fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

553
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/01/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ရွက္ရွက္မွာ ေပါက္တဲ့ ေရယုန္အေၾကာင္း

ေရယုန္ဆိုတဲ့ ေနရာမွာ ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။ type 1 နဲ႔ type 2 ပါ။ type 1 က အဓိက က ႏႈတ္ခမ္းနား တစ္ဝိုက္မွာ ေပါက္တတ္ၿပီး ေရယုန္ေရာဂါပိုး ရွိတဲ့သူနဲ႔ အသားျခင္း တိုက္႐ိုက္ထိမိတာ (ဥပမာ ႏႈတ္ခမ္းျခင္း နမ္းတာမ်ိဳး ) ဒါမွမဟုတ္ ႏႈတ္ခမ္းနီကို မွ်ေဝသုံးစြဲတာမ်ိဳးေတြကတဆင့္ ကူးတတ္တယ္။ တံေတြးကေန တဆင့္လည္း ကူးတတ္တဲ့အတြက္ အစားအေသာက္ေတြကို ပန္းကန္ခြက္ေယာက္တစ္ခုတည္းနဲ႔ မွ်ေဝသုံးစြဲတာေတြကလည္း ကူးႏိုင္တယ္။

အမ်ိဳးအစား ၂ ကေတာ့ အဓိက က လိင္ကတဆင့္ ကူးစက္တတ္တာ ျဖစ္ပါတယ္။ လိင္အဂၤါနား တစ္ဝိုက္မွာ ေပါက္တတ္တဲ့ ေရယုန္ကို အဓိက ျဖစ္ေစတဲ့ အေၾကာင္းအရင္းပဲ ျဖစ္ပါတယ္။ ဒီလိုေျပာတယ္ဆိုတဲ့ ေနရာမွာ အမ်ိဳးအစား ၁ ကလည္း လိင္အဂၤါနားက ေရယုန္ကို ျဖစ္ေစပါေသးတယ္။ ဘယ္လိုနည္းနဲ႔ ျဖစ္ေစသလဲဆိုရင္ ေရယုန္ပိုး ကူးစက္ခံထားရသူရဲ႕ ႏႈတ္ခမ္းနဲ႔ လိင္အဂၤါတစ္ဝိုက္မွာ ပြတ္ထိတာေတြကလည္း ကူးစက္ျခင္းကို ျဖစ္ေစပါေသးတယ္။ ဒါေပမယ့္ အဓိက လိင္အဂၤါတစ္ဝိုက္နားက ေရယုန္ကို ျဖစ္ေစတဲ့ အေၾကာင္းကေတာ့ အမ်ိဳးအစား ၂ ပဲ ျဖစ္ပါတယ္။

လိင္ဆက္ဆံျခင္းကတဆင့္ ကူးစက္တာျဖစ္ၿပီး တစ္ခါတစ္ေလမွာေတာ့ ေရာဂါပိုး ရွိတဲ့ မိခင္ကေနတဆင့္ ကေလးေမြးဖြားစဥ္မွာ ကေလးကိုကူးတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ အလြန္ကို ရွားပါတယ္။

လူေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါ လကၡဏာ ျပေလ့ မရွိတာေၾကာင့္ ကိုယ့္ဘာသာကိုယ္ေတာင္ ေရာဂါ ကူးစက္ခံထားရမွန္း မသိတတ္ၾကပါဘူး။ ဒါေပမယ့္ လူတစ္ရာမွာ ၁၀ ေယာက္ေလာက္ကေတာ့ လိင္အဂၤါ တစ္ဝိုက္မွာ ဒါမွမဟုတ္ စအိုေဘး ပတ္ခ်ာလည္မွာ အရည္ၾကည္ဖုလိုမ်ိဳးေလးေတြ ခံစားရတတ္ပါတယ္။ အဲဒီ အရည္ၾကည္ဖုေလးဟာ နာတာမ်ိဳး ၊ ယားတာမ်ိဳး ခံရခက္တာမ်ိဳးေတြ ျဖစ္ေလ့ရွိပါတယ္။
တခ်ိဳ႕က မေနႏိုင္လို႔ ကုတ္ဖဲ့တဲ့အခါမွာ အနာေတြျဖစ္လာတဲ့ထိပါ ျဖစ္တတ္ပါတယ္။ တုတ္ေကြး ျဖစ္သလို လကၡဏာေတြျဖစ္တဲ့ ဖ်ားတာတို႔ ၊ ေခါင္းကိုက္တာတို႔ ၊ ႏူးခ်ိတာတို႔ ေတြလည္း ခံစားရႏိုင္ပါတယ္။
အစားအေသာက္ပ်က္ၿပီး အက်ိတ္ေတြ ေရာင္ရမ္းလာတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။
လိင္ကတဆင့္ ကူးစက္တတ္တယ္ဆိုတဲ့အတိုင္း လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြ ၊ အသက္ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ လိင္ဆက္ဆံတဲ့ သူေတြမွာ ပိုျဖစ္တတ္ပါတယ္။ လိင္ကတဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြဟာ အမ်ိဳးသမီးေတြမွာ ပိုျဖစ္ေလ့ျဖစ္ထ ရွိတဲ့အတိုင္း ဒီ လိင္အဂၤါ ေရယုန္ေရာဂါဟာလည္း အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားပါတယ္။ တျခား လိင္ကတဆင့္ ကူးစက္တတ္တဲ့ေရာဂါရွိတဲ့သူေတြမွာ ပိုျဖစ္ႏိုင္ၿပီး ကိုယ္ခံအားနည္းတဲ့သူေတြမွာလည္း ျဖစ္တတ္ပါတယ္။

