fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၂)

84
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

HIV ပိုး ရွိတဲ့အမ်ိဳးသမီးက ကိုယ္ဝန္ရွိခဲ့ရင္ ကေလးေမြးခဲ့ရင္ ဘာေတြလုပ္ရမလဲ။

အပိုင္း(၂)

အပိုင္း၁ မွာ အိတ္အိုင္ဗြီပိုးရွိတဲ့ အမ်ိဳးသမီးက ကိုယ္ဝန္ရွိခဲ့ရင္ ဘာေတြလုပ္သင့္လဲဆိုတာေတြ ေျပာထားၿပီးပါၿပီ။ အခု အပိုင္း၂ မွာေတာ့ ေမြးလာလို႔ရွိရင္ ဘာေတြလုပ္ရမလဲ ဆိုတာကိုေျပာပါမယ္။

ဦးဆုံးအေနနဲ႔ကေတာ့ အိတ္အိုင္ဗြီပိုးရွိတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးက ကေလးေမြးလာရင္ မိမိရဲ႕ ႏို႔တိုက္ရမလား။ ႏို႔ဗူး တိုက္ရမလား။ မိခင္ႏို႔တိုက္ရင္ ဘာေတြလိုက္နာေရွာင္ၾကဥ္ရမလဲ။ ႏို႔ဗူးတိုက္ရင္ ဘာေတြလိုက္နာေရွာင္ၾကဥ္ရမလဲဆိုတာေတြနဲ႔ ပတ္သက္ၿပီး ေျပာျပခ်င္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ ကာလမွာကတည္းက ေမြးလာရင္မိမိႏို႔ တိုက္မွာလား၊ ႏို႔ဗူးတိုက္မွာလားဆိုတာကို အိတ္အိုင္ဗြီပိုးရွိတဲ့ ကိုယ္ဝန္ေဆာင္ မိခင္အေနနဲ႔ ကိုယ္တိုင္စဥ္းစားဆုံးျဖတ္ႏိုင္ဖို႔ေဆြးေႏြးေပးရပါတယ္။

ဆရာဝန္အမ်ားစုအေနနဲ႔ကေတာ့ ေငြေၾကးအဆင္ေျပတဲ့သူေတြဆိုရင္ ပိုးရွိတဲ့မိခင္ႏို႔မတိုက္ဘဲ ႏို႔ဗူးတိုက္သင့္တယ္လို႔ ေထာက္ခံၾကပါတယ္။

သို႔ေသာ္ ကြၽန္ေတာ္တို႔လိုဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အေျခခံအဆင့္လူတန္းစားေတြ၊ ဆင္းရဲတဲ့သူေတြ အေနနဲ႔က် ႏို႔ဗူးတိုက္ဖို႔ဆိုတာ လြယ္တဲ့ကိစၥမဟုတ္ပါဘူး။ သူတို႔ရဲ႕ တေန႔ဝင္ေငြနဲ႔ဘယ္လိုမွ ႏို႔ဗူးမတိုက္ႏိုင္တဲ့ ဆင္းရဲတဲ့သူေတြလည္း အမ်ားႀကီးရွိပါတယ္။ ပရဟိတအသင္းေတြ၊ အလႉရွင္ေတြ အေနနဲ႔လည္း လူေပါက္ေစ့ကို လိုက္ကူညီဖို႔ဆိုတာ မလြယ္ပါဘူး။

ဒါေၾကာင့္ အေျခခံလူတန္းစားမ်ား၊ဆင္းရဲသူမ်ားအေနနဲ႔ေငြေၾကးမတတ္ႏိုင္လို႔ ႏို႔ဗူးမတိုက္ဘဲ မိမိႏို႔(မိခင္ႏို႔)တိုက္မယ္ဆိုပါကလည္း တိုက္ႏိုင္ပါတယ္။ သို႔ေသာ္ဒီအခ်က္ေတြကိုေတာ့ လိုက္နာဖို႔လိုပါတယ္။

မိခင္ေရခ်ိဳးတိုင္းမိမိသားျမတ္ကို စင္ၾကယ္ေအာင္ေဆးေၾကာေပးပါ။ မိခင္ႏို႔တိုက္ေနစဥ္မွာ မိခင္ဟာ ႏို႔နာေပါက္ခဲ့ရင္ (သို႔မဟုတ္) ႏို႔ေၾကာင္းကြဲခဲ့ရင္(သို႔မဟုတ္) ျပည္၊ေသြးထြက္ခဲ့ရင္ ႏို႔တိုက္တာကို ခ်က္ခ်င္းရပ္ၿပီး အစားထိုးႏို႔(ႏို႔ဗူးတိုက္တာ၊ႏြားႏို႔တိုက္တာစသျဖင့္)တခုခုတိုက္ေကြၽးပါ။

