လည်း ကာကွယ်နိုင်တယ်ဆိုတော့ အဆင်လည်း ပြေတယ်လေ။ ကိုယ့်ဘက်က မမေ့မလျော့ အချိန်မှန်တော့ သောက်ရတာပေါ့။ တားဆေးသောက်လိုက်တော့ အရင်က ရာသီလာရင် အရမ်းကို နာတာတွေ ၊ ကိုက်တာတွေလည်း သိသိသာသာ လျော့သွားတယ်။ တစ်ခါတစ်လေ ပျို့တာတို့ ခေါင်းကိုက်တာတို့ ရှိတတ်ပေမယ့် တော်ရုံတော့ မဖြစ်ပါဘူး။
ပြဿနာက မနေ့က အရမ်းပင်ပန်းပြီး ဆေးမသောက်ဘဲ အိပ်ပျော်သွားတာ။ နိုးနိုးချင်း သတိရလိုက်တော့ ဘာလုပ်ရမှန်းမသိ။ ကလေးရသွားမှာလည်းစိုး ဆေးသောက်နေတုန်းမို့ ရသွားရင်လည်း အဲဒီကလေးမှာ ကိုယ်လက်အင်္ဂါတစ်ခုခု ချို့ယွင်းပြီး ပါလာမှာလည်းစိုး။

ပြနေကျ ဆေးခန်းက မနက် ၈ နာရီခွဲမှ ဖွင့်မှာ။ ကိုယ့်မှာ နိုးနိုးချင်း မနက် ၆ ခွဲလောက်ကတည်းက ရင်တွေပူ ၊ စိုးရိမ်နေရော။ ၇ နာရီခွဲလောက်ကတည်းက စိတ်တွေစောပြီး ထွက်လာတာ ဆေးခန်းမဖွင့်သေးလို့ အရှေ့မှာ ထိုင်စောင့်ရသေးတယ်။

ဆရာမလေးကို အကျိုးအကြောင်း ပြောပြတော့ ကိုယ်သောက်နေတဲ့ ဆေးအမျိုးအစားကို မေးတယ်။ ကိုယ်သောက်နေတာက မျှားတွေနဲ့ဟာ။ နောက်ဆုံးမှာ အနီလုံးလေးတွေနဲ့။ ဆေးပါလာလို့ တော်သေး။ လွတ်သွားတာက အနီလုံးလား ၊ အဖြူလုံးလား သေချာမေးတော့ ကိုယ်လွတ်သွားတာက ဒုတိယတန်းက အဖြူလုံးလေး။

ဆရာမလေးက ရောက်ရောက်ချင်း တစ်လုံးသောက်ဖို့ ၊ နောက်သောက်နေကျအတိုင်း ဆက်သောက်သွားဖို့ ပြောတယ်။ အဲဒါဆို ဒီနေ့ တစ်နေ့တည်း နှစ်လုံးဖြစ်သွားမှာပေါ့လို့ တွေးမိတော့ ဆရာမလေးကို သေချာရှင်းအောင် ပြန်မေးရသေးတယ်။

တားဆေးသောက်ဖို့ မေ့တာက တစ်လုံးတည်း ၂၄ နာရီမကျော်သေးဘူးဆိုရင် သတိရရချင်း တစ်လုံးသောက်ပြီး ပုံမှန်အတိုင်း ဆက်သောက်သွားရင် ကာကွယ်နိုင်ပါသေးတယ်တဲ့။ တကယ်လို့ တားဆေးလွတ်သွားတာ နှစ်ရက် ဒါမှမဟုတ် ၄၈ နာရီကျော်ပြီဆိုရင်တော့ သတိရရချင်း တစ်လုံးသောက်ပါတဲ့။ လွတ်သွားတဲ့ရက်တွေက ဆေးတွေကို လွင့်ပစ်လိုက်ပြီး သောက်နေကျအတိုင်း ဆက်သောက်ပါတဲ့။ ဒါပေမယ့် တစ်ပတ်တိတိ တခြားသန္ဓေတားနည်းလမ်းဖြစ်တဲ့ ကွန်ဒုံးသုံးတာမျိုး လုပ်ပေးသင့်ပါတယ် ဆိုပြီး သေချာရှင်းပြလိုက်တယ်။

ပြီးတော့ တားဆေးသောက်နေတုန်း ကလေးရသွားရင်လည်း ကလေးကို ထိခိုက်မှု မရှိတဲ့အကြောင်း ၊ ကလေးမှာ မွေးရာပါ ချို့ယွင်းမှုတွေ မဖြစ်နိုင်တဲ့အကြောင်းလည်း သေချာရှင်းပြလိုက်သေးတယ်။ ဘာပဲပြောပြော တစ်မနက်လုံး စိတ်တွေပူပြီး ရင်တုန်ပန်းတုန်ဖြစ်နေတာ ဆရာမလေး သေချာရှင်းပြလိုက်မှ စိတ်အေးသွားရတော့တယ်။

Author : Dr. မေ

Previous Post

ကလေးများတွင် ဖြစ်ပွားသော တီဘီရောဂါ (Childhood Tuberculosis) အကြောင်း

Next Post

အစာအိမ်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
760
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်ကင်ဆာ

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

ကလေးရသွားနိုင်တဲ့ရက်တွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.