ေၾကာက္စရာ ေကာင္းတာ တစ္ခုကေတာ့ ဒီလိင္အဂၤါ ေရယုန္ေရာဂါဟာ HIV ေရာဂါ ကူးစက္မႈနဲ႔ ဆက္စပ္မႈ ရွိေနလို႔ပါပဲ။ လိင္အဂၤါ ေရယုန္ ရွိတဲ့သူဟာ ပုံမွန္လူထက္ HIV ပိုး ကူးစက္ခံရဖို႔ ၃ ဆ ေလာက္ အႏၲရာယ္ ပိုမ်ားပါတယ္။ ဒါေၾကာင့္ ျဖစ္လာၿပီဆို ေသခ်ာ ေဆးကုသမႈ ခံယူသင့္ပါတယ္။ ေရယုန္အတြက္ လိမ္းေဆးေတြ ေသာက္ေဆးေတြကို အသုံးျပဳေပးလို႔ ရပါတယ္။

ေရယုန္ဆိုတာ အရည္ၾကည္ဖုေတြ အနာေတြ ရွိေနမွ မဟုတ္ပါဘူး။ ဒီအတိုင္း ဘာမွ ေရာဂါ လကၡဏာ မျပတဲ့ အခ်ိန္မွာလည္း ကူးစက္ႏိုင္လို႔ လိင္ဆက္ဆံေတာ့မယ္ဆို ကြန္ဒုံးသုံးေပးသင့္ပါတယ္။ တစ္ခါတစ္ေလ ကြန္ဒုံးနဲ႔ မကာကြယ္ႏိုင္တဲ့ ေနရာေတြ (ဥပမာ စအိုလိုမ်ိဳး) ကေနလည္း ေရာဂါ ကူးစက္ႏိုင္ေခ် ရွိတဲ့အတြက္ မိမိရဲ႕ အိမ္ေထာင္ဖက္အေပၚ သစၥာ ေစာင့္သိျခင္းျဖင့္ ဒီလို ေရာဂါေတြကို ကာကြယ္ႏိုင္သလို အိမ္ေထာင္ေရးလည္း သာယာေပ်ာ္႐ႊင္ႏိုင္ပါေၾကာင္း အႀကံျပဳရင္း ……….

Author : Dr. ေမ

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

ရေယုန်ဆိုတဲ့ နေရာမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။ type 1 နဲ့ type 2 ပါ။ type 1 က အဓိက က နှုတ်ခမ်းနား တစ်ဝိုက်မှာ ပေါက်တတ်ပြီး ရေယုန်ရောဂါပိုး ရှိတဲ့သူနဲ့ အသားခြင်း တိုက်ရိုက်ထိမိတာ (ဥပမာ နှုတ်ခမ်းခြင်း နမ်းတာမျိုး ) ဒါမှမဟုတ် နှုတ်ခမ်းနီကို မျှဝေသုံးစွဲတာမျိုးတွေကတဆင့် ကူးတတ်တယ်။ တံတွေးကနေ တဆင့်လည်း ကူးတတ်တဲ့အတွက် အစားအသောက်တွေကို ပန်းကန်ခွက်ယောက် တစ်ခုတည်းနဲ့ မျှဝေသုံးစွဲတာတွေကလည်း ကူးနိုင်တယ်။

အမျိုးအစား ၂ ကတော့ အဓိက က လိင်ကတဆင့် ကူးစက်တတ်တာ ဖြစ်ပါတယ်။ လိင်အင်္ဂါနား တစ်ဝိုက်မှာ ပေါက်တတ်တဲ့ ရေယုန်ကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြောတယ်ဆိုတဲ့ နေရာမှာ အမျိုးအစား ၁ ကလည်း လိင်အင်္ဂါနားက ရေယုန်ကို ဖြစ်စေပါသေးတယ်။ ဘယ်လိုနည်းနဲ့ ဖြစ်စေသလဲဆိုရင် ရေယုန်ပိုး ကူးစက်ခံထားရသူရဲ့ နှုတ်ခမ်းနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ပွတ်ထိတာတွေကလည်း ကူးစက်ခြင်းကို ဖြစ်စေပါသေးတယ်။ ဒါပေမယ့် အဓိက လိင်အင်္ဂါတစ်ဝိုက်နားက ရေယုန်ကို ဖြစ်စေတဲ့ အကြောင်းကတော့ အမျိုးအစား ၂ ပဲ ဖြစ်ပါတယ်။

လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်တာဖြစ်ပြီး တစ်ခါတစ်လေမှာတော့ ရောဂါပိုး ရှိတဲ့ မိခင်ကနေတဆင့် ကလေးမွေးဖွားစဉ်မှာ ကလေးကိုကူးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလွန်ကို ရှားပါတယ်။

လူတော်တော်များများမှာ ရောဂါ လက္ခဏာ ပြလေ့ မရှိတာကြောင့် ကိုယ့်ဘာသာကိုယ်တောင် ရောဂါ ကူးစက်ခံထားရမှန်း မသိတတ်ကြပါဘူး။ ဒါပေမယ့် လူတစ်ရာမှာ ၁၀ ယောက်လောက်ကတော့ လိင်အင်္ဂါ တစ်ဝိုက်မှာ ဒါမှမဟုတ် စအိုဘေး ပတ်ချာလည်မှာ အရည်ကြည်ဖုလိုမျိုးလေးတွေ ခံစားရတတ်ပါတယ်။ အဲဒီ အရည်ကြည်ဖုလေးဟာ နာတာမျိုး ၊ ယားတာမျိုး ခံရခက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
တချို့က မနေနိုင်လို့ ကုတ်ဖဲ့တဲ့အခါမှာ အနာတွေဖြစ်လာတဲ့ထိပါ ဖြစ်တတ်ပါတယ်။ တုတ်ကွေး ဖြစ်သလို လက္ခဏာတွေဖြစ်တဲ့ ဖျားတာတို့ ၊ ခေါင်းကိုက်တာတို့ ၊ နူးချိတာတို့ တွေလည်း ခံစားရနိုင်ပါတယ်။
အစားအသောက်ပျက်ပြီး အကျိတ်တွေ ရောင်ရမ်းလာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
လိင်ကတဆင့် ကူးစက်တတ်တယ်ဆိုတဲ့အတိုင်း လိင်ဆက်ဆံဖော်များတဲ့သူတွေ ၊ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဟာ အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ဒီ လိင်အင်္ဂါ ရေယုန်ရောဂါဟာလည်း အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ တခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပြီး ကိုယ်ခံအားနည်းတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

ကြောက်စရာ ကောင်းတာ တစ်ခုကတော့ ဒီလိင်အင်္ဂါ ရေယုန်ရောဂါဟာ HIV ရောဂါ ကူးစက်မှုနဲ့ ဆက်စပ်မှု ရှိနေလို့ပါပဲ။ လိင်အင်္ဂါ ရေယုန် ရှိတဲ့သူဟာ ပုံမှန်လူထက် HIV ပိုး ကူးစက်ခံရဖို့ ၃ ဆ လောက် အန္တရာယ် ပိုများပါတယ်။ ဒါကြောင့် ဖြစ်လာပြီဆို သေချာ ဆေးကုသမှု ခံယူသင့်ပါတယ်။ ရေယုန်အတွက် လိမ်းဆေးတွေ သောက်ဆေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

ရေယုန်ဆိုတာ အရည်ကြည်ဖုတွေ အနာတွေ ရှိနေမှ မဟုတ်ပါဘူး။ ဒီအတိုင်း ဘာမှ ရောဂါ လက္ခဏာ မပြတဲ့ အချိန်မှာလည်း ကူးစက်နိုင်လို့ လိင်ဆက်ဆံတော့မယ်ဆို ကွန်ဒုံးသုံးပေးသင့်ပါတယ်။ တစ်ခါတစ်လေ ကွန်ဒုံးနဲ့ မကာကွယ်နိုင်တဲ့ နေရာတွေ (ဥပမာ စအိုလိုမျိုး) ကနေလည်း ရောဂါ ကူးစက်နိုင်ချေ ရှိတဲ့အတွက် မိမိရဲ့ အိမ်ထောင်ဖက်အပေါ် သစ္စာ စောင့်သိခြင်းဖြင့် ဒီလို ရောဂါတွေကို ကာကွယ်နိုင်သလို အိမ်ထောင်ရေးလည်း သာယာပျော်ရွှင်နိုင်ပါကြောင်း အကြံပြုရင်း ……….

Author : Dr. မေ

Previous Post

အစာအိမ်ကင်ဆာ

Next Post

ကလေးရသွားနိုင်တဲ့ရက်တွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
763
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးရသွားနိုင်တဲ့ရက်တွေ

အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၁)

ဟန်းနီးမွန်းထွက်ပြီးခါစမှာ ဖြစ်တတ်တဲ့ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.