ကေလးပါးစပ္ထဲမွာမွက္ခ႐ုေပါက္ေနရင္ေသာ္လည္းေကာင္း သို႔မဟုတ္ တခုခုနဲ႔ခိုက္မိလို႔ အနာအဆာရွိေနရင္ေသာ္လည္းေကာင္း ျဖစ္ခဲ့ရင္ မိခင္ႏို႔တိုက္တာကို ခဏရပ္ဆိုင္းထားပါ။
ဒါမွသာမိခင္ထံမွ အိတ္အိုင္ဗြီပိုးဟာ ကေလးဆီကိုအလြယ္တကူ မကူးစက္မွာျဖစ္ပါတယ္။

ကေလး သို႔မဟုတ္ မိခင္အေရျပားမွာ အနာအဆာတခုခုရွိခဲ့တယ္ဆိုရင္လည္း ေဆးထည့္ၿပီး ေရစိုခံပလာစတာကပ္ထားဖို႔လိုပါတယ္။

ကေလးအသက္ေျခာက္လျပည့္တာနဲ႔တၿပိဳင္တည္း မိခင္ႏို႔ကိုလုံးဝဆက္မတိုက္ပါနဲ႔။ ကေလးအသက္ေျခာက္လေနာက္ပိုင္းထိ မိခင္ႏို႔ဆက္တိုက္မယ္ဆိုပါက မိခင္မွကေလးထံသို႔ ပိုးကူးစက္ႏႈန္းပိုပိုမ်ားလာလို႔ ေျခာက္လျပည့္တာနဲ႔မိခင္ႏို႔ျဖတ္ခိုင္းရတာျဖစ္ပါတယ္။

အစားထိုးႏို႔(ႏို႔ဗူးတိုက္တာ၊ဆိတ္ႏို႔၊ႏြားႏို႔တိုက္တာစသျဖင့္)တခုခုနဲ႔ျဖည့္စြက္စာ (ထမင္းေပ်ာ့၊အသီးအ႐ြက္၊ပဲအမ်ိဳးမ်ိဳး၊ ဥအမ်ိဳးမ်ိဳး) စေကြၽးပါ။

ဒီလို ျဖည့္စြက္စာ ေကြၽးရာမွာလည္း ပိုးရွိတဲ့မိခင္ေတြအေနနဲ႔ သတိထားရမယ့္ အခ်က္တခုရွိပါတယ္။ သာမန္ပိုးမရွိတဲ့ မိခင္ေတြ ေကြၽးသလို ထမင္းဟင္းစတဲ့ျဖည့္စြက္စာကို မိမိပါးစပ္နဲ႔ဝါးၿပီး ကေလးကိုခြံတာ လုပ္လို႔မရပါဘူး။

ဝါးေကြၽးတာအစား ဇြန္းနဲ႔ေျခၿပီးျဖစ္ျဖစ္ Blender (ႀကိတ္စက္)နဲ႔ ႀကိတ္ေျခၿပီးျဖစ္ျဖစ္ ေကြၽးႏိုင္ပါတယ္။

တကယ္လို႔ ေငြေၾကးအဆင္ေျပလို႔ မိခင္ႏို႔မတိုက္ဘဲ ေမြးကတည္းက ႏို႔ဗူးတိုက္မယ္ဆိုပါကလည္း ေဆး႐ုံမွာရွိကတည္းက ဆရာမေတြဆီကေန သန႔္ရွင္းစင္ၾကယ္ေအာင္ ေဖ်ာ္စပ္နည္း၊အာဟာရျပည့္ေအာင္ ေဖ်ာ္စပ္နည္း၊ အသုံးျပဳတဲ့ ပန္းကန္ခြက္ေယာက္ႏို႔ဗူးေတြကို ပိုးသတ္နည္း၊ သိမ္းဆည္းသိုေလွာင္နည္းေတြကို သင္ၾကားဖို႔လိုပါတယ္။

ႏို႔ဗူးမေဖ်ာ္ခင္နဲ႔ကေလးကိုမထိမကိုင္ခင္မွာလည္း လက္ကိုစင္ၾကယ္ေအာင္ေဆးဖို႔လိုပါတယ္။ ကေလး သို႔မဟုတ္ မိခင္အေရျပားမွာ အနာအဆာတခုခုရွိခဲ့တယ္ဆိုရင္လည္း ေဆးထည့္ၿပီး ေရစိုခံပလာစတာကပ္ထားဖို႔လိုပါတယ္။ ေသခ်ာသန႔္ရွင္းစြာ ေဖ်ာ္မယ္ဆိုရင္ ႏို႔ဗူးတိုက္တာဟာလည္း အက်ိဳးရွိပါတယ္။

ပိုးရွိတဲ့မိခင္က မိမိကေလးကို ႏို႔ဗူးတိုက္တာပဲျဖစ္ျဖစ္ မိခင္ႏို႔တိုက္တာပဲျဖစ္ျဖစ္ ကေလးက ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ရင္၊ေခ်ာင္းဆိုးႏွာေစးတာျဖစ္ရင္ ေဆးၿမီးတိုေတြနဲ႔သူမ်ားေျပာတာေတြနဲ႔မကုဘဲ ခ်က္ခ်င္းေဆးခန္းျပသပါလို႔အႀကံေပးခ်င္ပါတယ္။

ဆက္လက္ေဖာ္ျပပါဦးမည္။

Author : Dr. 528

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။

အပိုင်း(၂)

အပိုင်း၁ မှာ အိတ်အိုင်ဗွီပိုးရှိတဲ့ အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ဘာတွေလုပ်သင့်လဲဆိုတာတွေ ပြောထားပြီးပါပြီ။ အခု အပိုင်း၂ မှာတော့ မွေးလာလို့ရှိရင် ဘာတွေလုပ်ရမလဲ ဆိုတာကိုပြောပါမယ်။

ဦးဆုံးအနေနဲ့ကတော့ အိတ်အိုင်ဗွီပိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက ကလေးမွေးလာရင် မိမိရဲ့ နို့တိုက်ရမလား။ နို့ဗူး တိုက်ရမလား။ မိခင်နို့တိုက်ရင် ဘာတွေလိုက်နာရှောင်ကြဉ်ရမလဲ။ နို့ဗူးတိုက်ရင် ဘာတွေလိုက်နာရှောင်ကြဉ်ရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလမှာကတည်းက မွေးလာရင်မိမိနို့ တိုက်မှာလား၊ နို့ဗူးတိုက်မှာလားဆိုတာကို အိတ်အိုင်ဗွီပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်ဖို့ဆွေးနွေးပေးရပါတယ်။

ဆရာဝန်အများစုအနေနဲ့ကတော့ ငွေကြေးအဆင်ပြေတဲ့သူတွေဆိုရင် ပိုးရှိတဲ့မိခင်နို့မတိုက်ဘဲ နို့ဗူးတိုက်သင့်တယ်လို့ ထောက်ခံကြပါတယ်။

သို့သော် ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေခံအဆင့်လူတန်းစားတွေ၊ ဆင်းရဲတဲ့သူတွေ အနေနဲ့ကျ နို့ဗူးတိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူတို့ရဲ့ တနေ့ဝင်ငွေနဲ့ဘယ်လိုမှ နို့ဗူးမတိုက်နိုင်တဲ့ ဆင်းရဲတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပရဟိတအသင်းတွေ၊ အလှူရှင်တွေ အနေနဲ့လည်း လူပေါက်စေ့ကို လိုက်ကူညီဖို့ဆိုတာ မလွယ်ပါဘူး။

ဒါကြောင့် အခြေခံလူတန်းစားများ၊ဆင်းရဲသူများအနေနဲ့ငွေကြေးမတတ်နိုင်လို့ နို့ဗူးမတိုက်ဘဲ မိမိနို့(မိခင်နို့)တိုက်မယ်ဆိုပါကလည်း တိုက်နိုင်ပါတယ်။ သို့သော်ဒီအချက်တွေကိုတော့ လိုက်နာဖို့လိုပါတယ်။

မိခင်ရေချိုးတိုင်းမိမိသားမြတ်ကို စင်ကြယ်အောင်ဆေးကြောပေးပါ။ မိခင်နို့တိုက်နေစဉ်မှာ မိခင်ဟာ နို့နာပေါက်ခဲ့ရင် (သို့မဟုတ်) နို့ကြောင်းကွဲခဲ့ရင်(သို့မဟုတ်) ပြည်၊သွေးထွက်ခဲ့ရင် နို့တိုက်တာကို ချက်ချင်းရပ်ပြီး အစားထိုးနို့(နို့ဗူးတိုက်တာ၊နွားနို့တိုက်တာစသဖြင့်)တခုခုတိုက်ကျွေးပါ။

ကလေးပါးစပ်ထဲမှာမှက်ခရုပေါက်နေရင်သော်လည်းကောင်း သို့မဟုတ် တခုခုနဲ့ခိုက်မိလို့ အနာအဆာရှိနေရင်သော်လည်းကောင်း ဖြစ်ခဲ့ရင် မိခင်နို့တိုက်တာကို ခဏရပ်ဆိုင်းထားပါ။
ဒါမှသာမိခင်ထံမှ အိတ်အိုင်ဗွီပိုးဟာ ကလေးဆီကိုအလွယ်တကူ မကူးစက်မှာဖြစ်ပါတယ်။

ကလေး သို့မဟုတ် မိခင်အရေပြားမှာ အနာအဆာတခုခုရှိခဲ့တယ်ဆိုရင်လည်း ဆေးထည့်ပြီး ရေစိုခံပလာစတာကပ်ထားဖို့လိုပါတယ်။

ကလေးအသက်ခြောက်လပြည့်တာနဲ့တပြိုင်တည်း မိခင်နို့ကိုလုံးဝဆက်မတိုက်ပါနဲ့။ ကလေးအသက်ခြောက်လနောက်ပိုင်းထိ မိခင်နို့ဆက်တိုက်မယ်ဆိုပါက မိခင်မှကလေးထံသို့ ပိုးကူးစက်နှုန်းပိုပိုများလာလို့ ခြောက်လပြည့်တာနဲ့မိခင်နို့ဖြတ်ခိုင်းရတာဖြစ်ပါတယ်။

အစားထိုးနို့(နို့ဗူးတိုက်တာ၊ဆိတ်နို့၊နွားနို့တိုက်တာစသဖြင့်)တခုခုနဲ့ဖြည့်စွက်စာ (ထမင်းပျော့၊အသီးအရွက်၊ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး) စကျွေးပါ။

ဒီလို ဖြည့်စွက်စာ ကျွေးရာမှာလည်း ပိုးရှိတဲ့မိခင်တွေအနေနဲ့ သတိထားရမယ့် အချက်တခုရှိပါတယ်။ သာမန်ပိုးမရှိတဲ့ မိခင်တွေ ကျွေးသလို ထမင်းဟင်းစတဲ့ဖြည့်စွက်စာကို မိမိပါးစပ်နဲ့ဝါးပြီး ကလေးကိုခွံတာ လုပ်လို့မရပါဘူး။

ဝါးကျွေးတာအစား ဇွန်းနဲ့ခြေပြီးဖြစ်ဖြစ် Blender (ကြိတ်စက်)နဲ့ ကြိတ်ခြေပြီးဖြစ်ဖြစ် ကျွေးနိုင်ပါတယ်။

တကယ်လို့ ငွေကြေးအဆင်ပြေလို့ မိခင်နို့မတိုက်ဘဲ မွေးကတည်းက နို့ဗူးတိုက်မယ်ဆိုပါကလည်း ဆေးရုံမှာရှိကတည်းက ဆရာမတွေဆီကနေ သန့်ရှင်းစင်ကြယ်အောင် ဖျော်စပ်နည်း၊အာဟာရပြည့်အောင် ဖျော်စပ်နည်း၊ အသုံးပြုတဲ့ ပန်းကန်ခွက်ယောက်နို့ဗူးတွေကို ပိုးသတ်နည်း၊ သိမ်းဆည်းသိုလှောင်နည်းတွေကို သင်ကြားဖို့လိုပါတယ်။

နို့ဗူးမဖျော်ခင်နဲ့ကလေးကိုမထိမကိုင်ခင်မှာလည်း လက်ကိုစင်ကြယ်အောင်ဆေးဖို့လိုပါတယ်။ ကလေး သို့မဟုတ် မိခင်အရေပြားမှာ အနာအဆာတခုခုရှိခဲ့တယ်ဆိုရင်လည်း ဆေးထည့်ပြီး ရေစိုခံပလာစတာကပ်ထားဖို့လိုပါတယ်။ သေချာသန့်ရှင်းစွာ ဖျော်မယ်ဆိုရင် နို့ဗူးတိုက်တာဟာလည်း အကျိုးရှိပါတယ်။

ပိုးရှိတဲ့မိခင်က မိမိကလေးကို နို့ဗူးတိုက်တာပဲဖြစ်ဖြစ် မိခင်နို့တိုက်တာပဲဖြစ်ဖြစ် ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်၊ချောင်းဆိုးနှာစေးတာဖြစ်ရင် ဆေးမြီးတိုတွေနဲ့သူများပြောတာတွေနဲ့မကုဘဲ ချက်ချင်းဆေးခန်းပြသပါလို့အကြံပေးချင်ပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

Author : Dr. 528

Previous Post

တဂွီဂွီရယ်တဲ့မှ တဂေ့ဂေ့

Next Post

ဖြတ်သင့်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.6k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
842
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
659

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1.1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖြတ်သင့်သလား

ယာဉ်တိုက်မှုလျော့နည်းအောင် ယာဉ်မောင်းနေစဉ်ရှောင်ရမည့် အမူအကျင့်များ

အမျိုးသမီးများနှင့် ရာသီမလာခင်ဖြစ်တတ်သော ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.